ကင်မ်ထယ်ယောင်း
သူနဲ့ ကျွန်တော်မတွေ့တာ နစ်နစ်ကျော်မှာ ကျွန်တော်ဟာ သူမရှိရင် အသက်မရှင်နိင်ခဲ့ဖူးလို ထင်ခဲ့မိတယ် ။ သူနဲ့ကျွန်တော် လမ်းခွဲပြီး သုံးလအတွင်းမှာ ကျွန်တော် အရက်သမားကြီး လုံးလုံးဖြစ်သွားတာပဲ ။ သူမကြိုက်ဖူးလို့ ပြောခဲ့ပေမယ့် သူနဲ့ လမ်းခွဲပြီးမှ ပြန်သုံးလာတဲ့ အရက်နဲ့ဆေးလိပ် ၊ နေ့စဉ်နေ့တိုင်းပဲ
ဒယ်ဒီက သူဘာသူနေတာကြောင့် ကျွန်တော်အခြေအနေကို သတိမထားမိခဲ့ပေ။ ဒယ်ဒီက ကျွန်တော့်ကို ဂရုစိုက်ဖူးလို့လဲ ...? ။
ကျွန်တော်အခုထိ သူနဲ့ ပတ်သက်တဲ့အရာအားလုံးကို သိမ်းထားတုန်းပဲ.... အတူရိုက်ဖူးခဲ့တဲ့ ဓာတ်ပုံ သူပေးဖူးတဲ့ မွေးနေ့လက် ဆောင် ။ ကျွန်တော်တို့ ချစ်သူသက်တမ်းအတွက် ပေးတဲ့လက်ဆောင် သေးသေးလေးက အစ ကျွန်တော် သိမ်းထားသည်။ ဒီနေ့အထိ မမေ့သေးတာ သူ့ကို သိစေချင်တယ် ။
သူကျွန်တော်နဲ့ လမ်းခွဲပြီး နစ်ပတ်အတွင်း ကိုရီးယားကို ပြန်သွားလေသည်။ နောက်ဆုံး သူကျွန်တော်အတွက် ပေးလိုက်တဲ့ လက်ဆောင်က ဖိတ်စာ ...လက်ထပ်ဖိတ်စာနဲ့ စာလေး တစ်စောင်....။
" ငါက မကောင်းတဲ့ကောင်မို့ မင်းခံစားမနေပါနဲ့ ငါထက်သာတဲ့သူနဲ့ မင်းတွေ့ရင် ချစ်မှာပါ တစ်ချိန်က မင်းရဲ့ သူငယ်ချင်း...."
ဂျီမင်"
နောက်တစ်ယောက်ကို ချစ်မှာပါတဲ့လား ဂျီမင်ရယ် ...ငါ့အချစ်တွေ ငါ့နှလုံ့းသားကိုမင်းပဲ အကုန်ယူသွားပြီးတော့ ငါက ဘယ်သူကို ထပ်ချစ်ရမှာလဲ... မင်းမဟုတ်တဲ့သူကို ငါမချစ်ချင်ဖူး။ အဲဒါ မင်းအပေါ် ထားတဲ့ ငါရဲ့ချစ်ခြင်းတရားတွေပဲ ....။
ထယ်ယောင်း အခန်းထဲမှာ စီးကရက်လေး ဖွာရင် ဂျီမင်အပုံလေး ကြည့်ရင် ဖုန်းက ထမြည်လာသည်။ ဖုန်းကိုင်ကြည့်တော့ ဂျက်စတင်.... ထယ်ယောင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ...
"ဟဲလို ထယ်ယောင်းလား...?"
" အင်း ဒါနဲ့ မင်း ကိုရီးယားသွားနေတယ်ဆို"
" ဟုတ်တယ် အဲဒါက အရေးမကြီးဘူး ငါအခုဆက်တာကမှ အရေးကြီးတယ်"
"ဘာဖြစ်လိုလဲ ကိုရီးယားက ကောင်မလေးကို မင်းကြွေနေလို့လား"
"ထယ်ယောင်း ငါအတည်ပြောနေတာ ..အခုက ငါ့ကိစ္စမဟုတ်ဖူး မင်းကိစ္စ "
"ဘာလဲ"
" ဂျီမင်လေ..."
သူနာမည်လေး ကြားရယုံနဲ့တောင်ကျွန်တော်ထိတ်ထိတ်ပြာပြာဖြစ်ပြီး ရင်ခုန်သံတွေ မြန်နေတာ။ ကျွန်တော် သူ့ကို ဒီတစ်သက် မေ့နိင်ပါ့မလားမသိတော့ဘူး ...."
" သူနဲ့ငါက ဘာမှ မဆိုင်တာ သူကသူ့အိမ်ထောင်နဲ့သူ အဆင်ပြေနေတာကို"
" မဟုတ်ဖူး ထယ်ယောင်း မဟုတ်ဘူး ။ ဂျီမင်က အခုထိ ဘယ်သူနဲ့မှ လက်မထပ်ရသေးဘူး...!!"
