[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...
By Boss_want_to_eat_you
548K 75K 1.4K
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More
Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွဦေးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
3.6K 738 14
By Boss_want_to_eat_you
#Unicode
အခန်း(၂၈) ဟွမ်ဝေ၏ပုံပြင်
ကျန်းရွှင်းယီသည် ခါတိုင်းလိုပဲ တိုတိုပြတ်ပြတ်သာ ပြောလိုက်၏။
"ပြောလေ"
ဟွမ်ဝေသည် မတုံ့ပြန်နိုင်ခင်မှာ ခေတ္တမျှ ချောင်းဟန့်လိုက်သေးသည်။ သူသည် ခြေမကြွတကြွလှမ်းကာ ကျန်းရွှင်းယီနား နီးနီးကပ်ကပ်တိုးလာပြီးတော့ စကားပြောရန် လုပ်လိုက်ချိန်မှာပဲ ယွင်ရှဲ့သည် မပျော်ရွှင်စွာနဲ့ပဲ သူ့အား တားမြစ်လာ၏။
"မင်း စကားပြောမယ်ဆိုလဲ၊ ပြောလေ။ ဘာလို့ ဒီလောက်တောင် နီးကပ်နေရတာလဲ?"
"...."
ကျန်းရွှင်းယီသည် ယွင်ရှဲ့ဆီသို့ မျက်လုံးလှိမ့်လိုက်၏။ ဟွမ်ဝေကတော့ အရင်ဆုံးရှင်းပြဖို့ အရမ်းကိုလိုအပ်နေသည်ဟုသာ ခံစားရတာကြောင့် သူသည် ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ကာ ပြောလိုက်သည်။
"ခုနကဖြစ်သွားခဲ့တာက...ကျွန်တော် တကယ်ပဲ မျိုးရိုးမြင့်မြတ်သူနှစ်ယောက်ကို ရိုးရိုးစိုင်းစိုင်းနဲ့ မှားယွင်းဆက်ဆံမိပါတယ်။ ဒါပေမယ့် မတိုင်ခင်တုန်းကလည်း ကျန်းဟူမှော်ဆရာတွေအများကြီးက ဒီကိုလာခဲ့ကြတယ်ဆိုတာ အမှန်ပါပဲ။ သူတို့က ပိုက်ဆံတွေအများကြီး ယူပြေးရုံသာမကပဲ လူတွေကို သူတို့ရဲ့အသက်ဆုံးရှူံးစေတဲ့အထိ လိမ်လည်လှည့်ဖြားခဲ့ပါသေးတယ်။ ကျွန်တော်က အဲ့လိုအခြေအနေမျိုးကို မုန်းတယ်ဗျ။ ဒါကြောင့် ကျွန်တော် ခင်ဗျားတို့နှစ်ယောက်ကို ခဏတာအထင်လွဲသွားရတာပါ။"
ကျန်းရွှင်းယီသည် ထိုစကားလုံးများနှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှန်မနေသည်ကို ချက်ချင်း ကြားလိုက်ရကာ မေးမြန်းလိုက်သည်။
"အရင်တုန်းကလူတွေအများကြီးလာခဲ့သေးတယ်? မြစ်ထဲမှာပေါ်လာတဲ့မူမမှန်မှုက မကြာသေးခင်ကမှ ဖြစ်ပျက်ခဲ့တာမဟုတ်ဘူးလား? ဒီတစ်ခုတည်းအတွက်နဲ့ လူတွေအများကြီးကို ဖိတ်ကြားဖို့လိုလို့လား?"
