#Unicode
အခန်း(၂၄) သေခြင်းတရားအငွေ့အသက်တွေဖြင့် ပြည့်နှက်နေသည့်ရွာ
မမျှော်လင့်ထားသည့်ဒုက္ခနှင့် ရင်ဆိုင်လိုက်ရတာကြောင့် ကျန်းရွှင်းယီက စိတ်မရှည်စွာပဲ ရပ်တန့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။ တစ်ချိန်တည်းမှာပဲ စနစ်က ၎င်းတည်ရှိနေကြောင်း အသိပေးသံပေါ်လာပြန်သည်။
[တာဝန်(၂): အမှန်တရားကိုရှာဖွေပါ။]
ကျန်းရွှင်းယီက တစ်ခဏလောက် စိတ်လွင့်သွားသည်:
"အမှန်တရားကိုရှာဖွေရမယ်? ဘယ်အမှန်တရားလဲ။ မင်း တစ်ခါလောက်ပဲဖြစ်ဖြစ် ရှင်းရှင်းလင်းလင်း ပြောလို့မရဘူးလား။...System မင်းပါဝါပိတ်သွားပြန်ပြီလား။ ဟေး!!"
စနစ်က ဘာမှထပ်မပြောလာပေ။ ပြီးတော့ သူတို့ကို "ဘုန်းကြီး"လို့ခေါ်ခဲ့တဲ့ရွာသားက သူတို့ရှေ့ကို အပြေးအလွှားရောက်လာကာ အမောဖြေနေသည်။
"နေပါအုံး...ခဏလောက်နေပါအုံး..ဘုန်းကြီးနဲ့..သူတောင်းစား..ခင်ဗျားတို့နှစ်ယောက် မကောင်းဆိုးရွားတွေကိုဖမ်းနိုင်လား"
ကျန်းရွှင်းယီ:"....."
သူက သူ့ဝတ်ရုံသူငုံ့ကြည့်လိုက်တော့ 'သူတောင်းစား'ဆိုတာ ဘယ်သူ့ကို ရည်ညွှန်းတာလဲဆိုတာ သူနားလည်လိုက်သည်။ သူ့အမူအရာကိုကြည့်နေရင်းဖြင့် ယွင်ရှဲ့က အော်ရယ်မိလုနီးပါးပင်။ သူက ဝတ်ရုံလက်ဖြင့် သူ့ကိုယ်သူကာလိုက်ကာ အကြိမ်အနည်းငယ်လောက် ချောင်းဆိုးလေသည်။
မင်းကမှ သူတောင်းစား။ ဟုတ်ပြီလား? မင်းတို့တစ်အိမ်လုံး သူတောင်းစားတွေပဲ။
ကျန်းရွှင်းယီက မျက်လုံးထောင့်ကနေ ယွင်ရှဲ့ကို ဖျတ်ခနဲကြည့်လိုက်ကာ သူဘာစဥ်းစားနေသလဲဆိုတာကို ချက်ချင်းသိလိုက်သည်။ သူက မျက်လုံးကိုလှိမ့်လိုက်ကာ ယွင်ရှဲ့ကိုကြည့်လိုက်ပြီးနောက် သူ့ခေါင်းကိုလှည့်ကာ ထိုရွာသားကို အမူအရာမဲ့စွာနဲ့ ကြည့်လိုက်သည်။
"ငါက သူတောင်းစားလား။ ငါတောင်းစားရဲရင် မင်းကရော ပြန်ပေးမှာလား"
ဟုတ်တာပေါ့။ ကျန်းရွှင်းယီက တောရွာသားနဲ့ စကားအချေအတင်ဖြစ်ဖို့ အလဟဿ အချိန်မဖြုန်းချင်ပေ။ သူက တစ်ခြားသူရဲ့ရိုင်းစိုင်းမှုကို စိတ်မကျေနပ်ရုံသာ။ ဒါကြောင့် ဒီအတိုင်းပြန်ပက်လိုက်တာဖြစ်သည်။ သို့သော်လည်း ထိုရွာသားက ယွင်ရှဲ့နဲ့ကျန်းရွှင်းယီအပေါ်မှာ အစကတည်းက မျှော်လင့်ချက်မထားခဲ့ပေ။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အသွင်အပြင်က အရပ်လဲအရမ်းမရှည်သလို ကြီးထွားမသန်မာပေ။ ယွင်ရှဲ့က ကျင့်ကြံသူဝတ်ရုံကို ဝတ်ထားသော်လည်း သူ့ရဲ့မျက်နှာက ဖြူဖျော့နေကာ သူ့ရဲ့အပြုအမူကလဲ ယဥ်ကျေးသိမ်မွေ့နေသည်။ သူက လောကကြီးမှာ သိပ်မနေရတော့မယ်ပုံပေါက်နေသည်လေ။ ကျန်းရွှင်းယီကတော့...အဟွတ်..အဟွတ်..သူ့ရဲ့လက်ရှိ'စတိုင်'ကြောင့် ရွာသားက သူ့ကိုမည်မည်ရရတောင်မကြည့်ပေ။
ဒါပေမယ့် ကျန်းရွှင်းယီက စကားပြောလိုက်တော့ သူ့အသံက ကြည်လင်အေးစက်နေကာ နားထောင်ရတာ မဖော်ပြနိုင်လောက်အောင် ကောင်းမွန်သည်။ ရွာသားက ကူကယ်ရာမဲ့စွာနဲ့ သူ့ကို တစ်ချက်ကြည့်လိုက်တော့ ကျန်းရွှင်းယီ၏ကြည့်ကောင်းနေမှုကြီးကြောင့် ရှော့ခ်ရသွားလေသည်။ ကျန်းရွှင်းယီရဲ့ဓားသွားသဖွယ် ထက်မြက်စူးရှလှသော အကြည့်ကြောင့် သူ့နှလုံးသားက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာကာ အသည်းငယ်သွားရသည်။ ရွာသားက ဒီလူက ခပ်နိမ့်နိမ့်မဟုတ်ဘူးဆိုတာကို ချက်ချင်းသိသွားကာ သူ့ရဲ့စကားလုံးတွေက ယဥ်ကျေးသွားပါ၏။
"ဘာလို့လဲဆိုတော့ ဒီနိမ့်ကျတဲ့ကျွန်က အရမ်းကို ဉာဏ်ထိုင်းလွန်းလို့ပါ။ သခင်လေးနှစ်ယောက် ကျေးဇူးပြုပြီးတော့ ကျုပ်ကို အပြစ်မတင်ကြပါနဲ့။ အပြစ်တင်ခြင်းမှ ရှောင်ရှားပေးကြပါ"
ကျန်းရွှင်းယီက သူ့ဘေးမှာရှိနေတာကြောင့် ယွင်ရှဲ့ရဲ့နှလုံးသားလေးက ကျေနပ်နေကာ သူ့ရဲ့အမူအကျင့်ကလဲ ပြန်လည်သိမ်မွေ့လာလေသည်။ သူက အပြုံးတစ်ခုဖြင့် ခေါင်းခါလိုက်သည်။
"မင်းခုနက ဝိညာဥ်တွေနဲ့ မကောင်းဆိုးရွားကို ဖမ်းဖို့ ပြောသွားတယ်နော်။ ဘယ်လိုဝိညာဥ်မျိုးလဲ"
ဘေးမှာတော့ ကျန်းရွှင်းယီက လေးလေးနက်နက် ဆင်ခြင်သုံးသပ်နေသည်။ အစကတော့ သူက စပ်စုတတ်တဲ့လူတော့ မဟုတ်ဘူး။ ဒါပေမယ့် ထိုလူရဲ့အသွင်အပြင်က ထိုမေးခွန်းကြောင့် သတိကပ်သွားသည်။ ဒါက "အမှန်တရားကိုရှာဖွေပါ"ဆိုတဲ့ စနစ်ပေးအပ်ခဲ့တဲ့ တာဝန်က ရွာထဲမှာ အမဲလိုက်တာနဲ့ ဆက်စပ်နေသလားဆိုတာကတော့ သိပ်မရှင်းလင်းပေ။ ဒါက ကျန်းရွှင်းယီရဲ့နားလည်နိုင်တဲ့အဆင့်က နိမ့်နေတာကြောင့်မဟုတ်ဘူး။ ဒါပေမယ့် အကြောင်းကတော့ စနစ်က ဒီလိုအသေးအဖွဲ့အဆင့် တာဝန်မျိုးကို ဘယ်တော့မှ မထုတ်ပြန်ဘူးပေ။
