[COMPLETED] ဗီလိန်ဗျူဟာ || ဘာ...

By Boss_want_to_eat_you

548K 75K 1.4K

Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(... More

Description
[၁] ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်။
[၂.၁] အရူးတုဟိန်။
[၂.၂] အရူးတုဟိန်။
[၃.၁] ရူးချင်ယောင်ဆောင်ခြင်း။
[၃.၂] ရူးချင်ယောင်ဆောင်ခြင်း။
[၄.၁] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၄.၂] ပထမဆုံးကျူးကျော်ရန်စခြင်း။
[၅.၂] မိစ္ဆာဘုရင်ရွှမ်လီ။
[၆] ယှဥ်ပြိုင်ခြင်း။
[၇] ထူထပ်မည်းမှောင်သောမြူ။
[၈] ကြောက်မက်ဖွယ်ရာအတိတ်။
[၉] ရန်ပွဲ။
[၁၀] အတိတ်၏မိစ္ဆာအတွင်းစိတ်။
[၁၁] ကျောက်စိမ်းညီနောင်
[၁၂] သစ္စာဖောက်ခြင်း
[၁၃] ယွဲ့လီမြို့တော်။
[၁၄] မျက်နှာဖြတ်ရိုက်ခြင်း။
[၁၅] ရင်အန်း။
[၁၆]လမ်းလျှောက်နေသည့်အလောင်းကောင်များ။
[၁၇] လဆီသို့ခိုးရာလိုက်ပြေးခြင်း
[၁၈] အထင်လွဲမှားမှုအကြီးစား။
[၁၉] အိပ်မက်ထဲကအိပ်မက်။
[၂၀] အသိစိတ်နိုးထလာခြင်း။
[၂၁] ကိုယ်လုပ်တော်ဝူယွဲ့။
[၂၂] အမှန်ဖြစ်လာခြင်း။
[၂၃] လူလိမ်အွန်လိုင်း။
[၂၄] သေခြင်းတရားအငွေ့အသက်တွေပြည့်နှက်နေသောရွာ။
[၂၅] မြစ်ရေထဲက ထူးဆန်းသည့်အရာများ။
[၂၆.၁] ထူးဆန်းသည့်ပုံပြင်။
[၂၆.၂] ထူးဆန်းသည့်ပုံပြင်။
[၂၇] သက်ရှည်ပင်လယ်လိပ်။
[၂၈] ဟွမ်ဝေ၏ပုံပြင်။
[၂၉] ပိုးအိမ်မှ ဖောက်ထွက်ခြင်း။
[၃၀] ရူးသွပ်နေသည့် လတ်လတ်ဆတ်ဆတ်အသားတုံးလေး။
[၃၁] စူးစမ်းရှာဖွေသူများ။
[၃၂] ဖုန်မှုန့်၏ကိုယ်ထည်။
[၃၃] ဒီပြန်လည်တွေ့ဆုံမှုက အိပ်မက်ဖြစ်နေမှာကို ကြောက်နေတုန်းပဲ။
[၃၄] အစ်ကိုကြီး။
[၃၅] စုချင် (ချစ်ခင်မှုမျှဝေခြင်း)
[၃၆.၁] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၂] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၆.၃] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်မှု၊ ဝမ်းနည်းမှုရှိကြပါတယ်။
[၃၆.၄] အဖြစ်အပျက်တွေမှာလည်း ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းရှိကြပါတယ်။
[၃၇] ဒီရေနက်များ မြင့်တက်လာခြင်း။
[၃၈] တဏှာရာဂဓားသွား၏အစွန်းဖက်။
[၃၉] ပြဿနာဖြစ်လာခြင်း။
[၄၀] ဘယ်သောအခါမှကျောခိုင်းမသွားဘူး။
[၄၁] ကမ္ဘာကြီး၏ပူဆွေးခြင်း။
[၄၂] ဇစ်မြစ်။
[၄၃] သေခြင်းနှင့်ရှင်ခြင်း။
[၄၄] နှင်းခဲတွေဟာ အရည်ပျော်သွားပြီး နွေဦးအဖြစ်ပြောင်းလဲသွားလေရဲ့။
[၄၄] ႏွင္းခဲေတြဟာ အရည္ေပ်ာ္သြားၿပီး ႏြေဦးအျဖစ္ေျပာင္းလဲသြားေလရဲ႕။
[၄၅] ပြန်လည်စတင်ခြင်း။
[၄၆] ကိုယ့်နှလုံးသားကကျောက်တုံးမဟုတ်ဘူး။
[၄၇] အတိတ်၏အမှန်တရား။
[၄၈] တစ်ဦး၏အမှားကိုဖုံးကွယ်ပေးခြင်း။
[၄၉] အကြပ်ကိုင်ခံရခြင်း။
[၅၀] ရှက်ရွံ့မှု။
[၅၁] တာ့ကော။
[၅၂] ဆက်ရန်ရှိ။
[၅၃] မင်းနှလုံးသားနှင့် ကိုယ့်နှလုံးသား။
[၅၄] လွတ်လပ်ခွင့်။
[၅၅] နယ်ပယ်အသစ်။
[၅၆] ခုတင်ငယ်လေး။
[၅၇] ဝတ်ရုံတစ်ချက်ခါကာ ရယ်မောလျက် ထွက်ခွာမိရင်း။
[၅၈] မင်း၊ မင်းလုပ်နိုင်ရဲ့လား။
[၅၉] ထင်ရှားကျော်ကြားမှုကို နှစ်ခြိုက်ခြင်း။
[၆၀] နှုတ်ဆက်ပါတယ်။
[၆၁] အန္တရာယ်ကိုရှာဖွေခြင်း။
[၆၂] အချစ်နာကျခြင်း။
[၆၃.၁] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၃.၂] တကယ့်အကူအစစ်က ဒီမှာပါကွယ်။
[၆၄] လူကြီးလူကောင်းတစ်​ယောက်ဟာ ကမ္ဘာပေါ်တွင် အထီးကျန်ဆန်နေလေရဲ့။
[၆၅] အလေးအနက်ဖြစ်နေသည့်ယွင်။
[၆၆] ရန်စခြင်း။
[၆၇] မင်းရူးနေတာလား။
[၆၈.၁] ယွင်ဂိုဏ်းချုပ်။
[၆၈.၂] ယွင်ဂိုဏ်းချုပ်။
[၆၉] ဂရုစိုက် ၊ ငါတို့ထပ်တွေ့ရင်တွေ့ကြမှာပါ။
[၇၀.၁] ဖြူသော
[၇၀.၂] ဖြူသော။
[၇၁] စိတ်ကောင်းနှလုံးကောင်းဆိုတာ ဘယ်လိုမျိုးလဲ။
[၇၃] အီစီကလီရိုက်ခြင်း။
[၇၂] မဂ်လာပွဲစီတန်းလှည့်လည်ခြင်း။
[၇၄] ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက်။
[၇၅] တုမိသားစုခေါင်။
[၇၆] တုအိမ်တော်။
[၇၇] လမ်းမပေါ်၌ မြင်းစီးရင်း။
[၇၈] မဂ်လာဦးအခန်းထဲမှလူသတ်မှု။
[၇၉] ဘန်ရှီး။
[၈၀] အနီနှင့်အဖြူ။
[၈၁] တစ်ဖက်လူ။
[၈၂] မိန်းမလျာ။
[၈၃] အမွှေးနံ့သာတောက်လောင်ခြင်း။
[၈၄] မိတ်ဆွေဟောင်းများပြန်လည်ဆုံစည်းခြင်း။
[၈၅] စိတ်ဝိညာဥ်စင်မြင့်၏ကျောက်စိမ်းညီနောင်။
[၈၆.၁] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးပြီး အတူတကွသေဆုံးကြမည်။
[၈၆.၂] တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကာ အတူတကွသေဆုံးကြမည်။
[၈၇] မင်းကိုယုံတယ်။
[၈၈.၁] အမှန်တရား။
[၈၈.၂] အမှန်တရား။
ဇာတ်သိမ်း[၈၉] အဆုံးသတ်။
ဇာတ္သိမ္း[၈၉] အဆုံးသတ္။
Author's Series.
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၁)
အချပ်ပို: ပြန်အလာကိုစောင့်နေတယ်-(၂)
အချပ်ပို: ပြန်အလာကိုမျှော်နေတယ်-(၃)
Announcement for Unpublishing
ရွှမ်လီ+ကျန်းရွှင်းယီ။