ဟွမ်ဝေသည် သူ့အား တအံ့တသြကြည့်လာကာ ခေတ္တမျှ အေးခဲနေပြီးနောက်တွင်တော့ ပြန်ဖြေလာသည်။
"ဟင့်အင်း။ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီရွာက နဂိုကတည်းက တစ္ဆေရွာ(ကျိန်စာသင့်နေသည့်ရွာ) ဖြစ်နေတာကြောင့်ပဲ။ ဒီမှာ ထူးဆန်းတဲ့အရာတွေအများကြီး မကြာခဏဖြစ်လေ့ရှိတယ်။"
ယွင်ရှဲ့နှင့် ကျန်းရွှင်းယီသည် အကြည့်ချင်းဆုံသွားကြကာ နှစ်ယောက်စလုံးသည် ရွာထဲက သေခြင်းတရားအငွေ့အသက်တွေအကြောင်းကို တွေးတောနေမိကြ၏။ ဟွမ်ဝေသည် ဆက်ပြော၏။
"ကြည့်ရတာ မျိုးရိုးမြင့်မြတ်သူနှစ်ယောက်လည်း ဒီအကြောင်းကို သိပြီးကြပုံပါပဲ။ ကျွန်တော်တို့လိုမြို့တော်အရာရှိတွေကလည်း ဒီလိုနတ်ဘုရားတွေနဲ့ တစ္ဆေဝိညာဥ်တွေနဲ့ ပတ်သတ်တဲ့ကိစ္စမျိုးဆိုရင် အမြဲရှောင်တယ်။ မတိုင်ခင်တုန်းကလည်း ရွာထဲမှာ ထူးဆန်းတဲ့ကိစ္စတွေအများကြီး ဖြစ်သွားခဲ့သေးတာ။ ကျွန်တော်တို့လည်း စုံစမ်းဖို့လူလွှတ်လိုက်တိုင်း သူတို့တွေလဲ ဇဝေဇဝါဖြစ်နေခဲ့ကြပြီးတော့ ဘာဖြစ်နေသလဲဆိုတာ မရှာနိုင်ကြဘူး။ ကျွန်တော်တို့လုပ်နိုင်တာက ဒီကိစ္စကို အပြီးမသတ်ပဲ စာရွက်စာတမ်းတွေအကုန်လုံးကို ဖုံးကွယ်ထားဖို့ပဲ။ ရယ်ရတယ်နော်။ တကယ်တော့ အဲ့အချိန်တုန်းက ကျွန်တော်က ဘယ်လောက်တောင်မိုက်မဲလိုက်လဲ။ ကျွန်တော်ထင်ခဲ့တာက တစ်ခြားလူတွေက အရမ်းကိုဉာဏ်နည်းလွန်းလို့ သူတို့မဖြေရှင်းနိုင်တဲ့အရာမျိုးဆိုရင် နတ်ဘုရားတွေ၊ တစ္ဆေဝိညာဥ်တွေအပေါ် ပုံချလိုက်တယ်လို့လေ။ လွန်ခဲ့တဲ့ငါးနှစ်တုန်းက ဒီကိစ္စကိုကိုင်တွယ်ဖို့ ကျွန်တော်ဒီကိုလာခဲ့မှသာ ကျွန်တော်ထင်ထားခဲ့သလိုမဟုတ်တာကို သိလိုက်ရတယ်။"
"အဲ့ကိစ္စက အရင်ကတည်းက ထူးဆန်းနေတာမဟုတ်ဘူး။ 'စွင်'မျိုးရိုးနာမည်ရှိတဲ့မိသားစုက ကျွန်တော်တို့ကို သတင်းပို့လာတယ်လေ: သူတို့ရဲ့မိသားစုက အကြီးဆုံးအဘိုးက အမည်မသိအကြောင်းတစ်ချို့ကြောင့် ရုတ်တရက် အသက်မရှုနိုင်တော့ဘူးတဲ့။ မိသားစုဝင်တွေက နည်းလမ်းအမျိုးမျိုးသုံးခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ဘူး။ အဖိုးအိုရဲ့မျက်နှာက ဖူးယောင်လာပြီးတော့ ခရမ်းရောင်ပြောင်းသွားတဲ့အထိ အဖိုးအို အသက်ရှုကြပ်နေတာကို သူတို့မျက်စိကျယ်ကျယ်ဖွင့်ပြီးတော့သာ ကြည့်နေနိုင်တယ်။ အဲ့ဒီ့နောက်မှာတော့ အဖိုးအိုက အသက်ရှူရပ်သွားတော့တာပဲ...."
ယွင်ရှဲ့သည် မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"အဲ့ဒါက ရွာအကြီးအကဲပြောခဲ့တဲ့ ဝမ်ရီသေဆုံးတဲ့ပုံစံနဲ့ အတူတူပဲ မဟုတ်ဘူးလား?"
ကျန်းရွှင်းယီသည် ပြောလိုက်သည်။
"ဒါပေမယ့် တစ်ယောက်က အသက်ကြီးနေပြီလေ။ ရောဂါတစ်ချို့ကြောင့် သေဆုံးသွားတယ်ဆိုတာက ပုံမှန်ပဲလေ။ အကြောင်းပြချက်လဲခိုင်လုံတယ်။ ဘာလို့အဲ့ဒါကို အရာရှိတွေဆီ တိုင်ကြားရတာလဲ?"
