[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

548K 75K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၉] ရန်ပွဲ။

8.1K 1.3K 40
By Boss_want_to_eat_you

အခန်း(၉) ရန်ပွဲ။

"ယွင်ရှဲ့ရဲ့လည်တိုင်မှာဘာဆွဲထားတာလဲဆိုတာကို ငါနောက်ဆုံးတော့သိလိုက်ရပြီ။"

အခြားတိုက်ခိုက်သူများကလည်း ယွင်ရှဲ့ကို အစကတည်းကကြောက်ရွံ့နေကြတာဖြစ်သည်။ သူတို့၏အဖော်တွေ တစ်ယောက်ပြီးတစ်ယောက်သေဆုံးသွားတာကို ကြည့်နေရင်းဖြင့် သူတို့၏စိတ်အခြေအနေတွေက ဖရိုဖရဲဖြစ်လာရသည်။ သူတို့က ယွင်ရှဲ့၏ဓားချက်နှင့် လက်ဝါးချက်တို့အောက်တွင် လျင်မြန်စွာကျရှူံးသွားကြပြီး လူတစ်ဦးတစ်ယောက်မှမကျန်လုနီးပါးပင်။

ဤအချိန်တွင် ဈေးဆိုင်ပိုင်ရှင်၊ စားပွဲထိုးနှင့် ဆိုင်ကိုလာသည့်အခြားဧည့်သည်တွေကတော့ ခြေရာပင်မချန်ဘဲ ထွက်ခွာသွားနှင့်ကြပြီးဖြစ်လေသည်။ ကြမ်းပြင်ပေါ်ကလူသေအလောင်းတွေကလွဲ၍ ဒီအခန်းလွတ်ကြီးထဲတွင် ကျန်ရှိခဲ့သည့်သက်ရှိလူသားတွေကတော့ ယွင်ရှဲ့၊ ကျန်းရွှင်းယီနှင့် နောက်ဆုံးသောရန်သူတစ်ယောက်သာ။

ထိုလူကသူ့ဓားကိုလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားပြီး ယွင်ရှဲ့ကိုချိန်ထားသည်။ ဓားထိပ်ဖျားကလည်းတုန်ခါနေသည်။ သူ့အကြည့်တွေကယွင်ရှဲ့ပေါ်မှာရှိနေပြီး သူကနောက်ဆုတ်ဖို့ကြိုးစားနေသည်။ အနောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက်၊ သူက မတော်မဆပင် သူ့အပေါင်းအဖော်၏အလောင်းကိုတက်နင်းမိကာ ဒယိမ်းဒယိုင်ဖြစ်သွားသည်။ သူကချက်ချင်းကိုကြောက်လန့်ပြီး တရွှတ်ရွှတ်စငိုလေတော့သည်။

ယွင်ရှဲ့၏မျက်နှာပေါ်တွင်တော့ ဘာကိုမှဂရုမစိုက်ဘူးဆိုသည့်အကြည့်ရှိနေသည်။ သူကမျက်နှာထားတစ်ချက်ပင်မပြောင်းဘဲ ဓားနှင့်ခုတ်ဖို့လုပ်လိုက်သည်။ သူ့ကံဆိုးမှုကိုနားလည်သဘောပေါက်သွားသည့်ထိုလူကမူ အံကြိတ်၍ သူ့ကိုယွင်ရှဲ့ဓားကလာမခုတ်မိခင် အပြင်ထွက်ဖို့ကြိုးစားလိုက်သည်။ သူကားသူ၏နောက်ဆုံးလက်ကျန်အားအကုန်သုံးပြီး သူ့လက်ထဲကဓားကို ယွင်ရှဲ့ထံသို့ပစ်လွှတ်လိုက်သည်။

ကျန်းရွှင်းယီကတော့ ဘေးမှစိုးရိမ်ပူပန်မှုမရှိစွာဖြင့် မထူးခြားမခြားနားကြည့်နေသည်။ ထိုဓားကယွင်ရှဲ့လည်ပင်းနားလောက်မှာ အရှိန်ရပ်သွားပြီး အောက်ကျလာတာကိုမြင်လိုက်ရတော့ သူ့မျက်လုံးကအရောင်တစ်ချက်လက်သွားခဲ့သည်။ သူတစ်ခုခုကိုရုတ်တရက်စဉ်းစားမိသွားပြီး သူ့လက်ချောင်းကိုလျို့ဝှက်စွာသုံး၍ ဓားကိုအရှိန်ပြန်မြှင့်လိုက်သည်။ အဖြူရောင်အလင်းတစ်ချက်လက်သွားခြင်းနှင့်အတူ ဓားသွားကားယွင်ရှဲ့၏နှင်းလိုဖြူသောကော်လံကိုဖြတ်၍ ယွင်ရှဲ့၏လည်တိုင်ကိုရှပ်ထိသွားကာ သွေးအနည်းငယ်ထွက်သွားသည်။ ဆွဲကြိုးကပြတ်သွားပြီး ကြိုးလေးက ယွင်ရှဲ့၏လည်ပင်းနားတစ်ဝိုက်မှာ တွဲလောင်းချိတ်လျက်သားဖြင့် ဆွဲသီးလေးကမူ သူ့ရင်ဘတ်ပေါ်မှအောက်ကျသွားသည်။

ယွင်ရှဲ့ကား နဂိုကတည်းက ဒဏ်ရာရထားသည်ဖြစ်ရာ ဒီရန်သူတွေနှင့်ကြာမြင့်စွာအပြင်းအထန်တိုက်ခိုက်လိုက်တော့ ပို၍မောပန်းလာသည်။ သူ့ရှေ့ကလူကိုသတ်လိုက်အပြီးတွင် သူ့လည်ချောင်းထဲမှာ ချိုသလိုလို၊ ချဉ်သလိုလိုအရသာကိုရလိုက်ပြီး သွေးအန်လုနီးပါးပင်။ သူသည် သူ့ကိုယ်သူရပ်နိုင်ဖို့ ဓားကို ထောက်တိုင်အဖြစ် ခပ်မြန်မြန်သုံးလိုက်ရသည်။ သူ့လည်ဆွဲပြတ်သွားတာကိုကြည့်နေရင်းဖြင့် ဆွဲသီးလေးပြုတ်ကျသွားတာကို ကောက်ဖို့အချိန်မရှိလိုက်။

ကျန်းရွှင်းယီကသူအကာအကွယ်မဲ့နေတာကိုအခွင့်အရေးယူပြီး သူ့ကိုခိုးကြောင်ခိုးဝှက်တိုက်ခိုက်လိုက်တာဖြစ်သည်။ ယွင်ရှဲ့လည်တိုင်မှာဆွဲထားသောအရာကို သူတိတိကျကျမြင်ချင်သောကြောင့်။ အတူတကွကြီးပျင်းလာသဖြင့် နှစ်ယောက်လုံးကတစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းသိကြပြီး ယွင်ရှဲ့ကအဖိုးတန်သောအရာပိုင်ဆိုင်သည်ကို သူမမြင်ဖူးခဲ့ပေ။

ဆွဲသီးအောက်ကိုကျသွားသော် သူထိတ်လန့်အေးခဲသွားရသည်။

ဆွဲသီးက လေးထောင့်သဏ္ဍာန်ရှိကာ အရွယ်အစားကတော့လက်ချောင်းတစ်ဝက်စာသာရှိပြီး အနုစိတ်ကာ အရည်အသွေးကောင်းမွန်သည်။ ဆွဲသီးကကျလာပေမယ့် လေထဲတွင်တွဲလောင်းချိတ်နေတုန်းပင်။ မြေကြီးပေါ်ကိုဆွဲသီးကျသွားသောအခါ ဖုန်မှုန့်တွေနှင့်ရောနှောသွားသည်။ ကျန်းရွှင်းယီနောက်ဆုံးတော့သိရှိသွားသည်။ ဒါက နီလာခရမ်းရောင်ကျောက်စိမ်းနှင့်ပြုလုပ်ထားသော ခေါင်းတလားတစ်ခုဖြစ်သည်။

ယွင်ရှဲ့က အသည်းပုံပုံစံလောကတ်သီးကို တကယ်ကြီးလည်ပင်းမှာဆွဲထားတယ်?
ဒါကလုံးဝကိုပုံမှန်မဟုတ်တော့ဘူး!!!

သို့သော်လည်း ကျန်းရွှင်းယီတွင် ဟာသလုပ်ဖို့ စိတ်အခြေအနေမရှိပေ။ ဒီခေါင်းတလားထဲမှာ ဘယ်သူရှိနေမလဲဆိုသည့် ယုံချင်စရာမကောင်းသောထင်ကြေးတစ်ခုသာရှိသည်။

ဘာကိုမှဂရုစိုက်ခြင်းမရှိသည့်ယွင်ရှဲ့က ခေါင်းတလားကိုဖွင့်လိုက်ပြီး အထဲမှာလဲလျောင်းနေတဲ့လူကို ဂရုတစိုက်ကိုင်လိုက်သည်။ ဒီအချိန်မှာတော့ ကျန်းရွှင်းယီသေသေချာချာကိုမြင်နိုင်သွားသည်။ ထိုအလောင်း၏ရုပ်ရည်သွင်ပြင်က ပန်းချီကားတစ်ချပ်ပမာ လှပပြီး ပြစ်မျိုးမှဲ့မထင်ချောမောသည်။ မယှဉ်နိုင်လောက်သောရင်းနှီးမှု...ဒါကသူကိုယ်တိုင်ပဲလေ!!

