스물여덟

1.3K 209 97
                                    

တစ်နှစ်ကျော်လာတဲ့နောက်.. မင်္ဂလာမဆောင်ခင် ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ရတယ်။

"ရှင်းဂျိတ်ခ်.. အထဲဝင်ခဲ့ပါ"
သူနာပြုလေးက စမ်းသပ်ခန်းအပြင်ဘက်မှာစောင့်နေတဲ့ သူတို့ကို လှမ်းခေါ်တယ်။

"အဲ ရှင်းဂျိတ်ခ်တစ်ယောက်ထဲကိုပဲ ခေါ်တာပါ"

"ဗျာ ဟုတ်။ ကျွန်တော်က သူ့သတို့သားလောင်းပါ"

"အာ ဟုတ်ကဲ့ရှင့်။ အဲတာဆိုလဲ အထဲဝင်လိုက်ပါနော်"

တစ်ယောက်ထဲခေါ်တာကို လူနှစ်ယောက်ဝင်လာလို့လန့်သွားပုံရတဲ့ သူနာပြုလေးနဲ့ စကားပြောလိုက်ရတယ်။

"ကဲ အဲတော့ အစာအိမ်အနာလဲဖြစ်ဖူးတယ်။ သွေးကြောလဲပေါက်ဖူးတယ်။ အူအတက်လဲယောင်ဖူးတယ်။ အူအတက်လဲပေါက်ဖူးတယ်။ အူလမ်းကြောင်းလဲ လွဲဖူးတယ်ပေါ့"
ဆရာဝန်က ဂျယ်ယွန်းပြောတာတွေကို နားထောင်ပြီး သုံးသပ်တယ်။

"ဟုတ်"

"ဘယ်အချိန်ကစပြီး ဗိုက်နာတာလဲ ပြောကြည့်ပါလား"

ဂျယ်ယွန်း ဆေးရုံကုတင်ပေါ်မှာ ထိုင်နေရင်းကနေ မျက်လုံးလေးထောင့်ကပ်ပြီး စဉ်းစားကြည့်တယ်။ နောက် အခန်းထောင့်မှာ မတ်တပ်ရပ်နေတဲ့ ဆောင်းဟွန်းကို လက်ယက်ခေါ်လိုက်တယ်။ အနားရောက်လာတဲ့ ဆောင်းဟွန်းနားထဲ လက်ခုပ်လေးနဲ့ကွယ်လို့ တီးတိုးတီးတိုးပြောတယ်။

" "မောင် အဲတုန်းက ငါတို့အလယ်တန်းမတက်ခင် တစ်လလောက်အလိုကလေ" "

"အာ Doctor သူဗိုက်စအောင့်တာ July 20xxကပါ"

ဆရာဝန်ကလဲ ဆောင်းဟွန်းပြောတဲ့ရက်စွဲကို စာအုပ်ပေါ် ရေးမှတ်လိုက်တယ်။

"သွေးကြောပေါက်တာကရော"

" "မောင် အဲတုန်းက မင်းပြိုင်ပွဲနောက်ဆုံးနေ့" " 

"အင်း ကိုယ်သိတယ်။ September 18ရက် 20xx"

ဆရာဝန်လဲ လက်ခုပ်လေးကာပြီး ဆောင်းဟွန်းနားနားကပ်ပြောနေတဲ့ ဂျယ်ယွန်းကိုကြည့်လိုက်၊ ဂျယ်ယွန်းပြောတာကိုအာရုံစိုက်နားထောင်ပြီး ဆရာဝန်ကိုကြည့်လို့ ရက်စွဲတွေပြန်ပြောလိုက်၊ အတိုင်အဖောက်ညီနေတဲ့နှစ်ယောက်သားကို ကြည့်ပြီး ပါးစပ်လေး ဝိုင်းကနဲ😮

Time Spent Walking Through Memories [PSH x SJY]Hikayelerin yaşadığı yer. Şimdi keşfedin