열셋

1.2K 216 74
                                    

ဂျယ်ယွန်းနဲ့မတွေ့ရတာ နှစ်ရက်တောင်ရှိပြီ။ မူလတန်းထဲက အမြဲတပူးပူးတတွဲတွဲ၊ အများဆုံးခွဲဖူးတာမှ ညအိပ်ချိန်လောက်ပဲရှိတာမို့ ရင်ထဲဟာတာတာဖြစ်နေတာ သိသာလှတယ်။

မနက်ခင်းစောစောထပြီး ဂျယ်ယွန်းအိမ်ရှေ့သွားစောင့်တော့လဲ ကျောင်းကိုထွက်သွားပြီတဲ့၊ ကျောင်းရောက်လို့ ဘောလုံးကွင်းထဲဝင်တွေ့မယ်လုပ်တော့လဲ ဝင်လို့မရ၊ ဂျယ်ယွန်းက ဘောလုံးပြိုင်ပွဲနီးနေသလို သူကိုယ်တိုင်ကလဲ ပြပွဲနီးနေတဲ့ ဂျုနီယာလေးတွေကို ဘင်ခရာတီးဝိုင်းအကွက်တွေနဲ့ပတ်သက်ပြီး လိုတာတွေကူပေးနေရတာမို့ အချိန်ကထွက်မလာ။

နောက်တော့ ၄၈နာရီပြည့်တာနဲ့ ဘယ်လိုမှမနေနိုင်တော့တဲ့အဆုံး အတန်းလစ်ပြီး ဘောလုံးကွင်းရှေ့ထိုင်၊ ဆန္ဒပြရတော့တာပဲ။ သူ့လို ခပ်အေးအေး၊ အမြဲတည်တည်ကြည်ကြည်နေတတ်တဲ့သူအတွက် ရှိုးပဲ့တယ်ပဲဆိုဆို၊ စိတ်ထဲမှာ ဂျယ်ယွန်းမျက်နှာလေး အနီးကပ်မတွေ့ရရင် သေတော့မယ်ပဲထင်နေတာ။ ချက်ချင်းတောင် သူ့ကို တမလွန်ကပုဂ္ဂိုလ်တွေ လာခေါ်သွားတော့မယ်လို့ ခံစားနေရတယ်။ လေလေးတိုက်လိုက်ရင်တောင် အသက်ကယဲ့ယဲ့ပဲကျန်တော့သလိုမျိုးလေး။

အဲဒါကြောင့် school bookshopက ကတ်ထူစက္ကူပြားကို သွားတောင်းလာပြီး "ဘောလုံးကွင်းထဲဝင်ခွင့်ပြုပါ!!!"လို့ ဆော့ပင်နဲ့ စာလုံးခပ်ကြီးကြီးရေးလို့ ကွင်းပေါက်ဝမှာ ဘုတ်ပြားလေးချပြီး ငုတ်တုတ်ထိုင်စောင့်နေရတယ်။ သူ့ပုံစံက နေပူပူမှာ ပေါင်းအိုးထဲကခုမှထွက်လာတဲ့ ဖက်ထုပ်လေးနဲ့ တူကောင်းတူနေနိုင်တယ်။ သနားလို့ဆိုပြီး ဒီဖက်ထုပ်လေးကို ဂျယ်ယွန်းပြန်ချစ်လိုက်ရင်လဲ အကောင်းသားနော်။

နာရီဝက်လောက်စောင့်ပြီးနောက်မှာ ဂျယ်ယွန်းက ကွင်းထဲကနေ ပြေးထွက်လာတာကိုတွေ့ရတယ်။

"ဟာ ဟေ့ကောင် ထ ထ။ နေပူကြီးထဲ ဘာလုပ်နေတာလဲ။ ရူးများသွားပြီလား"

"ကိုယ့်ကိုကိုယ်လဲ ကြည့်ဦး။ ချွေးအထွက်လွန်နေတဲ့ နှံပြည်စုတ်ကျနေတာပဲ"

"ဟာ မြက်ခင်းပေါ် ဒီတိုင်းကြီးထိုင်နေရလား။ ဘောင်းဘီက ပေနေပြီ"

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now