스물일곱

1.3K 201 78
                                    

ဆောင်းဟွန်းကို ဘိုးဘိုးနဲ့ မိတ်ဆက်ပေးမယ့်နေ့

လေကြီးလေကျယ်တွေပြောထားတာဂျယ်ယွန်းမဟုတ်တဲ့အတိုင်း နဖူးတွေ့ဒူးတွေ့ တွေ့ရမယ်ဆိုတော့ကြောက်နေမိတယ်။ ဘိုးဘိုးက သဘောမတူရင် ဘယ်လိုလုပ်မလဲ။ အတွေးနဲ့တင် ငိုချင်လာပြီ။

သေချာအောင်လို့ မနက်ကတင် bank accountထဲ ပိုက်ဆံဘယ်လောက်ကျန်လဲ စစ်ကြည့်လိုက်မိသေးတယ်။ သဘောမတူဘူးပြောရင် ဆောင်းဟွန်းကို ခိုးပြေးတော့မလို့လေ။ ခိုးပြေးလဲ ဆောင်းဟွန်းက လိုက်ပါ့မလားမသိဘူးနော်။ အာ... လိုက်ရမှာပေါ့။ မလိုက်ရင် ပါးကစ်ကစ်တွေကို ကိုက်ပစ်မယ်။

အခုတော့ ဂျယ်ယွန်းပိကျိလေးက စာကြည့်ခန်းထဲမှာထိုင်နေတဲ့ ဘိုးဘိုးဆီ ခြေသံမထွက်အောင် စက်ရုပ်လေးလိုတလှမ်းချင်း တရွတ်တိုက်ရွေ့ပြီး သွားနေမိတယ်။

"ဘိုးဘိုး သားပြောစရာရှိလို့"

"အေ ဂျိတ်ခီး"
ဘိုးဘိုးက မျက်မှန်ကိုပင့်တင်ပြီး ဖတ်လက်စစာအုပ်ကို လက်ထဲကချလိုက်တယ်။

"ဘိုးဘိုးကို မိတ်ဆက်ပေးစရာလူရှိတယ်"
ဂျယ်ယွန်းလက်လေးနှစ်ဖက်က ရှေ့မှာချထားတာ။ စိတ်လှုပ်ရှားလွန်းလို့ လက်ချောင်းလေးတွေက ဂနာမငြိမ်ဖြစ်ပြီး အချင်းချင်းဆွဲဆုပ်နေမိတယ်။

"ဆောင်းဟွန်း ဝင်ခဲ့"

ဂျယ်ယွန်းခေါ်လိုက်တော့ ဆောင်းဟွန်းလဲ စာကြည့်ခန်းထဲဝင်လာတယ်။ နှစ်ယောက်သား ထိုင်ခုံမှာတောင် မထိုင်ရဲဘူး။ မတ်တပ်လေးရပ် ခေါင်းလေးငုံ့နေတာ။ သံပတ်ရပ်ထားတဲ့ စက်ရုပ်လေးတွေလိုပဲ။

ဘိုးဘိုးက ဆောင်းဟွန်းကို အကဲခတ်သလိုကြည့်နေတယ်။ ခဏနေတော့ အိမ်တော်ထိန်းကြီးက သူတို့၃ယောက်ရှေ့မှာ ရေတစ်ခွက်စီ ချပေးသွားတယ်။

"ဘိုးဘိုး ဒါသားချစ်သူ။ ဘိုးဘိုးသိသင့်တယ်ထင်လို့ မိတ်ဆက်ပေးတာ။ သဘောတူတူမတူတူ သားကတော့ ဆောင်းဟွန်းကို ယူမှာပဲ။ ဘာလဲ ရေနဲ့ပတ်မလို့လား မရဘူးနော် သားစိတ်ဆိုးလိုက်မှာ"

"တကယ်လို့ ဘိုးဘိုးသဘောမတူဘူးဆိုရင် ဆောင်းဟွန်းကို အခုပဲ ပိုက်ဆံအများကြီးပေးပြီး သားနဲ့လမ်းခွဲခိုင်းလိုက်။ သုည၆လုံးအနည်းဆုံးပေးမှ သားကလမ်းခွဲပေးမှာနော်"

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now