ကျန်းရွှင်းယီ၏စိတ်ဗလာနတ္ထိဖြစ်သွားသည်။ အချိန်တစ်ခဏမျှဘယ်လို တုံ့ပြန်ရမလဲဆိုတာမသိနိုင်ဖြစ်သွားပြီး ယွင်ရှဲ့ကိုသာငေးငိုင်လျက်စိုက်ကြည့်နေနိုင်တော့သည်။

ထိုကဲ့သို့အောက်ကိုကျသွားတာက ပြီးပြည့်စုံပြီး လှပသောခန္တာကိုယ်ကို ထိခိုက်မှုမရှိတာကိုမြင်လိုက်ရမှ ယွင်ရှဲ့စိတ်ချလက်ချသက်ပြင်းချနိုင်တော့သည်။ သူကအလောင်း၏ဦးခေါင်းကို နူးညံ့စွာထိန်းကိုင်ထားပြီး အထဲမှာပြန်ထားလိုက်သည်။ ခေါင်းတလား၏အဖုံးကိုပိတ်ဖို့ သူ့လက်ကိုမြှောက်လိုက်သည်။

ဒါပေမယ့် ခေါင်းတလား၏အဖုံးကိုဖိလိုက်သော် သူ့မျက်လုံးကအခုအချိန်ထိရင်းနှီးနေဆဲဖြူဖျော့ဖျော့မျက်နှာကို ကော်နဲ့ကပ်ထားသည့်နှယ်ကြည့်နေဆဲဖြစ်သည်။ သူအချိန်အကြာကြီးမလှုပ်ရှားခဲ့ပေ။

ယွင်ရှဲ့၏ပုံမှန်မဟုတ်တာက သူ့ကိုကူးစက်သွားသည့်နှယ် သူအလောင်းကို သေချာစူးစိုက်ကြည့်လိုက်မိသည်။ သူ့နောက်ကျောတောင့်သွားပြီး သူ့ကျောရိုးကွဲအက်လာသလိုပင်ခံစားလိုက်ရသည်။ သူ့နှလုံးသားလေးက ဒီလိုအချက်အလက်အသစ်တွေနှင့်လွှမ်းမိုးခံလိုက်ရပြီဖြစ်သည်။

အတွေးတွေကဟိုတစ်စုဒီတစ်စုစီနှင့် ကျန်းရွှင်းယီ၏စိတ်ထဲတွင်ပြေးလွှားနေသည်။
ယွင်ရှဲ့ကသေလူကိုဘာလို့စိုက်ကြည့်နေတာလဲ?
ကြည့်နေလို့ဘာမှကောင်းတာမရှိဘူး!
ဟက်.. ငါ့ကိုယ်ငါဒီလိုမြင်နေရတာ ကြောက်တောင်ကြောက်လာပြီ။ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာ အရည်အသွေးကဘယ်လိုတောင်ကောင်းနေရတာလား။ နေပါအုံး..မဟုတ်ဘူး..ငါဘာတွေစဉ်းစားနေတာလဲ။ အဓိကက...အဓိကက ဒါကဘာကိုဆိုလိုချင်တာလဲ...သောက်ကျိုးနည်း..ငါကသေပြီးသွားပြီလေ။ သူက ငါ့ခန္တာကိုယ်ကို ငြိမ်းချမ်းရာကိုမပို့ဆောင်ပေးဘူးလား။ သူဘာလို့ဒီအလောင်းကိုမော့လုံဆီမပေးရတာလဲ။
သူလူမှားသတ်မိမှာကိုကြောက်လို့ ပြန်စစ်ဆေးကြည့်တာများလား။
Fuck..ငါသူ့ကိုဘယ်လိုရိုက်နှက်ရမလဲဆိုတာ စဉ်းစားကြည့်ဖို့လိုနေပြီပဲ....

သူ့နှလုံးသားလေးမှာရှုပ်ထွေးလျက်ရှိသည်။ သူဘာတွေတွေးနေမိလဲဆိုတာ သူ့ကိုယ်သူပင်မသိလိုက်ပေ။ နောက်တော့ ယွင်ရှဲ့ရုတ်တရက်မျက်လုံးမှိတ်လိုက်တာကို သူမြင်လိုက်သည်။ ခေါင်းတလား၏အဖုံးကို ပြန်မပိတ်ခင်၊ ယွင်ရှဲ့ကခါးကိုင်း၍ အလောင်း၏နှဖူးကိုနမ်းရှိုက်လိုက်သည်။

ကျန်းရွှင်းယီ:"........"

သူယွင်ရှဲ့၏ကျောပြင်ကိုကြည့်လိုက်သည်။ ဒီကောက်ကြောင်းကပို၍ပိန်လှီလာပြီဖြစ်သည်။ သူပြေးပြီးတော့ပဲ သူ့ကိုတစ်ချက်လောက်ရိုက်လိုက်ရမလား၊ ဒါမှမဟုတ် သူ့ကို ကိုင်ပြီးတော့ တစ်ယောက်ပုခုံးပေါ်မှာတစ်ယောက်မှီပြီး ငိုရမလား မသိတော့ပေ။ ဒီလူက အညို့ပဲခံထားရတာလား..သူပဲ သွေးလေခြောက်ခြားနေတာလားဆိုတာလည်းမသိတော့ပေ။

သူဒီအတွေးတွေနှင့် ပတ်ချာလည်ရိုက်နေချိန်တွင် ယွင်ရှဲ့ကနောက်လှည့်မကြည့်ဘဲ သူ့ဓားအိမ်ကိုတစ်ချက်ပုတ်လိုက်သည်။ မဲ့ဟွားဓား၏အလင်းရောင်က ဖြာထွက်လာပြီး ကျန်းရွှင်းယီဆီကိုတည်တည့်မတ်မတ်ဦးတည်လာနေသည်။

မင်း..လှည့်ဖြားတတ်တဲ့အရူးကောင်!

ဤသေခြင်းနှင့်ရှင်ခြင်းအခိုက်အတန့်တွင် ဒီစာအုပ်၏ရေးသူ၏မှတ်ချက်ကောမန့်တစ်ခုက ယွင်ရှဲ့အားတန်ဖိုးဖြတ်ခဲ့သည်ကို ကျန်းရွှင်းယီသတိရလိုက်သည်: ယွင်ရှဲ့၏ စက်နှင့်တူသည်။ သူ၏နည်းလမ်းများမှာ အညှာအတာကင်းမဲ့ပြီး ရက်စက်သည်။ သူ၏လုပ်ရပ်များမှာလည်း အခြားသူများမျှော်လင့်ထားသည်နှင့် မကြာမကြာဆန့်ကျင်နေတတ်၏။ အကယ်၍ သူဟာ မိတ်ဆွေသူငယ်ချင်းဆိုရင် တစ်လောကလုံးတွင် သူက မင်းရဲ့အယုံကြည်ရဆုံးသူငယ်ချင်းဖြစ်လာလိမ့်မယ်။  တကယ်လို့ သူဟာ ရန်သူဖြစ်ခဲ့ရင် အလားတူပဲ၊ သူသည် တစ်လောကလုံးတွင် မင်းအကြောက်ဆုံးရန်သူတစ်ယောက်ဖြစ်လာလိမ့်မည်ပင်။

အဓိကဇာတ်ဆောင်၏ပထမဆုံးဥပဒေကား:  အဓိကဇာတ်ဆောင်က ဘယ်တော့မှမသေနိုင်! အရင်ကသူတို့မည်မျှပင်ဒဏ်ရာကြီးကြီးမားမားရနေပါစေ၊ သွေးမည်မျှပင်ဆုံးရှုံးနေပါစေ "ဘော့စ်"စစ်မရှုံးသ၍ သူတို့ဟာ သူတို့၏နောက်ဆုံးထွက်သက်ကိုသုံးပြီး နောက်ထပ်အကြိမ်၃၀၀မျှတိုက်ခိုက်နိုင်ပါသေးသည်။

မဲ့ဟွားဓားမှာ မယုံနိုင်လောက်နိုင်သောအရှိန်အဟုန်ဖြင့် သူ့ထံလာနေသည်။ ကျန်းရွှင်းယီမှာလည်းလက်နက်လုံးဝရှိမနေပေ။ မစဥ်းစားဘဲ သူသည်လေထဲကိုခုန်လိုက်ပြီး ဓားသွားပေါ်ကိုခြေဆောင့်လိုက်သည်။ သူ့ခြေဖဝါးကအားကိုသုံး၍ တစ်ဘဝလုံးစာသူ့နောက်လိုက်ခဲ့သည့်ဓားကို မြေကြီးပေါ်သို့ခြေဆောင့်ချလိုက်သည်။

မဲ့ဟွားဓားက တဝီဝီမြည်နေပြီးနောက် တုန်ခါနေတာရပ်သွားသည်။ ယွင်ရှဲ့သည်သူ့လက်ချောင်းတွေကို ခပ်မြန်မြန်လှုပ်ရှား၍ ကျန်းရွှင်းယီ၏ပုခုံးကို လက်သည်းနှင့်ကုတ်ဆွဲရန်လုပ်သည်။ ကျန်းရွှင်းယီကခြေချောင်းကိုသုံးပြီး ဓားရိုးကိုမလိုက်ကာ ယွင်ရှဲ့ဘက်သို့ပစ်လွှတ်လိုက်သည်။ ယွင်ရှဲ့ကဘေးကိုရှောင်လိုက်ပြီး ဓားအိမ်ကိုမြှောက်ကာ မဲ့ဟွားဓားကိုပြန်ထည့်လိုက်သည်။

ယွင်ရှဲ့ကသူ့ကိုယ်ပိုင်ဓားကို ဤကဲ့သို့ချောမွေ့စွာသုံးနိုင်တာကိုကြည့်နေရင်းဖြင့် ကျန်းရွှင်းယီဒေါသပိုထွက်လာရသည်။ သူအနောက်လှည့်လိုက်ကာ သူ့အသံကား ညိုးမှိုင်၍ သြရှလျက်ရှိသည်။
"မင်းဘာလုပ်တာလဲ?"