" ဟင့်....!! "
ကျွန်တော်ကိုအံဩမှင်သက်စေ လေသည်။
ဖိတ်စာပို့ထားတုန်းက ဂျီမင်ရဲ့ နာမည်လေးက သတို့သားနေရာလေးမှာပါ။
" ဟုတ်တယ် ထယ်ယောင်း အဲထက် အရေးကြီးတာက ဂျီမင်ဆေးရုံတက်နေရတယ် ဆိုတာပဲ "
"ဘာ ဟုတ်လိုလား ... မင်း စနေတာလား"
ကျွန်တော် မယုံကြည်နိင်ဘူး သူပျော်နေတယ်လို့ပဲ ထင်နေခဲ့တာလေ။
" ဒါ စ, စရာလား... ငါဆေးရုံကိုလာရင် တွေ့တာ ဂျီမင် အရမ်းကို ပိန်သွားတယ် သူအားသိပ်နည်းနေပုံပဲ"
" ဘာဖြစ်တာလဲ ဂျက်စတင် သူဘာဖြစ်တာလဲ"
" မသိဖူး ငါလဲ မင်းသိသင့်တယ် ထင်လို့ ငါပြောပြတာ။ လူနာတစ်ယောက်ရဲ့ အ ကြောင်းကို အပြင်လူမှ သိလို့မရတာ ။ ထယ်ယောင်း မင်းဘာလုပ်မှာလဲ"
"ငါက ဘာလုပ်ရမှာလဲ "
"မင်းသူ့ကို မတွေ့ချင်ဘူးလား မတွေ့ချင်ဘူးလိုတော့ မပြောနဲ့ မင်းသူ့ကို ဘယ်လောက်ရူးလဲဆိုတာ ငါအသိဆုံး "
ဟုတ်တယ် သူရဲ့ ပတ်သက်ရင် ကျွန်တော်က အရူးတစ်ကောင်ပဲ ဆိုးသွမ်းတဲ့ အချစ်အရူး။
"ငါလာခဲ့မယ် ဒီတစ်ရက်နစ်ရက်အတွင်းရောက်အောင် လာမယ် မင်း သူနဲ့ ပတ်သက်တာ စုံစမ်းထားပေး"
" အေး မင်းလာခဲ့မယ် ဆိုရင် ငါမင်းအတွက် ပြင်ဆင်ထားပေးမယ် ။ အခုတော့ ငါဖုန်းချတော့မယ် "
" အေး ပြီးကော့ အရေးကြီးရင် ငါ့ဆီ ဖုန်ဆက် ဒါပဲ "
နစ်ယောက်ဖုန်းချလိုက်တော့မှ ထယ်ယောင်းတစ်ယောက် တကယ်ကို အရူးကြီး ထင်ရတယ် ။
"ငါ့ကို နေမကောင်းမဖြစ်အောင် နေလို့ အမြဲပြောတဲ့ မင်းက အခု နေမကောင်းဖြစ်နေသတဲ့လား "
ထယ်ယောင်း စဉ်းစားတွေဝေမနေပဲ အွန်လိုင်းကနေ လေယာဉ်လက်မှတ်မှာလိုက်လေသည်။ ကံကောင်းချင်တော့ နောက်နေ့ ချက်ချင်းရတယ်။ ဘီဇာလဲ အဆင်သင့် ရှိနေတာမို့ ထယ်ယောင်း အ၀တ်အစားထဲ လိုအပ်တာလေးတွေကို ပြင်ဆင်လေသည်။
ငါမင်းဆီ လာပြီမို့ မင်း၀မ်းသာမလား ၀မ်းနည်းမှလား ဂျီမင်
🛩️🛩️🛩️🛩️ အမေရိကန်
🛬🛬🛬🛬🛬ကိုရီးယား
ကျွန်တော် မထိတွေ့တာ ကြာပြီ ဖြစ်တဲ့ ကိုရီးယာမြေ လေဆိပ်မှာ ဂျက်စတင် လာကြိုလေသည် ။
"ထယ်ယောင်း ငါ ဒီမှာ"
" အင်း"
" မင်းကလဲ ဘယ်လို ပုံစံကြီး ဖြစ်နေတာလဲ"
"ဘာဖြစ်လိုလဲ အရေးကြီးတာ ငါသူကို တွေ့ရဖို့ပဲ "
" သူတွေ့ရင် မေ့လဲသွားအုန်းမယ် မင်းပုံစံက သူမှတ်မိမယ် ထင်လို့လား"
" တော်တော့ ငါသူကို တွေ့ချင်နေပြီး မင်းသူတက်တဲ့ ဆေးရုံကို သိတယ်မဟုတ်လား "
" အင်း သိတယ် ဟိုတယ်ကိုအရင်မ၀င်ဖူးလား"