ဟွမ်ဝေသည် ပြောလာသည်။
"ကျွန်တော့်ရဲ့ပုံပြင်က ရှည်တယ်။ အဲ့တော့ ခင်ဗျားတို့နှစ်ယောက် ကျွန်တော်စကားပြောနှေးတာကို အချိန်ပေးပြီးနားထောင်ရလိမ့်မယ်..တကယ်တော့ ဒီသေပုံသေနည်းက ရွာထဲက အရမ်းထူးဆန်းနေတာမျိုးတော့မဟုတ်ဘူး။ လူအများစုက ဒီလိုရှင်းပြလို့မရတဲ့ နည်းလမ်းနဲ့ပဲ သေနေကြတာ။ ကျွန်တော်တို့ စာရွက်စာတမ်းတွေကို မကြည့်ရသေးခင်တုန်းက ကျွန်တော်တို့ အဲ့လိုပဲ တွေးခဲ့ကြတာ။ ကျွန်တော်တို့ယုံကြည်တာက ဒီရွာရဲ့ခေါင်ခိုက်တဲ့တည်နေရာကြောင့် ရွာသားအများစုက အချင်းချင်း ပြန်ယူကြတော့ တစ်ချို့မျိုးရိုးလိုက်တဲ့ရောဂါတွေလဲ ရလာမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲလေ။ ရလဒ်အနေနဲ့ ကျွန်တော်တို့အဲ့ကိစ္စကို အလေးအနက်မထားခဲ့ကြဘူး။ ဒါပေမယ့် ဒီတိုင်ကြားချက်က အဘိုးဆန်းတစ်ယောက်တည်း သေတာကြောင့်ပဲမဟုတ်ဘူး။ ဒါပေမယ့် ဘာလို့လဲဆိုတော့ သူသေပြီးတဲ့နောက်မှာ တစ်ယောက်ယောက်က သူ့အလောင်းကို အပိုင်းပိုင်းခုတ်ပစ်ခဲ့တာကြောင့်ပဲ။"
"အဲ့ဒီ့စွင်မိသားစုက အရမ်းကို သားသမီးဝတ်တရားကျေပွန်ကြတယ်။ အဖိုးအိုသေဆုံးပြီးနောက်မှာ သူတို့က ဝိညာဥ်ကို ကာရံဖို့ရန် ပြန်သယ်ဖို့လုပ်ခဲ့ကြတယ်။ အဲ့ဒါမှ ခန္ဓာကိုယ်က ၎င်းတစ်ခုတည်း ချန်ထားမခံခဲ့ရတော့မှာလေ။ သုံးရက်မြောက်နေ့မှာ သူတို့က ခေါင်းတလားကိုဖွင့်ကြည့်လိုက်တော့ မမျှော်လင့်စွာနဲ့ပဲ သူတို့က အဲ့ဒီကိစ္စကိုတွေ့လိုက်ကြရတယ်။ သူတို့က ဒီကိစ္စကို လုပ်နိုင်လောက်တဲ့ ရန်သူတစ်ယောက်ကိုမှ စဥ်းစားမရခဲ့ဘူး။ ပြီးတော့ ဒီကိစ္စကို ဒီအတိုင်းလဲ မထားချင်ခဲ့ဘူး။ သူတို့က အစိုးရရုံးတော်ကို လာခဲ့ပြီးတော့ သူတို့ရဲ့ဒေါသကြောင့် ဒီကိစ္စကို တိုင်ကြားခဲ့တယ်။ အစိုးရရုံးတော်ကလည်း အဲ့ဒီ့အချိန်တုန်းက ကိစ္စတွေအများကြီးကို ကိုင်တွယ်နေခဲ့ရတာ။ ပြီးတော့ အားနေတဲ့သူကလည်း ကျွန်တော်တစ်ယောက်ပဲရှိတော့ ကျွန်တော် သူတို့နောက်ကို လိုက်လာခဲ့ရတာပေါ့။"
"ခေါင်းတလား"ဆိုသည့် စကားလုံးကိုကြားလိုက်ရတော့ ကျန်းရွှင်းယီသည် ယွင်ရှဲဲ့၏လည်တိုင်တွင် ချိတ်ဆွဲထားသော သူ၏အလောင်းထည့်ထားသည့် ခေါင်းတလားအသေးလေးအကြောင်းကို ရုတ်တရက်တွေးမိလိုက်သည်။ ၎င်းက မတိုင်ခင်က သူ၏ပယောဂကြောင့် ပြုတ်ကျသွားပြီးနောက် ယွင်ရှဲ့သည် ၎င်းအားပြန်ယူကာ သူ၏လည်ပင်းတွင် ဆွဲထားတုန်းပင်။ ကျန်းရွှင်းယီဟာ ယွင်ရှဲ့က သူ့အလောင်းကို ဘာအတွက် ထိန်းသိမ်းထားသေးတာလဲဆိုသည့် အကြောင်းအား မသိရှိရသေးပေ။ ဒီအချိန်တွင်တော့ သူသည် သတိမမူမိပဲ ယွင်ရှဲ့၏လည်ပင်းအဟိုက်အား ကြည့်မိလိုက်သည်။
