스물넷 [meowz]

1.2K 208 90
                                    

Special guests in this chap - SKZ HyunLix heehee xD




"Wow မှတ်သားလောက်ပါပေတယ် ပတ်ဂျေး။ အဲတော့ မင်းကို အဲကလေးက နှာဘူးလို့ထင်ပြီပေါ့။ အခုမှစသိတဲ့သူကို ဘယ်လိုလုပ်သွားflirtနိုင်ရတာလဲ"

"ဒီကောင်က Americaမှာနေလာတာလေ။ သူ့အတွက် အဲဒါက မထူးဆန်းတော့ဘူး"

"Americaမှာ ရည်းစားတွေ ဘယ်နှစ်ယောက်တောင် ထားခဲ့သလဲ"

ဆောင်းဟွန်းနဲ့ ဂျိတ်ခ်က သူ့ကိုရှေ့တည့်တည့်မှာထားပြီး ငှက်ပျောသီးအခွံနွှာသလို အပီအပြင်နွှာနေကြတယ်။

"ငါ တခါမှ ရည်းစားမထားဖူးဘူး။ အတည်ပြောတာ။ ကိုယ်ချစ်တဲ့သူနဲ့တွေ့ရင် ပြဿနာတွေရှုပ်လာမှာစိုးလို့ မချစ်ဘဲနဲ့တော့ ယောင်လို့တောင်မတွဲဖို့ဆုံးဖြတ်ထားတာ"

ဂျေးက သူ့စိတ်ထဲရှိတာထုတ်ပြောလိုက်တာဖြစ်ပေမယ့် မျက်နှာညှိုးသွားရသူက ဆောင်းဟွန်း။ ဂျိတ်ခ်ကတော့ ဆောင်းဟွန်းဘက်လှည့်မကြည့်ပေမယ့် စားပွဲခုံအောက်က ဆောင်းဟွန်းရဲ့လက်တစ်ဖက်ကိုဆွဲယူလို့ သူ့လက်ချောင်းတွေနဲ့ ယှက်နွယ်လာတယ်။

"အဲတော့ ဘာဆက်လုပ်မယ် စဉ်းစားထားလဲ။ နာမည်ရော သိခဲ့ပြီလား"

"Nope မသိဘူး။ သူ ပဲခေါက်ဆွဲလာချရင် နာမည်မေးဖို့စဉ်းစားထားတာလေ။ ငါ့ဆီပြန်ကိုမလာတော့တာ"

"မင်းကို အရူးလို့ထင်သွားတာနေမှာ"

"ဥပဓိကိုကြည့်။ ဒီရုပ်က အဲလိုမျိုးဖြစ်ပါ့မလား"

"ဥပဓိကိုကြည့်လိုက်မှ ပိုတူသွားတာ"

"Yrrr ရှင်းဂျိတ်ခ်!!!!"

🍂

ဒုတိယအကြိမ် ခေါက်ဆွဲဆိုင်ကို ကောင်လေးနဲ့တွေ့ခဲ့တဲ့အချိန်အတိုင်း ပြန်လာတော့ ကောင်လေးက ပြုံးပြုံးရွှင်ရွှင်နဲ့ တခြားဝိုင်းတွေဆီ ခေါက်ဆွဲပန်းကန်တွေ လိုက်ချပေးနေတယ်။

သူ့ကို တွေ့တော့ ဘောက်ဆတ်ဆတ်နဲ့
"ပြော ဘာမှာမှာလဲ"

"အချစ်တစ်ပွဲ အသည်းများများထည့်"

"ကျွန်တော်က တိုက်ကွမ်ဒိုခါးပတ်နက်ရထားတာနော်။ ကောက်ပေါက်လိုက်ရ နေရာမှာတင် အသက်ထွက်သွားမယ်"

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now