အခြေအနေကို တွေးတောနေစဥ်မှာပဲ ကျန်းရွှင်းယီက ရွာသားနဲ့ယွင်ရှဲ့တို့ ပြောနေတဲ့စကားတွေကို နားထောင်နေသည်။ ဒီလိုမျိုးတာဝန်အများအပြားကို ထမ်းဆောင်ခဲ့ပြီးနောက် သူက ဘာတွေဖြစ်နေသလဲဆိုတာကို ယေဘုယျအားဖြင့် နားလည်သွားလေသည်။
အကုန်လုံးပေါင်းလိုက်လျှင် ဒါက အရမ်းထူးကဲနေတာတော့ မဟုတ်ပေ။ ရွာရဲ့အနီးနားမှာ မြစ်ရှိတယ်။ ရွာကလူတွေက အဲ့မှာငါးဖမ်းပြီးတော့ ရေလဲချိုးကြတယ်။ အရင်နှစ်တွေမှာတော့ ဘာမှမဖြစ်ဘူး။ အေးအေးချမ်းချမ်းပဲ။ ဒါပေမယ့် အရင်ရက်တွေကတည်းက ရေထဲဆင်းသွားတဲ့လူတွေက အပေါ်ပြန်တက်မလာခဲ့ပေ။ အလောင်းတစ်လောင်းတောင်မှ ရှာမတွေ့ခဲ့ပေတစ်ခြားနည်းဖြင့် ပြောရရင် အလောင်းဆယ်ဖို့ ရေထဲဆင်းသွားတဲ့လူတွေကလဲ သေဆုံးသွားခဲ့သည်။
ဒီအထိနားထောက်ကြည့်လိုက်တော့ ကြည့်ရတာ ရေအောက်ဝိညာဥ် (ဒါမှမဟုတ်) မကောင်းဆိုးရွားက ဒီမြစ်ထဲကို အသစ်ရောက်လာတာဖြစ်ရမည်။ သူက လူတွေကို ထိခိုက်နာကျင်စေဖို့နဲ့ သူ့ရဲ့အမဲလိုက်နှုန်းကို တိုးချဲ့ဖို့ ကမ်းပေါ်ကို မလာခဲ့ပဲနဲ့ ရေထဲမှာ ပုန်းနေကတည်းက ၎င်းရဲ့ကျင့်ကြံရေးကလဲ အရမ်းမမြင့်လောက်ပေ။ ငယ်ငယ်လေးကတည်းက မကောင်းဆိုးရွားမိစ္ဆာတွေကို သတ်ဖြတ်နှိမ်နင်းလာခဲ့သော ယွင်ရှဲ့နဲ့ကျန်းရွှင်းယီတို့၏ ကြီးမားသော အတွေ့အကြုံအရ သူတို့က ဒီလိုအခြေအနေမျိုးနဲ့ ဆင်တူသောကိစ္စများကို ကြုံတွေ့ခဲ့ဖူးပြီး ဘယ်တစ်ခုကမျှ ပြင်းထန်နေတာမဟုတ်ချေ။
ယွင်ရှဲ့ရဲ့စိတ်ထဲမှာလည်း မျှော်လင့်ချက်တစ်ထောင်လောက် ပေါ်လာပြီးတော့ ကျန်းရွှင်းယီနဲ့အတူ ရင်ဆိုင်ဖို့ ဖြစ်နိုင်ချေရှိတာကို ဆက်တွေးနေလိုက်သည်။ ပြီးရင်လဲ ဒီနေရာမှာ ရက်အနည်းငယ်ထက်ပိုပြီးနေဖို့ အခွင့်အရေးကို ပျော်ပျော်ကြီးယူလိုက်မယ်။ သူက တီးတိုးပြောလိုက်သည်။
"တုသခင်လေး၊ မကောင်းဆိုးရွားနဲ့မိစ္ဆာတွေကို ဖြေရှင်းတာက ကျွန်တော်တို့မျိုးဆက်ရဲ့တာဝန်ပါ။ ကျွန်တော်တို့က ဒီအခြေအနေထိ ရောက်လာပြီဆိုမှတော့ ဒီပြဿနာကို ကူညီဖြေရှင်းပေးလိုက်ကြရင်ရော ဘယ်လိုလဲ"
ကျန်းရွှင်းယီက အပြုံးရေးရေးလေးဖြင့် သူ့ကိုချီးကျူးလိုက်သည်။
"ယွင်ဂိုဏ်းချုပ်က တကယ့်ကို ကိုယ်ကျင့်တရားကောင်းပြီးတော့ မှန်ကန်တဲ့လူပါပဲ"
ယွင်ရှဲ့ပြန်ပြောမှာကို မစောင့်ပဲနဲ့ သူက သွက်သွက်လက်လက်ပဲ ထပ်ပြောလိုက်သည်။
"ဒီလိုဖြစ်လာပြီဆိုမှတော့လဲ သွားစစ်ဆေးကြည့်ကြတာပေါ့"
ကျန်းရွှင်းယီရဲ့ပင်ကိုယ်စရိုက်က သူက ပြောရင်ပြောတဲ့အတိုင်းလုပ်ကာ ဆုံးဖြတ်ချက်လဲ ပြတ်သားခိုင်မာသည်။ သို့ပေမယ့် ထိုရွာသားက သူတို့ကို လမ်းပြဖို့ငြင်းဆန်ကာ နေဝင်ချိန်ဆိုရင် ဘယ်သူကမှ မြစ်နားမကပ်ရဲဘူးလို့ အဆိုပြုလေသည်။ သူက အလျင်မလိုနေမှတော့ သူတို့နှစ်ယောက်လဲ အလျင်မလိုပေ။ ဒါကြောင့် သူတို့က တစ်ညတာတည်းဖို့ သူ့နောက်လိုက်ကာ ရွာထဲကို ဝင်လာကြသည်။
ရွာအပြင်ဘက်တွင်တော့ သတိပြုမိစရာ မူမမှန်မှုမရှိပေ။ သို့ပေမယ့် ရွာထဲကို ခြေလှမ်းလှမ်းလိုက်ပြီး မကြာခင်မှာပဲ သူတို့ ပတ်ဝန်းကျင်က လေထုထဲမှာ ပြည့်နှက်နေပါသော အလွန်အမင်းပြင်းထန်နေသည့် သေခြင်းတရားအငွေ့အသက်တွေကို မြန်မြန်ဆန်ဆန်ရလိုက်လေသည်။ သချိုင်းတွင်သာရှိနိုင်သော အငွေ့အသက်များနှင့်တူလှပါပေ့။ ကျန်းရွှင်းယီနဲ့ယွင်ရှဲ့က အနည်းငယ်အံ့သြသွားကာ မျက်လုံးချင်းဆုံသွားကြသည်။ တုဟန်၏ခန္ဓာကိုယ်က သူ့ရဲ့မူလကိုယ်နဲ့ တူညီသော ဝိညာဥ်စွမ်းအင်အဆင့်မရှိသော်လည်း သူအကဲခတ်တာမှားနေတယ်လို့ ကျန်းရွှင်းယီကတော့မထင်ပေ။ အကြောင်းပြချက်အရ ဒီလိုမျိုးသေခြင်းအငွေ့အသက်တွေရှိနေတာကြောင့် သက်ရှိလူတစ်ဦးတစ်ယောက်မှ ဒီနေရာမှာ ရှိမနေသင့်ချေ။ သို့သော်လည်း ဒီမှာရှိနေတဲ့သူတွေအားလုံးက ဝိညာဥ်စွမ်းအင်မြင့်ပြီးတော့ လူထူထပ်တာကြောင့် ကန်ထုတ်နိုင်တာများလား-အတော်လေး နားလည်ဖို့ ခက်ခဲပါသော သဘာဝဖြစ်စဥ်ပဲ။
ယွင်ရှဲ့ဟာလည်းပဲ ထိုအကြောင်းကို ဇဝေဇဝါဖြစ်နေတာပင်။
အမူအရာမပြောင်းသွားပဲနဲ့ သူက ရှေ့ကိုခြေနှစ်လှမ်းလောက်တိုးသွားကာ အရှေ့ကနေဦးဆောင်နေသော ရွာသားရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ကာ ပြုံးပြလိုက်ပါ၏။
"အစ်ကို၊ ကျွန်တော် အစ်ကို့ရဲ့နာမည်ကို အခုထိမသိရသေးဘူးလေ"
ထိုလူကတော့ ဒီလိုသိမ်မွေ့တဲ့စရိုက်အသွင်အပြင်ရှိသည့်လူက သူ့ကိုအကိုလို့ ခေါ်မည်ဟုမထင်ထားတာကြောင့် အနည်းငယ် အံ့သြသွားသည်။
"မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ ကျုပ်က ကျုပ်မိသားစုမှာ အကြီးဆုံးပဲ။ မင်း..မင်း.. ကျုပ်ကို အကိုကြီးရွှီလို့ ခေါ်နိုင်တယ်"
ယွင်ရှဲ့က သူ့ရဲ့လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်ကာ ပြုံးပြလိုက်သည်။
"ကောင်းသားပဲ။ ကျွန်တော့်ရဲ့မျိုးရိုးနာမည်ကယွင်ပါ။ သူကတော့...တုမျိုးရိုးပါ။ သူက ကျွန်တော့်ရှစ်တိလေ။"
ကျန်းရွှင်းယီကတော့ သူ့ကိုငြင်းဆန်တဲ့စကားမပြောပေ။ သူက ယွင်ရှဲ့ကို တိတ်တိတ်လေး စိုက်ကြည့်လိုက်သည်။ ဆိုလိုရင်းကတော့ "ဘယ်သူက မင်းရဲ့ရှစ်တိလဲ"ပေါ့။ ယွင်ရှဲ့က သူ့အကြည့်ကို လက်ခံရရှိသွားတော့ သူက အိန္ဒြေသိက္ခာရှိရှိ ခေါင်းခါလိုက်သည်။ ကျန်းရွှင်းယီက ကူကယ်ရာမဲ့စွာနဲ့ ခေတ္တမျှ အေးခဲသွားပါ၏။
ဒီအပြုအမူတစ်ချက်တည်းနဲ့ ယွင်ရှဲ့ဆိုလိုတာကို သူနားလည်သွားသည်:
"မူမမှန်တာမရှိဘူး။ တစ်ချက်ပဲ။ ဒီရွာထဲက လူတွေက ဒီလိုသေခြင်းတရားအငွေ့အသက်တွေကြားမှာ ဘယ်လိုလုပ် အသက်ရှင်နေနိုင်တာလဲဆိုတာတော့ သိပ်မရှင်းဘူး"
သေချာသလောက်ပဲ။ စနစ်က သူ့ကို သာမန်ကာလျှံကာ တာဝန်မပေးဘူးလေ။ အထူးသဖြင့် လွယ်ကူတဲ့အလုပ်တွေကိုဆို လုံးဝမပေးဘူး။ ကျန်းရွှင်းယီက မျက်မှောင်ကြုတ်လိုက်ပါ၏။ သူ့နှလုံးသားကတော့ သတိအနေအထားဖြင့် ရှိနေလေသည်။
အတိတ်မှာတုန်းက ယွင်ရှဲ့က သူ့ကိုသတ်ဖို့ရွေးချယ်လိုက်ပြီးကတည်းက သူတို့ကြားကညီအစ်ကိုဆက်သွယ်မှုက ပြတ်ပြီးသားပဲ။ ဘာကြောင့် ပြန်မွေးဖွားလာရသလဲဆိုတော့ မသိပင်မယ့် ယွင်ရှဲ့ရဲ့နောင်တ၊ စိတ်မသိုးမသန့်ဖြစ်နေတာတွေ၊ အတိတ်ကိုလွမ်းဆွေးနေတာကို ကျန်းရွှင်းယီ မြင်နေရပြီးသား။ ပြီးတော့ "အဓိကဇာတ်ဆောင်ကို သူ့တောင်ပေါ်ကို ပြန်ပို့ပေးပါ" ဆိုတဲ့ တာဝန်ကလဲရှိနေသေးသည်။ အဆုံးမှာ သူကတော့ အရင်ကလိုမျိုး ဘယ်သူ့ကိုမှမယုံကြည်တော့ပေ။ ယခုလက်ရှိအခြေအနေကလဲ အန္တရာယ်များတဲ့ပတ်ဝန်းကျင်မှာရောက်နေတာဖြစ်သလို၊ ရန်သူလား၊ မိတ်ဆွေလားဆိုတာတောင် မသိရသေးတဲ့ လူတစ်ယောက်လဲရှိနေသေးသည်။ ယခုအချိန်မှာ ကျန်းရွှင်းယီ အယုံကြည်ရဆုံးလို့တွက်လို့ရတာ သူ့ကိုယ်သူပဲ။
ကျန်းရွှင်းယီက ယွင်ရှဲ့ရဲ့အကြည့်ကို ရှောင်လိုက်ကာ ခေါင်းကိုငုံ့ပြီး သူ့ဝတ်ရုံလက်သူ ပြုပြင်နေကာ အကိုကြီးရွှီရဲ့အခန်းဆီကို သွားနေတဲ့ အခြားနှစ်ယောက်နောက်ကနေ လိုက်ခဲ့သည်။
တံခါးကို ဖြတ်ကာ ဝင်လာလိုက်တော့ ခန်းမနဲ့အခန်းတွေက ကြီးတယ်လို့ပြောလို့မရချေ။ နေရာက အတော်လေးသန့်ရှင်းသပ်ရပ်နေပေမယ့် ပရိဘောဂပစ္စည်းသိပ်မရှိပေ။ ပိန်ပိန်ပါးပါးမိန်းကလေးနှစ်ယောက်က လိုက်ကာအချို့နောက်ကနေ မဝံ့မရဲ ထွက်ပြူလာကြသည်။ သူတို့က ကျန်းရွှင်းယီရဲ့အကြည့်စူးစူးကို မြင်လိုက်ရတော့ ချက်ချင်းပဲ သူတို့ခေါင်းကို သူတို့ပြန်ရုတ်သွားကြသည်။
ရှက်ကိုးရှက်ကန်းဖြစ်နေသော အကိုကြီးရွှီ: "လောကကြီးကိုမမြင်ဖူးတဲ့ တောသူမလေးတွေပါ...မင်းတို့နှစ်ယောက် တစ်ညတော့ သည်းခံနေ..."
သူ့စကားလုံးတွေက အထဲက မိန်းမနှင့်ကလေးရဲ့အသံတွေကြောင့် အပိုင်းပိုင်း အပြတ်ပြတ်ဖြစ်နေသည်။ သူစကားပြောလို့မပြီးသေးခင်မှာ ကလေးငိုသံက ထွက်ပေါ်လာပါ၏။ ယွင်ရှဲ့က သူ့ကို သူတို့အခန်းသူတို့ ပြန်ခွင့်ပေးလိုက်သည်။ ယွင်ရှဲ့ ဒီဘက်ပြန်လှည့်လာချိန်မှာတော့ ကျန်းရွှင်းယီက ခြေထောက်တစ်ဖက်မကာ အတွင်းပိုင်းအခန်းတွေထဲက တစ်ခန်းရဲ့တံခါးဝကို ပိတ်ထားလေပြီး သူ့လက်မောင်းတွေကို ယှက်ကာ ယွင်ရှဲ့ကို ကြည့်နေလေသည်။
ယွင်ရှဲ့က သူဆိုလိုတာကို နားလည်ပေမယ့်လည်း မသိချင်ယောင်ဆောင်လိုက်ပါ၏။
"တုသခင်လေး ပင်ပန်းနေပြီလား။ ဒါဆိုလဲ စောစောနားကြရအောင်"
ကျန်းရွှင်းယီက လုံးဝကို ဆွံ့အသွားကာ တည့်တိုးပဲပြောလိုက်တော့သည်။
"ငါမင်းနဲ့ တစ်ခန်းထဲ မနေဘူး"
ယွင်ရှဲ့က ခါးခါးသီးသီး ပြုံးလိုက်သည်။
"ဒါက ကျေးလက်ဒေသလေ..အခန်းပိုမရှိဘူး။ တစ်ခါလောက်တော့ သည်းခံလိုက်ပါ"
ကျန်းရွှင်းယီ: "အခန်းကတော့ သည်းခံလို့ရတယ်။ ဒါပေမယ့် သေရေး၊ရှင်ရေးကတော့ မရဘူး။ ညဘက်ကျရင် မင်းငါ့ကို သတ်သွားပြီးတော့ မမျှမတ သေရမှာ ငါကြောက်တယ်ရော်"
ဒါက သူတို့နှစ်ယောက်ကြားက ညှိနှိုင်းလို့မရသော ကိစ္စပေ။ ယွင်ရှဲ့ရဲ့အနူးညံ့ဆုံးနေရာက ဆွဲဆိတ်ခံလိုက်ရသလိုပင် သူ့ရဲ့အပြုံးက ပျက်ယွင်းနေချေပြီ။ သူက အားတင်းကာ ပြုံးနေသေးပါ၏။
"မင်းဘာလို့ အဲ့လိုစဥ်းစားနေရတာလဲ။ ငါမလုပ်ပါဘူး..."