[၅.၁] မိစ္ဆာဘုရင်ရွှမ်လီ။

9.6K 1.5K 9
By Boss_want_to_eat_you

အခန်း(၅) မိစ္ဆာဘုရင်ရွှမ်လီ-(၁)

"ဒါက....သူ့ချစ်ရသူလား။"

ကျန်းရွှင်းယီ၏နှလုံးသားလေးတုန်ရီသွားရကာ သူ့ရခြေလှမ်းတွေကိုရပ်တန့်လိုက်သည်။ ယွင်ရှဲ့နှင့်ကျန်းမော့လုံတို့ပင်စကားပြောတာရပ်သွားသည်။

သီချင်းသံက တဖြည်းဖြည်းနီးကပ်လာရင်းဖြင့် လူစုတစ်စုကလည်းလမ်းလျှောက်လာနေသည်။ ထိုလူအုပ်ကိုဦးဆောင်လာသည့်လူတွင် အဖြူရောင်ဆံပင်ရှိပြီး အနီရောင်ဝတ်ရုံရှည်ကိုဝတ်ထားသည်။ သူ၏မျက်နှာပုံသဏ္ဍာန်ကား ရှင်းလင်းပီသထင်ရှားသည်။ သူ၏မျက်လုံးထောင့်မှာမူ ထိန်းမနိုင်သိမ်းမနိုင်၊ ကောက်ကျစ်ဆိုးသွမ်းသောလေထုရှိနေသည်။ သူ့အကျီကော်လံတစ်ဖက်ကိုထောင်ထားလျက်ရှိပြီး သူ့၏အသွင်အပြင်ကား အနည်းငယ်ထူးခြားပြီး ရယ်စရာကောင်းသည့်ပုံ​ပေါက်သည်။ သူကား ထုံးစံအတိုင်းပင် မိစ္ဆာဂူထဲ၌သေဆုံးပြီးသားဖြစ်သည့်မိစ္ဆာဘုရင်ရွှမ်လီဖြစ်ပေ၏။

ရွှမ်လီကအနီးတဝိုက်ကိုကြည့်ကာ ကျယ်လောင်စွာရယ်မောလိုက်သည်။
"ဂိုဏ်းဆရာယွင်..မတွေ့တာကြာပြီနော်။ ဒါနဲ့မင်းဘာလို့ဒီလိုပုံစံဖြစ်သွားရတာလဲ။ မင်းကိုဒီလိုပုံစံနဲ့တွေ့လိုက်ရတာက ငါ့ဒေါသတွေကိုချက်ချင်းငြိမ်းအေးသွားစေတာပဲ။"
သူကပြုံး၍ ကျန်းမိုလုံကိုလှည့်ကြည့်လိုက်သည်။ ဒါပေမယ့် သူတစ်ခုခုပြောရန်ပြင်လိုက်ချိန်တွင် သူရုတ်တရက်အေးခဲသွားရပြီး သူလူမှားသွားမှန်းသိလိုက်သည်။ သူကယွင်ရှဲ့ကိုကြည့်၍ဆိုသည်။
"မင်းရဲ့အဲ့ဒီ့ညီအစ်ကိုကောင်းရောဘယ်ရောက်သွားလဲ။ အကြီးဆုံးကျန်းသခင်လေး၊ ကျန်းရွှင်းယီလေ?"