ယွင်ရှဲ့သည် ကျန်းရွှင်းယီ၏အကြည့်ကို သတိထားမိသွားကာ သူ၏နှုတ်ခမ်းသည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ် တွန့်ကွေးတာက အပြုံးတစ်ခုဖြစ်ထွန်းလာသည်။ သို့ပေမယ့် သူ၏ကိုယ်ကိုတော့ မလှုပ်ရှားရဲပေ။ သူသည် ဘာမှမမြင်လိုက်သကဲ့သို့ ဟန်ဆောင်ကာ ဟွမ်ဝေပြောနေသည်ကိုသာ ဆက်လက်နားထောင်နေလေသည်။
"အဲ့ကိုရောက်သွားတော့ ကျွန်တော် စွင်မိသားစုဝင်တွေနောက်ကို လိုက်လာခဲ့ပြီး အဖိုးစွင်ရဲ့အလောင်းကိုကြည့်လိုက်တော့ အလောင်းကတကယ်ပဲ အပိုင်းပိုင်းခုတ်ခံထားရတာဗျ။ ခုတ်ထားတဲ့မျက်နှာပြင်ကလည်း သေသပ်နေတာပဲ။ ကျိန်းသေပေါက် တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားအားထုတ်ခဲ့တဲ့ရလဒ်ပဲ။ ကံကောင်းတာက အဲ့တုန်းက ဆောင်းရာသီဆိုတော့ အလောင်းကိုယ်က မပုပ်သိုးသေးဘူး။ အပိုင်းပိုင်းခုတ်ခံထားရတာကလွဲရင် တစ်ခြားပျက်စီးနေတဲ့နေရာမရှိဘူး။ ကျွန်တော်မြင်တာကတော့...တစ်ယောက်ယောက်က သူတို့ရဲ့ဒေါသကို ထွက်ပေါက်ပေးဖို့ အဲ့လိုလုပ်ခဲ့တာ မဟုတ်လောက်ဘူးလို့ထင်တာပဲ။ တွေးနေတာကလွဲရင် ကျွန်တော်လဲ ပဟေဠိဖြစ်နေပြီးတော့ ဦးနှောက်ခြောက်နေတုန်းပဲ။ ကျွန်တော်လည်း စွင်မိသားစုဝင်တွေကို မေးခွန်းတွေထပ်ခါထပ်ခါမေးပေမယ့် အားလုံးက ဘယ်သူမှမကျန်ခဲ့ဘူးပဲဖြေကြတာ။ ပြီးတော့ အဲ့ဒီ့အလောင်းကလည်း ခေါင်းတလားထဲမှာပဲ အမြဲရှိနေတာတဲ့လေ။"
"နောက်ဆုံးမှာတော့ ကျွန်တော်လဲ ဒီကိစ္စကို မဖြေရှင်းနိုင်တဲ့ကိစ္စလို့ပဲ ယူဆရုံကလွဲလို့ တစ်ခြားနည်းလမ်းမရှိတော့ဘူး။ စွင်မိသားစုဝင်တွေက အလောင်းကိုပြန်ချုပ်ဖို့ အလောင်းချုပ်သူကို ရှာခဲ့ကြတယ်လေ..."
ကျန်းရွှင်းယီ: "အလောင်းချုပ်သူ?"
တန်းကျီသည် ကြားဝင်ကာ ရှင်းပြလာသည်။
"အလောင်းချုပ်တာ၊ အလောင်းဖာထေးတာမှာ အထူးကျွမ်းကျင်တဲ့ လက်မှုပညာရှင်တွေလေ။ တစ်ချို့က အရမ်းဆိုးဝါးတဲ့ အခြေအနေနဲ့ သေဆုံးသွားခဲ့တယ်ဆိုရင် သူတို့ရဲ့မိသားစုတွေက အလောင်းကို အကောင်းပကတိအတိုင်းပြန်ဖြစ်စေဖို့ အလောင်းချုပ်သူကို ရှာတတ်ကြတယ်။ ချုပ်သူရဲ့အဆင့်က ပိုပြီးမြင့်လေ၊ ချုပ်ရာက ပိုပြီးကြာရှည်ခံလေ၊ ပိုပြီးမမြင်ရလေပဲ။"
ကျန်းရွှင်းယီသည် နားလည်သလို ခေါင်းညိတ်ပြလိုက်သည်။
ဟွမ်ဝေသည် ဆက်ပြောလာသည်။
"ဒါပေမယ့် အဲ့နေ့က အရမ်းကိုနောက်ကျနေပြီ။ နေဝင်သွားတဲ့အချိန်မှာ မချုပ်ရသေးတဲ့ ခေါင်းတစ်ဝက်ကျန်နေတုန်းပဲ။ အလောင်းချုပ်သူကလည်း သူတို့နောက်တစ်နေ့ပြန်မလာဘူးလို့ ပြောသွားပြီးတော့ ညဘက်ကြီးထွက်သွားခဲ့တာ။ ကျွန်တော်လည်း အဲ့လိုနှင်းတွေကျနေတဲ့နေ့မှာ လမ်းတွေကချော်နေမှာကိုတွေးမိပြီး အစိုးရရုံးတော်ကို မပြန်နိုင်လောက်ဘူးဆိုတော့ ရွာထဲမှာ တစ်ညလောက်နေဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်မမျှော်လင့်ထားတာက ညလယ်ခေါင်မှာ တစ်ခုခုက မှားနေပြန်ပြီဆိုတာပဲ။"