ကျန်းရွှင်းယီက ဆိုလိုရင်းကိုသိုဝှက်စွာ ပြောလိုက်သည်။
"ဒါက ငါစဥ်းစားနေတာမဟုတ်ဘူး။ အတိအကျက ဘယ်လိုဖြစ်ခဲ့တာပါလိမ့်နော်"
ယွင်ရှဲ့က စကားပြောဖို့ရာ ပါးစပ်ကိုဖွင့်ဟလိုက်ပင်မယ့် ရပ်တန့်သွားလေသည်။ သူက ခါးခါးသီးသီး အော်ရယ်လိုက်ကာ တိတ်တဆိတ်ပဲ အဝေးကိုလှည့်ထွက်သွားလေသည်။
ယွင်ရှဲ့က လူလိမ်လုပ်တမ်းကစားနေတာကို ချက်ချင်းရပ်တန့်သွားတာကို ကြည့်နေရင်းဖြင့် ကျန်းရွှင်းယီက ထိုအပြုအမူကို အခုထိအလေ့အကျင့်မဖြစ်သေးပေ။ သူက တံခါးပေါ်မှာ ခြေထောက်တင်ထားကာ လက်ပိုက်ထားရင်းဖြင့် ယွင်ရှဲ့၏ပုံရိပ်ပျောက်ကွယ်သွားတာကို ကြည့်နေပါ၏။ သူ့နှလုံးသားလေးက သူ မှားယွင်းသွားသလို ခံစားရကြောင်း ပြောနေလေသည်။ သို့သော်လည်း ယွင်ရှဲ့ကို သူနဲ့အတူအိပ်ဖို့ မခေါ်နိုင်ပါချေ။ အချိန်တော်တော်ကြာပြီးနောက်မှာတော့ သူကပြက်ရယ်ပြုလိုက်ကာ မတ်တပ်ရပ်ပြီး အခန်းထဲကို ဝင်သွားတော့သည်။
နောက်တစ်နေ့မနက် သူနိုးလာတော့ ယွင်ရှဲ့က သူ့အခန်းအပြင်မှာစောင့်နေလေသည်။ နှစ်ယောက်သားမျက်နှာချင်းဆိုင်လိုက်တော့ သူတို့နှစ်ယောက်လုံး၏မျက်လုံးများအောက်တွင် အမည်းကွင်းများ ရှိနေလေသည်။ တစ်ယောက်ကတော့ အပြင်မှာအိပ်ရတာကြောင့် အားအင်ကုန်ခမ်းနေတာဖြစ်ပင်မယ့် အခန်းထဲကလူကတော့ ကောင်းကောင်းနားရပုံမပေါ်ပေ။ ယွင်ရှဲ့က အနည်းငယ်စိတ်သောကရောက်သွားကာ သူ့ရဲ့လက်ချောင်းထိပ်တွေက ကျန်းရွှင်းယီရဲ့မျက်ခွံကို ထိဖို့လုပ်လိုက်ပါ၏။
"ကောင်းကောင်းအိပ်မပျော်ဘူးလား"
ကျန်းရွှင်းယီက ခေါင်းကိုအနောက်ဆုတ်လိုက်ကာ ယွင်ရှဲ့လက်ချောင်းကို ရှောင်လိုက်သည်။
"ဘယ်သူပြောလဲ။ အရမ်းကို သက်တောင့်သက်သာရှိတယ်"
ခြေသံပြင်းပြင်းနင်းသံနှင့်အတူ အကိုကြီးရွှီက သူတို့နှစ်ယောက်ရှေ့ကို လျှောက်လာပါ၏။ သူ့နောက်တွင်လည်း ရွာသားတစ်ချို့လိုက်လာလေသည်။ ယွင်ရှဲ့က သူ့လျှာပေါ်က စကားလုံးတွေကို ပြန်မျိုချလိုက်ရသည်။ သူက သူ့ရဲ့မူပိုင်ဖြစ်သော နွေးထွေးသည့်အပြုံးကို ပြန်လည်ချိတ်ဆွဲလိုက်ကာ ရောက်လာတဲ့သူတွေကို နှုတ်ဆက်တဲ့အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကျန်းရွှင်းယီကလဲ သူနဲ့အတူ ခေါင်းလိုက်ညိတ်ပါ၏။
အလယ်အုပ်စုထဲက မီးခိုးရောင်ဆံပင်နဲ့ အဖိုးအိုက သာမန်ရွာသားအုပ်စုထဲကနေ သတ္တိရှိရှိထွက်လာသည်။
သူက အရှေ့ကို လျှောက်လာကာ ပြောလေသည်။
"မျိုးရိုးမြင့်မြတ်တဲ့ လူငယ်နှစ်ယောက်က လက်ကမ်းပေးဖို့ ဆန္ဒရှိတဲ့အတွက် ဒီအဖိုးအိုက အရမ်းကို ဝမ်းမြောက်မိပါတယ်။ မြစ်ထဲက အဲ့အရာက အရမ်းကိုအန္တရာယ်များလွန်းတယ်။ ပြီးတော့ မင်းတို့နှစ်ယောက်က အသက်ငယ်ငယ်လေးပဲရှိသေးတယ်လေ။ အကြောင်းရင်းမရှိပဲနဲ့ မင်းတို့နှစ်ယောက်ရဲ့အသက်ကို မဆုံးရှုံးစေချင်ဘူး။ ဒါကြောင့်...မင်းတို့နှစ်ယောက် အခုပြန်ချင်တယ်ဆိုရင်တောင် ဒီအဖိုးကြီး နားလည်ပါတယ်"
ကျန်းရွှင်းယီက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။
"အဖိုးအို..ခင်ဗျား အရမ်းပူပန်နေဖို့မလိုပါဘူး"
သူကတော့ လုံးဝမစိုးရိမ်ပေ။ ဘာပဲဖြစ်ဖြစ် မိစ္ဆာနတ်ဘုရားက ကမ္ဘာမြေပေါ်ကိုဆင်းသက်လာရင်တောင်မှ အသက်အန္တရာယ်ကို ရှောင်ရှားဖို့ဆိုရင် ယွင်ရှဲ့ရဲ့အနောက်မှာ ပုန်းလိုက်ရုံပင်။
ဒါကြောင့် သေသေချာချာ တွေးတောကြည့်လိုက်မည်ဆိုပါက ယွင်ရှဲ့က သူ့တောင်သူပြန်တာကို စနစ်က သူ့ကိုလိုက်ပါခိုင်းတာက အမှန်ကို မလိုအပ်ပေ။
ကျန်းရွှင်းယီက ခြေလှမ်းကျဲကျဲဖြင့် အရှေ့ကိုလျှောက်လိုက်ကာ မြစ်ဆီကို ထွက်ခွာဖို့ လုပ်လိုက်သည့်အချိန်တွင် သူ့နောက်ကိုလိုက်လာသည့် ခြေသံမြန်မြန်ကို ရုတ်တရက်ကြားလိုက်ရလေသည်။ သူလှည့်ကြည့်လိုက်တော့ အကိုကြီးရွှီရဲ့သမီးငယ်လေးတွေထဲက တစ်ယောက်က ရွှံအိမ်ထဲကနေ ဒယိမ်းဒယိုင်ထွက်လာကာ သူမရဲ့လက်မောင်းကိုဖွင့်ကာ သူမကိုဖမ်းစေချင်ပုံဖြင့် သူမကိုယ်သူမ သူ့ဆီပစ်ဝင်လိုက်လေသည်။
ကျန်းရွှင်းယီက နဂိုကတည်းက အသန့်ကြိုက်သော လူထူးဆန်းဖြစ်ပြီး တစ်ခြားလူတွေနဲ့ ထိတွေ့ဆက်ဆံရတာ မကြိုက်ပေ။ ဒါပေမယ့် ထိုကလေးမလေး ပြုတ်ကျသွားမည်ကို စိုးရိမ်တာကြောင့် သူက သတိလက်လွတ်ပဲ လက်မောင်းကိုဖွင့်ဟကာ ထိုမိန်းမငယ်လေးအား သူ့လက်မောင်းကြားထဲတွင် ဖမ်းထားလိုက်သည်။
ယွင်ရှဲ့က ဘေးကနေ ခါးခါးသီးသီးကြည့်နေလေသည်။
ကျန်းရွှင်းယီ သူ့ခါးက တင်းကြပ်တဲ့အားကိုသာ ခံစားနေရပြီးတော့ သူက အဖက်ခံထားရလေသည်။ သူအောက်ကို ငုံ့ကြည့်လိုက်တော့ ကလေးမလေးရဲ့ဖြူဖတ်ဖတ်မျက်နှာနဲ့ ပိန်နေသော ခြေလက်များကို တွေ့လိုက်ရသည်။ သူမရဲ့မျက်လုံးဝိုင်းဝိုင်းများသာလျှင် မျက်ရည်များဖြင့် စိုစွတ်နေကာ သူမက ကျန်းရွှင်းယီကို စိုက်ကြည့်နေလေသည်။
"အကိုကြီးအလှလေး...မသွားပါနဲ့လား။ အကိုကြီးသေလိမ့်မယ်"
ထိုစကားလုံးတွေကတော့ ကလေးမလေးရဲ့မသိရှိ၊ မရည်ရွယ်ပါသော စကားများဖြစ်လေသည်။ သူမရဲ့အသံက ချိုသာနေကာ အနည်းငယ် ကလေးဆန်နေတုန်းပင်။ သို့သော်လည်း ယွင်ရှဲ့က သူ့ဘေးတွင် ရပ်နေပြီး အကြောက်တရား၊ သောကစိတ်နှင့်အတူ သူ့နှလုံးသားက သူ့ရင်ဘတ်ကနေ မပြောပြတတ်လောက်အောင် ခုန်ထွက်တော့မလိုပင်။
.....
အိုက်ယား... အပ်ပုဒိတ်..နောက်အပိုင်းတွေကတော့ ရေထဲကသတ္တဝါကို ဖြေရှင်းခန်းပေါ့ဗျာ...
.....
#Zawgyi
အခန္း(၂၄) ေသျခင္းတရားအေငြ႕အသက္ေတြျဖင့္ ျပည့္ႏွက္ေနသည့္႐ြာ
မေမွ်ာ္လင့္ထားသည့္ဒုကၡႏွင့္ ရင္ဆိုင္လိုက္ရတာေၾကာင့္ က်န္း႐ႊင္းယီက စိတ္မရွည္စြာပဲ ရပ္တန့္လိုက္ကာ မ်က္ေမွာင္ၾကဳတ္လိုက္သည္။ တစ္ခ်ိန္တည္းမွာပဲ စနစ္က ၎တည္ရွိေနေၾကာင္း အသိေပးသံေပၚလာျပန္သည္။
[တာဝန္(၂): အမွန္တရားကိုရွာေဖြပါ။]
က်န္း႐ႊင္းယီက တစ္ခဏေလာက္ စိတ္လြင့္သြားသည္:
"အမွန္တရားကိုရွာေဖြရမယ္? ဘယ္အမွန္တရားလဲ။ မင္း တစ္ခါေလာက္ပဲျဖစ္ျဖစ္ ရွင္းရွင္းလင္းလင္း ေျပာလို႔မရဘူးလား။...System မင္းပါဝါပိတ္သြားျပန္ၿပီလား။ ေဟး!!"
စနစ္က ဘာမွထပ္မေျပာလာေပ။ ၿပီးေတာ့ သူတို႔ကို "ဘုန္းႀကီး"လို႔ေခၚခဲ့တဲ့႐ြာသားက သူတို႔ေရွ႕ကို အေျပးအလႊားေရာက္လာကာ အေမာေျဖေနသည္။
"ေနပါအုံး...ခဏေလာက္ေနပါအုံး..ဘုန္းႀကီးနဲ႕..သူေတာင္းစား..ခင္ဗ်ားတို႔ႏွစ္ေယာက္ မေကာင္းဆိုး႐ြားေတြကိုဖမ္းနိုင္လား"
က်န္း႐ႊင္းယီ:"....."