ယွင်ရှဲ့၏မျက်နှာအရောင်တစ်ချက်ပြောင်းသွားကာ စကားမပြောပေ။ သူ့ဘေးမှာရှိဂိုဏ်းသားကား ယွင်ရှဲ့၏အမာခံပရိသတ်ဟု ကျန်းရွှင်းယီပြောခဲ့သည့်ကောင်လေးဖြစ်ပေသည်။ ဒီအချိန်မှာတော့ သူ့ဒဏ်ရာကရှိနေတုန်းဖြစ်သည်။ အမာရွတ်ကလည်းမပျောက်သေးသည့်တိုင် သူ့ဒဏ်ရာကိုမေ့သွားပြီးဖြစ်ကာ ကျယ်လောင်စွာပြန်ဖြေလာသည်။
"ကျန်းရွှင်းယီက သူ့ရဲ့တပည့်တွေကိုစွန့်ပစ်ပြီးတော့ ငါတို့ဂိုဏ်းချုပ်ကိုထိခိုက်အောင်လုပ်ဖို့ မိစ္ဆာတွေကိုကူညီခဲ့တယ်လေ။ ငါတို့ဆရာကသူ့ကိုချေမှုန်းခဲ့ပြီးပြီ! မင်းမိစ္ဆာလူဆိုးကောင်၊ မင်းနောင်တရဖို့ငြင်းဆန်ရင် မင်းလည်းသူ့လိုပဲအဆုံးသတ်ရလိမ့်မယ်!"

သူထိုသို့ပြောလိုက်ရာ ကျန်းမိုလုံ၏အနောက်မှာရှိသည့်လင်းယင်ဂိုဏ်းသားများအားလုံးက သူ့ကိုဒေါသတကြီးစိုက်ကြည့်လိုက်ကြပြီး တချို့ဆိုရင်ဓားပင်ဆွဲထုတ်နေကြသည်။ သို့ပေမဲ့ ကျန်းမိုလုံကတားလိုက်သည်။ ရွှမ်လီ၏မျက်နှာထားကအေးခဲသွားကာ ခဏအကြာတွင်သူပြောလိုက်သည်။
"မင်း.....ဘာပြောလိုက်တယ်?"

ကောင်လေးကမျက်နှာသေဖြင့်ကြည့်လာသည်။ ရွှမ်လီကသူ့ဆီမှအဖြေမရသဖြင့် ထပ်မေးသည်။
"ဘယ်သူသေသွားတာလဲ။ ကျန်းရွှင်းယီလား။ ကျန်းရွှင်းယီသေသွားပြီလား။"

သူ့အသံကကျယ်သထက်ကျယ်လာကာ လူတွေ၏နားထဲတွင်ပဲ့တင်သံထပ်နေရော့သည်။ လူစုကြီးကရွှမ်လီ၏ဖိအားသက်ရောက်မှုကိုခံစားနေကြရကာ မည်သူကမှသူ့ကိုပြန်မဖြေပေ။

အဆုံးတွင် ရွှမ်လီကသွေးရူးသွေးတန်းထရယ်တော့သည်။
"ဟားဟားဟားဟား! ကောင်းသောသေခြင်း! ကောင်းသောသေခြင်းပဲ!"
သူယွင်ရှဲ့ကိုကြည့်လိုက်သည်။
"အဲ့ကောင်လေးကအမြဲတမ်း ရိုင်းစိုင်းတယ်၊ မောက်မာတယ်၊ ပြီးတော့ သူ့သိက္ခာနဲ့မတန်တာကိုလုပ်တယ်။ မိစ္ဆာဘုရင်အနေနဲ့ အဲ့ကောင်လေးက မိစ္ဆာတွေဆီကနေအကူအညီတောင်းတယ်ဆိုတာကို ငါတကယ်မသိခဲ့ဘူးပဲ! စိတ်ဝင်စားစရာပဲ! အရမ်းကို စိတ်ဝင်စားဖို့ကောင်းတယ်!"

ဤကဲ့သို့ရွှမ်လီ၏ ပါးစပ်မှလှောင်ပြောင်သည့်စကားတွေတရစပ်ပြောနေတာကိုမြင်လိုက်ရရင်း ကျန်းရွှင်းယီအံ့အားသင့်မိသည်။ သို့သော် သူ၏စာအုပ်ဇာတ်ကြောင်းကိုနားလည်နိုင်စွမ်းမှာ သူသေဆုံးတဲ့အချိန်တွင်ရပ်သွားသည်။ ရွှမ်လီကတကယ်ပဲပြန်လည်ရှင်သန်လာတာလား၊ ယွင်ရှဲ့ကရောအမှန်တရားကိုရှာဖွေအုံးမှာလား...
သူမသိတော့ပေ။ ရွှမ်လီကိုသွားတားရင်ကောင်းမလားဟု တစ်ခဏလောက်တုံ့ဆိုင်းနေပြီးနောက်တွင် သူကရွှမ်လီကိုစကားပြောဖို့ခွင့်ပြုပြီးနေပြီဖြစ်သည်။

ယွင်ရှဲ့သူ့လက်ထဲကဓားကိုခပ်တင်းတင်းဆုပ်လိုက်မိသည်။ လတ်ဆတ်သောသွေးကငွေဖြူရောင်ဓားသွားကိုဖြတ်၍ အက်နေသည့်ကျားပါစပ်အတွင်းကိုကျဆင်းသွားသည်။ မျက်စိလျင်တဲ့သူတွေသာလျှင် ထိုဓားကကျန်းရွှင်းယီ၏ကိုယ်ပိုင်ဓား'ဖျက်ဆီးရေးပန်းကလေး(မဲ့ဟွား)'ဆိုတာကို သိပေလိမ့်မည်။ ယွင်ရှဲ့၏ကိုယ်ပိုင်ဓား'တောက်ပသောမြစ်(မင်ဟဲ့)'ဘယ်ရောက်သွားသလဲဆိုတာကတော့ သိပ်ပြီးမရှင်းလင်းပေ။

သူ့နှုတ်ခမ်းကတစ်ခုခုပြောဖို့လှုပ်ရှားသွားပေမဲ့ သူ့အသံကအလွန်အက်ကွဲနေသဖြင့် မကြားရပေ။ သူ့ဘေးရှိတပည့်ကဘာသာပြန်ပေးသည်။
"မင်းဘာကိုဆိုလိုတာလဲ"

ရွှမ်လီရယ်နေတာကိုရုတ်တရက်ရပ်လိုက်သည်။ သူ့မျက်နှာကဒေါသတကြီးရှုံ့မဲ့သွားသည်။
"ဟမ့်၊ စိတ်ဝိညာဥ်စင်မြင့်ရဲ့ကျောက်စိမ်းညီနောင်မှာ တစ်ယောက်ပဲကျန်တော့တာလေ။ ငါကဒါကိုဘာလို့အကျိုးရှိအောင်အသုံးမချရမှာလဲ။ ဒီမှာရှိတဲ့လူတွေထဲက တစ်ယောက်မှအသက်ရှင်လျက်ထွက်သွားဖို့မစဥ်းစားတာပိုကောင်းမယ်။ ငါပြောချင်တာအဲ့ဒါပဲ!"