ယွင်ရှဲ့ကသူ့ဝတ်ရုံလက်ကိုမြှောက်ပြီး နှုတ်ခမ်းကသွေးကွက်ကိုသုတ်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းတွင်လည်းအပြုံးတစ်ပွင့်ပေါ်လာပြီး ကျန်းရွှင်းယီကိုပြောလိုက်သည်။
"နောက်ဆုံးတော့ ရည်ရွယ်ချက်ရှိရှိလုပ်နေတာကိုရပ်လိုက်ပြီလား။ ဟ..ငါမင်းအရူးလုပ်တာကိုခံရတော့မလို့ပဲ"

သူ၏ကျော့ရှင်းကာ ချောမောသောမျက်နှာပေါ်ကအပြုံးနှင့် မျက်လုံးတို့ကပနံသင့်ပေမဲ့ သူ့မျက်လုံးတွေက ကြောက်မက်ဖွယ်ကောင်းလောက်အောင်အေးစက်နေပြီး မဖော်ပြနိုင်သောမလိုက်ဖက်မှုကိုဖန်တီးလျက်ရှိသည်။

ကျန်းရွှင်းယီသည် ဤကဲ့သို့စွပ်စွဲတတ်သောအမူအကျင့်ကိုမြင်လိုက်ပြီး ချက်ချင်းသိသွား၏:
ယွင်ရှဲ့ကသတ်ဖို့ကြံနေတာပဲ။ ဒါပေမယ့်သူမထိတ်လန့်သွားပေ။ သူ့လက်တွေကိုနောက်ပစ်လျက်သားဖြင့် သတိပေးလိုက်သည်။
"ဂိုဏ်းဆရာယွင်..ငါမင်းအသက်ကို ကယ်ခဲ့တာနော်"

ယွင်ရှဲ့လှောင်ပြောင်သည်။
"မင်းမကယ်ရင်တောင်မှ ငါမသေနိုင်ပါဘူး"

ကျန်းရွှင်းယီ:"....."
အိုခေ..ဒါက အမှန်ပဲလေ။ ဒါကငါတို့ပြောနေတဲ့အဓိကဇာတ်ဆောင်အကြောင်းပဲ။ သူကဘယ်လိုရိုက်ချက်မျိုးကိုမဆိုအမြဲတမ်းခံနိုင်ရည်ရှိတယ်။

"ပြီးတော့ မင်းကမင်းကိုယ်မင်း...မင်းကငါနဲ့ဘာလုပ်ချင်တာလဲ!"
သူစကားပြောလို့မပြီးခင်မှာဘဲ ယွင်ရှဲ့က သူ့ကိုထပ်မံတိုက်ခိုက်လာပြန်သည်။ ဒီတစ်ခါတော့လက်ဝါးနှင့်ဖြစ်သည်။

ယွင်ရှဲ့ကား ဂုဏ်မောက်ကာ မာနကြီးသည်။ သူ့ကိုယ်ပိုင်စွမ်းရည်ကိုလည်းယုံကြည်မှုအပြည့်ရှိသည်။ ကျန်းရွှင်းယီတွင်လက်နက်မရှိတာကိုမြင်တော့ သူကသူ့ဓားကိုချထားပြီး ထိုအစား လက်ဗလာနှင့်ပင်တိုက်ခိုက်သည်။

ကျန်းရွှင်းယီ၏မျက်နှာပေါ်တွင်ဒေါသအရိပ်အယောင်ထင်ဟပ်လာသည်။ သူထပ်ပြီးရှောင်မနေတော့ဘဲ ယွင်ရှဲ့၏လက်ဝါးနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။ သူတို့နှစ်ဦး၏ဝိညာဉ်စွမ်းအားများထိခတ်သွားပြီး အနီးအနားရှိစားပွဲနှင့်ထိုင်ခုံများကို အပိုင်းပိုင်းဖြစ်သွားစေသည်။

ယွင်ရှဲ့၏အပြုံးကပိုမိုပီပြင်လာပြီး သူအံကြိတ်လိုက်သည်။
"မဆိုးပါဘူး။ အကုန်လုံးတော့မဆိုးပါဘူး။ ဒီလှုပ်ရှားမှုကိုတောင်သုံးတယ်ပေါ့။ သူကမင်းကိုဒါလဲသင်ပေးခဲ့တာပဲလား။ မင်းဘယ်သူလဲ။ မင်းတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘာလဲ"

ကျန်းရွှင်းယီပုံစံပြောင်းလိုက်သည်။ ယခုမူယန်ရှန်းဂိုဏ်း၏လှုပ်ရှားမှုတိုက်ကွက်"သာလွန်တဲ့ မနာလိုဝန်တိုမှု ခေါင်းလောင်းတစ်ထောင်"ကိုသုံးလိုက်ရင်းဖြင့် သရော်လိုက်သည်။
"ငါဒီထက်များတဲ့နည်းလမ်းတွေကိုလဲသိသေးတယ်။ တကယ်လို့ငါဘယ်သူလဲဆိုတာ မင်းသိချင်ရင် ငါ့ကိုအရင်လာရိုက်လေ။ ပြီးမှ စကားပြောကြတာပေါ့!"

သူ့ပါးစပ်က ဒီစကားကိုပြောလိုက်ပေမယ့်လည်း သူဟာလျှောက်ဖို့မလွယ်သည့်လမ်းကို တကယ်ပဲလျှောက်လိုက်ပြီဖြစ်သည်။ ယွင်ရှဲ့ကဒဏ်ရာရနေတယ်ဆိုပေမယ့်လည်း သူ့တွင်သာမန်ထက်ထူးကဲသောစွမ်းရည်ရှိပြီး တိုက်ပွဲအတွေ့အကြုံများလည်းရှိသည်။ ထို့အပြင် သူ့ခေါင်းပေါ်တွင်လည်းတောက်ပနေသော 'အဓိကဇာတ်ဆောင်ရောင်ခြည်'ကလည်းအမြဲလိုလိုရှိနေသေးသည်။ တစ်ဖက်၌မူ၊ တုဟိန်တွင်ပေါများသောစိတ်ဝိညာဉ်စွမ်းအင်တို့ရှိပေမယ့်လို့ သူဟာတစ်ခါမှပြင်းထန်သောလေ့ကျင့်မှုပင်မလုပ်ဖူးပေ။ သူကထျန်လိရဲ့၃၈နည်းလမ်းတောင်မှဖတ်ဖူးပုံမပေါ်ပေ။
*(ထျန်လိရဲ့၃၈နည်းလမ်းဆိုတာက အပြင်မှာ တကယ်ရှိပါတယ်။ တရုတ်ကောလိပ် ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်ရန် ထုတ်ပေးထားတဲ့ ကိုးကားစရာ စာအုပ်ပါ)

သူ၏လက်ရှိအင်အားနှင့်ခံနိုင်ရည်ရှိမှုက ကျန်းရွှင်းယီ၏အတိတ်ကအဆင့်ထက်နိမ့်သည်။ သူ့ဦးနှောက်ကအမြဲလျင်မြန်စွာတုံ့ပြန်နိုင်ပေမယ့်လည်း သူ့ခန္တာကိုယ်ကတော့ ၎င်း၏တစ်ဝက်မျှသာတုံ့ပြန်နိုင်သည်။ ထို့ကြောင့် တုံ့ပြန်လှုပ်ရှားမှုကား အချိန်ကုန်၍ပင်ပန်းခက်ခဲသည်။

ဤကဲ့သို့အခြေအနေမျိုးမှာဆိုရင် ကျန်းရွှင်းယီ၏နည်းလမ်းအကျဆုံးလှုပ်ရှားမှုကား အချိန်ဆွဲပြီး ယွင်ရှဲ့နှင့်နှစ်ဦးချင်းယှဉ်ပြိုင်တိုက်ခိုက်ဖို့သာရှိတော့သည်။ ထို့နောက် များပြားသောယှဉ်ပြိုင်မှုနောက်တွင် သူ့၏ရုပ်ပိုင်းဆိုင်ရာခွန်အားက သူ့ကိုကျရှုံးသွားစေပြီး အကြိမ်အနည်းငယ်ပြီးသည့်နောက်၊ သူလှိမ့်ချလိုက်ရုံသာတတ်နိုင်တော့သည်။