သူက သူ႕ဝတ္႐ုံသူငုံ႕ၾကည့္လိုက္ေတာ့ 'သူေတာင္းစား'ဆိုတာ ဘယ္သူ႕ကို ရည္ၫႊန္းတာလဲဆိုတာ သူနားလည္လိုက္သည္။ သူ႕အမူအရာကိုၾကည့္ေနရင္းျဖင့္ ယြင္ရွဲ႕က ေအာ္ရယ္မိလုနီးပါးပင္။ သူက ဝတ္႐ုံလက္ျဖင့္ သူ႕ကိုယ္သူကာလိုက္ကာ အႀကိမ္အနည္းငယ္ေလာက္ ေခ်ာင္းဆိုးေလသည္။
မင္းကမွ သူေတာင္းစား။ ဟုတ္ၿပီလား? မင္းတို႔တစ္အိမ္လုံး သူေတာင္းစားေတြပဲ။
က်န္း႐ႊင္းယီက မ်က္လုံးေထာင့္ကေန ယြင္ရွဲ႕ကို ဖ်တ္ခနဲၾကည့္လိုက္ကာ သူဘာစဥ္းစားေနသလဲဆိုတာကို ခ်က္ခ်င္းသိလိုက္သည္။ သူက မ်က္လုံးကိုလွိမ့္လိုက္ကာ ယြင္ရွဲ႕ကိုၾကည့္လိုက္ၿပီးေနာက္ သူ႕ေခါင္းကိုလွည့္ကာ ထို႐ြာသားကို အမူအရာမဲ့စြာနဲ႕ ၾကည့္လိုက္သည္။
"ငါက သူေတာင္းစားလား။ ငါေတာင္းစားရဲရင္ မင္းကေရာ ျပန္ေပးမွာလား"
ဟုတ္တာေပါ့။ က်န္း႐ႊင္းယီက ေတာ႐ြာသားနဲ႕ စကားအေခ်အတင္ျဖစ္ဖို႔ အလဟႆ အခ်ိန္မျဖဳန္းခ်င္ေပ။ သူက တစ္ျခားသူရဲ႕ရိုင္းစိုင္းမႈကို စိတ္မေက်နပ္႐ုံသာ။ ဒါေၾကာင့္ ဒီအတိုင္းျပန္ပက္လိုက္တာျဖစ္သည္။ သို႔ေသာ္လည္း ထို႐ြာသားက ယြင္ရွဲ႕နဲ႕က်န္း႐ႊင္းယီအေပၚမွာ အစကတည္းက ေမွ်ာ္လင့္ခ်က္မထားခဲ့ေပ။ ဘာလို႔လဲဆိုေတာ့ သူတို႔ရဲ႕အသြင္အျပင္က အရပ္လဲအရမ္းမရွည္သလို ႀကီးထြားမသန္မာေပ။ ယြင္ရွဲ႕က က်င့္ႀကံသူဝတ္႐ုံကို ဝတ္ထားေသာ္လည္း သူ႕ရဲ႕မ်က္ႏွာက ျဖဴေဖ်ာ့ေနကာ သူ႕ရဲ႕အျပဳအမူကလဲ ယဥ္ေက်းသိမ္ေမြ႕ေနသည္။ သူက ေလာကႀကီးမွာ သိပ္မေနရေတာ့မယ္ပုံေပါက္ေနသည္ေလ။ က်န္း႐ႊင္းယီကေတာ့...အဟြတ္..အဟြတ္..သူ႕ရဲ႕လက္ရွိ'စတိုင္'ေၾကာင့္ ႐ြာသားက သူ႕ကိုမည္မည္ရရေတာင္မၾကည့္ေပ။
ဒါေပမယ့္ က်န္း႐ႊင္းယီက စကားေျပာလိုက္ေတာ့ သူ႕အသံက ၾကည္လင္ေအးစက္ေနကာ နားေထာင္ရတာ မေဖာ္ျပနိုင္ေလာက္ေအာင္ ေကာင္းမြန္သည္။ ႐ြာသားက ကူကယ္ရာမဲ့စြာနဲ႕ သူ႕ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ က်န္း႐ႊင္းယီ၏ၾကည့္ေကာင္းေနမႈႀကီးေၾကာင့္ ေရွာ့ခ္ရသြားေလသည္။ က်န္း႐ႊင္းယီရဲ႕ဓားသြားသဖြယ္ ထက္ျမက္စူးရွလွေသာ အၾကည့္ေၾကာင့္ သူ႕ႏွလုံးသားက ေၾကာက္႐ြံ႕မႈေၾကာင့္ တုန္လႈပ္လာကာ အသည္းငယ္သြားရသည္။ ႐ြာသားက ဒီလူက ခပ္နိမ့္နိမ့္မဟုတ္ဘူးဆိုတာကို ခ်က္ခ်င္းသိသြားကာ သူ႕ရဲ႕စကားလုံးေတြက ယဥ္ေက်းသြားပါ၏။
"ဘာလို႔လဲဆိုေတာ့ ဒီနိမ့္က်တဲ့ကြၽန္က အရမ္းကို ဉာဏ္ထိုင္းလြန္းလို႔ပါ။ သခင္ေလးႏွစ္ေယာက္ ေက်းဇူးျပဳၿပီးေတာ့ က်ဳပ္ကို အျပစ္မတင္ၾကပါနဲ႕။ အျပစ္တင္ျခင္းမွ ေရွာင္ရွားေပးၾကပါ"
က်န္း႐ႊင္းယီက သူ႕ေဘးမွာရွိေနတာေၾကာင့္ ယြင္ရွဲ႕ရဲ႕ႏွလုံးသားေလးက ေက်နပ္ေနကာ သူ႕ရဲ႕အမူအက်င့္ကလဲ ျပန္လည္သိမ္ေမြ႕လာေလသည္။ သူက အၿပဳံးတစ္ခုျဖင့္ ေခါင္းခါလိုက္သည္။
"မင္းခုနက ဝိညာဥ္ေတြနဲ႕ မေကာင္းဆိုး႐ြားကို ဖမ္းဖို႔ ေျပာသြားတယ္ေနာ္။ ဘယ္လိုဝိညာဥ္မ်ိဳးလဲ"
ေဘးမွာေတာ့ က်န္း႐ႊင္းယီက ေလးေလးနက္နက္ ဆင္ျခင္သုံးသပ္ေနသည္။ အစကေတာ့ သူက စပ္စုတတ္တဲ့လူေတာ့ မဟုတ္ဘူး။ ဒါေပမယ့္ ထိုလူရဲ႕အသြင္အျပင္က ထိုေမးခြန္းေၾကာင့္ သတိကပ္သြားသည္။ ဒါက "အမွန္တရားကိုရွာေဖြပါ"ဆိုတဲ့ စနစ္mေပးအပ္ခဲ့တဲ့ တာဝန္က ႐ြာထဲမွာ အမဲလိုက္တာနဲ႕ ဆက္စပ္ေနသလားဆိုတာကေတာ့ သိပ္မရွင္းလင္းေပ။ ဒါက က်န္း႐ႊင္းယီရဲ႕နားလည္နိုင္တဲ့အဆင့္က နိမ့္ေနတာေၾကာင့္မဟုတ္ဘူး။ ဒါေပမယ့္ အေၾကာင္းကေတာ့ စနစ္က ဒီလိုအေသးအဖြဲ႕အဆင့္ တာဝန္မ်ိဳးကို ဘယ္ေတာ့မွ မထုတ္ျပန္ဘူးေပ။
အေျခအေနကို ေတြးေတာေနစဥ္မွာပဲ က်န္း႐ႊင္းယီက ႐ြာသားနဲ႕ယြင္ရွဲ႕တို႔ ေျပာေနတဲ့စကားေတြကို နားေထာင္ေနသည္။ ဒီလိုမ်ိဳးတာဝန္အမ်ားအျပားကို ထမ္းေဆာင္ခဲ့ၿပီးေနာက္ သူက ဘာေတြျဖစ္ေနသလဲဆိုတာကို ေယဘုယ်အားျဖင့္ နားလည္သြားေလသည္။
အကုန္လုံးေပါင္းလိုက္လွ်င္ ဒါက အရမ္းထူးကဲေနတာေတာ့ မဟုတ္ေပ။ ႐ြာရဲ႕အနီးနားမွာ ျမစ္ရွိတယ္။ ႐ြာကလူေတြက အဲ့မွာငါးဖမ္းၿပီးေတာ့ ေရလဲခ်ိဳးၾကတယ္။ အရင္ႏွစ္ေတြမွာေတာ့ ဘာမွမျဖစ္ဘူး။ ေအးေအးခ်မ္းခ်မ္းပဲ။ ဒါေပမယ့္ အရင္ရက္ေတြကတည္းက ေရထဲဆင္းသြားတဲ့လူေတြက အေပၚျပန္တက္မလာခဲ့ေပ။ အေလာင္းတစ္ေလာင္းေတာင္မွ ရွာမေတြ႕ခဲ့ေပတစ္ျခားနည္းျဖင့္ ေျပာရရင္ အေလာင္းဆယ္ဖို႔ ေရထဲဆင္းသြားတဲ့လူေတြကလဲ ေသဆုံးသြားခဲ့သည္။