ဟွမ်ဝေသည်'တစ်ခုခုတော့မှားနေပြီ'ဆိုသည့် စကားစုအား ပြောလိုက်ချိန်တွင် ကျန်းရွှင်းယီသည် သူ၏စိတ်ကို အလွန်အမင်းချွန်ထက်သည့်အရာဝတ္ထုတစ်ချို့ဖြင့် အထိုးခံလိုက်ရသည့်နှယ် ရုတ်တရက်ခံစားလိုက်ရကာ သူ၏အမြင်အာရုံသည် ပြင်းထန်သည့်နာကျင်မှုကြောင့် ချက်ချင်းပင် မည်းမှောင်လာ၏။ သူ့မျက်လုံးထဲတွင် ကမ္ဘာကြီးသည် ကပြောင်းကပြန်လည်နေကာ သူသည်လည်း ယိုင်လဲကျလုနီးပါးပင်။ သူ၏စိတ်ဓာတ်ခိုင်မာမှုနှင့် မာနကြီးသည့်စရိုက်ကြောင့် သူသည် နှုတ်ခမ်းအားသွားဖြင့်ဖိကိုက်ကာ ကျယ်ကျယ်လောင်လောင် အော်ထွက်လာမည်ကို ငြင်းဆန်၏။ သို့ပေမယ့် ဤအချိန်တွင်သူ၏မျက်နှာပေါ်တွင် ချွေးစက်များရှိနေပြီးသားဖြစ်ကာ သူ၏နဖူးပေါ်ရှိသွေးကြောများတောင်မှ ပေါက်ထွက်တော့မလိုပါပင်။
အပြင်ပန်းတွင်တော့ ယွင်ရှဲ့သည် ဟွမ်ဝေ၏စကားများအား လေးလေးနက်နက် နားထောင်နေသည့်ပုံပေါ်နေသော်ငြားလည်း အမှန်တကယ်တွင်တော့ သူသည် ကျန်းရွှင်းယီ၏လှုပ်ရှားမှုတိုင်းကို အကြီးအကျယ် အာရုံစိုက်ထားလေသည်။ ဤအချိန်တွင်တော့ သူသည် ကျန်းရွှင်းယီ၏မူမမှန်မှုကို ချက်ချင်း သတိပြုမိလိုက်ကာ သူ၏နှလုံးခုန်ထွက်တော့မည်အထိ အရမ်းကိုကြောက်ရွံ့သွားပါ၏။ သူသည် ကျန်းရွှင်းယီအား ကူညီပေးရန် အရှေ့သို့ခုန်အုပ်လိုက်ပေမယ့် သူ့ကိုယ်သူပင် ယိမ်းယိုင်သွားကာ သူ၏ဟန်ချက်ညီမှုကို ဆုံးရှူံးလုနီးပါးဖြစ်သွားပြီးနောက် လူနှစ်ယောက်သည် သစ်ပင်အကြီးကြီးတွင် မှီကာ ခိုင်မြဲစွာရပ်လိုက်နိုင်လေသည်။
"အားရွှင်း? ဘာဖြစ်တာလဲ? မင်း ဘယ်နေရာက အဆင်မပြေဖြစ်နေတာလဲ?"
စူးရှသည့်နာကျင်မှုသည် ကျန်းရွှင်းယီ၏ဦးခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်လာကာ သူ၏နားများသည်လည်း တဝီီဝီမြည်နေလေသည်။ ပုတီးစေ့သဖွယ် ချွေးအေးများကလည်း ကျောက်စိမ်းသဖွယ်ဖြူအုသည့်ပါးများပေါ်သို့ စီးကျလာကာ သူ၏ဝတ်ရုံကော်လံတစ်ပိုင်းကို ရွှဲရွှဲစိုစေလေသည်။ သူသည် သတိလက်လွတ်ဖြင့် ယွင်ရှဲ့၏လက်ကောက်ဝတ်အား တင်းတင်းကြပ်ကြပ်ဖမ်းဆုပ်ကိုင်မိသည်မှာ သူ၏လက်ဖမိုးပေါ်ရှိ သွေးကြောများ ထင်းနေသည်အထိပင်။ မြူတွေဖြင့်ဖုံးကာထားသလိုဖြစ်နေသည့် ဒီလိုမှုန်ဝါးနေသည့်အချိန်တွင် သူသည် ယွင်ရှဲ့ပြောနေသည်များကို ရှင်းရှင်းလင်းလင်း မကြားနိုင်ပါချေ။ သူနောက်တစ်ခါထပ်သေတော့မလိုပင် ခံစားနေရပါ၏။
ယွင်ရှဲ့သည် ကျန်းရွှင်းယီ၏ ပုံမှန်စရိုက်ကိုသိသည်။ ယခု ပြင်းပြင်းထန်ထန်နာကျင်မှုကြောင့် ဒီလိုအခြေအနေထိဖြစ်နေသည်ကို မြင်လိုက်ရတော့ သူ၏လက်ရော၊ ခြေဖဝါးတွေပါ အေးစက်လာကာ သူဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့ပေ။ သူသည် တုန်ယင်နေသောလက်များဖြင့် ကျန်းရွှင်းယီ၏နှဖူးပေါ်မှချွေးသီးများကို သုတ်ပေးရုံသာတတ်နိုင်ကာ သူသည်တီးတိုးပြောလိုက်၏။
"အားရွှင်း..မကြောက်...ကိုယ့်ကို ကြောက်မနေပါနဲ့တော့..."
