#Unicode
အခန်း(၂၆) ထူးဆန်းသည့်ပုံပြင်-(၂)
အနောက်ကိုဆုတ်ကာ သူက ထပ်ပြီးတော့ ပိုပြီးနီးနီးကပ်ကပ်ကြည့်လိုက်သည်။ တစ်ခြားခြေလက်၄ဖက်ဟာလည်း လူခြေလက်များပင်ဖြစ်သည်။ သို့ပေမယ့် အရေပြားကတော့ ကွဲအက်နေကာ အသားကိုလည်း မြင်သာအောင်ပြထားသည်။ အရမ်းကိုပုပ်သိုးဆွေးမြေ့နေသည်မှာ ၎င်းတို့၏ပုံသဏ္ဍာန်ကို အတော်လေးဖော်ယူရပါ၏။
ယွင်ရှဲ့သည် ကျန်းရွှင်းယီအတွက် အတော်လေးစိတ်သောကရောက်သွားမိသည်-- သာမန်လူတွေတောင် ဒီလိုအရာမျိုးကို ကြည့်ရှုဖို့ရာ အဆင်မပြေပေ။ အထူးသဖြင့် အလွန်အမင်း ဇီဇာကြောင်သည့် တစ်ယောက်ဆိုရင် ပိုဆိုးသေးပေါ့။
ကျန်းရွှင်းယီသည် နောက်ဆုံးတွင်တော့ လက်ကို သန့်ရှင်းအောင် ဆေးကြောပြီးသွားလေပြီ။ သို့ပေမယ့် လမ်းလျှောက်လာရင်း ထိုအရာကို ကြည့်နေရင်းဖြင့် သူ၏လွမ်းဆွေးဖွယ်ရာ မှတ်ဉာဏ်တွေကို ပြန်လည်နှိုးဆွခံလိုက်ရသည်။ သူ၏လေသံသည် အလွန်အမင်း မပျော်ရွှင်နေပါချေ။
"သောက်ကျိုးနဲ ဒါကဘာကြီးလဲ! လူတစ်ယောက်ကို လိပ်ခွံထဲထည့်တဲ့အထိ ဘယ်သူက ဒီလောက် ကောက်ကျစ်ရတာလဲ!!"
ဒုတိယစာကြောင်းကိုကြားလိုက်ရတော့ ယွင်ရှဲ့ရယ်လိုက်သည်။ ကျန်းရွှင်းယီ၏စိုက်ကြည့်ခြင်းကို ခံလိုက်ရတော့ သူက မပြုံးမိအောင် ထိန်းထားပါ၏။
"ကိုယ်မသိဘူးလေ။ အနီးတစ်ဝိုက်ကလူတွေကို ကိုယ်တို့ ဘာလို့မမေးရမှာလဲ"
ကျန်းရွှင်းယီသည် သိုဝှက်ထားသည့်ဆိုလိုရင်းဖြင့် ပြောလိုက်သည်။
"ဘယ်သူက မေးဖို့ အကောင်းဆုံးဖြစ်မလဲ?"
သူ၏မေးခွန်းသည် ယွင်ရှဲ့အား ဦးတည်နေသည်ဖြစ်သော်လည်း သူ၏အကြည့်စူးစူးကတော့ လူအုပ်ကြီးကို လိုက်ကြည့်နေလေသည်။ ရွာသားတွေသည် ဘာမှရှင်းရှင်းလင်းလင်း မသိပေမယ့် ထိုစူးရှသည့်မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရတော့ အလိုလိုပဲ စိတ်မသိုးမသန့်သလိုတောင် ခံစားလိုက်ရပါ၏။ နောက်ဆုံးတွင်တော့ ကျန်းရွှင်းယီ၏အကြည့်တွေက နေရာတစ်ခုတွင် မြဲမြံသွားပါ၏။ သူ၏နှုတ်ခမ်းစွန်းလေးက အပေါ်သို့တွန့်ကွေးသွားကာ အပြုံးရေးရေးလေးပေါ်လာသည်။
အကိုကြီးရွှီထင်လိုက်သည်ကတော့ ကျန်းရွှင်းယီက သူ့ကိုကြည့်နေတယ်လို့ပင်။ ဒီအကြောက်တရားအောက်တွင် သူက ထစ်ထစ်အအပြောလာပါ၏။
"အ..အစ်ကိုတု...ကျုပ်..ကျုပ်..ကျုပ်.."