ဒီအထိနားေထာက္ၾကည့္လိုက္ေတာ့ ၾကည့္ရတာ ေရေအာက္ဝိညာဥ္ (ဒါမွမဟုတ္) မေကာင္းဆိုး႐ြားက ဒီျမစ္ထဲကို အသစ္ေရာက္လာတာျဖစ္ရမည္။ သူက လူေတြကို ထိခိုက္နာက်င္ေစဖို႔နဲ႕ သူ႕ရဲ႕အမဲလိုက္ႏႈန္းကို တိုးခ်ဲ့ဖို႔ ကမ္းေပၚကို မလာခဲ့ပဲနဲ႕ ေရထဲမွာ ပုန္းေနကတည္းက ၎ရဲ႕က်င့္ႀကံေရးကလဲ အရမ္းမျမင့္ေလာက္ေပ။ ငယ္ငယ္ေလးကတည္းက မေကာင္းဆိုး႐ြားမိစ္ဆာေတြကို သတ္ျဖတ္ႏွိမ္နင္းလာခဲ့ေသာ ယြင္ရွဲ႕နဲ႕က်န္း႐ႊင္းယီတို႔၏ ႀကီးမားေသာ အေတြ႕အႀကဳံအရ သူတို႔က ဒီလိုအေျခအေနမ်ိဳးနဲ႕ ဆင္တူေသာကိစၥမ်ားကို ႀကဳံေတြ႕ခဲ့ဖူးၿပီး ဘယ္တစ္ခုကမွ် ျပင္းထန္ေနတာမဟုတ္ေခ်။
ယြင္ရွဲ႕ရဲ႕စိတ္ထဲမွာလည္း ေမွ်ာ္လင့္ခ်က္တစ္ေထာင္ေလာက္ ေပၚလာၿပီးေတာ့ က်န္း႐ႊင္းယီနဲ႕အတူ ရင္ဆိုင္ဖို႔ ျဖစ္နိုင္ေခ်ရွိတာကို ဆက္ေတြးေနလိုက္သည္။ ၿပီးရင္လဲ ဒီေနရာမွာ ရက္အနည္းငယ္ထက္ပိုၿပီးေနဖို႔ အခြင့္အေရးကို ေပ်ာ္ေပ်ာ္ႀကီးယူလိုက္မယ္။ သူက တီးတိုးေျပာလိုက္သည္။
"တုသခင္ေလး၊ မေကာင္းဆိုး႐ြားနဲ႕မိစ္ဆာေတြကို ေျဖရွင္းတာက ကြၽန္ေတာ္တို႔မ်ိဳးဆက္ရဲ႕တာဝန္ပါ။ ကြၽန္ေတာ္တို႔က ဒီအေျခအေနထိ ေရာက္လာၿပီဆိုမွေတာ့ ဒီျပႆနာကို ကူညီေျဖရွင္းေပးလိုက္ၾကရင္ေရာ ဘယ္လိုလဲ"
က်န္း႐ႊင္းယီက အၿပဳံးေရးေရးေလးျဖင့္ သူ႕ကိုခ်ီးက်ဴးလိုက္သည္။
"ဂိုဏ္းခ်ဳပ္ယြင္က တကယ့္ကို ကိုယ္က်င့္တရားေကာင္းၿပီးေတာ့ မွန္ကန္တဲ့လူပါပဲ"
ယြင္ရွဲ႕ျပန္ေျပာမွာကို မေစာင့္ပဲနဲ႕ သူက သြက္သြက္လက္လက္ပဲ ထပ္ေျပာလိုက္သည္။
"ဒီလိုျဖစ္လာၿပီဆိုမွေတာ့လဲ သြားစစ္ေဆးၾကည့္ၾကတာေပါ့"
က်န္း႐ႊင္းယီရဲ႕ပင္ကိုယ္စရိုက္က သူက ေျပာရင္ေျပာတဲ့အတိုင္းလုပ္ကာ ဆုံးျဖတ္ခ်က္လဲ ျပတ္သားခိုင္မာသည္။ သို႔ေပမယ့္ ထို႐ြာသားက သူတို႔ကို လမ္းျပဖို႔ျငင္းဆန္ကာ ေနဝင္ခ်ိန္ဆိုရင္ ဘယ္သူကမွ ျမစ္နားမကပ္ရဲဘူးလို႔ အဆိုျပဳေလသည္။ သူက အလ်င္မလိုေနမွေတာ့ သူတို႔ႏွစ္ေယာက္လဲ အလ်င္မလိုေပ။ ဒါေၾကာင့္ သူတို႔က တစ္ညတာတည္းဖို႔ သူ႕ေနာက္လိုက္ကာ ႐ြာထဲကို ဝင္လာၾကသည္။
႐ြာအျပင္ဘက္တြင္ေတာ့ သတိျပဳမိစရာ မူမမွန္မႈမရွိေပ။ သို႔ေပမယ့္ ႐ြာထဲကို ေျခလွမ္းလွမ္းလိုက္ၿပီး မၾကာခင္မွာပဲ သူတို႔ ပတ္ဝန္းက်င္က ေလထုထဲမွာ ျပည့္ႏွက္ေနပါေသာ အလြန္အမင္းျပင္းထန္ေနသည့္ ေသျခင္းတရားအေငြ႕အသက္ေတြကို ျမန္ျမန္ဆန္ဆန္ရလိုက္ေလသည္။ သခ်ိဳင္းတြင္သာရွိနိုင္ေသာ အေငြ႕အသက္မ်ားႏွင့္တူလွပါေပ့။ က်န္း႐ႊင္းယီနဲ႕ယြင္ရွဲ႕က အနည္းငယ္အံ့ၾသသြားကာ မ်က္လုံးခ်င္းဆုံသြားၾကသည္။ တုဟန္၏ခႏၶာကိုယ္က သူ႕ရဲ႕မူလကိုယ္နဲ႕ တူညီေသာ ဝိညာဥ္စြမ္းအင္အဆင့္မရွိေသာ္လည္း သူအကဲခတ္တာမွားေနတယ္လို႔ က်န္း႐ႊင္းယီကေတာ့မထင္ေပ။ အေၾကာင္းျပခ်က္အရ ဒီလိုမ်ိဳးေသျခင္းအေငြ႕အသက္ေတြရွိေနတာေၾကာင့္ သက္ရွိလူတစ္ဦးတစ္ေယာက္မွ ဒီေနရာမွာ ရွိမေနသင့္ေခ်။ သို႔ေသာ္လည္း ဒီမွာရွိေနတဲ့သူေတြအားလုံးက ဝိညာဥ္စြမ္းအင္ျမင့္ၿပီးေတာ့ လူထူထပ္တာေၾကာင့္ ကန္ထုတ္နိုင္တာမ်ားလား-အေတာ္ေလး နားလည္ဖို႔ ခက္ခဲပါေသာ သဘာဝျဖစ္စဥ္ပဲ။
ယြင္ရွဲ႕ဟာလည္းပဲ ထိုအေၾကာင္းကို ဇေဝဇဝါျဖစ္ေနတာပင္။
အမူအရာမေျပာင္းသြားပဲနဲ႕ သူက ေရွ႕ကိုေျခႏွစ္လွမ္းေလာက္တိုးသြားကာ အေရွ႕ကေနဦးေဆာင္ေနေသာ ႐ြာသားရဲ႕လက္ေကာက္ဝတ္ကိုလွမ္းဆြဲလိုက္ကာ ၿပဳံးျပလိုက္ပါ၏။
"အစ်ကို၊ ကြၽန္ေတာ္ အစ်ကို႔ရဲ႕နာမည္ကို အခုထိမသိရေသးဘူးေလ"
ထိုလူကေတာ့ ဒီလိုသိမ္ေမြ႕တဲ့စရိုက္အသြင္အျပင္ရွိသည့္လူက သူ႕ကိုအကိုလို႔ ေခၚမည္ဟုမထင္ထားတာေၾကာင့္ အနည္းငယ္ အံ့ၾသသြားသည္။
"မဝံ့ရဲပါဘူး။ မဝံ့ရဲပါဘူး။ က်ဳပ္က က်ဳပ္မိသားစုမွာ အႀကီးဆုံးပဲ။ မင္း..မင္း.. က်ဳပ္ကို အကိုႀကီး႐ႊီလို႔ ေခၚနိုင္တယ္"
ယြင္ရွဲ႕က သူ႕ရဲ႕လက္ေကာက္ဝတ္ကိုလႊတ္ေပးလိုက္ကာ ၿပဳံးျပလိုက္သည္။