သူ၏နှုတ်ခမ်းဖျားမှ ထိုစကားလုံးများ ထွက်လာမှသာ သူ၏အသံကွဲအက်နေသည်ကို သတိထားမိလိုက်ပါ၏။
ကံကောင်းစွာနဲ့ပဲ ကျန်းရွှင်းယီ၏နာကျင်မှုသည် မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားလေသည်။ ခဏတာအားထုတ်မှုကြားတွင် သူ၏ဦးနှောက်အနက်ရှိုင်းဆုံးမှလာသော ပြင်းထန်သည့်ထိုဝေဒနာသည် ခြေရာလက်ရာတောင်မကျန်ပါပဲ ပျောက်ကွယ်သွားပါ၏။ သူ၏စိတ်ကြည်လင်သွားချိန်တွင်တော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတမျှအေးစက်နေကာ ချွေးအေးတွေကြားထဲတွင် နစ်မြှုပ်နေသလိုဖြစ်နေတာက အခုနလေးတင် ဖြစ်သွားသည့်အရာအားလုံးသည် အစစ်အမှန်ဖြစ်နေသည်ဟု သူ့အား အသိပေးနေလေသည်။
ကျန်းရွှင်းယီသည် ခေတ္တမျှ အားယူပြီးနောက်တွင်တော့ လက်ရှိအချိန်တွင် သူသည်ယွင်ရှဲ့အားမှီထားဆဲဖြစ်နေသည်ကို နောက်ဆုံးတွင်တော့ တုံ့ပြန်လာနိုင်သည်။ သူ၏လက်တစ်ဖက်သည်လည်း ယွင်ရှဲ့၏လက်ကောက်ဝတ်ကိုတောင် ဆုပ်ကိုင်ထားသေးသည်။ ဒီလိုအရွယ်ရောက်နေသည့်လူနှစ်ယောက်က ဒီလိုမျိုး တစ်ယောက်ကိုတစ်ယောက်မှီထားလျက် အရမ်းကိုဆက်နွယ်နေသလိုမျိုးဖြစ်နေသည်ကို သူဘယ်လိုမှမခံစားရပေမယ့် သူသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားတာကြောင့် သူသည် ချက်ချင်းပင်လွှတ်ပေးလိုက်ကာ မတ်မတ်ရပ်လိုက်ပါ၏။ သူသည် ယွင်ရှဲဲ့၏လက်ကို တစ်ချက်ကြည့်လိုက်တော့ ယွင်ရှဲ့၏လက်ကောက်ဝတ်ပေါ်တွင် လက်ငါးချောင်းရာကြီးက ထင်းနေကာ လက်ဗွေရာများကလည်း ဖူးရောင်နေလေသည်။ ကျန်းရွှင်းယီသည် အဝေးသို့မကြည့်ခင်တွင် သူ၏အကြည့်ကိုနှိမ့်လိုက်ကာ သူ၏နှုတ်ခမ်းသည်လည်း အနည်းငယ်လှုပ်ရှားသွားရသည်။
ယွင်ရှဲ့သည် သူ့အားသတိရှိရှိကြည့်နေလေသည်။ သူသည် အဝေးသို့တွန်းထုတ်ခံလိုက်ရတာတောင်မှ သူ၏လက်များသည် ကျန်းရွှင်းယီ၏ဘေးဘက်တွင် ကာကွယ်ထားဆဲဖြစ်လေသည်။ သူသည် အမြန်မေးလိုက်၏။
"မင်းအဆင်ပြေသွားပြီလား? အဆင်မပြေဖြစ်နေသေးလား? ခုနက ဘာဖြစ်သွားတာလဲ?"