ကျန်းမော့လုံကဝိညာဥ်ဖျက်ဆီးသည့်အစီအရင်အိတ်ကို သူ့လက်ထဲတွင်ထပ်မံဆုပ်ကိုင်လိုက်ရင်း အေးစက်စွာဆိုသည်။
"ငါအဲ့လိုလုပ်ဖို့ရည်ရွယ်ထားတာ!"

သူ စကားပြော၍မပြီးခင်မှာဘဲ အံ့သြမှုကြောင့်တွန့်ဆုတ်သွားခဲ့သည် -- သူ့ညာဘက်လက်ကဓားကိုမဆွဲထုတ်ရသေးပေမဲ့ ရုတ်တရက်ပသူ့ဘယ်လက်ထဲမှာဘာမှမရှိတော့ပေ။ တစ်ယောက်ယောက်က ဝိညာဥ်ဖျက်ဆီးတဲ့အစီအရင်အိတ်ကို လူတိုင်းရဲ့မျက်ဝန်းအောက်မှာတကယ်ကြီးခိုးသွားရဲတယ်!
ထို့နောက်ချက်ချင်းပင်၊ သူ့နောက်စိဖြတ်ရိုက်ခံလိုက်ရပြီး နာတော့မနာပေမယ့် ထိုနေရာကတော့ချက်ချင်းဆိုသလိုနီရဲသွားသည်။

ကျန်းမော့လုံ၏ဂုဏ်သတင်းကျော်ကြားမှုကား ကျန်းရွှင်းယီထက်အနည်းငယ်နိမ့်တယ်ဆိုသော်ငြားလည်း အဲ့ဒါက သူ၏အေးစက်ပြီး ရန်လိုတတ်သောပင်ကိုစရိုက်ကြောင့်ရော၊ ကျင့်ကြံတာကိုမရပ်မနားလုပ်တာကြောင့်ရောဖြစ်သည်။ ကိုယ်ခံပညာအကြောင်းပြောရမယ်ဆိုရင်လည်း သူက ယွင်ရှဲ့နှင့်ခြေချောင်းချင်းပင်ယှဥ်ပြိုင်နိုင်လောက်သည်။

သူ့တစ်ဘဝလုံးတွင် မည်သူကမျှသူ့လက်ထဲမှပစ္စည်းကို စွေ့ခနဲခိုးယူသွားနိုင်ခြင်းမရှိပေ။ ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။ ပထမတစ်ခုကား ဤလူသည် သူ့အမူအကျင့်အရလှုပ်ရှားမှုများနှင့် အရမ်းရင်းနှီးနေသောသူဖြစ်လိမ့်မည်။ သို့ပေမယ့် ထိုအခြေအနေမျိုးရှိသူတွေက သေဆုံးကုန်ကြပြီ။ ဒုတိယဖြစ်နိုင်ချေကတော့ ဤလူက မတွေးနိုင်လောက်အောင်စွမ်းအားကြီးမားသူဖြစ်ပေလိမ့်မည်။

ကျန်းမော့လုံရင်ထဲတွင်ငလျင်လှုပ်နေပေမဲ့ သူ့မျက်နှာတွင်မူ ရေခဲတမျှစူးရှသောအကြည့်တွေရှိနေတုန်းပင်။ သူခေါင်းမော့၍ ဤတိုက်ခိုက်သူ၏ရုပ်ရည်သွင်ပြင်ကိုကြည့်ချင်နေမိသည်။

......သူသေချာမမြင်ရပေ။

ကျန်းရွှင်းယီ၏သွေးများပေကျံနေကာ ညစ်ပေရှုပ်ပွနေသောမျက်နှာကိုမျက်နှာချင်းဆိုင်ရင်း မျက်လုံးစူးရှသောလူပင် ဤလူ၏မျက်နှာအစစ်ကိုကြည့်ရတာခက်ခဲပေလိမ့်မည်။

ကျန်းမော့လုံ:"......"
'ဒါကဘယ်လိုကြက်သီးထချင်စရာအရာမျိုးကြီးလဲ?!'

တစ်ချိန်တည်း၌၊ သူ့အနောက်မှာရှိသည့်လူတွေက အဖြစ်အပျက်အလုံးစုံတွေကိုမသိဘဲ စူးစူးဝါးဝါးစတင်အော်ဟစ်တော့သည်။
"မင်းငမိုက်သား ၊ မင်းဘယ်ကလာတာလဲ။ မြန်မြန်ပျောက်ကွယ်သွားစမ်းပါ!"

"အမှန်ပဲ! မင်းကဒီမှာပြဿနာလာရှာရဲသေးတယ်! ဒီကောင်ကတော့ရူးနေပြီး အသက်ရှင်ရတာပင်ပန်းနေပြီထင်တယ်!"

လက်တစ်ဖက်ကိုနောက်ပစ်ထားပြီး နောက်လက်တစ်ဖက်ကတော့ ဝိညာဥ်ဖျက်ဆီးရေးအစီအရင်အိတ်ကို သူ့ရှေ့မှာလှုပ်ပြလိုက်သည်။ သူဖြည်းဖြည်းချင်းပြောလိုက်သည်။
"တကယ်လို့ ငါသာမင်းဆိုရင် သေစေနိုင်တဲ့လက်နက်ကိုကိုင်ထားတဲ့ပြိုင်ဘက်ကို ဘယ်တော့မှရိုင်းရိုင်းစိုင်းစိုင်းပြောမှာမဟုတ်ဘူးနော်။ အခုလိုမျိုးလက်ရှိအခြေအနေအစစ်အမှန်ကို လုံးဝလျစ်လျူရှူထားတော့.... အဆုံးမှာတကယ်ရူးနေတဲ့သူကဘယ်သူလဲ?"