ကျန်းရွှင်းယီသည် သူ့အားလက်ကာပြလိုက်ကာ နေရာတစ်ခုတည်းကိုပင် ကြည့်နေသေးပါ၏။
"ရွာအကြီးအကဲဝမ်..ခင်ဗျားရဲ့ ကြည်ညိုဖွယ်ရာကောင်းပြီးတော့ မြင့်မားတဲ့ရာထူးရှိတဲ့ သူတော်ကောင်းတရားအရ ကျွန်တော်တို့ကို ရှင်းပြပေးရင်ရော ဘယ်လိုလဲ?"
တွေဝေသွားကာ အကိုကြီးရွှီက အနောက်ကိုလှည့်ကြည့်လိုက်တော့ သူ့နောက်မှာရှိနေသော မီးခိုးရောင်ဆံပင်နှင့်အဖိုးအို၏ထိတ်လန့်နေသည့် အကြည့်ဖြင့်ဆုံသည်။
ထိုအဖိုးအိုကတော့ 'ဝမ်ရှီ'ဟုအမည်ရကာ ဒီရွာ၏ခေါင်းဆောင်အကြီးအကဲဖြစ်ပါ၏။ သူ၏အရင်နှစ်တွေမှာတော့ သူက ကိုယ်ပိုင်ကျောင်းတစ်ကျောင်းတွင် ဆရာတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ဒါကြောင့် သာမန်ရွာသားတွေနှင့်ယှဥ်လိုက်လျှင် သူသည် ဗဟုသုတကြွယ်ဝသည်ဟု သူ့ကိုယ်သူ တွေးတောသည်။ အစကတော့ သူက ငယ်ရွယ်သူများဖြစ်ကြသည့် ယွင်ရှဲ့နှင့်ကျန်းရွှင်းယီကို သိပ်အလေးမထားပေ။ ယခု ကျန်းရွှင်းယီက သူ့အား ဖြေပေးစေချင်နေတာကို တွေ့လိုက်ရတော့ သူက ခေတ္တမျှထိတ်လန့်သွားသော်လည်း မြန်မြန် စိတ်အေးသည့်ပုံစံပြန်ပြင်လိုက်ကာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
"တုသခင်လေးက ဘာကိုဆိုလိုချင်တာလဲ? နားမလည်တဲ့အတွက် ဒီအဖိုးကြီးကိုခွင့်လွှတ်ပါ"
ကျန်းရွှင်းယီသည် ပြောလိုက်၏။
"ခင်ဗျားနားမလည်ဘူးလား? အရာရှိတွေဆီကို တိုင်ကြားစာပို့ခဲဲ့တဲ့ခင်ဗျားက နားမလည်ဘူး? လာပါ။ ရဲမက်လူကြီးမင်းနှစ်ယောက်က ဒီမှာရှိနေပြီလေ။ သူတို့ကိုမေးလိုက်ရုံနဲ့ ကျွန်တော်တို့အကုန်သိနိုင်တယ်။ ခင်ဗျား မရေရာမသေချာသလို ဆက်လုပ်နေမယ်ဆိုရင်တော့ အတော်လေးပျင်းစရာကောင်းမှာပဲ"
ဝမ်ရှီသည် လက်ရှိအချိန်တွင် ရေနစ်နေသည့်ကြွက်*လို ရေရွှဲရွှဲစိုနေသော "လူကြီးမင်း"နှစ်ယောက်အား အလိုလိုကြည့်မိလိုက်သည်။
{*အကြမ်းဖျင်းဆိုလိုတာကတော့ 'စွပ်ပြုတ်အိုးထဲကျသွားသည့် ကြက်'ပါ။}
ကျန်းရွှင်းယီသည် သူ၏ရှင်းပြချက်ကို နားမထောင်လိုပေ။ ဒါကြောင့် သူ၏ ဝမ်ရှီအားဖြတ်ကာ စကားဝိုင်းကို စလိုက်ပါ၏။
"ရွာအကြီးအကဲတစ်ယောက်အနေနဲ့ ဒီကိစ္စကို ခင်ဗျား အရမ်းစိုးရိမ်ပြီးတော့ ဒီပြဿနာကိုဖြေရှင်းဖို့ တစ်ယောက်ယောက်ကိုဖိတ်ခေါ်ခဲ့တယ် ဆိုတဲ့အကြောင်းပြချက်ကတော့ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် မနေ့ညက အကိုကြီးရွှီက ယွင်... ဂိုဏ်းချုပ်ယွင်နဲ့ကျွန်တော့်ကို ရှာတွေ့တုန်းက ခင်ဗျားက ခင်ဗျားရဲ့မျက်နှာကိုတောင် လာမပြခဲ့ဘူး။ အဲ့တော့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ဒီကိစ္စကိုဖြေရှင်းစေချင်တာမဟုတ်ဘူး။ ဒုတိယနေ့ ကျွန်တော့်တို့ကို ခင်ဗျားလာတွေ့တုန်းကလဲ ခင်ဗျားရဲ့စကားလုံးတွေထဲမှာပါနေတဲ့ တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးရော ပေးနေတဲ့သဲလွန်စတွေကလဲ အဲ့အရာက ဘယ်လောက်စွမ်းအားကြီးသလဲဆိုတာကို ဖော်ပြနေပြီးတော့ ကျွန်တော့်တို့ကို ထွက်သွားစေချင်နေတာ။ ကျွန်တော်တို့ ဒီကိုလာလိုက်တော့ ရဲမက်နှစ်ယောက်ကလဲ ချက်ချင်းပဲ အပြေးအလွှားရောက်လာတယ်။ သူတို့ရဲ့စကားလုံးတွေနဲ့ အပြုအမူတွေအရ သူတို့ကလဲ ဒီကိစ္စကို ကောင်းကောင်းနားလည်နေတယ်။ သူတို့ကိုခေါ်တာ ခင်ဗျားအတွက်မဟုတ်ရင် ဒီသာမန်ရွာသားတွေက ဒီနှစ်ယောက်ကိုခေါ်ဖို့လဲ မတတ်နိုင်ဘူး...အဲ့တော့ ယုံကြည်မှုလွန်ကဲပြီး မာနကြီးနေတဲ့ အရာရှိခင်ဗျ.. ခင်ဗျား ကျွန်တော်တို့ကို ဘာလို့ အဲ့ဒီ့မကောင်းဆိုးရွားကို မဖမ်းစေချင်ရတာလဲ?"
သူ၏တရစပ်ပြောသွားသည် မီးတောက်သဖွယ်လျင်မြန်သည့်စကားလုံးများတွင် ယုံကြည်စိတ်ချမှုနှင့် သတိတရားတို့ ပါဝင်နေကာ နှောင့်ယှက်ခြင်းတစ်စုံတစ်ခုမျှ မပြုနိုင်ပါချေ။ ဝမ်ရှီက ပါးစပ်ကို အကြိမ်အနည်းငယ်လောက် ဖွင့်ဟလာပေမယ့် ဘာမှပြောစရာမရှိဖြစ်နေကာ မွန်းကြပ်လာသလိုတောင် ခံစားနေရပါ၏။ ကျန်းရွှင်းယီပြောလို့ပြီးသည့်နောက်တွင်တော့ ဘေးတွင်ရှိနေသည့် အကိုကြီးရွှီသည် ပြောလာပါ၏။
"ရွာအကြီးအကဲ..ဘာလို့လဲ"
"...."ဝမ်ရှီသည် သည်းမခံနိုင်ဖြစ်လာကာ ဒေါသကြီးစွာဆိုလေသည်။
"အဲ့ကောင်လေးကိုသိတာ ၂ရက်တောင်မပြည့်သေးဘူးလေ။ မင်းက သူပြောသမျှ ယုံနေတာလား"
ထိုစကားလုံးများကြောင့် သံသယရှိနေသည့် ရွာသားများသည်လည်း အေးခဲသွားရသည်။ ပြီးတော့ တွေးတောဆင်ခြင်လိုက်မည်ဆိုပါက ကျန်းရွှင်းယီက တကယ်ပင် သူ့ကိုယ်ပိုင်ထင်မြင်ချက်ကို ပေးရုံမျှသာရှိသည်လေ။ သို့ပေမယ့် ဒီလူ၏အရှိန်အဝါက အရမ်းကိုသန်မာလွန်းသည်။ သူ၏ပါးစပ်ကနေ မည်သည့် စကားလုံးထွက်လာပါစေ၊ တစ်ခြားသူတွေက အကြောင်းပြချက်မရှိပဲနှင့် ယုံကြည်ရန်လိုအပ်သလို ခံစားရပါ၏။
သူတို့်မယုံကြည်ဘူးဆိုကတည်းက ကျန်းရွှင်းယီသည် ဆက်မပြောတော့ပါချေ။ ပြီးတော့ ယွင်ရှဲ့သည်ပြုံးလိုက်ပါ၏။
"ဒါက ဘယ်လိုပဲဖြစ်ဖြစ် မေ့လိုက်ကြပါ။ အစကတည်းက ကျွန်တော်တို့က မကောင်းဆိုးရွားဖမ်းဖို့လာတာလေ။ ဘာကိစ္စကိုမှ စုံစမ်းစစ်ဆေးဖို့မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့နေရာကိုကျော်ပြီးတော့ တစ်ခြားသူတွေရဲ့အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်တယ်ဆိုတာ* မကောင်းပါဘူး။ အဲ့တော့ ကျွန်တော်တို့အဲ့အရာကို သတ်ပြီးတော့ ထွက်သွားမှာပါ"
{*ယစ်ပူဇော်သည့်စားပွဲကိုကျော်ပြီးတော့ မီးဖိုချောင်ထဲကို သွားတယ်}
သူသည် ထိုသို့ပြောလိုက်ရင်းဖြင့် သူ၏လက်ကိုဝှေ့ရမ်းကာ သူ၏ဓားမြှောင်ကို လှောင်ချိုင့်ထဲက လိပ်လူသားဆီကို ပစ်လွှတ်လိုက်ပါ၏။ ဓားသွားချွန်မြမြသည် ထိုအရာ၏လည်ပင်းအား ထိခါနီးမှာပဲ ဝမ်ရှီသည် အော်လာလေသည်။
"နေပါအုံး! မလုပ်ပါနဲ့!"
