다섯

1.4K 231 45
                                    

တကယ်တော့ ဂျယ်ယွန်းရဲ့အဘက်ဘက်က ပြိုလဲနေမှုတွေကို ဒီနှစ်အတောအတွင်းမှာ သူမခံစားနိုင်တော့လောက်အောင်ထိ မြင်တွေ့ခဲ့ပြီးပြီ။ ဂျယ်ယွန်းမိသားစုက အစထဲက အတွင်းရေး သိပ်အဆင်ပြေတာမဟုတ်။ အများအမြင်မှာ မိသားစုဝင်၃ယောက်သာရှိပေမယ့် တကယ်တမ်း ဘယ်ကစပြီး ဆက်စပ်ရမယ်မသိအောင်ကို အတော်ရှုပ်ထွေးနေခဲ့တာ။

ဂျယ်ယွန်းမှာ အားကိုးတကြီးခင်တွယ်မိတဲ့ သွေးသားရင်းချာဆိုလို့ အမေပဲရှိတဲ့ကြားက အမေပါဆုံးသွားတော့ လုံးဝ စိတ်ရောလူပါ ဂျုံးဂျုံးကျသွားခဲ့တယ်။

ဆောင်းဟွန်းက ဂျယ်ယွန်းဘေးမှာ ဒီတိုင်းတိတ်တိတ်လေးနေပြီး ဂျယ်ယွန်းပျော်အောင် ဘာများလုပ်ပေးနိုင်မလဲဆိုပြီးပဲ တွေးနေခဲ့တာ။ အဆင်ပြေသွားမှာပါလို့လဲ မပြောရက်။ ငါရှ်တယ်နော်ဆိုပြီးလဲ လေသံမျှလေးနဲ့ အားမပေးနိုင်။ ဒီတိုင်း... ဒီတိုင်းတိတ်တိတ်လေးပဲ.. မနီးမဝေးနေရာလေးမှာရပ်ပြီး ဂျယ်ယွန်းကို စောင့်ကြည့်နေခဲ့တာဖြစ်တယ်။

တစ်စုံတစ်ခုကို သဘောပေါက်သွားတဲ့အချိန်ထိ။ အဲအချိန်ထိကို သူက ဒီတိုင်းလေးပဲ ရပ်ကြည့်နေခဲ့တယ်။

ထိုနေ့က ကျောင်းကအပြန် ဂျယ်ယွန်းလမ်းလျှောက်တဲ့နောက်ကို တိတ်တိတ်လေးလိုက်လာရာက တစ်နေရာရောက်တော့ ခွေးလေးတစ်ကောင်ရှေ့ ငုတ်တုတ်ထိုင်ချလိုက်တာကို တွေ့လိုက်တယ်။ ဘာများဖြစ်တာလဲဆိုပြီး ဆက်ကြည့်နေခဲ့တာ။ ဂျယ်ယွန်းက အဲခွေးပေါက်စနဲ့ စကားတွေပြောနေခဲ့တာပဲ။ ခွေးလေးက လက်လေးရှေ့ထုတ်ပေးတော့ ဂျယ်ယွန်းက သွားဖွေးဖွေးလေးတွေပေါ်တဲ့အထိ ပြုံးရယ်လာတယ်။

မမြင်ရတာကြာပြီဖြစ်တဲ့ ဂျယ်ယွန်းအပြုံးတွေ အသက်ဝင်နေတယ်...

ဒီအခိုက်အတန့်မှာပဲ ဆောင်းဟွန်းဟာ တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့လက်ဆောင်၊ပစ္စည်းတွေမပေးသည့်တိုင် သာမာန်ကိစ္စရပ်လေးတစ်ခုက ဂျယ်ယွန်းကို ပျော်စေနိုင်တာပါလားလို့ နားလည်သွားခဲ့တယ်။

ပြီးတော့ ဆောင်းဟွန်းက ဆုံးဖြတ်ချက်တစ်ခုကို တိတ်တိတ်လေးချလိုက်တယ်။ ဘာပဲနေနေ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ဂျယ်ယွန်းကို သေချာပေါက်ပျော်အောင်ထားပါ့မယ်လို့လေ။

Time Spent Walking Through Memories [PSH x SJY]Where stories live. Discover now