스물여섯

1.2K 211 53
                                    

ဆောင်းဟွန်းက တက္ကသိုလ်ကျောင်းသားဖြစ်လာတဲ့တိုင်အောင် အတွေးလွန်တုန်း။ တခါတလေ ဆောင်းဟွန်း ဘာတွေတွေးလို့တွေးနေမှန်း ဂျယ်ယွန်းဖြင့် နားတောင်မလည်နိုင်ပါဘူး။

တခါကဆို လက်တွေ့ဘာသာရပ်အချိန် labထဲကထွက်လာထဲက ငူငူငိုင်ငိုင်နဲ့။ ဘာဖြစ်တာလဲ မေးတော့လဲမဖြေ။ နောက်တော့မှ ဂျယ်ယွန်းလက်ထဲက စပျစ်ဆိုဒါဘူးကိုယူသောက်ပြီး သက်ပြင်းချလို့ ပြောရှာတယ်။

"ဒီနေ့ အတန်းထဲမှာ သင်ရတာ။ Schrödinger's catအကြောင်း။ ကြောင်တစ်ကောင်ကို ပုံးတစ်ပုံးထဲမှာပိတ်ထားပြီး သေစေနိုင်မယ့် radioactive atomတစ်ခုခုထည့်ပြီးနောက် ပုံးကိုဖွင့်လိုက်တဲ့အခါ ကြောင်က သေတာလဲဖြစ်နိုင်တယ်၊ ရှင်တာလဲဖြစ်နိုင်တယ်။ parallel dimensionကွဲသွားတဲ့အခါ ကိုယ့်dimensionဘက်မှာ ကြောင်ကသေပြီး တခြားdimensionမှာရှင်နေတာဖြစ်နိုင်သလို ကိုယ့်dimensionမှာရှင်ပြီး အခြားdimensionမှာသေသွားတာလဲဖြစ်နိုင်တယ်"

"Ahum.."
ဂျယ်ယွန်း ခဏနားနေတဲ့ဆောင်းဟွန်းကို လေသံလေးနဲ့ သူနားထောင်နေကြောင်း တုံ့ပြန်တယ်။

"အဲတာ မောင်ကဘာလို့စိတ်ညစ်နေတာလဲ။ instructorက ကြောင်တစ်ကောင် ပုံးထဲထည့်ပြီး တကယ်ကြီး အဲလိုစမ်းသပ်ရမယ် ပြောလို့လား"
ဂျယ်ယွန်းမျက်လုံးလေးတွေ ပြူးသွားတယ်။

"မဟုတ်ပါဘူး။ မောင်စဉ်းစားနေမိတာ။ dimensionသာ အဲလိုကွဲထွက်ရိုးထုံးစံရှိမယ်ဆို ဂျယ်ယွန်းကလေး ဖွင့်ပြောခဲ့တဲ့dimensionမှာ မောင်တို့နေရပြီး တခြားdimensionမှာ သတ္တိကြောင်တဲ့မောင့်ဘက်ကပဲ စဖွင့်ပြောရမယ်ဆို အဲdimensionက မောင်တို့တွေ တွဲလိုက်ရမှာတောင် မဟုတ်ဘူးလို့"

"အာ အဝေးကြီးထိစဉ်းစားနေတာပဲ"

"တွေးရင်း ဝမ်းနည်းလိုက်တာ ဂျယ်ယွန်းကလေးရယ်။ အဲလိုdimensionတွေ universeတွေသာ အများကြီးရှိမယ်ဆို ရှိသမျှကမ္ဘာတိုင်းမှာလဲ မောင်နဲ့ မောင့်ဂျယ်ယွန်းကလေးပဲ လက်တွဲသွားချင်မိတယ်"

ဆောင်းဟွန်းက ပြောရင်း သူ့ခေါင်းကို ဂျယ်ယွန်းပုခုံးပေါ်မှီချလို့ ဂျယ်ယွန်းခါးလေးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လာတယ်။ ဘယ်လိုတောင် ကြောင်ချွဲကြီးဖြစ်နေတာလဲ!!! ဂျယ်ယွန်းလဲ ကြောင်ချွဲကြီးကို တအားအူယားလွန်းလို့ ကြောင်ချွဲကြီးရဲ့ဆံပင်တွေကို ဆွဲဖွပစ်လိုက်တယ်။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now