ယွင်ရှဲ့သည် သူ၏လက်ချောင်းတွေကို လှုပ်လိုက်တော့ ဓားမြှောင်က လေထဲမှာတင် ရပ်တန့်သွားသည်။ သူ၏မျက်နှာကတော့ အရင်ကနှင့်တူညီသော နူးညံ့သိမ်မွေ့သည့်အပြုံးလေးကို ဆင်မြန်းထားဆဲဖြစ်ကာ သူသည် စိတ်ရှည်ရှည်မေးလာပါ၏။
"ရွာအကြီးအကဲဝမ်က သူ့ကိုမသတ်ဖို့ ကျွန်တော့်ကိုပြောနေတာလား?"
ဝမ်ရှီ၏မျက်လုံးထဲတွင်တော့ ယွင်ရှဲ့၏အပြုံးက ကျန်းရွှင်းယီ၏အေးစက်စက်မျက်နှာထက်တောင် ပို၍ကြောက်စရာကောင်းနေလေသည်။ နှစ်တွေအများကြီးဖြတ်သန်းလာပြီးနောက်တွင် သူသည် မရေတွက်နိုင်သော လူအများကို ဖတ်နိုင်လေသည်။ သူ၏အတွေ့အကြုံအရ ယွင်ရှဲ့သည် ဖော်ရွေသယောင်ရှိသော်ငြားလည်း တကယ်တော့ လူသတ်ရာတွင် ရက်စက်ပြီး သနားညှာတာမှုကင်းမဲ့ကာ တိကျပြတ်သားသည့် စရိုက်ရှိသည်ကို သူမြင်နိုင်ပါ၏။ ဝမ်ရှီသည် ဒီထက်ပိုပြီး မနှောင့်နှေးရဲတော့ပါချေ။ သူသည် အလျင်အမြန်ပြောလိုက်ပါ၏။
"ဟုတ်.ဟုတ်ပါတယ်.မသတ်...သူ့ကိုမသတ်ပါနဲ့..."
သူသည် ခေတ္တမျှတုံ့ဆိုင်းနေကာ နောက်ဆုံးတွင်တော့ သူ၏စကားလုံးလက်ကျန်များကို ခက်ခက်ခဲခဲဖြင့် ထုတ်ပြောလာလေသည်။
"သူ...သူက မိစ္ဆာရော၊ မကောင်းဆိုးရွားရော မဟုတ်ပါဘူး။ အဲ့ဒါက ကျုပ်ရဲ့...သားပါ...."
....
#26.11.2020.
...
#Zawgyi
အခန္း(၂၆) ထူးဆန္းသည့္ပုံျပင္-(၂)
အေနာက္ကိုဆုတ္ကာ သူက ထပ္ၿပီးေတာ့ ပိုၿပီးနီးနီးကပ္ကပ္ၾကည့္လိုက္သည္။ တစ္ျခားေျခလက္၄ဖက္ဟာလည္း လူေျခလက္မ်ားပင္ျဖစ္သည္။ သို႔ေပမယ့္ အေရျပားကေတာ့ ကြဲအက္ေနကာ အသားကိုလည္း ျမင္သာေအာင္ျပထားသည္။ အရမ္းကိုပုပ္သိုးေဆြးေျမ့ေနသည္မွာ ၎တို႔၏ပုံသ႑ာန္ကို အေတာ္ေလးေဖာ္ယူရပါ၏။
ယြင္ရွဲ႕သည္ က်န္း႐ႊင္းယီအတြက္ အေတာ္ေလးစိတ္ေသာကေရာက္သြားမိသည္ သာမန္လူေတြေတာင္ ဒီလိုအရာမ်ိဳးကို ၾကည့္ရႈဖို႔ရာ အဆင္မေျပေပ။ အထူးသျဖင့္ အလြန္အမင္း ဇီဇာေၾကာင္သည့္ တစ္ေယာက္ဆိုရင္ ပိုဆိုးေသးေပါ့။
က်န္း႐ႊင္းယီသည္ ေနာက္ဆုံးတြင္ေတာ့ လက္ကို သန့္ရွင္းေအာင္ ေဆးေၾကာၿပီးသြားေလၿပီ။ သို႔ေပမယ့္ လမ္းေလွ်ာက္လာရင္း ထိုအရာကို ၾကည့္ေနရင္းျဖင့္ သူ၏လြမ္းေဆြးဖြယ္ရာ မွတ္ဉာဏ္ေတြကို ျပန္လည္ႏွိုးဆြခံလိုက္ရသည္။ သူ၏ေလသံသည္ အလြန္အမင္း မေပ်ာ္႐ႊင္ေနပါေခ်။
"ေသာက္က်ိဳးနဲ ဒါကဘာႀကီးလဲ! လူတစ္ေယာက္ကို လိပ္ခြံထဲထည့္တဲ့အထိ ဘယ္သူက ဒီေလာက္ ေကာက္က်စ္ရတာလဲ!!"