ကျန်းရွှင်းယီသည် သူ၏ဝတ်ရုံလက်များဖြင့် ချွေးများကို သုတ်လိုက်၏။ ကျန်းရွှင်းယီသည် သေတာထက်ပိုပြီးဆိုးရွားသည့်ခံစားချက်ကို ပြန်လည်တွေးမိလိုက်တော့ ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်တုန်ယင်သွားပါ၏။ သို့ပေမယ့် တစ်ယောက်ယောက်က သူ့အား တစ်ချိန်လုံးနီးနီးကပ်ကပ် ထွေးပွေ့ထားသည်ကို သူခံစားနေရဆဲပင်။ အစကတော့ သူသည် ယွင်ရှဲ့၏မေးခွန်းများအား လျစ်လျူရှုလိုက်ချင်ပေမယ့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် သူပြောလိုက်သည်။
"ငါမသိဘူး။ ဒါပေမယ့် ငါအခုအဆင်ပြေနေပါပြီ။"
ဒီလိုသာမန်ကာလျှံကာလျှော့တွက်သည့်သဘောထားက တစ်ယောက်အား ပိုပြီးပြဿနာဖြစ်စေကာ ပိုပြီးစိတ်မကောင်းဖြစ်စေလေသည်။ ယွင်ရှဲ့သည် မျက်မှောင်ကြုတ်လိုက်၏။ သူသည် စိုးရိမ်ပူပန်နေသကဲ့သို့ ကူကယ်ရာလည်းမဲ့နေသည်။ သူတကယ်ပဲ ကျန်းရွှင်းယီရဲ့ဦးခေါင်းခွံကိုဖွင့်ပြီးတော့ အထဲမှာဘာရှိသလဲဆိုတာ ကြည့်လိုက်ချင်သည်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူတို့နှစ်ယောက်ကြားတွင် နားလည်မှုလွဲနေသည်များ အရမ်းအများအပြားရှိနေလေသည်။ သူ၏လက်များနှင့်သွားများ တရွရွဖြစ်နေသော်လည်း သူ၏မကျေနပ်ချက်များကို မျိုသိပ်လိုက်ကာ သူ၏နောက်ကျောဘက်တွင် လက်သီးဆုပ်ထားလိုက်ပါ၏။
ကျန်းရွှင်းယီသည် ခေတ္တမျှ တွေးတောနေကာ ဖြေရှင်းရန်ခက်ခဲသည့်အချက်ကလည်း ဒီထူးဆန်းသည့်ကိစ္စထဲတွင် ရှိရမည်ဟု ခံစားမိလိုက်သည်။ ပြီးတော့ Systemကလည်း သူ့အား တာဝန်ပြီးမြောက်ကြောင်း အသိပေးစာလည်း မပို့သေးဘူးလေ။ ထို့ကြောင့် သူသည် ဗလာသက်သက်စိုက်ကြည့်နေသော ဟွမ်ဝေအားကြည့်လိုက်သည်။
"ဆက်ပြောလေ။ အဲ့ဒီ့ညက ဖြစ်ခဲ့တဲ့ဟာကို။"
ဟွမ်ဝေသည် သူ၏မေ့လျော့နေရာကနေ သတိဝင်လာကာ အလျင်အမြန်တုံ့ပြန်လေသည်။
"အဲ့ဒီ့ညက ညသန်းခေါင်မတိုင်ခင်ထိ ကျွန်တော်အိပ်နေတဲ့အချိန်မှာ စွင်မိသားစုဝင်တွေက ကျွန်တော့်အခန်းတံခါးကို လာခေါက်တယ်လေ။ ကျွန်တော်လည်း ထပြီးမေးလိုက်တော့ သူတို့ပြောတာက 'အဖိုးရဲ့အလောင်းက ရုတ်တရက်ပျောက်သွားပြီ'တဲ့!"
ယွင်ရှဲ၏မျိုသိပ်ထားသည့်သံသယတွေကြောင့် သူ၏စကားလုံးများသည် မထီမဲ့မြင်ပြုသလိုဖြစ်နေကာ တစ်မူထူးခြားသည့်ဘက်သို့ပြောင်းသွားသည်။
"အဲ့ဒါကထူးဆန်းတယ်။ အဲ့ဒါက သေလူတစ်ယောက်ပဲလေ။ သူက အဖြတ်လည်းခံရတယ်။ အခုလည်း အခိုးခံရပြန်ပြီ? ဘာလဲ။ သူကရွှေနဲ့လုပ်ထားလို့လား?"