ထိုစကားလုံးများက လူတွေကိုတိတ်ဆိတ်သွားစေသည်။

ယွင်ရှဲ့၏အနောက်မှလူရိပ်နှစ်ခုထွက်လာကာ ကျန်းရွှင်းယီကိုနှစ်ဖက်လုံးမှတိုက်ခိုက်လျက် စူးဝါးစွာအော်သည်။
"ကလေးကလားနိုင်တဲ့လူပြက်! ကောင်းကင်ဘုံနဲ့ကမ္ဘာမြေကြီးကကြီးမားတယ်ဆိုတာကို မင်းမသိဘူးလား။ မင်းလက်ထဲကဟာကို မြန်မြန်အောက်ချလိုက်စမ်း!"

ကျန်းရွှင်းယီကလေးနက်သည့်အမူအရာကို မပြောင်းလဲခင်တွင် သူအကျယ်ကြီးအော်ရယ်လိုက်မိသည်။ သူ့ဝတ်ရုံလက်ကိုလှုပ်ယမ်းလိုက်ကာ အော်ပြောသည်။
"သွားစမ်း!"

လူနှစ်ယောက်ကကျန်းရွှင်းယီ၏အနားကိုမရောက်ခင်တွင် ကြီးမားသောဝိညာဥ်စွမ်းအင်လှိုင်းတစ်ခုကြောင့် သူတို့အဝေးကိုလွင့်ထွက်သွားခဲ့သည်။ သူတို့ကအဝေးကိုလိမ့်ထွက်သွားခဲ့ပြီး အချိန်အတော်ကြာကြာပြန်မထနိုင်သည်အထိမူးဝေသွားကြသည်။

ထိုလူနှစ်ယောက်က အရံအနေနှင့်ခေါ်ထားသည့် သေးငယ်သောကျင့်ကြံရေးဂိုဏ်းတစ်ခုမှဖြစ်ကာ ယန်ရှန်းဂိုဏ်းလက်အောက်မှမဟုတ်ပေ။ ဒီလိုဆုံးမခံရပြီးတဲ့နောက်မှာ သူတို့ကသူတို့ကိုယ်သူတို့အပြစ်တင်နေကြပေမယ့် ယွင်ရှဲ့ကသူတို့ကိုမကြည့်ပေ။ ထိုအစား သူကအရှေ့ကိုနှစ်လှမ်းတိုးလိုက်ကာ ကျန်းရွှင်းယီကိုသာစိုက်ကြည့်လျက်ရှိသည်။ သူကလေးနက်စွာစကားပြောလာသည်။
"မင်း.....ဘယ်သူလဲ"

..............................................................

Translated & Edited by Jlicz
(1795)words

________________________________________________________________

!zawgyi

အခန္း(၅) မိစ္ဆာဘုရင္႐ႊမ္လီ-(၁)

"ဒါက....သူ႕ခ်စ္ရသူလား။"

က်န္း႐ႊင္းယီ၏ႏွလုံးသားေလးတုန္ရီသြားရကာ သူ႕ရေျခလွမ္းေတြကိုရပ္တန့္လိုက္သည္။ ယြင္ရွဲ႕ႏွင့္က်န္းေမာ့လုံတို႔ပင္စကားေျပာတာရပ္သြားသည္။

သီခ်င္းသံက တျဖည္းျဖည္းနီးကပ္လာရင္းျဖင့္ လူစုတစ္စုကလည္းလမ္းေလွ်ာက္လာေနသည္။ ထိုလူအုပ္ကိုဦးေဆာင္လာသည့္လူတြင္ အျဖဴေရာင္ဆံပင္ရွိၿပီး အနီေရာင္ဝတ္႐ုံရွည္ကိုဝတ္ထားသည္။ သူ၏မ်က္ႏွာပုံသ႑ာန္ကား ရွင္းလင္းပီသထင္ရွားသည္။ သူ၏မ်က္လုံးေထာင့္မွာမူ ထိန္းမနိုင္သိမ္းမနိုင္၊ ေကာက္က်စ္ဆိုးသြမ္းေသာေလထုရွိေနသည္။ သူ႕အက်ီေကာ္လံတစ္ဖက္ကိုေထာင္ထားလ်က္ရွိၿပီး သူ႕၏အသြင္အျပင္ကား အနည္းငယ္ထူးျခားၿပီး ရယ္စရာေကာင္းသည့္ပုံေပါက္သည္။ သူကား ထုံးစံအတိုင္းပင္ မိစ္ဆာဂူထဲ၌ေသဆုံးၿပီးသားျဖစ္သည့္မိစ္ဆာဘုရင္႐ႊမ္လီျဖစ္ေပ၏။

႐ႊမ္လီကအနီးတဝိုက္ကိုၾကည့္ကာ က်ယ္ေလာင္စြာရယ္ေမာလိုက္သည္။
"ဂိုဏ္းဆရာယြင္..မေတြ႕တာၾကာၿပီေနာ္။ ဒါနဲ႕မင္းဘာလို႔ဒီလိုပုံစံျဖစ္သြားရတာလဲ။ မင္းကိုဒီလိုပုံစံနဲ႕ေတြ႕လိုက္ရတာက ငါ့ေဒါသေတြကိုခ်က္ခ်င္းၿငိမ္းေအးသြားေစတာပဲ။"
သူကၿပဳံး၍ က်န္းမိုလုံကိုလွည့္ၾကည့္လိုက္သည္။ ဒါေပမယ့္ သူတစ္ခုခုေျပာရန္ျပင္လိုက္ခ်ိန္တြင္ သူ႐ုတ္တရက္ေအးခဲသြားရၿပီး သူလူမွားသြားမွန္းသိလိုက္သည္။ သူကယြင္ရွဲ႕ကိုၾကည့္၍ဆိုသည္။
"မင္းရဲ႕အဲ့ဒီ့ညီအစ္ကိုေကာင္းေရာဘယ္ေရာက္သြားလဲ။ အႀကီးဆုံးက်န္းသခင္ေလး၊ က်န္း႐ႊင္းယီေလ?"