"ေကာင္းသားပဲ။ ကြၽန္ေတာ့္ရဲ႕မ်ိဳးရိုးနာမည္ကယြင္ပါ။ သူကေတာ့...တုမ်ိဳးရိုးပါ။ သူက ကြၽန္ေတာ့္ရဲ႕ရွစ္တိေလ။"
က်န္း႐ႊင္းယီကေတာ့ သူ႕ကိုျငင္းဆန္တဲ့စကားမေျပာေပ။ သူက ယြင္ရွဲ႕ကို တိတ္တိတ္ေလး စိုက္ၾကည့္လိုက္သည္။ ဆိုလိုရင္းကေတာ့ "ဘယ္သူက မင္းရဲ႕ရွစ္တိလဲ"ေပါ့။ ယြင္ရွဲ႕က သူ႕အၾကည့္ကို လက္ခံရရွိသြားေတာ့ သူက အိႏၵျေသိကၡာရွိရွိ ေခါင္းခါလိုက္သည္။ က်န္း႐ႊင္းယီက ကူကယ္ရာမဲ့စြာနဲ႕ ေခတၱမွ် ေအးခဲသြားပါ၏။
ဒီအျပဳအမူတစ္ခ်က္တည္းနဲ႕ ယြင္ရွဲ႕ဆိုလိုတာကို သူနားလည္သြားသည္:
"မူမမွန္တာမရွိဘူး။ တစ္ခ်က္ပဲ။ ဒီ႐ြာထဲက လူေတြက ဒီလိုေသျခင္းတရားအေငြ႕အသက္ေတြၾကားမွာ ဘယ္လိုလုပ္ အသက္ရွင္ေနနိုင္တာလဲဆိုတာေတာ့ သိပ္မရွင္းဘူး"
ေသခ်ာသေလာက္ပဲ။ စနစ္က သူ႕ကို သာမန္ကာလွ်ံကာ တာဝန္မေပးဘူးေလ။ အထူးသျဖင့္ လြယ္ကူတဲ့အလုပ္ေတြကိုဆို လုံးဝမေပးဘူး။ က်န္း႐ႊင္းယီက မ်က္ေမွာင္ၾကဳတ္လိုက္ပါ၏။ သူ႕ႏွလုံးသားကေတာ့ သတိအေနအထားျဖင့္ ရွိေနေလသည္။
အတိတ္မွာတုန္းက ယြင္ရွဲ႕က သူ႕ကိုသတ္ဖို႔ေ႐ြးခ်ယ္လိုက္ၿပီးကတည္းက သူတို႔ၾကားကညီအစ္ကိုဆက္သြယ္မႈက ျပတ္ၿပီးသားပဲ။ ဘာေၾကာင့္ ျပန္ေမြးဖြားလာရသလဲဆိုေတာ့ မသိပင္မယ့္ ယြင္ရွဲ႕ရဲ႕ေနာင္တ၊ စိတ္မသိုးမသန့္ျဖစ္ေနတာေတြ၊ အတိတ္ကိုလြမ္းေဆြးေနတာကို က်န္း႐ႊင္းယီ ျမင္ေနရၿပီးသား။ ၿပီးေတာ့ "အဓိကဇာတ္ေဆာင္ကို သူ႕ေတာင္ေပၚကို ျပန္ပို႔ေပးပါ" ဆိုတဲ့ တာဝန္ကလဲရွိေနေသးသည္။ အဆုံးမွာ သူကေတာ့ အရင္ကလိုမ်ိဳး ဘယ္သူ႕ကိုမွမယုံၾကည္ေတာ့ေပ။ ယခုလက္ရွိအေျခအေနကလဲ အႏၱရာယ္မ်ားတဲ့ပတ္ဝန္းက်င္မွာေရာက္ေနတာျဖစ္သလို၊ ရန္သူလား၊ မိတ္ေဆြလားဆိုတာေတာင္ မသိရေသးတဲ့ လူတစ္ေယာက္လဲရွိေနေသးသည္။ ယခုအခ်ိန္မွာ က်န္း႐ႊင္းယီ အယုံၾကည္ရဆုံးလို႔တြက္လို႔ရတာ သူ႕ကိုယ္သူပဲ။
က်န္း႐ႊင္းယီက ယြင္ရွဲ႕ရဲ႕အၾကည့္ကို ေရွာင္လိုက္ကာ ေခါင္းကိုငုံ႕ၿပီး သူ႕ဝတ္႐ုံလက္သူ ျပဳျပင္ေနကာ အကိုႀကီး႐ႊီရဲ႕အခန္းဆီကို သြားေနတဲ့ အျခားႏွစ္ေယာက္ေနာက္ကေန လိုက္ခဲ့သည္။
တံခါးကို ျဖတ္ကာ ဝင္လာလိုက္ေတာ့ ခန္းမနဲ႕အခန္းေတြက ႀကီးတယ္လို႔ေျပာလို႔မရေခ်။ ေနရာက အေတာ္ေလးသန့္ရွင္းသပ္ရပ္ေနေပမယ့္ ပရိေဘာဂပစၥည္းသိပ္မရွိေပ။ ပိန္ပိန္ပါးပါးမိန္းကေလးႏွစ္ေယာက္က လိုက္ကာအခ်ိဳ႕ေနာက္ကေန မဝံ့မရဲ ထြက္ျပဴလာၾကသည္။ သူတို႔က က်န္း႐ႊင္းယီရဲ႕အၾကည့္စူးစူးကို ျမင္လိုက္ရေတာ့ ခ်က္ခ်င္းပဲ သူတို႔ေခါင္းကို သူတို႔ျပန္႐ုတ္သြားၾကသည္။
ရွက္ကိုးရွက္ကန္းျဖစ္ေနေသာ အကိုႀကီး႐ႊီ: "ေလာကႀကီးကိုမျမင္ဖူးတဲ့ ေတာသူမေလးေတြပါ...မင္းတို႔ႏွစ္ေယာက္ တစ္ညေတာ့ သည္းခံေန..."
သူ႕စကားလုံးေတြက အထဲက မိန္းမႏွင့္ကေလးရဲ႕အသံေတြေၾကာင့္ အပိုင္းပိုင္း အျပတ္ျပတ္ျဖစ္ေနသည္။ သူစကားေျပာလို႔မၿပီးေသးခင္မွာ ကေလးငိုသံက ထြက္ေပၚလာပါ၏။ ယြင္ရွဲ႕က သူ႕ကို သူတို႔အခန္းသူတို႔ ျပန္ခြင့္ေပးလိုက္သည္။ ယြင္ရွဲ႕ ဒီဘက္ျပန္လွည့္လာခ်ိန္မွာေတာ့ က်န္း႐ႊင္းယီက ေျခေထာက္တစ္ဖက္မကာ အတြင္းပိုင္းအခန္းေတြထဲက တစ္ခန္းရဲ႕တံခါးဝကို ပိတ္ထားေလၿပီး သူ႕လက္ေမာင္းေတြကို ယွက္ကာ ယြင္ရွဲ႕ကို ၾကည့္ေနေလသည္။
ယြင္ရွဲ႕က သူဆိုလိုတာကို နားလည္ေပမယ့္လည္း မသိခ်င္ေယာင္ေဆာင္လိုက္ပါ၏။
"တုသခင္ေလး ပင္ပန္းေနၿပီလား။ ဒါဆိုလဲ ေစာေစာနားၾကရေအာင္"
က်န္း႐ႊင္းယီက လုံးဝကို ဆြံ႕အသြားကာ တည့္တိုးပဲေျပာလိုက္ေတာ့သည္။
"ငါမင္းနဲ႕ တစ္ခန္းထဲ မေနဘူး"
ယြင္ရွဲ႕က ခါးခါးသီးသီး ၿပဳံးလိုက္သည္။
"ဒါက ေက်းလက္ေဒသေလ..အခန္းပိုမရွိဘူး။ တစ္ခါေလာက္ေတာ့ သည္းခံလိုက္ပါ"
က်န္း႐ႊင္းယီ: "အခန္းကေတာ့ သည္းခံလို့ရတယ္။ ဒါေပမယ့္ ေသေရး၊ရွင္ေရးကေတာ့ မရဘူး။ ညဘက္က်ရင္ မင္းငါ့ကို သတ္သြားၿပီးေတာ့ မမွ်မတ ေသရမွာ ငါေၾကာက္တယ္ေရာ္"
ဒါက သူတို႔ႏွစ္ေယာက္ၾကားက ညွိႏွိုင္းလို႔မရေသာ ကိစၥေပ။ ယြင္ရွဲ႕ရဲ႕အႏူးညံ့ဆုံးေနရာက ဆြဲဆိတ္ခံလိုက္ရသလိုပင္ သူ႕ရဲ႕အၿပဳံးက ပ်က္ယြင္းေနေခ်ၿပီ။ သူက အားတင္းကာ ၿပဳံးေနေသးပါ၏။
"မင္းဘာလို႔ အဲ့လိုစဥ္းစားေနရတာလဲ။ ငါမလုပ္ပါဘူး..."
