1.3K 223 5
                                    

ဂျယ်ယွန်းအိမ်ကို မနက်စောစော စက်ဘီးစီးသွားပြီး အပို့အကြိုလုပ်မယ်ဆိုတဲ့ အကြံဉာဏ်က နွေရာသီမှာပဲ အကောင်အထည်ဖော်လို့ကောင်းတာဖြစ်ပြီး ဆောင်းဦးဝင်စပြုလာချိန်မှာတော့ ထင်သလောက် မလွယ်ကူတော့။

မနက်ခင်းစောစော စက်ဘီးစီးရတာက ချမ်းစိမ့်စိမ့်နိုင်လှပြီး အရမ်းကြီးလဲ အေးနေသေးတဲ့အချိန်မဟုတ်တော့ အနွေးထည်ဝတ်ထားရင် ကျောပူပြီး မဝတ်ထားပြန်ရင်လဲ အေးလွန်းလို့ လက်ဖျားတွေပါ ရေခဲလိုအေးစက်နေတဲ့အထိ။

နောက်ကအသာထိုင်လိုက်ရတဲ့ ဂျယ်ယွန်းလဲ ရာသီဥတုပြောင်းလဲစပြုလာတာကို သတိထားမိတဲ့ပုံ။ သူ့ကို "လာမခေါ်ပါနဲ့တော့လား"လို့ လေသံလေးနဲ့ ပြောရှာတယ်။

သူကတော့ ခေါင်းမာပြီး ကိုယ်လုပ်ချင်တာကို ဒုက္ခခံပြီး ပျော်ပျော်ကြီးလုပ်နေဆဲ။ ကျောင်းသွားကျောင်းပြန်အတူတူ၊ တစ်တန်းထဲအတူတူ၊ တစ်ခန်းထဲအတူတူနေ့ရက်တွေကို ဖြတ်သန်းမဝဖြစ်နေဆဲ။

ဒါပေမယ့် ဒီလိုကာလကို ကြာကြာမခံအောင် ဖျက်စီးလိုက်တာက ကျောင်းရဲ့ အသစ်ပြောင်းလဲသွားတဲ့policyဖြစ်တယ်။

ရုတ်တရပ်ထွက်လာတဲ့ကြေညာချက်ကိုကြည့်ပြီး ဆောင်းဟွန်းမှာ ရင်တွေပူလာတဲ့အထိ။ ကန်တင်းကဝယ်လာတဲ့သောက်လက်စ ကော်ဖီအေးတောင် ရင်အပူကို ငြှိမ်းနိုင်စွမ်းမရှိတော့။

ရှေ့လကစ ကျောင်းမှာ အမှတ်အလိုက် အခန်းခွဲတော့မှာဖြစ်တယ်၊ ထိုင်ရမယ့်ထိုင်ခုံတွေကအစ အမှတ်အလိုက် အဆင့်ဆင့်ထိုင်ရတော့မှာ။

ဆောင်းဟွန်းကတော့ ဒီအခြေအနေကို ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်။ သေချာပေါက် ဂျယ်ယွန်းနဲ့သူနဲ့ အခန်းကွဲတော့မှာ အသိသာကြီး။

အသိသာကြီးဆိုသလို တကယ်လဲပဲ အခန်းကွဲသွားခဲ့တယ်။ ဆောင်းဟွန်းက Aခန်းကို နောက်ဆုံးပိတ်နဲ့ဝင်သွားတာဖြစ်ပြီး ဂျယ်ယွန်းက Dခန်းမှာသွားကျတယ်။

အမှန်ဆို ဆောင်းဟွန်းအဆင့်နဲ့က ထိပ်ဆုံးအခန်း Top 10လောက် အေးဆေးဝင်နိုင်ပေမယ့် သင်္ချာဘာသာရပ်မှာ ၁၀မှတ်တန်၂ပုဒ်လုံးကို ခြစ်ချပစ်ခဲ့ရုံမက တခြားဘာသာတွေမှာလဲ အမှတ်၂၀ဖိုးစီ မဖြေဘဲ စာရွက်အပ်လာခဲ့တာ။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now