ယြင္ရွဲ႕၏မ်က္ႏွာအေရာင္တစ္ခ်က္ေျပာင္းသြားကာ စကားမေျပာေပ။ သူ႕ေဘးမွာရွိဂိုဏ္းသားကား ယြင္ရွဲ႕၏အမာခံပရိသတ္ဟု က်န္း႐ႊင္းယီေျပာခဲ့သည့္ေကာင္ေလးျဖစ္ေပသည္။ ဒီအခ်ိန္မွာေတာ့ သူ႕ဒဏ္ရာကရွိေနတုန္းျဖစ္သည္။ အမာ႐ြတ္ကလည္းမေပ်ာက္ေသးသည့္တိုင္ သူ႕ဒဏ္ရာကိုေမ့သြားၿပီးျဖစ္ကာ က်ယ္ေလာင္စြာျပန္ေျဖလာသည္။
"က်န္း႐ႊင္းယီက သူ႕ရဲ႕တပည့္ေတြကိုစြန့္ပစ္ၿပီးေတာ့ ငါတို႔ဂိုဏ္းခ်ဳပ္ကိုထိခိုက္ေအာင္လုပ္ဖို႔ မိစ္ဆာေတြကိုကူညီခဲ့တယ္ေလ။ ငါတို႔ဆရာကသူ႕ကိုေခ်မႈန္းခဲ့ၿပီးၿပီ! မင္းမိစ္ဆာလူဆိုးေကာင္၊ မင္းေနာင္တရဖို႔ျငင္းဆန္ရင္ မင္းလည္းသူ႕လိုပဲအဆုံးသတ္ရလိမ့္မယ္!"

သူထိုသို႔ေျပာလိုက္ရာ က်န္းမိုလုံ၏အေနာက္မွာရွိသည့္လင္းယင္ဂိုဏ္းသားမ်ားအားလုံးက သူ႕ကိုေဒါသတႀကီးစိုက္ၾကည့္လိုက္ၾကၿပီး တခ်ိဳ႕ဆိုရင္ဓားပင္ဆြဲထုတ္ေနၾကသည္။ သို႔ေပမဲ့ က်န္းမိုလုံကတားလိုက္သည္။ ႐ႊမ္လီ၏မ်က္ႏွာထားကေအးခဲသြားကာ ခဏအၾကာတြင္သူေျပာလိုက္သည္။
"မင္း.....ဘာေျပာလိုက္တယ္?"

ေကာင္ေလးကမ်က္ႏွာေသျဖင့္ၾကည့္လာသည္။ ႐ႊမ္လီကသူ႕ဆီမွအေျဖမရသျဖင့္ ထပ္ေမးသည္။
"ဘယ္သူေသသြားတာလဲ။ က်န္း႐ႊင္းယီလား။ က်န္း႐ႊင္းယီေသသြားၿပီလား။"

သူ႕အသံကက်ယ္သထက္က်ယ္လာကာ လူေတြ၏နားထဲတြင္ပဲ့တင္သံထပ္ေနေရာ့သည္။ လူစုႀကီးက႐ႊမ္လီ၏ဖိအားသက္ေရာက္မႈကိုခံစားေနၾကရကာ မည္သူကမွသူ႕ကိုျပန္မေျဖေပ။

အဆုံးတြင္ ႐ႊမ္လီကေသြး႐ူးေသြးတန္းထရယ္ေတာ့သည္။
"ဟားဟားဟားဟား! ေကာင္းေသာေသျခင္း! ေကာင္းေသာေသျခင္းပဲ!"
သူယြင္ရွဲ႕ကိုၾကည့္လိုက္သည္။
"အဲ့ေကာင္ေလးကအၿမဲတမ္း ရိုင္းစိုင္းတယ္၊ ေမာက္မာတယ္၊ ၿပီးေတာ့ သူ႕သိကၡာနဲ႕မတန္တာကိုလုပ္တယ္။ မိစ္ဆာဘုရင္အေနနဲ႕ အဲ့ေကာင္ေလးက မိစ္ဆာေတြဆီကေနအကူအညီေတာင္းတယ္ဆိုတာကို ငါတကယ္မသိခဲ့ဘူးပဲ! စိတ္ဝင္စားစရာပဲ! အရမ္းကို စိတ္ဝင္စားဖို႔ေကာင္းတယ္!"

ဤကဲ့သို႔႐ႊမ္လီ၏ ပါးစပ္မွေလွာင္ေျပာင္သည့္စကားေတြတရစပ္ေျပာေနတာကိုျမင္လိုက္ရရင္း က်န္း႐ႊင္းယီအံ့အားသင့္မိသည္။ သို႔ေသာ္ သူ၏စာအုပ္ဇာတ္ေၾကာင္းကိုနားလည္နိုင္စြမ္းမွာ သူေသဆုံးတဲ့အခ်ိန္တြင္ရပ္သြားသည္။ ႐ႊမ္လီကတကယ္ပဲျပန္လည္ရွင္သန္လာတာလား၊ ယြင္ရွဲ႕ကေရာအမွန္တရားကိုရွာေဖြအုံးမွာလား...
သူမသိေတာ့ေပ။ ႐ႊမ္လီကိုသြားတားရင္ေကာင္းမလားဟု တစ္ခဏေလာက္တုံ႕ဆိုင္းေနၿပီးေနာက္တြင္ သူက႐ႊမ္လီကိုစကားေျပာဖို႔ခြင့္ျပဳၿပီးေနၿပီျဖစ္သည္။

ယြင္ရွဲ႕သူ႕လက္ထဲကဓားကိုခပ္တင္းတင္းဆုပ္လိုက္မိသည္။ လတ္ဆတ္ေသာေသြးကေငြျဖဴေရာင္ဓားသြားကိုျဖတ္၍ အက္ေနသည့္က်ားပါစပ္အတြင္းကိုက်ဆင္းသြားသည္။ မ်က္စိလ်င္တဲ့သူေတြသာလွ်င္ ထိုဓားကက်န္း႐ႊင္းယီ၏ကိုယ္ပိုင္ဓား'ဖ်က္ဆီးေရးပန္းကေလး(မဲ့ဟြား)'ဆိုတာကို သိေပလိမ့္မည္။ ယြင္ရွဲ႕၏ကိုယ္ပိုင္ဓား'ေတာက္ပေသာျမစ္(မင္ဟဲ့)'ဘယ္ေရာက္သြားသလဲဆိုတာကေတာ့ သိပ္ၿပီးမရွင္းလင္းေပ။

