열다섯

1.3K 228 79
                                    

Seoulကိုပြန်ရောက်တော့ ညဘက်ရောက်နေပြီ။ နာရီ၄၀နီးပါးမအိပ်ရသေးတာကြောင့် လူလဲချာချာလည်နေပြီ။ ဂျယ်ယွန်းခွဲစိတ်တာအောင်မြင်တယ်ဆိုပြီး စိတ်ကိုလျှော့ချလိုက်မှ လေယာဉ်ပေါ်မှာ ခဏဆိုခဏလေး အိပ်ပျော်သွားတာပဲရှိတာ။

လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဂျောင်ဝန်းကို ဖုန်းဆက်တယ်။ မကိုင်။ ဂျောင်ဝန်းအိမ်ထိလိုက်သွားတော့လဲ သူ့အခန်းကမီးတွေပိတ်ထားတာတွေ့တယ်။ မဟုတ်မှလွဲ ဒီကလေး ခုချိန်ထိ ကျောင်းမှာရှိနေတာမဟုတ်လောက်ပါဘူးနော် တွေးမိပြီး မဟုတ်ပါစေနဲ့ဆုတောင်းရင်းနဲ့ပဲ ကျောင်းကိုသွားရပြန်တယ်။

ကျောင်းက သရဲခြောက်တော့မလားထင်ရအောင် တိတ်ဆိတ်ခြောက်ကပ်နေတယ်။ မီးအလင်းရောင်ကောင်းကောင်းမရတဲ့ကြားက တကျောင်းလုံးလှည့်ပတ်ရှာပြီးနောက် မေဘယ်ပင်အောက်မှာ ခေါင်းငိုက်စိုက်ကျနေတဲ့ ဂျောင်ဝန်းကို တွေ့လိုက်ရတယ်။

ဒီအခိုက်အတန့်မှာ သူသဘောပေါက်မိသွားတာ သူမှားနေပြီဆိုတဲ့အမှန်တရားပဲ။ ဂျယ်ယွန်းကိုပျော်စေချင်လို့ဆိုတဲ့ အတ္တစိတ်နဲ့ တခြားလူတစ်ယောက်ကို နစ်နာစေခဲ့ပြီ။ ဟာ မဟုတ်တာ။ ဂျယ်ယွန်းနဲ့မဆိုင်ပါဘူး။ အစအဆုံး သူ့စိတ်နဲ့သူ လုပ်ခဲ့တာတွေပဲမဟုတ်လား။ ဒီဇာတ်လမ်းမှာ တစ်စုံတစ်ယောက်က villainဆို သူပဲvillainဖြစ်လိမ့်မယ်။ ဂျောင်ဝန်းက သေချာပေါက် နစ်နာသူပဲပေါ့။

အဝေးကနေ ရပ်ကြည့်နေတာတောင် ပြိုလဲကွဲကြေနေမှန်း သိသာလွန်းတဲ့ ဂျောင်ဝန်းပုံစံလေးကလေ.. သူ့တကိုယ်လုံးကို တရှိန်းရှိန်းတုန်လှုပ်သွားစေတယ်။ မေဘယ်ပင်အောက်မှာ ပုံ့ပုံ့လေးထိုင်နေတာ သိပ်ကိုသေးငယ်သိမ်နုတ်နေတဲ့ ဖြစ်တည်မှုအရိပ်အယောင်လေးနဲ့လေ။ သူ့ဘက်က စကားလေးတစ်ခွန်းများ မှားလိုက်ရင်ကို အထိမခံနိုင်တဲ့ဖန်လုံးလေးတစ်လုံးလို တစစီကြေမွသွားတော့မယ့်အသွင်လေး။

သူ တကိုယ်လုံးမှာရှိတဲ့အားအင်တွေကို အသုံးပြုလို့ ဂျောင်ဝန်းဆီ တလှမ်းချင်း လှမ်းလာလိုက်တယ်။ ရှေ့မှာရပ်လိုက်တော့ ခေါင်းငိုက်စိုက်ကြနေတဲ့ ဂျောင်ဝန်းက သူ့ကိုမော့ကြည့်တယ်။

Time Spent Walking Through Memories [PSH x SJY]Tempat cerita menjadi hidup. Temukan sekarang