ဒုတိယစာေၾကာင္းကိုၾကားလိုက္ရေတာ့ ယြင္ရွဲ႕ရယ္လိုက္သည္။ က်န္း႐ႊင္းယီ၏စိုက္ၾကည့္ျခင္းကို ခံလိုက္ရေတာ့ သူက မၿပဳံးမိေအာင္ ထိန္းထားပါ၏။
"ကိုယ္မသိဘူးေလ။ အနီးတစ္ဝိုက္ကလူေတြကို ကိုယ္တို႔ ဘာလို႔မေမးရမွာလဲ"
က်န္း႐ႊင္းယီသည္ သိုဝွက္ထားသည့္ဆိုလိုရင္းျဖင့္ ေျပာလိုက္သည္။
"ဘယ္သူက ေမးဖို႔ အေကာင္းဆုံးျဖစ္မလဲ?"
သူ၏ေမးခြန္းသည္ ယြင္ရွဲ႕အား ဦးတည္ေနသည္ျဖစ္ေသာ္လည္း သူ၏အၾကည့္စူးစူးကေတာ့ လူအုပ္ႀကီးကို လိုက္ၾကည့္ေနေလသည္။ ႐ြာသားေတြသည္ ဘာမွရွင္းရွင္းလင္းလင္း မသိေပမယ့္ ထိုစူးရွသည့္မ်က္လုံးမ်ားႏွင့္ ရင္ဆိုင္လိုက္ရေတာ့ အလိုလိုပဲ စိတ္မသိုးမသန့္သလိုေတာင္ ခံစားလိုက္ရပါ၏။ ေနာက္ဆုံးတြင္ေတာ့ က်န္း႐ႊင္းယီ၏အၾကည့္ေတြက ေနရာတစ္ခုတြင္ ၿမဲၿမံသြားပါ၏။ သူ၏ႏႈတ္ခမ္းစြန္းေလးက အေပၚသို႔တြန့္ေကြးသြားကာ အၿပဳံးေရးေရးေလးေပၚလာသည္။
အကိုႀကီး႐ႊီထင္လိုက္သည္ကေတာ့ က်န္း႐ႊင္းယီက သူ႕ကိုၾကည့္ေနတယ္လို႔ပင္။ ဒီအေၾကာက္တရားေအာက္တြင္ သူက ထစ္ထစ္အအေျပာလာပါ၏။
"အ..အစ်ကိုတု...က်ဳပ္..က်ဳပ္..က်ဳပ္.."
က်န္း႐ႊင္းယီသည္ သူ႕အားလက္ကာျပလိုက္ကာ ေနရာတစ္ခုတည္းကိုပင္ ၾကည့္ေနေသးပါ၏။
"႐ြာအႀကီးအကဲဝမ္..ခင္ဗ်ားရဲ႕ ၾကည္ညိုဖြယ္ရာေကာင္းၿပီးေတာ့ ျမင့္မားတဲ့ရာထူးရွိတဲ့ သူေတာ္ေကာင္းတရားအရ ကြၽန္ေတာ္တို႔ကို ရွင္းျပေပးရင္ေရာ ဘယ္လိုလဲ?"
