여섯

1.2K 223 12
                                    

တကယ်တော့ ဒီလိုခံစားချက်တွေ ဘယ်အချိန်ကစတင်ခဲ့လဲ ဘုရားစူး သူတကယ်မသိ။ သတိထားမိလိုက်တဲ့အချိန်ကတော့ နည်းနည်းကြာပြီဆိုပေမယ့် လုံးဝဆိုးရွားရွားရွား အဖြစ်သည်းနေတာပါလားလို့ သဘောပေါက်သွားတာကတော့ အလယ်တန်း တတိယနှစ်မှာဖြစ်တယ်။

အခန်းမတူတဲ့အပြင် သူ့ဘင်ခရာတီးဝိုင်းကိစ္စတွေ၊ Figure skatingလေ့ကျင့်ချိန်တွေနဲ့ ဂျယ်ယွန်းရဲ့ဘောလုံးကန်ချိန်တွေကြား နှစ်ယောက်သားတွေ့ရချိန်က နည်းသထက်နည်းလာတယ်။

တစ်နှစ်လုံး စာသင်ခန်းမတူဘဲခွဲနေလာပြီးပြီပေမယ့် သူက ရရင်ရသလို ဂျယ်ယွန်းကို ခဏဏသွားတွေ့တာကြောင့် အဲလောက်မသိသာ။ ဂျယ်ယွန်း ဘောလုံးအသင်းထဲဝင်လိုက်ချိန်မှာတော့ မိုးလုံလေလုံအားကစားခန်းမနဲ့ ဘောလုံးကွင်းက အဝေးကြီးသွားရတာမို့ တွေ့ချိန်က တစ်မိနစ်ဆိုတစ်မိနစ် လျော့သလောက် သိသာလာတယ်။

မနက်ခင်းလေးများ မတွေ့ရသေးရင် ပတ်ဆောင်းဟွန်းခဗျာ ဂျယ်ယွန်းအတန်းထဲအချိန်မှီရောက်ရဲ့လား၊ မနက်စာဘာစားလာတာလဲ၊ ကြိုက်ရောကြိုက်ရဲ့လား၊ နေ့လည်စာ ဘာစားချင်လဲမသိဘူး၊ canteenက ဒီနေ့ကျွေးတဲ့ထဲ ဂျယ်ယွန်းကြိုက်တာပါပါ့မလား၊ မုန့်စျေးတန်းကနေ ဘာမုန့်ကြိုဝယ်ပေးထားရမလဲ... အဲလိုတွေတွေးတွေးပြီး စိတ်ထဲ တစ်ယောက်ထဲ ယောက်ယတ်တွေခတ်နေတာ။

အပြင်မှာရုပ်တည်နဲ့ ခပ်အေးအေးနေပြီး အသင်းသားချင်းတောင် တစ်ခုခုလွဲချော်တာနဲ့ ဆူတတ်ငေါက်တတ်လွန်းလို့ ဘင်ခရာတစ်ဖွဲ့လုံးက ကြောက်ရတဲ့ သူတို့ခေါင်းဆောင် ဒီလိုတွေတွေးပြီး ပျာယာခေတ်နေတာသိရင် တီးဝိုင်းတစ်ဖွဲ့လုံး ရယ်ပါရယ်ကြလိမ့်မယ်။

🍂

အဲနေ့ကတော့ ဘဝရဲ့ မှတ်မှတ်ရရနေ့တွေထဲကတစ်နေ့ပါပဲ။ အမှတ်ရတယ်ဆိုတာကလဲ ကောင်းလို့အမှတ်ရတာမဟုတ်ဘဲ သူ့ကမ္ဘာတစ်ဝက်လောက် လွင့်ထွက်သွားသလို ခံစားခဲ့ရတဲ့နေ့မို့ မှတ်မိနေတာ။

တကယ်ပါလေ...
ပြန်တွေးလိုက်တာနဲ့..ဟားးး ပြန်တွေးဖို့တောင်ကြောက်တယ်။ တကယ်ကို ကမ္ဘာတဝက်လောက်ပြိုကျပြီး တဝက်က မီးတွေတောက်လောင်ပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ လောင်မြှိုက်ခံလိုက်ရသလိုမျိုး။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now