သို့သော် ပုံမှန်အားဖြင့် ကျန်းရွှင်းယီကား စည်းကမ်းမဲ့ပြီး သာမန်လူတစ်ယောက်နှင့်တူနေသော်လည်း၊ တကယ်တမ်းတွင် သူ၏စရိုက်အစစ်အမှန်ကား အလွန်အမင်းပြိုင်ဆိုင်လိုစိတ်ရှိပြီးခေါင်းမာသည်။ အခုယွင်ရှဲ့က သူ့စိတ်နေစိတ်ထားကို တွန်းအားပေးနေသဖြင့်
သူကရှောင်နေတာကိုရပ်၍ တိုက်ကွက်တိုင်းကိုပြန်လည်ရင်ဆိုင်တိုက်ခိုက်တော့သည်။ အချိန်အနည်းငယ်မျှ အခန်းထဲတွင်လက်သီးနှင့်ထိုးကြိတ်သံ၊ ခြေထောက်နှင့်ကန်သံတို့ကိုသာ တရစပ်ကြားနိုင်ရတော့သည်။

ပြန်လည်ရှင်သန်လာပြီးနောက်၊ ကျန်းရွှင်းယီသည်အခြားလူတွေနှင့်မတိုက်ခိုက်ခဲ့ပေ။ သူ၏ကိုယ်ခံပညာကား သူ့အရင်ပြိုင်ဘက်တွေထက်ပိုသာတယ်ဆိုသော်လည်း ယွင်ရှဲ့ကတော့ ထိုတိုက်ပွဲတို့ကိုအာရုံမစိုက်ပေ။ ယခုတွင်သူတို့နှစ်ယောက်ကလက်ရည်တူနေပြီး ကျန်းရွှင်းယီကလည်းသူ့တိုက်ခိုက်ပုံကို ဖုံးကွယ်ရန်မကြိုးစားတော့ပေ။ သူသည်ငယ်ငယ်ကတည်းကလေ့ကျင့်လာခဲ့သည့်လှုပ်ရှားမှုကို စတင်အသုံးပြုလိုက်၏။

ပြင်းထန်သောတိုက်ပွဲ၏အလယ်တွင် သူ့လက်သီးဟာယွင်ရှဲ့လက်သီးနှင့် လေထဲတွင်ပြင်းထန်စွာထိခတ်သွားကြသည်။ ထို့နောက်ချက်ချင်းပင်၊ သူ့ခန္တာကိုယ်ကိုလှည့်၍ ယွင်ရှဲ့၏ခေါင်းကိုကန်ရန် ခြေထောက်ကိုမြှောက်လိုက်သည်။ ယွင်ရှဲ့ကတံတောင်ဆစ်ဖြင့်ခုခံလိုက်ပြီး စိတ်ရှုပ်ထွေးစွာနှင့်မယုံသက်ာဖြစ်လျက် အနောက်ကိုပြန်ခုန်လိုက်သည်။ သူ့အသံကတုန်ယင်နေသည်။
"ဘယ်သူ...မင်းတကယ်ပဲဘယ်သူလဲ?"

စကားပြောရင်းဖြင့် သူကအကူအညီမဲ့စွာဖြင့် သူ့ဘေးရှိခေါင်းတလားကို တစ်ချက်စိုက်ကြည့်လိုက်မိသည်။ ခေါင်းတလား၏အဖုံးမှတဆင့် အလင်းရောင်ဖောက်ဝင်နေပြီး ကျန်းရွှင်းယီ၏ရုပ်အလောင်းကား အသက်မရှုဘဲခေါင်းတလားထဲတွင်လဲလျောင်းနေတုန်းပင်။

ကျန်းရွှင်းယီလေထဲတွင်လှုပ်ရှားလိုက်ပြီး ညှာတာမှုတစ်ချက်မှမရှိပဲပြန်ဖြေလိုက်သည်။
"ငါက မင်းရဲ့ဦးလေးပဲ၊ ခွေးသားလေး။

ယွင်ရှဲ့သည် သူ၏လှုပ်ရှားမှုတိုင်းထဲကအရှိန်ကိုမြင်လိုက်ပြီး သူ့နှလုံးသားထဲတွင်နှစ်ပေါင်းများစွာကြာအောင်အမြတ်တနိုး သိမ်းဆည်းထားခဲ့သည့်တစ်ထပ်တည်းတူညီသောရုပ်ရည်သွင်ပြင်ကိုသတိရလိုက်ကာ အိပ်ငွေ့ချခံလိုက်ရသကဲ့သို့ဖြစ်သွားသည်။ ကျန်းရွှင်းယီ၏လက်ဝါးကသူ့ဆီလာနေတာကိုမြင်လိုက်ရရင်း မသိလိုက်မသိဘာသာဖြင့်သူ့ညာလက်နှင့်ကာလိုက်မိကာ ဘယ်လက်ရှိလက်နှစ်ချောင်းက ကျန်းရွှင်းယီ၏လည်မျိုကိုရိုက်ရန်ရွယ်ထားသည်။

သူတို့နှစ်ယောက်ကကိုယ်ခံပညာကို အတူတူလေ့လာခဲ့သဖြင့် ဒီလှုပ်ရှားမှုနှစ်ရပ်ဆီကအားနည်းချက်တွေကို အကြိမ်ထောင်ပေါင်းများစွာသိရှိခဲ့ပြီးသားပင်။ ကျန်းရွှင်းယီပြန်လည်တိုက်ခိုက်ရန်မတွေးရသေးခင်မှာဘဲ၊ ရုတ်တရက်ချင်းပင်သူချော်သွားခဲ့ပေသည်---ကံဆိုးချက်ကကမ်းကုန်ပင်၊ သူကား သူလှည့်ကွက်သုံး၍သေစေခဲ့သော ဆယ်ကျော်သက်ကောင်လေး၏မျက်နှာပေါ်ကိုနင်းမိသွားခြင်းပင်။

ဆရာသခင်တွေကြားရှိတိုက်ပွဲတွင် ချော်လဲမှုသေးသေးလေးကပင် အသက်အန္တရာယ်ကိုခြိမ်းခြောက်လာနိုင်သည်။ ကျန်းရွှင်းယီ၏ခလုတ်တိုက်မှုကား သူ့လည်ပင်းသူယွင်ရှဲ့၏လက်ချောင်းများထံဆက်သနေသည့်နှယ်။ ဤကဲ့သို့ထိတ်လန့်မှုနှင့်ရင်ဆိုင်လိုက်ရတော့ ယွင်ရှဲ့၏နှလုံးသားထဲတွင်စုစည်းနေသောသံသယမှာ လွတ်လပ်စွာပေါက်ကွဲထွက်သွားသည်။ ယွင်ရှဲ့သူ့ကိုမနာကျင်စေသဖြင့် သူ့ခွန်အားကို အလျင်စလိုပြန်ရုတ်သိမ်းလိုက်မိသည်။ ဤကဲ့သို့စွမ်းအားကိုပြန်ရုပ်သိမ်းခြင်းမှ သူသွေးအန်လုနီးပါးပင်။ သူ့ရင်ဘတ်သူဆုပ်ကိုင်ရင်းဖြင့် ခြေနှစ်လှမ်းနောက်ဆုတ်လိုက်ရသည်။ သူ့ခေါင်းကိုတစ်ဖန်ပြန်မော့လိုက်သော် သူအေးခဲသွားသည်။

သူ၏တိုက်ကွက်ကား ကျန်းရွှင်းယီကိုမထိခိုက်စေခဲ့ပေ။ သို့ပေမယ့် တစ်ဖက်လူ၏မျက်နှာဖုံးကိုတော့ ခွာချနိုင်ခဲ့ပေ၏။

__________________________________________

!zawgyi!

အခန္း(၉) ရန္ပြဲ။

"ယြင္ရွဲ႕ရဲ႕လည္တိုင္မွာဘာဆြဲထားတာလဲဆိုတာကို ငါေနာက္ဆုံးေတာ့သိလိုက္ရၿပီ။"

ျခားတိုက္ခိုက္သူမ်ားကလည္း ယြင္ရွဲ႕ကို အစကတည္းကေၾကာက္႐ြံ႕ေနၾကတာျဖစ္သည္။ သူတို႔၏အေဖာ္ေတြ တစ္ေယာက္ၿပီးတစ္ေယာက္ေသဆုံးသြားတာကို ၾကည့္ေနရင္းျဖင့္ သူတို႔၏စိတ္အေျခအေနေတြက ဖရိုဖရဲျဖစ္လာရသည္။ သူတို႔က ယြင္ရွဲ႕၏ဓားခ်က္ႏွင့္ လက္ဝါးခ်က္တို႔ေအာက္တြင္ လ်င္ျမန္စြာက်ရႉံးသြားၾကၿပီး လူတစ္ဦးတစ္ေယာက္မွမက်န္လုနီးပါးပင္။

ဤအခ်ိန္တြင္ ေဈးဆိုင္ပိုင္ရွင္၊ စားပြဲထိုးႏွင့္ ဆိုင္ကိုလာသည့္အျခားဧည့္သည္ေတြကေတာ့ ေျခရာပင္မခ်န္ဘဲ ထြက္ခြာသြားႏွင့္ၾကၿပီးျဖစ္ေလသည္။ ၾကမ္းျပင္ေပၚကလူေသအေလာင္းေတြကလြဲ၍ ဒီအခန္းလြတ္ႀကီးထဲတြင္ က်န္ရွိခဲ့သည့္သက္ရွိလူသားေတြကေတာ့ ယြင္ရွဲ႕၊ က်န္း႐ႊင္းယီႏွင့္ ေနာက္ဆုံးေသာရန္သူတစ္ေယာက္သာ။

