1.4K 231 7
                                    

၆တန်းနှစ်အရွယ်မှာ ဂျယ်ယွန်းအမေ ဆုံးတယ်။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဆုံးသွားတာဖြစ်ပြီး ကျန်ခဲ့တာ ဂျယ်ယွန်းတို့သားအဖနှစ်ယောက်ထဲ။ ခက်ခဲလွန်းလှတဲ့ဒီကာလတွေမှာ ဂျယ်ယွန်းဘေးနား ရှိနေပေးခဲ့တာ ဆောင်းဟွန်းပဲဖြစ်တယ်။ သူက ဂျယ်ယွန်းဝမ်းနည်းလာတိုင်း မျက်ရည်ကျနိုင်ဖို့ ပုခုံးတစ်ဖက်ငှါးပေးခဲ့တဲ့ သူငယ်ချင်းကောင်းတစ်ယောက်မျှသာ။

ဂျယ်ယွန်းတို့သားအဖ အိမ်ပြောင်းတော့ နကိုထဲက မနီးခဲ့တဲ့ အိမ်နှစ်အိမ်က ပိုဝေးသွားတယ်။ ဂျယ်ယွန်းအိမ်က လက်ရှိတက်နေတဲ့ကျောင်းနဲ့အရမ်းဝေးသွားလို့ သွားဖို့လာဖို့ ဘယ်လိုမှအဆင်မပြေနိုင်တော့။ နောက်ဆုံး ဂျယ်ယွန်းကျောင်းပါပြောင်းလိုက်ရတဲ့အထိ။

ဂျယ်ယွန်းကို မခွဲနိုင်တဲ့ ဆောင်းဟွန်းက သူ့အိမ်နဲ့ တောင်နဲ့မြောက်လိုဝေးနေတဲ့ အလယ်တန်းကျောင်းအသစ်ဆီ ပြောင်းလာတယ်။ အဲတုန်းက ဂျယ်ယွန်း သူ့ကို အံ့ဩတကြီး ကြည့်နေခဲ့တဲ့အကြည့်တွေကို မှတ်မိပါသေးတယ်။

တကယ်ကြီး မင်းငါ့ဆီလိုက်လာတာပေါ့၊ ပျော်လိုက်တာ ယုံတောင်မယုံနိုင်ဘူးဆိုတဲ့ အကြည့်မျိုး။

ခန့်မှန်းရသိပ်လွယ်တဲ့ဒီကောင်လေးရဲ့မျက်နှာလေးက ဆောင်းဟွန်းအတွက် ဘယ်အချိန်နေနေ တယုတယငေးကြည့်ချင်မိတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။

အိမ်နဲ့ဝေးတဲ့ကျောင်းကိုမှ လျှာရှည်တက်မိတဲ့အကျိုးဆက်ကတော့ မနက်တိုင်း အတန်းနောက်ကျတော့တာဖြစ်တယ်။

ဘယ်လောက်ပဲ မနက်စာကတိုက်ကရိုက်စားစား၊ ဘယ်လောက်ပဲ စက်ဘီးမြန်မြန်စီးစီး၊ ပထမဆုံးအတန်းချိန်ကတော့ အမြဲလွတ်တယ်။

ဂျယ်ယွန်းက "ဖြစ်မှဖြစ်ပါ့မလား။ အဝေးကြီးဟာကို။ အဆင်မပြေရင် ကျောင်းအုပ်ကို ပြောလိုက်ပါလား"နဲ့ စိုးရိမ်ပူပန်ဟန်ပြောလာခဲ့ပေမယ့် ဆောင်းဟွန်းကတော့ ခေါင်းမာပြီး ကျောင်းအသစ်ကိုပဲဆက်တက်နေတုန်း။ ကျောင်းလဲ ဆက်နောက်ကျနေတုန်း။

ကျောင်းဖွင့်ပြီး ၃လမြှောက်လောက်မှာ ဆောင်းဟွန်းက ကျောင်းတံခါးအပြင်ကနေ စက်ဘီးတစ်စီးနဲ့ ရပ်နေတယ်။ သူရယ်၊ သူ့လိုနောက်ကျတဲ့ ကျောင်းသားအချို့ရယ်နဲ့။ အလံတိုင်အလေးပြုပြီး နိုင်ငံတော်သီချင်းဆိုရမယ့်နေ့ဖြစ်တာကြောင့် ကျောင်းသားအားလုံးနီးပါး ပုံမှန်ချိန်ထက်ပိုပြီး ကျောင်းစောလာရတယ်။ နောက်ကျလို့ ကျောင်းတံခါးပိတ်ခံရရင် တစ်နာရီလောက်ကြာအောင် အပြင်မှာ ရပ်စောင့်နေရတော့မှာလေ။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now