သူ႕ႏႈတ္ခမ္းကတစ္ခုခုေျပာဖို႔လႈပ္ရွားသြားေပမဲ့ သူ႕အသံကအလြန္အက္ကြဲေနသျဖင့္ မၾကားရေပ။ သူ႕ေဘးရွိတပည့္ကဘာသာျပန္ေပးသည္။
"မင္းဘာကိုဆိုလိုတာလဲ"

႐ႊမ္လီရယ္ေနတာကို႐ုတ္တရက္ရပ္လိုက္သည္။ သူ႕မ်က္ႏွာကေဒါသတႀကီးရႈံ႕မဲ့သြားသည္။
"ဟမ့္၊ စိတ္ဝိညာဥ္စင္ျမင့္ရဲ႕ေက်ာက္စိမ္းညီေနာင္မွာ တစ္ေယာက္ပဲက်န္ေတာ့တာေလ။ ငါကဒါကိုဘာလို႔အက်ိဳးရွိေအာင္အသုံးမခ်ရမွာလဲ။ ဒီမွာရွိတဲ့လူေတြထဲက တစ္ေယာက္မွအသက္ရွင္လ်က္ထြက္သြားဖို႔မစဥ္းစားတာပိုေကာင္းမယ္။ ငါေျပာခ်င္တာအဲ့ဒါပဲ!"

က်န္းေမာ့လုံကဝိညာဥ္ဖ်က္ဆီးသည့္အစီအရင္အိတ္ကို သူ႕လက္ထဲတြင္ထပ္မံဆုပ္ကိုင္လိုက္ရင္း ေအးစက္စြာဆိုသည္။
"ငါအဲ့လိုလုပ္ဖို႔ရည္႐ြယ္ထားတာ!"

သူ စကားေျပာ၍မၿပီးခင္မွာဘဲ အံ့ၾသမႈေၾကာင့္တြန့္ဆုတ္သြားခဲ့သည္ -- သူ႕ညာဘက္လက္ကဓားကိုမဆြဲထုတ္ရေသးေပမဲ့ ႐ုတ္တရက္ပသူ႕ဘယ္လက္ထဲမွာဘာမွမရွိေတာ့ေပ။ တစ္ေယာက္ေယာက္က ဝိညာဥ္ဖ်က္ဆီးတဲ့အစီအရင္အိတ္ကို လူတိုင္းရဲ႕မ်က္ဝန္းေအာက္မွာတကယ္ႀကီးခိုးသြားရဲတယ္!
ထို႔ေနာက္ခ်က္ခ်င္းပင္၊ သူ႕ေနာက္စိျဖတ္ရိုက္ခံလိုက္ရၿပီး နာေတာ့မနာေပမယ့္ ထိုေနရာကေတာ့ခ်က္ခ်င္းဆိုသလိုနီရဲသြားသည္။

က်န္းေမာ့လုံ၏ဂုဏ္သတင္းေက်ာ္ၾကားမႈကား က်န္း႐ႊင္းယီထက္အနည္းငယ္နိမ့္တယ္ဆိုေသာ္ျငားလည္း အဲ့ဒါက သူ၏ေအးစက္ၿပီး ရန္လိုတတ္ေသာပင္ကိုစရိုက္ေၾကာင့္ေရာ၊ က်င့္ႀကံတာကိုမရပ္မနားလုပ္တာေၾကာင့္ေရာျဖစ္သည္။ ကိုယ္ခံပညာအေၾကာင္းေျပာရမယ္ဆိုရင္လည္း သူက ယြင္ရွဲ႕ႏွင့္ေျခေခ်ာင္းခ်င္းပင္ယွဥ္ၿပိဳင္နိုင္ေလာက္သည္။

သူ႕တစ္ဘဝလုံးတြင္ မည္သူကမွ်သူ႕လက္ထဲမွပစၥည္းကို ေစြ႕ခနဲခိုးယူသြားနိုင္ျခင္းမရွိေပ။ ျဖစ္နိုင္ေခ်ႏွစ္ခုသာရွိသည္။ ပထမတစ္ခုကား ဤလူသည္ သူ႕အမူအက်င့္အရလႈပ္ရွားမႈမ်ားႏွင့္ အရမ္းရင္းႏွီးေနေသာသူျဖစ္လိမ့္မည္။ သို႔ေပမယ့္ ထိုအေျခအေနမ်ိဳးရွိသူေတြက ေသဆုံးကုန္ၾကၿပီ။ ဒုတိယျဖစ္နိုင္ေခ်ကေတာ့ ဤလူက မေတြးနိုင္ေလာက္ေအာင္စြမ္းအားႀကီးမားသူျဖစ္ေပလိမ့္မည္။

က်န္းေမာ့လုံရင္ထဲတြင္ငလ်င္လႈပ္ေနေပမဲ့ သူ႕မ်က္ႏွာတြင္မူ ေရခဲတမွ်စူးရွေသာအၾကည့္ေတြရွိေနတုန္းပင္။ သူေခါင္းေမာ့၍ ဤတိုက္ခိုက္သူ၏႐ုပ္ရည္သြင္ျပင္ကိုၾကည့္ခ်င္ေနမိသည္။

......သူေသခ်ာမျမင္ရေပ။

က်န္း႐ႊင္းယီ၏ေသြးမ်ားေပက်ံေနကာ ညစ္ေပရႈပ္ပြေနေသာမ်က္ႏွာကိုမ်က္ႏွာခ်င္းဆိုင္ရင္း မ်က္လုံးစူးရွေသာလူပင္ ဤလူ၏မ်က္ႏွာအစစ္ကိုၾကည့္ရတာခက္ခဲေပလိမ့္မည္။

က်န္းေမာ့လုံ:"......"
'ဒါကဘယ္လိုၾကက္သီးထခ်င္စရာအရာမ်ိဳးႀကီးလဲ?!'