ေတြေဝသြားကာ အကိုႀကီး႐ႊီက အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ သူ႕ေနာက္မွာရွိေနေသာ မီးခိုးေရာင္ဆံပင္ႏွင့္အဖိုးအို၏ထိတ္လန့္ေနသည့္ အၾကည့္ျဖင့္ဆုံသည္။
ထိုအဖိုးအိုကေတာ့ 'ဝမ္ရွီ'ဟုအမည္ရကာ ဒီ႐ြာ၏ေခါင္းေဆာင္အႀကီးအကဲျဖစ္ပါ၏။ သူ၏အရင္ႏွစ္ေတြမွာေတာ့ သူက ကိုယ္ပိုင္ေက်ာင္းတစ္ေက်ာင္းတြင္ ဆရာတစ္ေယာက္ျဖစ္ခဲ့ဖူးသည္။ ဒါေၾကာင့္ သာမန္႐ြာသားေတြႏွင့္ယွဥ္လိုက္လွ်င္ သူသည္ ဗဟုသုတႂကြယ္ဝသည္ဟု သူ႕ကိုယ္သူ ေတြးေတာသည္။ အစကေတာ့ သူက ငယ္႐ြယ္သူမ်ားျဖစ္ၾကသည့္ ယြင္ရွဲ႕ႏွင့္က်န္း႐ႊင္းယီကို သိပ္အေလးမထားေပ။ ယခု က်န္း႐ႊင္းယီက သူ႕အား ေျဖေပးေစခ်င္ေနတာကို ေတြ႕လိုက္ရေတာ့ သူက ေခတၱမွ်ထိတ္လန့္သြားေသာ္လည္း ျမန္ျမန္ စိတ္ေအးသည့္ပုံစံျပန္ျပင္လိုက္ကာ မ်က္ေမွာင္အနည္းငယ္ၾကဳတ္လိုက္သည္။
"တုသခင္ေလးက ဘာကိုဆိုလိုခ်င္တာလဲ? နားမလည္တဲ့အတြက္ ဒီအဖိုးႀကီးကိုခြင့္လႊတ္ပါ"
က်န္း႐ႊင္းယီသည္ ေျပာလိုက္၏။
"ခင္ဗ်ားနားမလည္ဘူးလား? အရာရွိေတြဆီကို တိုင္ၾကားစာပို႔ခဲဲ့တဲ့ခင္ဗ်ားက နားမလည္ဘူး? လာပါ။ ရဲမက္လူႀကီးမင္းႏွစ္ေယာက္က ဒီမွာရွိေနၿပီေလ။ သူတို႔ကိုေမးလိုက္႐ုံနဲ႕ ကြၽန္ေတာ္တို႔အကုန္သိနိုင္တယ္။ ခင္ဗ်ား မေရရာမေသခ်ာသလို ဆက္လုပ္ေနမယ္ဆိုရင္ေတာ့ အေတာ္ေလးပ်င္းစရာေကာင္းမွာပဲ"
ဝမ္ရွီသည္ လက္ရွိအခ်ိန္တြင္ ေရနစ္ေနသည့္ႂကြက္*လို ေရ႐ႊဲ႐ႊဲစိုေနေသာ "လူႀကီးမင္း"ႏွစ္ေယာက္အား အလိုလိုၾကည့္မိလိုက္သည္။
{*အၾကမ္းဖ်င္းဆိုလိုတာကေတာ့ 'စြပ္ျပဳတ္အိုးထဲက်သြားသည့္ ၾကက္'ပါ။}
က်န္း႐ႊင္းယီသည္ သူ၏ရွင္းျပခ်က္ကို နားမေထာင္လိုေပ။ ဒါေၾကာင့္ သူ၏ ဝမ္ရွီအားျဖတ္ကာ စကားဝိုင္းကို စလိုက္ပါ၏။
"႐ြာအႀကီးအကဲတစ္ေယာက္အေနနဲ႕ ဒီကိစၥကို ခင္ဗ်ား အရမ္းစိုးရိမ္ၿပီးေတာ့ ဒီျပႆနာကိုေျဖရွင္းဖို႔ တစ္ေယာက္ေယာက္ကိုဖိတ္ေခၚခဲ့တယ္ ဆိုတဲ့အေၾကာင္းျပခ်က္ကေတာ့ ျဖစ္သင့္ပါတယ္။ ဒါေပမယ့္ မေန႕ညက အကိုႀကီး႐ႊီက ယြင္... ဂိုဏ္းခ်ဳပ္ယြင္နဲ႕ကြၽန္ေတာ့္ကို ရွာေတြ႕တုန္းက ခင္ဗ်ားက ခင္ဗ်ားရဲ႕မ်က္ႏွာကိုေတာင္ လာမျပခဲ့ဘူး။ အဲ့ေတာ့ ခင္ဗ်ားရဲ႕ရည္႐ြယ္ခ်က္က ဒီကိစၥကိုေျဖရွင္းေစခ်င္တာမဟုတ္ဘူး။ ဒုတိယေန႕ ကြၽန္ေတာ့္တို႔ကို ခင္ဗ်ားလာေတြ႕တုန္းကလဲ ခင္ဗ်ားရဲ႕စကားလုံးေတြထဲမွာပါေနတဲ့ တိုက္ရိုက္ေရာ၊ သြယ္ဝိုက္ၿပီးေရာ ေပးေနတဲ့သဲလြန္စေတြကလဲ အဲ့အရာက ဘယ္ေလာက္စြမ္းအားႀကီးသလဲဆိုတာကို ေဖာ္ျပေနၿပီးေတာ့ ကြၽန္ေတာ့္တို႔ကို ထြက္သြားေစခ်င္ေနတာ။ ကြၽန္ေတာ္တို႔ ဒီကိုလာလိုက္ေတာ့ ရဲမက္ႏွစ္ေယာက္ကလဲ ခ်က္ခ်င္းပဲ အေျပးအလႊားေရာက္လာတယ္။ သူတို႔ရဲ႕စကားလုံးေတြနဲ႕ အျပဳအမူေတြအရ သူတို႔ကလဲ ဒီကိစၥကို ေကာင္းေကာင္းနားလည္ေနတယ္။ သူတို႔ကိုေခၚတာ ခင္ဗ်ားအတြက္မဟုတ္ရင္ ဒီသာမန္႐ြာသားေတြက ဒီႏွစ္ေယာက္ကိုေခၚဖို႔လဲ မတတ္နိုင္ဘူး...အဲ့ေတာ့ ယုံၾကည္မႈလြန္ကဲၿပီး မာနႀကီးေနတဲ့ အရာရွိခင္ဗ်.. ခင္ဗ်ား ကြၽန္ေတာ္တို႔ကို အဲ့ဒီ့မေကာင္းဆိုး႐ြားကို ဘာလို႔ မဖမ္းေစခ်င္ရတာလဲ?"
သူ၏တရစပ္ေျပာသြားသည္ မီးေတာက္သဖြယ္လ်င္ျမန္သည့္စကားလုံးမ်ားတြင္ ယုံၾကည္စိတ္ခ်မႈႏွင့္ သတိတရားတို႔ ပါဝင္ေနကာ ႏွောင့္ယွက္ျခင္းတစ္စုံတစ္ခုမွ် မျပဳနိုင္ပါေခ်။ ဝမ္ရွီက ပါးစပ္ကို အႀကိမ္အနည္းငယ္ေလာက္ ဖြင့္ဟလာေပမယ့္ ဘာမွေျပာစရာမရွိျဖစ္ေနကာ မြန္းၾကပ္လာသလိုေတာင္ ခံစားေနရပါ၏။ က်န္း႐ႊင္းယီေျပာလို႔ၿပီးသည့္ေနာက္တြင္ေတာ့ ေဘးတြင္ရွိေနသည့္ အကိုႀကီး႐ႊီသည္ ေျပာလာပါ၏။
"႐ြာအႀကီးအကဲ..ဘာလို႔လဲ"
"...."ဝမ္ရွီသည္ သည္းမခံနိုင္ျဖစ္လာကာ ေဒါသႀကီးစြာဆိုေလသည္။
"အဲ့ေကာင္ေလးကိုသိတာ ၂ရက္ေတာင္မျပည့္ေသးဘူးေလ။ မင္းက သူေျပာသမွ် ယုံေနတာလား"
ထိုစကားလုံးမ်ားေၾကာင့္ သံသယရွိေနသည့္ ႐ြာသားမ်ားသည္လည္း ေအးခဲသြားရသည္။ ၿပီးေတာ့ ေတြးေတာဆင္ျခင္လိုက္မည္ဆိုပါက က်န္း႐ႊင္းယီက တကယ္ပင္ သူ႕ကိုယ္ပိုင္ထင္ျမင္ခ်က္ကို ေပး႐ုံမွ်သာရွိသည္ေလ။ သို႔ေပမယ့္ ဒီလူ၏အရွိန္အဝါက အရမ္းကိုသန္မာလြန္းသည္။ သူ၏ပါးစပ္ကေန မည္သည့္ စကားလုံးထြက္လာပါေစ၊ တစ္ျခားသူေတြက အေၾကာင္းျပခ်က္မရွိပဲႏွင့္ ယုံၾကည္ရန္လိုအပ္သလို ခံစားရပါ၏။
သူတို႔္မယုံၾကည္ဘူးဆိုကတည္းက က်န္း႐ႊင္းယီသည္ ဆက္မေျပာေတာ့ပါေခ်။ ၿပီးေတာ့ ယြင္ရွဲ႕သည္ၿပဳံးလိုက္ပါ၏။