ဟွမ်ဝေက ခါးသက်သက်ပြုံးကာ ခေါင်းခါပြလာသည်။
"ဒီတစ်ခါတော့ သူက'အခိုးခံ'ရတာလို့ ပြောလို့မရဘူး"
ကျန်းရွှင်းယီသည် ဂရုမစိုက်ပဲ ပြောလိုက်သည်။
"မင်းဆိုလိုတာက လူသေက ခြေထောက်တွေထွက်လာပြီး သူ့ဘာသာသူ ထွက်ပြေးသွားတာလား? အိုး..ပြီးတော့လည်း အဲ့ဒီ့သေလူက ချုပ်လို့တောင်မပြီးသေးဘူးလေ"
မမျှော်လင့်စွာနဲ့ပဲ ဟွမ်ဝေသည် လေးလေးကန်ကန် ခေါင်းငြိမ့်ပြလာ၏။
"အမှန်ပဲ"
သူက ဆက်ပြောသည်။
"အဲ့ဒီ့ညတုန်းက စွင်အာလန်(ဒုတိယမြောက်သား) နဲ့ စွင်စန်းလန်(တတိယမြောက်သား) က စောင့်ကြည့်ဖို့တာဝန်ကျတယ်။ ညရဲ့ပထမတစ်ဝက်ကတော့ အေးအေးဆေးဆေးပဲ။ ဒါပေမယ့် ကျန်တဲ့တစ်ဝက်မှာ စွင်စန်းလန်လာတဲ့အချိန်မှာ ညီအစ်ကိုနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စကားစမြည်ပြောနေကြပြီးတော့ တိုတောင်းတဲ့အချိန်လေးကို အာရုံသိပ်မစိုက်ကြဘူး။ သူတို့အနောက်ကိုလှည့်ကြည့်လိုက်ရော၊ ခေါင်းတလားအဖုံးပွင့်နေတာကို သူတို့တွေ့လိုက်ရတယ်။ ပြီးတော့ အဲ့ဒီ့ကိုယ်ခန္ဓာခေါင်းတစ်ဝက်မချုပ်ရသေးတဲ့ အဲ့ဒီ့အလောင်းကတကယ် မရှိတော့ဘူး။"
"ကျွန်တော်လဲ ဒါကိုကြားတုန်းက ပဟေဠိဖြစ်သွားတယ်။ ဒါကြောင့် မြေကြီးပေါ်က ခြေရာတွေကို လိုက်စစ်ဆေးကြည့်လိုက်တော့ ခြေရာတစ်ခုပဲတွေ့တယ်။ ဒုတိယလူကိုမတွေ့ရဘူး။ အဲ့အချိန်တုန်းက ကျွန်တော်လဲ များများစားစားမတွေးလိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်ယောက်က အလောင်းကိုခိုးပြီးတော့ သူတို့ရဲ့ပုခုံးပေါ်မှာ ထမ်းတင်သွားလို့ရတယ်လေ။ အဲ့တော့ သူတို့အတွက်တော့ ခြေရာတစ်ခုက ပုံမှန်ပဲ။ ဒီလူဘယ်လိုလုပ်သွားလဲဆိုတာကိုတော့ ကျွန်တော်စဥ်းစားရခက်နေတာဗျ။ ဒါကြောင့် ကျွန်တော့်တို့သုံးယောက်လည်း အဲ့ဒီ့ခြေရာတစ်လျှောက် လိုက်လာခဲ့ကြတာ အိမ်တံခါးဝထိရောက်တယ်။ ခြေရာက အဲ့နားမှာပျောက်သွားပြီးတော့ စွင်စန်းလန်က ရုတ်တရက် နေရာမှာတင်ရပ်သွားတယ်"
"ကျွန်တော်လည်း အံ့သြသွားတာပေါ့: 'မင်းဘာလို့ လမ်းလျှောက်တာရပ်လိုက်တာလဲ? ငါထင်တာကတော့ အဲ့သူခိုးက အိမ်ထဲကိုဝင်သွားတာဖြစ်ကောင်းဖြစ်နိုင်တယ်'။ ဒါပေမယ့် စွင်စန်းလန်က ထစ်ထစ်အအပြောလာတယ်: 'လူကြီးမင်းဟွမ်..ဒါ..ဒါ..ဒါက ကျွန်တော်တို့အဖိုးမသေခင်တုန်းက နေသွားခဲ့တဲ့အိမ်ဗျ!'။ ကျွန်တော့်ရဲ့နှလုံးသားထဲမှာ အေးစိမ့်မှုကို ချက်ချင်းခံစားလိုက်ရတာ။ ဒါပေမယ့် ဒီကောင်လေးနှစ်ယောက်က ဘေးကနေကြည့်နေတော့ ကျွန်တော်လည်း အရှုံးပေးပြီး ထွက်မသွားချင်ဘူး။ ဒါကြောင့် ကျွန်တော်လည်း သတ္တိရှိရှိနဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ဓားကို ထုတ်လိုက်ပြီးတော့ တံခါးကိုကန်ဖွင့်လိုက်ပြီး အထဲကိုဝင်သွားလိုက်တယ်!"
......
#30.11.2020.
နောက်ဆုံးတော့ အခက်အခဲတွေကြားထဲကနေ တင်နိုင်ခဲ့ပါပြီ။ မီးပျက်နေတာနဲ့ ဘာနဲ့ညာနဲ့ ပြီးကိုမပြီးနိုင်တော့တာ။ ဒီအပိုင်းရေးရင်း ကိုယ်လဲစိတ်တွေခုန်နေလို့။ ကျန်းရွှင်းယီနာကျင်တဲ့အခန်းရေးနေတုန်းကဆိုရင် လက်တွေတုန်နေရော...
....
#Zawgyi
"ပြောလေ"
"...."
ဟွမ်ဝေသည် ပြောလာသည်။