က်န္း႐ႊင္းယီက ဆိုလိုရင္းကိုသိုဝွက္စြာ ေျပာလိုက္သည္။
"ဒါက ငါစဥ္းစားေနတာမဟုတ္ဘူး။ အတိအက်က ဘယ္လိုျဖစ္ခဲ့တာပါလိမ့္ေနာ္"
ယြင္ရွဲ႕က စကားေျပာဖို႔ရာ ပါးစပ္ကိုဖြင့္ဟလိုက္ပင္မယ့္ ရပ္တန့္သြားေလသည္။ သူက ခါးခါးသီးသီး ေအာ္ရယ္လိုက္ကာ တိတ္တဆိတ္ပဲ အေဝးကိုလွည့္ထြက္သြားေလသည္။
ယြင္ရွဲ႕က လူလိမ္လုပ္တမ္းကစားေနတာကို ခ်က္ခ်င္းရပ္တန့္သြားတာကို ၾကည့္ေနရင္းျဖင့္ က်န္း႐ႊင္းယီက ထိုအျပဳအမူကို အခုထိအေလ့အက်င့္မျဖစ္ေသးေပ။ သူက တံခါးေပၚမွာ ေျခေထာက္တင္ထားကာ လက္ပိုက္ထားရင္းျဖင့္ ယြင္ရွဲ႕၏ပုံရိပ္ေပ်ာက္ကြယ္သြားတာကို ၾကည့္ေနပါ၏။ သူ႕ႏွလုံးသားေလးက သူ မွားယြင္းသြားသလို ခံစားရေၾကာင္း ေျပာေနေလသည္။ သို႔ေသာ္လည္း ယြင္ရွဲ႕ကို သူနဲ႕အတူအိပ္ဖို႔ မေခၚနိုင္ပါေခ်။ အခ်ိန္ေတာ္ေတာ္ၾကာၿပီးေနာက္မွာေတာ့ သူကျပက္ရယ္ျပဳလိုက္ကာ မတ္တပ္ရပ္ၿပီး အခန္းထဲကို ဝင္သြားေတာ့သည္။
ေနာက္တစ္ေန႕မနက္ သူနိုးလာေတာ့ ယြင္ရွဲ႕က သူ႕အခန္းအျပင္မွာေစာင့္ေနေလသည္။ ႏွစ္ေယာက္သားမ်က္ႏွာခ်င္းဆိုင္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္လုံး၏မ်က္လုံးမ်ားေအာက္တြင္ အမည္းကြင္းမ်ား ရွိေနေလသည္။ တစ္ေယာက္ကေတာ့ အျပင္မွာအိပ္ရတာေၾကာင့္ အားအင္ကုန္ခမ္းေနတာျဖစ္ပင္မယ့္ အခန္းထဲကလူကေတာ့ ေကာင္းေကာင္းနားရပုံမေပၚေပ။ ယြင္ရွဲ႕က အနည္းငယ္စိတ္ေသာကေရာက္သြားကာ သူ႕ရဲ႕လက္ေခ်ာင္းထိပ္ေတြက က်န္း႐ႊင္းယီရဲ႕မ်က္ခြံကို ထိဖို႔လုပ္လိုက္ပါ၏။
"ေကာင္းေကာင္းအိပ္မေပ်ာ္ဘူးလား"
က်န္း႐ႊင္းယီက ေခါင္းကိုအေနာက္ဆုတ္လိုက္ကာ ယြင္ရွဲ႕လက္ေခ်ာင္းကို ေရွာင္လိုက္သည္။
"ဘယ္သူေျပာလဲ။ အရမ္းကို သက္ေတာင့္သက္သာရွိတယ္"
ေျခသံျပင္းျပင္းနင္းသံႏွင့္အတူ အကိုႀကီး႐ႊီက သူတို႔ႏွစ္ေယာက္ေရွ႕ကို ေလွ်ာက္လာပါ၏။ သူ႕ေနာက္တြင္လည္း ႐ြာသားတစ္ခ်ိဳ႕လိုက္လာေလသည္။ ယြင္ရွဲ႕က သူ႕လွ်ာေပၚက စကားလုံးေတြကို ျပန္မ်ိဳခ်လိဳက္ရသည္။ သူက သူ႕ရဲ႕မူပိုင္ျဖစ္ေသာ ႏြေးေထြးသည့္အၿပဳံးကို ျပန္လည္ခ်ိတ္ဆြဲလိုက္ကာ ေရာက္လာတဲ့သူေတြကို ႏႈတ္ဆက္တဲ့အေနျဖင့္ ေခါင္းညိတ္ျပလိုက္သည္။ က်န္း႐ႊင္းယီကလဲ သူနဲ႕အတူ ေခါင္းလိုက္ညိတ္ပါ၏။
အလယ္အုပ္စုထဲက မီးခိုးေရာင္ဆံပင္နဲ႕ အဖိုးအိုက သာမန္႐ြာသားအုပ္စုထဲကေန သတၱိရွိရွိထြက္လာသည္။
သူက အေရွ႕ကို ေလွ်ာက္လာကာ ေျပာေလသည္။
"မ်ိဳးရိုးျမင့္ျမတ္တဲ့ လူငယ္ႏွစ္ေယာက္က လက္ကမ္းေပးဖို႔ ဆႏၵရွိတဲ့အတြက္ ဒီအဖိုးအိုက အရမ္းကို ဝမ္းေျမာက္မိပါတယ္။ ျမစ္ထဲက အဲ့အရာက အရမ္းကိုအႏၱရာယ္မ်ားလြန္းတယ္။ ၿပီးေတာ့ မင္းတို႔ႏွစ္ေယာက္က အသက္ငယ္ငယ္ေလးပဲရွိေသးတယ္ေလ။ အေၾကာင္းရင္းမရွိပဲနဲ႕ မင္းတို႔ႏွစ္ေယာက္ရဲ႕အသက္ကို မဆုံးရႈံးေစခ်င္ဘူး။ ဒါေၾကာင့္...မင္းတို႔ႏွစ္ေယာက္ အခုျပန္ခ်င္တယ္ဆိုရင္ေတာင္ ဒီအဖိုးႀကီး နားလည္ပါတယ္"
က်န္း႐ႊင္းယီက မ်က္ခုံးတစ္ဖက္ပင့္လိုက္သည္။
"အဖိုးအို..ခင္ဗ်ား အရမ္းပူပန္ေနဖို႔မလိုပါဘူး"
သူကေတာ့ လုံးဝမစိုးရိမ္ေပ။ ဘာပဲျဖစ္ျဖစ္ မိစ္ဆာနတ္ဘုရားက ကမၻာေျမေပၚကိုဆင္းသက္လာရင္ေတာင္မွ အသက္အႏၱရာယ္ကို ေရွာင္ရွားဖို႔ဆိုရင္ ယြင္ရွဲ႕ရဲ႕အေနာက္မွာ ပုန္းလိုက္႐ုံပင္။
ဒါေၾကာင့္ ေသေသခ်ာခ်ာ ေတြးေတာၾကည့္လိုက္မည္ဆိုပါက ယြင္ရွဲ႕က သူ႕ေတာင္သူျပန္တာကို စနစ္က သူ႕ကိုလိုက္ပါခိုင္းတာက အမွန္ကို မလိုအပ္ေပ။
က်န္း႐ႊင္းယီက ေျခလွမ္းက်ဲက်ဲျဖင့္ အေရွ႕ကိုေလွ်ာက္လိုက္ကာ ျမစ္ဆီကို ထြက္ခြာဖို႔ လုပ္လိုက္သည့္အခ်ိန္တြင္ သူ႕ေနာက္ကိုလိုက္လာသည့္ ေျခသံျမန္ျမန္ကို ႐ုတ္တရက္ၾကားလိုက္ရေလသည္။ သူလွည့္ၾကည့္လိုက္ေတာ့ အကိုႀကီး႐ႊီရဲ႕သမီးငယ္ေလးေတြထဲက တစ္ေယာက္က ႐ႊံအိမ္ထဲကေန ဒယိမ္းဒယိုင္ထြက္လာကာ သူမရဲ႕လက္ေမာင္းကိုဖြင့္ကာ သူမကိုဖမ္းေစခ်င္ပုံျဖင့္ သူမကိုယ္သူမ သူ႕ဆီပစ္ဝင္လိုက္ေလသည္။
က်န္း႐ႊင္းယီက နဂိုကတည္းက အသန့္ႀကိဳက္ေသာ လူထူးဆန္းျဖစ္ၿပီး တစ္ျခားလူေတြနဲ႕ ထိေတြ႕ဆက္ဆံရတာ မႀကိဳက္ေပ။ ဒါေပမယ့္ ထိုေကာင္မေလး ျပဳတ္က်သြားမည္ကို စိုးရိမ္တာေၾကာင့္ သူက သတိလက္လြတ္ပဲ လက္ေမာင္းကိုဖြင့္ဟကာ ထိုမိန္းမငယ္ေလးအား သူ႕လက္ေမာင္းၾကားထဲတြင္ ဖမ္းထားလိုက္သည္။
ယြင္ရွဲ႕က ေဘးကေန ခါးခါးသီးသီးၾကည့္ေနေလသည္။
က်န္း႐ႊင္းယီ သူ႕ခါးက တင္းၾကပ္တဲ့အားကိုသာ ခံစားေနရၿပီးေတာ့ သူက အဖက္ခံထားရေလသည္။ သူေအာက္ကို ငုံ႕ၾကည့္လိုက္ေတာ့ ကေလးမေလးရဲ႕ျဖဴဖတ္ဖတ္မ်က္ႏွာနဲ႕ ပိန္ေနေသာ ေျခလက္မ်ားကို ေတြ႕လိုက္ရသည္။ သူမရဲ႕မ်က္လုံးဝိုင္းဝိုင္းမ်ားသာလွ်င္ မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနကာ သူမက က်န္း႐ႊင္းယီကို စိုက္ၾကည့္ေနေလသည္။
"အကိုႀကီးအလွေလး...မသြားပါနဲ႕လား။ အကိုႀကီးေသလိမ့္မယ္"
ထိုစကားလုံးေတြကေတာ့ ကေလးမေလးရဲ႕မသိရွိ၊ မရည္႐ြယ္ပါေသာ စကားမ်ားျဖစ္ေလသည္။ သူမရဲ႕အသံက ခ်ိဳသာေနကာ အနည္းငယ္ ကေလးဆန္ေနတုန္းပင္။ သို႔ေသာ္လည္း ယြင္ရွဲ႕က သူ႕ေဘးတြင္ ရပ္ေနၿပီး အေၾကာက္တရား၊ ေသာကစိတ္ႏွင့္အတူ သူ႕ႏွလုံးသားက သူ႕ရင္ဘတ္ကေန မေျပာျပတတ္ေလာက္ေအာင္ ခုန္ထြက္ေတာ့မလိုပင္။
.....
အိုက္ယား... အပ္ပုဒိတ္..ေနာက္အပိုင္းေတြကေတာ့ ေရထဲကသတၱဝါကို ေျဖရွင္းခန္းေပါ့ဗ်ာ..
.....