ထိုလူကသူ႕ဓားကိုလက္ႏွစ္ဖက္ျဖင့္ဆုပ္ကိုင္ထားၿပီး ယြင္ရွဲ႕ကိုခ်ိန္ထားသည္။ ဓားထိပ္ဖ်ားကလည္းတုန္ခါေနသည္။ သူ႕အၾကည့္ေတြကယြင္ရွဲ႕ေပၚမွာရွိေနၿပီး သူကေနာက္ဆုတ္ဖို႔ႀကိဳးစားေနသည္။ အေနာက္ကိုေျခလွမ္းအနည္းငယ္ဆုတ္ၿပီးေနာက္၊ သူက မေတာ္မဆပင္ သူ႕အေပါင္းအေဖာ္၏အေလာင္းကိုတက္နင္းမိကာ ဒယိမ္းဒယိုင္ျဖစ္သြားသည္။ သူကခ်က္ခ်င္းကိုေၾကာက္လန႔္ၿပီး တ႐ႊတ္႐ႊတ္စငိုေလေတာ့သည္။

ယြင္ရွဲ႕၏မ်က္ႏွာေပၚတြင္ေတာ့ ဘာကိုမွဂ႐ုမစိုက္ဘူးဆိုသည့္အၾကည့္ရွိေနသည္။ သူကမ်က္ႏွာထားတစ္ခ်က္ပင္မေျပာင္းဘဲ ဓားႏွင့္ခုတ္ဖို႔လုပ္လိုက္သည္။ သူ႕ကံဆိုးမႈကိုနားလည္သေဘာေပါက္သြားသည့္ထိုလူကမူ အံႀကိတ္၍ သူ႕ကိုယြင္ရွဲ႕ဓားကလာမခုတ္မိခင္ အျပင္ထြက္ဖို႔ႀကိဳးစားလိုက္သည္။ သူကားသူ၏ေနာက္ဆုံးလက္က်န္အားအကုန္သုံးၿပီး သူ႕လက္ထဲကဓားကို ယြင္ရွဲ႕ထံသို႔ပစ္လႊတ္လိုက္သည္။

က်န္း႐ႊင္းယီကေတာ့ ေဘးမွစိုးရိမ္ပူပန္မႈမရွိစြာျဖင့္ မထူးျခားမျခားနားၾကည့္ေနသည္။ ထိုဓားကယြင္ရွဲ႕လည္ပင္းနားေလာက္မွာ အရွိန္ရပ္သြားၿပီး ေအာက္က်လာတာကိုျမင္လိုက္ရေတာ့ သူ႕မ်က္လုံးကအေရာင္တစ္ခ်က္လက္သြားခဲ့သည္။ သူတစ္ခုခုကို႐ုတ္တရက္စဥ္းစားမိသြားၿပီး သူ႕လက္ေခ်ာင္းကိုလ်ိဳ႕ဝွက္စြာသုံး၍ ဓားကိုအရွိန္ျပန္ျမႇင့္လိုက္သည္။ အျဖဴေရာင္အလင္းတစ္ခ်က္လက္သြားျခင္းႏွင့္အတူ ဓားသြားကားယြင္ရွဲ႕၏ႏွင္းလိုျဖဴေသာေကာ္လံကိုျဖတ္၍ ယြင္ရွဲ႕၏လည္တိုင္ကိုရွပ္ထိသြားကာ ေသြးအနည္းငယ္ထြက္သြားသည္။ ဆြဲႀကိဳးကျပတ္သြားၿပီး ႀကိဳးေလးက ယြင္ရွဲ႕၏လည္ပင္းနားတစ္ဝိုက္မွာ တြဲေလာင္းခ်ိတ္လ်က္သားျဖင့္ ဆြဲသီးေလးကမူ သူ႕ရင္ဘတ္ေပၚမွေအာက္က်သြားသည္။

ယြင္ရွဲ႕ကား နဂိုကတည္းက ဒဏ္ရာရထားသည္ျဖစ္ရာ ဒီရန္သူေတြႏွင့္ၾကာျမင့္စြာအျပင္းအထန္တိုက္ခိုက္လိုက္ေတာ့ ပို၍ေမာပန္းလာသည္။ သူ႕ေရွ႕ကလူကိုသတ္လိုက္အၿပီးတြင္ သူ႕လည္ေခ်ာင္းထဲမွာ ခ်ိဳသလိုလို၊ ခ်ဥ္သလိုလိုအရသာကိုရလိုက္ၿပီး ေသြးအန္လုနီးပါးပင္။ သူသည္ သူ႕ကိုယ္သူရပ္နိုင္ဖို႔ ဓားကို ေထာက္တိုင္အျဖစ္ ခပ္ျမန္ျမန္သုံးလိုက္ရသည္။ သူ႕လည္ဆြဲျပတ္သြားတာကိုၾကည့္ေနရင္းျဖင့္ ဆြဲသီးေလးျပဳတ္က်သြားတာကို ေကာက္ဖို႔အခ်ိန္မရွိလိုက္။

က်န္း႐ႊင္းယီကသူအကာအကြယ္မဲ့ေနတာကိုအခြင့္အေရးယူၿပီး သူ႕ကိုခိုးေၾကာင္ခိုးဝွက္တိုက္ခိုက္လိုက္တာျဖစ္သည္။ ယြင္ရွဲ႕လည္တိုင္မွာဆြဲထားေသာအရာကို သူတိတိက်က်ျမင္ခ်င္ေသာေၾကာင့္။ အတူတကြႀကီးပ်င္းလာသျဖင့္ ႏွစ္ေယာက္လုံးကတစ္ေယာက္ကိုတစ္ေယာက္ ေကာင္းေကာင္းသိၾကၿပီး ယြင္ရွဲ႕ကအဖိုးတန္ေသာအရာပိုင္ဆိုင္သည္ကို သူမျမင္ဖူးခဲ့ေပ။

ဆြဲသီးေအာက္ကိုက်သြားေသာ္ သူထိတ္လန႔္ေအးခဲသြားရသည္။

ဆြဲသီးက ေလးေထာင့္သ႑ာန္ရွိကာ အ႐ြယ္အစားကေတာ့လက္ေခ်ာင္းတစ္ဝက္စာသာရွိၿပီး အႏုစိတ္ကာ အရည္အေသြးေကာင္းမြန္သည္။ ဆြဲသီးကက်လာေပမယ့္ ေလထဲတြင္တြဲေလာင္းခ်ိတ္ေနတုန္းပင္။ ေျမႀကီးေပၚကိုဆြဲသီးက်သြားေသာအခါ ဖုန္မႈန႔္ေတြႏွင့္ေရာႏွောသြားသည္။ က်န္း႐ႊင္းယီေနာက္ဆုံးေတာ့သိရွိသြားသည္။ ဒါက နီလာခရမ္းေရာင္ေက်ာက္စိမ္းႏွင့္ျပဳလုပ္ထားေသာ ေခါင္းတလားတစ္ခုျဖစ္သည္။

ယြင္ရွဲ႕က အသည္းပုံပုံစံေလာကတ္သီးကို တကယ္ႀကီးလည္ပင္းမွာဆြဲထားတယ္?
ဒါကလုံးဝကိုပုံမွန္မဟုတ္ေတာ့ဘူး!!!

သို႔ေသာ္လည္း က်န္း႐ႊင္းယီတြင္ ဟာသလုပ္ဖို႔ စိတ္အေျခအေနမရွိေပ။ ဒီေခါင္းတလားထဲမွာ ဘယ္သူရွိေနမလဲဆိုသည့္ ယုံခ်င္စရာမေကာင္းေသာထင္ေၾကးတစ္ခုသာရွိသည္။

ဘာကိုမွဂ႐ုစိုက္ျခင္းမရွိသည့္ယြင္ရွဲ႕က ေခါင္းတလားကိုဖြင့္လိုက္ၿပီး အထဲမွာလဲေလ်ာင္းေနတဲ့လူကို ဂ႐ုတစိုက္ကိုင္လိုက္သည္။ ဒီအခ်ိန္မွာေတာ့ က်န္း႐ႊင္းယီေသေသခ်ာခ်ာကိုျမင္နိုင္သြားသည္။ ထိုအေလာင္း၏႐ုပ္ရည္သြင္ျပင္က ပန္းခ်ီကားတစ္ခ်ပ္ပမာ လွပၿပီး ျပစ္မ်ိဳးမွဲ႕မထင္ေခ်ာေမာသည္။ မယွဥ္နိုင္ေလာက္ေသာရင္းႏွီးမႈ...ဒါကသူကိုယ္တိုင္ပဲေလ!!