"ဒါက ဘယ္လိုပဲျဖစ္ျဖစ္ ေမ့လိုက္ၾကပါ။ အစကတည္းက ကြၽန္ေတာ္တို႔က မေကာင္းဆိုး႐ြားဖမ္းဖို႔လာတာေလ။ ဘာကိစၥကိုမွ စုံစမ္းစစ္ေဆးဖို႔မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ရဲ႕ေနရာကိုေက်ာ္ၿပီးေတာ့ တစ္ျခားသူေတြရဲ႕အေရးကိစၥေတြကို ဝင္ေရာက္စြက္ဖက္တယ္ဆိုတာ* မေကာင္းပါဘူး။ အဲ့ေတာ့ ကြၽန္ေတာ္တို႔အဲ့အရာကို သတ္ၿပီးေတာ့ ထြက္သြားမွာပါ"
{*ယစ္ပူေဇာ္သည့္စားပြဲကိုေက်ာ္ၿပီးေတာ့ မီးဖိုေခ်ာင္ထဲကို သြားတယ္}
သူသည္ ထိုသို႔ေျပာလိုက္ရင္းျဖင့္ သူ၏လက္ကိုေဝွ႕ရမ္းကာ သူ၏ဓားျမႇောင္ကို ေလွာင္ခ်ိဳင့္ထဲက လိပ္လူသားဆီကို ပစ္လႊတ္လိုက္ပါ၏။ ဓားသြားခြၽန္ျမျမသည္ ထိုအရာ၏လည္ပင္းအား ထိခါနီးမွာပဲ ဝမ္ရွီသည္ ေအာ္လာေလသည္။
"ေနပါအုံး! မလုပ္ပါနဲ႕!"
ယြင္ရွဲ႕သည္ သူ၏လက္ေခ်ာင္းေတြကို လႈပ္လိုက္ေတာ့ ဓားျမႇောင္က ေလထဲမွာတင္ ရပ္တန့္သြားသည္။ သူ၏မ်က္ႏွာကေတာ့ အရင္ကႏွင့္တူညီေသာ ႏူးညံ့သိမ္ေမြ႕သည့္အၿပဳံးေလးကို ဆင္ျမန္းထားဆဲျဖစ္ကာ သူသည္ စိတ္ရွည္ရွည္ေမးလာပါ၏။
"႐ြာအႀကီးအကဲဝမ္က သူ႕ကိုမသတ္ဖို႔ ကြၽန္ေတာ့္ကိုေျပာေနတာလား?"
ဝမ္ရွီ၏မ်က္လုံးထဲတြင္ေတာ့ ယြင္ရွဲ႕၏အၿပဳံးက က်န္း႐ႊင္းယီ၏ေအးစက္စက္မ်က္ႏွာထက္ေတာင္ ပို၍ေၾကာက္စရာေကာင္းေနေလသည္။ ႏွစ္ေတြအမ်ားႀကီးျဖတ္သန္းလာၿပီးေနာက္တြင္ သူသည္ မေရတြက္နိုင္ေသာ လူအမ်ားကို ဖတ္နိုင္ေလသည္။ သူ၏အေတြ႕အႀကဳံအရ ယြင္ရွဲ႕သည္ ေဖာ္ေ႐ြသေယာင္ရွိေသာ္ျငားလည္း တကယ္ေတာ့ လူသတ္ရာတြင္ ရက္စက္ၿပီး သနားညွာတာမႈကင္းမဲ့ကာ တိက်ျပတ္သားသည့္ စရိုက္ရွိသည္ကို သူျမင္နိုင္ပါ၏။ ဝမ္ရွီသည္ ဒီထက္ပိုၿပီး မႏွောင့္ႏွေးရဲေတာ့ပါေခ်။ သူသည္ အလ်င္အျမန္ေျပာလိုက္ပါ၏။
"ဟုတ္.ဟုတ္ပါတယ္.မသတ္...သူ႕ကိုမသတ္ပါနဲ႕..."
သူသည္ ေခတၱမွ်တုံ႕ဆိုင္းေနကာ ေနာက္ဆုံးတြင္ေတာ့ သူ၏စကားလုံးလက္က်န္မ်ားကို ခက္ခက္ခဲခဲျဖင့္ ထုတ္ေျပာလာေလသည္။
"သူ...သူက မိစ္ဆာေရာ၊ မေကာင္းဆိုး႐ြားေရာ မဟုတ္ပါဘူး။ အဲ့ဒါက က်ဳပ္ရဲ႕...သားပါ...."
....
#26.11.2020.