တစ္ခ်ိန္တည္း၌၊ သူ႕အေနာက္မွာရွိသည့္လူေတြက အျဖစ္အပ်က္အလုံးစုံေတြကိုမသိဘဲ စူးစူးဝါးဝါးစတင္ေအာ္ဟစ္ေတာ့သည္။
"မင္းငမိုက္သား ၊ မင္းဘယ္ကလာတာလဲ။ ျမန္ျမန္ေပ်ာက္ကြယ္သြားစမ္းပါ!"

"အမွန္ပဲ! မင္းကဒီမွာျပႆနာလာရွာရဲေသးတယ္! ဒီေကာင္ကေတာ့႐ူးေနၿပီး အသက္ရွင္ရတာပင္ပန္းေနၿပီထင္တယ္!"

လက္တစ္ဖက္ကိုေနာက္ပစ္ထားၿပီး ေနာက္လက္တစ္ဖက္ကေတာ့ ဝိညာဥ္ဖ်က္ဆီးေရးအစီအရင္အိတ္ကို သူ႕ေရွ႕မွာလႈပ္ျပလိုက္သည္။ သူျဖည္းျဖည္းခ်င္းေျပာလိုက္သည္။
"တကယ္လို႔ ငါသာမင္းဆိုရင္ ေသေစနိုင္တဲ့လက္နက္ကိုကိုင္ထားတဲ့ၿပိဳင္ဘက္ကို ဘယ္ေတာ့မွရိုင္းရိုင္းစိုင္းစိုင္းေျပာမွာမဟုတ္ဘူးေနာ္။ အခုလိုမ်ိဳးလက္ရွိအေျခအေနအစစ္အမွန္ကို လုံးဝလ်စ္လ်ဴရႉထားေတာ့.... အဆုံးမွာတကယ္႐ူးေနတဲ့သူကဘယ္သူလဲ?"

ထိုစကားလုံးမ်ားက လူေတြကိုတိတ္ဆိတ္သြားေစသည္။

ယြင္ရွဲ႕၏အေနာက္မွလူရိပ္ႏွစ္ခုထြက္လာကာ က်န္း႐ႊင္းယီကိုႏွစ္ဖက္လုံးမွတိုက္ခိုက္လ်က္ စူးဝါးစြာေအာ္သည္။
"ကေလးကလားနိုင္တဲ့လူျပက္! ေကာင္းကင္ဘုံနဲ႕ကမၻာေျမႀကီးကႀကီးမားတယ္ဆိုတာကို မင္းမသိဘူးလား။ မင္းလက္ထဲကဟာကို ျမန္ျမန္ေအာက္ခ်လိဳက္စမ္း!"

က်န္း႐ႊင္းယီကေလးနက္သည့္အမူအရာကို မေျပာင္းလဲခင္တြင္ သူအက်ယ္ႀကီးေအာ္ရယ္လိုက္မိသည္။ သူ႕ဝတ္႐ုံလက္ကိုလႈပ္ယမ္းလိုက္ကာ ေအာ္ေျပာသည္။
"သြားစမ္း!"

လူႏွစ္ေယာက္ကက်န္း႐ႊင္းယီ၏အနားကိုမေရာက္ခင္တြင္ ႀကီးမားေသာဝိညာဥ္စြမ္းအင္လွိုင္းတစ္ခုေၾကာင့္ သူတို႔အေဝးကိုလြင့္ထြက္သြားခဲ့သည္။ သူတို႔ကအေဝးကိုလိမ့္ထြက္သြားခဲ့ၿပီး အခ်ိန္အေတာ္ၾကာၾကာျပန္မထနိုင္သည္အထိမူးေဝသြားၾကသည္။

ထိုလူႏွစ္ေယာက္က အရံအေနႏွင့္ေခၚထားသည့္ ေသးငယ္ေသာက်င့္ႀကံေရးဂိုဏ္းတစ္ခုမွျဖစ္ကာ ယန္ရွန္းဂိုဏ္းလက္ေအာက္မွမဟုတ္ေပ။ ဒီလိုဆုံးမခံရၿပီးတဲ့ေနာက္မွာ သူတို႔ကသူတို႔ကိုယ္သူတို႔အျပစ္တင္ေနၾကေပမယ့္ ယြင္ရွဲ႕ကသူတို႔ကိုမၾကည့္ေပ။ ထိုအစား သူကအေရွ႕ကိုႏွစ္လွမ္းတိုးလိုက္ကာ က်န္း႐ႊင္းယီကိုသာစိုက္ၾကည့္လ်က္ရွိသည္။ သူကေလးနက္စြာစကားေျပာလာသည္။
"မင္း.....ဘယ္သူလဲ"

..............................................................

Translated & Edited by Jlicz
(1785)words

________________________________________________________________

Continue Reading

You'll Also Like

88.6K 8.1K 8
[Both Zawgyi and Unicode] ဒုတိယႀကိမ္ အခြင့္အေရးဆိုတာကိုသာ ရရင္...
500K 83K 128
Author: ကျွေ့ယို့ဟောဖန် Total: 118Chapters+4Extras မိတ်ဆက်စာသား: "ဇာတ်ကြောင်းပြန်လည်ရေးသားပြီးသော် အဓိကဇာတ်ဆောင်ရောင်ဝါကားပြန်ရောက်လာခဲ့ပေ၏။" အဓိကဇာတ...
486K 72.8K 149
||Completed|| ရှဲ့ကျစ် မထင်မှတ်ပဲ သူသေဆုံးပြီး ဇာတ်လိုက်ရဲ့မှတ်ဉာဏ်တွေမှာသာ တွေ့ရတဲ့ သေဆုံးပြီးသား ကျေးဇူးရှင် ဇာတ်ကောင်ကြီး အဖြစ်ဝတ္ထုထဲသို့ ကူးပြော...
524K 86.1K 186
Title : Modu/Slient Reading Author: Priest MC: Luo Wenzhou × Feidu myanmar translation Chapters 180+5 extras