က်န္း႐ႊင္းယီ၏စိတ္ဗလာနတၳိျဖစ္သြားသည္။ အခ်ိန္တစ္ခဏမွ်ဘယ္လို တုံ႕ျပန္ရမလဲဆိုတာမသိနိုင္ျဖစ္သြားၿပီး ယြင္ရွဲ႕ကိုသာေငးငိုင္လ်က္စိုက္ၾကည့္ေနနိုင္ေတာ့သည္။

ထိုကဲ့သို႔ေအာက္ကိုက်သြားတာက ၿပီးျပည့္စုံၿပီး လွပေသာခႏၱာကိုယ္ကို ထိခိုက္မႈမရွိတာကိုျမင္လိုက္ရမွ ယြင္ရွဲ႕စိတ္ခ်လက္ခ်သက္ျပင္းခ်နိဳင္ေတာ့သည္။ သူကအေလာင္း၏ဦးေခါင္းကို ႏူးညံ့စြာထိန္းကိုင္ထားၿပီး အထဲမွာျပန္ထားလိုက္သည္။ ေခါင္းတလား၏အဖုံးကိုပိတ္ဖို႔ သူ႕လက္ကိုျမႇောက္လိုက္သည္။

ဒါေပမယ့္ ေခါင္းတလား၏အဖုံးကိုဖိလိုက္ေသာ္ သူ႕မ်က္လုံးကအခုအခ်ိန္ထိရင္းႏွီးေနဆဲျဖဴေဖ်ာ့ေဖ်ာ့မ်က္ႏွာကို ေကာ္နဲ႕ကပ္ထားသည့္ႏွယ္ၾကည့္ေနဆဲျဖစ္သည္။ သူအခ်ိန္အၾကာႀကီးမလႈပ္ရွားခဲ့ေပ။

ယြင္ရွဲ႕၏ပုံမွန္မဟုတ္တာက သူ႕ကိုကူးစက္သြားသည့္ႏွယ္ သူအေလာင္းကို ေသခ်ာစူးစိုက္ၾကည့္လိုက္မိသည္။ သူ႕ေနာက္ေက်ာေတာင့္သြားၿပီး သူ႕ေက်ာရိုးကြဲအက္လာသလိုပင္ခံစားလိုက္ရသည္။ သူ႕ႏွလုံးသားေလးက ဒီလိုအခ်က္အလက္အသစ္ေတြႏွင့္လႊမ္းမိုးခံလိုက္ရၿပီျဖစ္သည္။

အေတြးေတြကဟိုတစ္စုဒီတစ္စုစီႏွင့္ က်န္း႐ႊင္းယီ၏စိတ္ထဲတြင္ေျပးလႊားေနသည္။
ယြင္ရွဲ႕ကေသလူကိုဘာလို႔စိုက္ၾကည့္ေနတာလဲ?
ၾကည့္ေနလို႔ဘာမွေကာင္းတာမရွိဘူး!
ဟက္.. ငါ့ကိုယ္ငါဒီလိုျမင္ေနရတာ ေၾကာက္ေတာင္ေၾကာက္လာၿပီ။ သူ႕ရဲ႕စိတ္ပိုင္းဆိုင္ရာ အရည္အေသြးကဘယ္လိုေတာင္ေကာင္းေနရတာလား။ ေနပါအုံး..မဟုတ္ဘူး..ငါဘာေတြစဥ္းစားေနတာလဲ။ အဓိကက...အဓိကက ဒါကဘာကိုဆိုလိုခ်င္တာလဲ...ေသာက္က်ိဳးနည္း..ငါကေသၿပီးသြားၿပီေလ။ သူက ငါ့ခႏၱာကိုယ္ကို ၿငိမ္းခ်မ္းရာကိုမပို႔ေဆာင္ေပးဘူးလား။ သူဘာလို႔ဒီအေလာင္းကိုေမာ့လုံဆီမေပးရတာလဲ။
သူလူမွားသတ္မိမွာကိုေၾကာက္လို႔ ျပန္စစ္ေဆးၾကည့္တာမ်ားလား။
Fuck..ငါသူ႕ကိုဘယ္လိုရိုက္ႏွက္ရမလဲဆိုတာ စဥ္းစားၾကည့္ဖို႔လိုေနၿပီပဲ....

သူ႕ႏွလုံးသားေလးမွာရႈပ္ေထြးလ်က္ရွိသည္။ သူဘာေတြေတြးေနမိလဲဆိုတာ သူ႕ကိုယ္သူပင္မသိလိုက္ေပ။ ေနာက္ေတာ့ ယြင္ရွဲ႕႐ုတ္တရက္မ်က္လုံးမွိတ္လိုက္တာကို သူျမင္လိုက္သည္။ ေခါင္းတလား၏အဖုံးကို ျပန္မပိတ္ခင္၊ ယြင္ရွဲ႕ကခါးကိုင္း၍ အေလာင္း၏ႏွဖူးကိုနမ္းရွိုက္လိုက္သည္။

က်န္း႐ႊင္းယီ:"........"

သူယြင္ရွဲ႕၏ေက်ာျပင္ကိုၾကည့္လိုက္သည္။ ဒီေကာက္ေၾကာင္းကပို၍ပိန္လွီလာၿပီျဖစ္သည္။ သူေျပးၿပီးေတာ့ပဲ သူ႕ကိုတစ္ခ်က္ေလာက္ရိုက္လိုက္ရမလား၊ ဒါမွမဟုတ္ သူ႕ကို ကိုင္ၿပီးေတာ့ တစ္ေယာက္ပုခုံးေပၚမွာတစ္ေယာက္မွီၿပီး ငိုရမလား မသိေတာ့ေပ။ ဒီလူက အညို႔ပဲခံထားရတာလား..သူပဲ ေသြးေလေျခာက္ျခားေနတာလားဆိုတာလည္းမသိေတာ့ေပ။

သူဒီအေတြးေတြႏွင့္ ပတ္ခ်ာလည္ရိုက္ေနခ်ိန္တြင္ ယြင္ရွဲ႕ကေနာက္လွည့္မၾကည့္ဘဲ သူ႕ဓားအိမ္ကိုတစ္ခ်က္ပုတ္လိုက္သည္။ မဲ့ဟြားဓား၏အလင္းေရာင္က ျဖာထြက္လာၿပီး က်န္း႐ႊင္းယီဆီကိုတည္တည့္မတ္မတ္ဦးတည္လာေနသည္။

မင္း..လွည့္ျဖားတတ္တဲ့အ႐ူးေကာင္!

ဤေသျခင္းႏွင့္ရွင္ျခင္းအခိုက္အတန့္တြင္ ဒီစာအုပ္၏ေရးသူ၏မွတ္ခ်က္ေကာမန႔္တစ္ခုက ယြင္ရွဲ႕အားတန္ဖိုးျဖတ္ခဲ့သည္ကို က်န္း႐ႊင္းယီသတိရလိုက္သည္: ယြင္ရွဲ႕၏ စက္ႏွင့္တူသည္။ သူ၏နည္းလမ္းမ်ားမွာ အညွာအတာကင္းမဲ့ၿပီး ရက္စက္သည္။ သူ၏လုပ္ရပ္မ်ားမွာလည္း အျခားသူမ်ားေမွ်ာ္လင့္ထားသည္ႏွင့္ မၾကာမၾကာဆန့္က်င္ေနတတ္၏။ အကယ္၍ သူဟာ မိတ္ေဆြသူငယ္ခ်င္းဆိုရင္ တစ္ေလာကလုံးတြင္ သူက မင္းရဲ႕အယုံၾကည္ရဆုံးသူငယ္ခ်င္းျဖစ္လာလိမ့္မယ္။  တကယ္လို႔ သူဟာ ရန္သူျဖစ္ခဲ့ရင္ အလားတူပဲ၊ သူသည္ တစ္ေလာကလုံးတြင္ မင္းအေၾကာက္ဆုံးရန္သူတစ္ေယာက္ျဖစ္လာလိမ့္မည္ပင္။

အဓိကဇာတ္ေဆာင္၏ပထမဆုံးဥပေဒကား:  အဓိကဇာတ္ေဆာင္က ဘယ္ေတာ့မွမေသနိုင္! အရင္ကသူတို႔မည္မွ်ပင္ဒဏ္ရာႀကီးႀကီးမားမားရေနပါေစ၊ ေသြးမည္မွ်ပင္ဆုံးရႈံးေနပါေစ "ေဘာ့စ္"စစ္မရႈံးသ၍ သူတို႔ဟာ သူတို႔၏ေနာက္ဆုံးထြက္သက္ကိုသုံးၿပီး ေနာက္ထပ္အႀကိမ္၃၀၀မွ်တိုက္ခိုက္နိုင္ပါေသးသည္။

မဲ့ဟြားဓားမွာ မယုံနိုင္ေလာက္နိုင္ေသာအရွိန္အဟုန္ျဖင့္ သူ႕ထံလာေနသည္။ က်န္း႐ႊင္းယီမွာလည္းလက္နက္လုံးဝရွိမေနေပ။ မစဥ္းစားဘဲ သူသည္ေလထဲကိုခုန္လိုက္ၿပီး ဓားသြားေပၚကိုေျခေဆာင့္လိုက္သည္။ သူ႕ေျခဖဝါးကအားကိုသုံး၍ တစ္ဘဝလုံးစာသူ႕ေနာက္လိုက္ခဲ့သည့္ဓားကို ေျမႀကီးေပၚသို႔ေျခေဆာင့္ခ်လိဳက္သည္။

မဲ့ဟြားဓားက တဝီဝီျမည္ေနၿပီးေနာက္ တုန္ခါေနတာရပ္သြားသည္။ ယြင္ရွဲ႕သည္သူ႕လက္ေခ်ာင္းေတြကို ခပ္ျမန္ျမန္လႈပ္ရွား၍ က်န္း႐ႊင္းယီ၏ပုခုံးကို လက္သည္းႏွင့္ကုတ္ဆြဲရန္လုပ္သည္။ က်န္း႐ႊင္းယီကေျခေခ်ာင္းကိုသုံးၿပီး ဓားရိုးကိုမလိုက္ကာ ယြင္ရွဲ႕ဘက္သို႔ပစ္လႊတ္လိုက္သည္။ ယြင္ရွဲ႕ကေဘးကိုေရွာင္လိုက္ၿပီး ဓားအိမ္ကိုျမႇောက္ကာ မဲ့ဟြားဓားကိုျပန္ထည့္လိုက္သည္။

ယြင္ရွဲ႕ကသူ႕ကိုယ္ပိုင္ဓားကို ဤကဲ့သို႔ေခ်ာေမြ႕စြာသုံးနိုင္တာကိုၾကည့္ေနရင္းျဖင့္ က်န္း႐ႊင္းယီေဒါသပိုထြက္လာရသည္။ သူအေနာက္လွည့္လိုက္ကာ သူ႕အသံကား ညိုးမွိုင္၍ ၾသရွလ်က္ရွိသည္။
"မင္းဘာလုပ္တာလဲ?"

ယြင္ရွဲ႕ကသူ႕ဝတ္႐ုံလက္ကိုျမႇောက္ၿပီး ႏႈတ္ခမ္းကေသြးကြက္ကိုသုတ္လိုက္သည္။ သူ႕ႏႈတ္ခမ္းေထာင့္စြန္းတြင္လည္းအၿပဳံးတစ္ပြင့္ေပၚလာၿပီး က်န္း႐ႊင္းယီကိုေျပာလိုက္သည္။
"ေနာက္ဆုံးေတာ့ ရည္႐ြယ္ခ်က္ရွိရွိလုပ္ေနတာကိုရပ္လိုက္ၿပီလား။ ဟ..ငါမင္းအ႐ူးလုပ္တာကိုခံရေတာ့မလို႔ပဲ"

သူ၏ေက်ာ့ရွင္းကာ ေခ်ာေမာေသာမ်က္ႏွာေပၚကအၿပဳံးႏွင့္ မ်က္လုံးတို႔ကပနံသင့္ေပမဲ့ သူ႕မ်က္လုံးေတြက ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ေအးစက္ေနၿပီး မေဖာ္ျပနိုင္ေသာမလိုက္ဖက္မႈကိုဖန္တီးလ်က္ရွိသည္။

က်န္း႐ႊင္းယီသည္ ဤကဲ့သို႔စြပ္စြဲတတ္ေသာအမူအက်င့္ကိုျမင္လိုက္ၿပီး ခ်က္ခ်င္းသိသြား၏:
ယြင္ရွဲ႕ကသတ္ဖို႔ႀကံေနတာပဲ။ ဒါေပမယ့္သူမထိတ္လန့္သြားေပ။ သူ႕လက္ေတြကိုေနာက္ပစ္လ်က္သားျဖင့္ သတိေပးလိုက္သည္။
"ဂိုဏ္းဆရာယြင္..ငါမင္းအသက္ကို ကယ္ခဲ့တာေနာ္"

ယြင္ရွဲ႕ေလွာင္ေျပာင္သည္။
"မင္းမကယ္ရင္ေတာင္မွ ငါမေသနိုင္ပါဘူး"

က်န္း႐ႊင္းယီ:"....."
အိုေခ..ဒါက အမွန္ပဲေလ။ ဒါကငါတို႔ေျပာေနတဲ့အဓိကဇာတ္ေဆာင္အေၾကာင္းပဲ။ သူကဘယ္လိုရိုက္ခ်က္မ်ိဳးကိုမဆိုအၿမဲတမ္းခံနိုင္ရည္ရွိတယ္။

"ၿပီးေတာ့ မင္းကမင္းကိုယ္မင္း...မင္းကငါနဲ႕ဘာလုပ္ခ်င္တာလဲ!"
သူစကားေျပာလို႔မၿပီးခင္မွာဘဲ ယြင္ရွဲ႕က သူ႕ကိုထပ္မံတိုက္ခိုက္လာျပန္သည္။ ဒီတစ္ခါေတာ့လက္ဝါးႏွင့္ျဖစ္သည္။

ယြင္ရွဲ႕ကား ဂုဏ္ေမာက္ကာ မာနႀကီးသည္။ သူ႕ကိုယ္ပိုင္စြမ္းရည္ကိုလည္းယုံၾကည္မႈအျပည့္ရွိသည္။ က်န္း႐ႊင္းယီတြင္လက္နက္မရွိတာကိုျမင္ေတာ့ သူကသူ႕ဓားကိုခ်ထားၿပီး ထိုအစား လက္ဗလာႏွင့္ပင္တိုက္ခိုက္သည္။

က်န္း႐ႊင္းယီ၏မ်က္ႏွာေပၚတြင္ေဒါသအရိပ္အေယာင္ထင္ဟပ္လာသည္။ သူထပ္ၿပီးေရွာင္မေနေတာ့ဘဲ ယြင္ရွဲ႕၏လက္ဝါးႏွင့္ တိုက္ရိုက္ရင္ဆိုင္လိုက္သည္။ သူတို႔ႏွစ္ဦး၏ဝိညာဥ္စြမ္းအားမ်ားထိခတ္သြားၿပီး အနီးအနားရွိစားပြဲႏွင့္ထိုင္ခုံမ်ားကို အပိုင္းပိုင္းျဖစ္သြားေစသည္။

ယြင္ရွဲ႕၏အၿပဳံးကပိုမိုပီျပင္လာၿပီး သူအံႀကိတ္လိုက္သည္။
"မဆိုးပါဘူး။ အကုန္လုံးေတာ့မဆိုးပါဘူး။ ဒီလႈပ္ရွားမႈကိုေတာင္သုံးတယ္ေပါ့။ သူကမင္းကိုဒါလဲသင္ေပးခဲ့တာပဲလား။ မင္းဘယ္သူလဲ။ မင္းတို႔ႏွစ္ေယာက္ၾကားကဆက္ဆံေရးကဘာလဲ"

က်န္း႐ႊင္းယီပုံစံေျပာင္းလိုက္သည္။ ယခုမူယန္ရွန္းဂိုဏ္း၏လႈပ္ရွားမႈတိုက္ကြက္"သာလြန္တဲ့ မနာလိုဝန္တိုမႈ ေခါင္းေလာင္းတစ္ေထာင္"ကိုသုံးလိုက္ရင္းျဖင့္ သေရာ္လိုက္သည္။
"ငါဒီထက္မ်ားတဲ့နည္းလမ္းေတြကိုလဲသိေသးတယ္။ တကယ္လို႔ငါဘယ္သူလဲဆိုတာ မင္းသိခ်င္ရင္ ငါ့ကိုအရင္လာရိုက္ေလ။ ၿပီးမွ စကားေျပာၾကတာေပါ့!"

သူ႕ပါးစပ္က ဒီစကားကိုေျပာလိုက္ေပမယ့္လည္း သူဟာေလွ်ာက္ဖို႔မလြယ္သည့္လမ္းကို တကယ္ပဲေလွ်ာက္လိုက္ၿပီျဖစ္သည္။ ယြင္ရွဲ႕ကဒဏ္ရာရေနတယ္ဆိုေပမယ့္လည္း သူ႕တြင္သာမန္ထက္ထူးကဲေသာစြမ္းရည္ရွိၿပီး တိုက္ပြဲအေတြ႕အႀကဳံမ်ားလည္းရွိသည္။ ထို႔အျပင္ သူ႕ေခါင္းေပၚတြင္လည္းေတာက္ပေနေသာ 'အဓိကဇာတ္ေဆာင္ေရာင္ျခည္'ကလည္းအၿမဲလိုလိုရွိေနေသးသည္။ တစ္ဖက္၌မူ၊ တုဟိန္တြင္ေပါမ်ားေသာစိတ္ဝိညာဥ္စြမ္းအင္တို႔ရွိေပမယ့္လို႔ သူဟာတစ္ခါမွျပင္းထန္ေသာေလ့က်င့္မႈပင္မလုပ္ဖူးေပ။ သူကထ်န္လိရဲ႕၃၈နည္းလမ္းေတာင္မွဖတ္ဖူးပုံမေပၚေပ။
*(ထ်န္လိရဲ႕၃၈နည္းလမ္းဆိုတာက အျပင္မွာ တကယ္ရွိပါတယ္။ တ႐ုတ္ေကာလိပ္ ဝင္ခြင့္စာေမးပြဲအတြက္ ျပင္ဆင္ရန္ ထုတ္ေပးထားတဲ့ ကိုးကားစရာ စာအုပ္ပါ)

သူ၏လက္ရွိအင္အားႏွင့္ခံနိုင္ရည္ရွိမႈက က်န္း႐ႊင္းယီ၏အတိတ္ကအဆင့္ထက္နိမ့္သည္။ သူ႕ဦးႏွောက္ကအၿမဲလ်င္ျမန္စြာတုံ႕ျပန္နိုင္ေပမယ့္လည္း သူ႕ခႏၱာကိုယ္ကေတာ့ ၎၏တစ္ဝက္မွ်သာတုံ႕ျပန္နိုင္သည္။ ထို႔ေၾကာင့္ တုံ႕ျပန္လႈပ္ရွားမႈကား အခ်ိန္ကုန္၍ပင္ပန္းခက္ခဲသည္။

ဤကဲ့သို႔အေျခအေနမ်ိဳးမွာဆိုရင္ က်န္း႐ႊင္းယီ၏နည္းလမ္းအက်ဆဳံးလႈပ္ရွားမႈကား အခ်ိန္ဆြဲၿပီး ယြင္ရွဲ႕ႏွင့္ႏွစ္ဦးခ်င္းယွဥ္ၿပိဳင္တိုက္ခိုက္ဖို႔သာရွိေတာ့သည္။ ထို႔ေနာက္ မ်ားျပားေသာယွဥ္ၿပိဳင္မႈေနာက္တြင္ သူ႕၏႐ုပ္ပိုင္းဆိုင္ရာခြန္အားက သူ႕ကိုက်ရႈံးသြားေစၿပီး အႀကိမ္အနည္းငယ္ၿပီးသည့္ေနာက္၊ သူလွိမ့္ခ်လိဳက္႐ုံသာတတ္နိုင္ေတာ့သည္။

သို႔ေသာ္ ပုံမွန္အားျဖင့္ က်န္း႐ႊင္းယီကား စည္းကမ္းမဲ့ၿပီး သာမန္လူတစ္ေယာက္ႏွင့္တူေနေသာ္လည္း၊ တကယ္တမ္းတြင္ သူ၏စရိုက္အစစ္အမွန္ကား အလြန္အမင္းၿပိဳင္ဆိုင္လိုစိတ္ရွိၿပီးေခါင္းမာသည္။ အခုယြင္ရွဲ႕က သူ႕စိတ္ေနစိတ္ထားကို တြန္းအားေပးေနသျဖင့္
သူကေရွာင္ေနတာကိုရပ္၍ တိုက္ကြက္တိုင္းကိုျပန္လည္ရင္ဆိုင္တိုက္ခိုက္ေတာ့သည္။ အခ်ိန္အနည္းငယ္မွ် အခန္းထဲတြင္လက္သီးႏွင့္ထိုးႀကိတ္သံ၊ ေျခေထာက္ႏွင့္ကန္သံတို႔ကိုသာ တရစပ္ၾကားနိုင္ရေတာ့သည္။

ျပန္လည္ရွင္သန္လာၿပီးေနာက္၊ က်န္း႐ႊင္းယီသည္အျခားလူေတြႏွင့္မတိုက္ခိုက္ခဲ့ေပ။ သူ၏ကိုယ္ခံပညာကား သူ႕အရင္ၿပိဳင္ဘက္ေတြထက္ပိုသာတယ္ဆိုေသာ္လည္း ယြင္ရွဲ႕ကေတာ့ ထိုတိုက္ပြဲတို႔ကိုအာ႐ုံမစိုက္ေပ။ ယခုတြင္သူတို႔ႏွစ္ေယာက္ကလက္ရည္တူေနၿပီး က်န္း႐ႊင္းယီကလည္းသူ႕တိုက္ခိုက္ပုံကို ဖုံးကြယ္ရန္မႀကိဳးစားေတာ့ေပ။ သူသည္ငယ္ငယ္ကတည္းကေလ့က်င့္လာခဲ့သည့္လႈပ္ရွားမႈကို စတင္အသုံးျပဳလိုက္၏။

ျပင္းထန္ေသာတိုက္ပြဲ၏အလယ္တြင္ သူ႕လက္သီးဟာယြင္ရွဲ႕လက္သီးႏွင့္ ေလထဲတြင္ျပင္းထန္စြာထိခတ္သြားၾကသည္။ ထို႔ေနာက္ခ်က္ခ်င္းပင္၊ သူ႕ခႏၱာကိုယ္ကိုလွည့္၍ ယြင္ရွဲ႕၏ေခါင္းကိုကန္ရန္ ေျခေထာက္ကိုျမႇောက္လိုက္သည္။ ယြင္ရွဲ႕ကတံေတာင္ဆစ္ျဖင့္ခုခံလိုက္ၿပီး စိတ္ရႈပ္ေထြးစြာႏွင့္မယုံသက္ာျဖစ္လ်က္ အေနာက္ကိုျပန္ခုန္လိုက္သည္။ သူ႕အသံကတုန္ယင္ေနသည္။
"ဘယ္သူ...မင္းတကယ္ပဲဘယ္သူလဲ?"

စကားေျပာရင္းျဖင့္ သူကအကူအညီမဲ့စြာျဖင့္ သူ႕ေဘးရွိေခါင္းတလားကို တစ္ခ်က္စိုက္ၾကည့္လိုက္မိသည္။ ေခါင္းတလား၏အဖုံးမွတဆင့္ အလင္းေရာင္ေဖာက္ဝင္ေနၿပီး က်န္း႐ႊင္းယီ၏႐ုပ္အေလာင္းကား အသက္မရႈဘဲေခါင္းတလားထဲတြင္လဲေလ်ာင္းေနတုန္းပင္။

က်န္း႐ႊင္းယီေလထဲတြင္လႈပ္ရွားလိုက္ၿပီး ညွာတာမႈတစ္ခ်က္မွမရွိပဲျပန္ေျဖလိုက္သည္။
"ငါက မင္းရဲ႕ဦးေလးပဲ၊ ေခြးသားေလး။

ယြင္ရွဲ႕သည္ သူ၏လႈပ္ရွားမႈတိုင္းထဲကအရွိန္ကိုျမင္လိုက္ၿပီး သူ႕ႏွလုံးသားထဲတြင္ႏွစ္ေပါင္းမ်ားစြာၾကာေအာင္အျမတ္တနိုး သိမ္းဆည္းထားခဲ့သည့္တစ္ထပ္တည္းတူညီေသာ႐ုပ္ရည္သြင္ျပင္ကိုသတိရလိုက္ကာ အိပ္ေငြ႕ခ်ခံလိုက္ရသကဲ့သို႔ျဖစ္သြားသည္။ က်န္း႐ႊင္းယီ၏လက္ဝါးကသူ႕ဆီလာေနတာကိုျမင္လိုက္ရရင္း မသိလိုက္မသိဘာသာျဖင့္သူ႕ညာလက္ႏွင့္ကာလိုက္မိကာ ဘယ္လက္ရွိလက္ႏွစ္ေခ်ာင္းက က်န္း႐ႊင္းယီ၏လည္မ်ိဳကိုရိုက္ရန္႐ြယ္ထားသည္။

သူတို႔ႏွစ္ေယာက္ကကိုယ္ခံပညာကို အတူတူေလ့လာခဲ့သျဖင့္ ဒီလႈပ္ရွားမႈႏွစ္ရပ္ဆီကအားနည္းခ်က္ေတြကို အႀကိမ္ေထာင္ေပါင္းမ်ားစြာသိရွိခဲ့ၿပီးသားပင္။ က်န္း႐ႊင္းယီျပန္လည္တိုက္ခိုက္ရန္မေတြးရေသးခင္မွာဘဲ၊ ႐ုတ္တရက္ခ်င္းပင္သူေခ်ာ္သြားခဲ့ေပသည္---ကံဆိုးခ်က္ကကမ္းကုန္ပင္၊ သူကား သူလွည့္ကြက္သုံး၍ေသေစခဲ့ေသာ ဆယ္ေက်ာ္သက္ေကာင္ေလး၏မ်က္ႏွာေပၚကိုနင္းမိသြားျခင္းပင္။

ဆရာသခင္ေတြၾကားရွိတိုက္ပြဲတြင္ ေခ်ာ္လဲမႈေသးေသးေလးကပင္ အသက္အႏၱရာယ္ကိုၿခိမ္းေျခာက္လာနိုင္သည္။ က်န္း႐ႊင္းယီ၏ခလုတ္တိုက္မႈကား သူ႕လည္ပင္းသူယြင္ရွဲ႕၏လက္ေခ်ာင္းမ်ားထံဆက္သေနသည့္ႏွယ္။ ဤကဲ့သို႔ထိတ္လန႔္မႈႏွင့္ရင္ဆိုင္လိုက္ရေတာ့ ယြင္ရွဲ႕၏ႏွလုံးသားထဲတြင္စုစည္းေနေသာသံသယမွာ လြတ္လပ္စြာေပါက္ကြဲထြက္သြားသည္။ ယြင္ရွဲ႕သူ႕ကိုမနာက်င္ေစသျဖင့္ သူ႕ခြန္အားကို အလ်င္စလိုျပန္႐ုတ္သိမ္းလိုက္မိသည္။ ဤကဲ့သို႔စြမ္းအားကိုျပန္႐ုပ္သိမ္းျခင္းမွ သူေသြးအန္လုနီးပါးပင္။ သူ႕ရင္ဘတ္သူဆုပ္ကိုင္ရင္းျဖင့္ ေျခႏွစ္လွမ္းေနာက္ဆုတ္လိုက္ရသည္။ သူ႕ေခါင္းကိုတစ္ဖန္ျပန္ေမာ့လိုက္ေသာ္ သူေအးခဲသြားသည္။

သူ၏တိုက္ကြက္ကား က်န္း႐ႊင္းယီကိုမထိခိုက္ေစခဲ့ေပ။ သို႔ေပမယ့္ တစ္ဖက္လူ၏မ်က္ႏွာဖုံးကိုေတာ့ ခြာခ်နိဳင္ခဲ့ေပ၏။

__________________________________________

Continue Reading

You'll Also Like

127K 11.8K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
2.3M 316K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
101K 9.9K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
54K 4.1K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...