" မလိုဖူး ငါသူ့ကို အရင်တွေ့ချင်တယ် "
" ဟုတ်ပြီလေ ငါပို့ပေးမယ် "
ထယ်ယောင်း ဂျက်စတင်ရဲ့ ကားနဲ့ လိုက်လာလေသည်။ သူ မရောက်တာ ကြာပြီး ဖြစ်တဲ့ ကိုရီးယား အနစ် နစ်ဆယ် ကြာပြီ ဆိုတော့ အရမ်းပြောင်းလဲသွားသည် ။ အမေသိပ်ချစ်တဲ့ ကိုရီးယားမြေ.....။
" ထယ်ယောင်း ရောက်ပြီး "
"ဟင့်"
"အင်း ဒါဂျီမင်တက်နေတဲ့ ဆေးရုံပဲ "
နောက်ဆုံးတော့ ကျွန်တော်သူ့ကို တွေ့ရတော့မည်။ အရင်လို အခြေအနေမျိုး မဟုတ်ပေမယ့် ကျွန်တော် သူ့ကို တွေ့ချင်တဲ့ စိတ်ကတော့ ထိန်းမရခဲ့ဘူး။
ဆေးရုံကြီးရဲ့ ဆရာ၀န်ရဲ့ အခန်းမှ ရှိနေတဲ့ ဂျီမင်ရဲ့ ပါးပါးနဲ့ မားမား
ယွန်ဂီ - အဆော့
" ဆရာ ကျွန်တော်တို့ သားရဲ့ အခြေအနေကို သိရပြီလားဟင့် "
" သိရပါပြီး... ဒါပေမယ် စိတ်မကောင်းပါဘူး ။ ရောဂါက ကျွမ်းမှာပဲ သိခဲ့ရလို့ "
"ဗျာ.."
"ရှင်..."
" ဟုတ်တယ် ခင်ဗျားတို့ သိပ်ညံတယ်။ မိဘဖြစ်ပြီး ဒီလိုရောဂါကျွမ်းမှ သိတာ "
" တကယ် မသိခဲ့ဖူး ကျွန်တော်... သားကကျွန်တော့်ကို အမြဲ စိတ်ဆိုးစိတ်နာခဲ့တယ်လို ထင်ခဲ့တယ်။ သူနဲ့ စကားကောင်းကောင်း မပြောရဖူး သူက အခန်းထဲမှပဲ အမြဲနေတက်တယ် သားရဲ့ ရောဂါက ကုလိုမရဖူးနိင်လား ဆရာ"
"ဦးနှောက်ထဲမှာရှိတဲ့ ပင်မအာရုံကြောနဲ့ ဆက်ထားတဲ့အမြင်အာရုံကြောတွေက ကင်ဆာ ဖြစ်နေတာ ။ ဆရာတို့ကတော့ ဒီရောဂါကို Glioblastomaခေါ်တယ် "
" ခွဲစိတ်လို မရဖူးလား ဆရာ "
"ဦးနှောက်အကြိတ်အားလုံးက အသက်အန္တရာယ် ရှိတဲ့ ဟာတွေပဲ ဒီဟာကတော့ အဆိုးဆုံးပါ ခွဲစိတ်နေတုန်း သွေးကြောလေးတွေ ထိခိုက်သွားရင် ကိုမာဖြစ်သွားနိင်တယ်
ပြီးတော့ မှတ်ဉာဏ်တွေလဲ အရင်လို ပြန်ကောင်းတော့မှာ မဟုတ်ဖူး ။ အကယ်၍ ခွဲစိတ်ပြီး ဓာတု ကုထုံးနဲ့ ကုမယ် ဆိုရင်တောင် ကြာကြာမနေရလောက်ဘူး "
"ဒါဆို ကျွန်တော်တို့အတွက် မျှော်လင့်ချက် မရှိဖူးလို့ ပြောချင်တာလား ဆရာ အခြားနည်းလမ်းမရှိတော့ဖူးလား ဆရာ "
"နောက်ဆုံး တစ်ခုက ဓာတ်ရောင်ခြည် ဓာတုကုထုံး အကြိတ်ကို မကြီးထွားပဲ နှေးအောင်
လုပ်ပေးနိင်တယ် ဒါဆရာတို့ လုပ်ပေးနိင်တာ အကုန်ပဲ"
"ဘုရားဘုရား ကျွန်မတို့ သားကို အရင်ထွက်သွားခိုင်းရမှာလား ကျွန်မကျ ဘာလိုမဖြစ်တာလဲ ကျွန်မသားအစား ကျွန်မကိုသာ ဖြစ်လိုက်ပါတော့လား...?"
အမေတစ်ယောက်ရဲ့ နှလုံ့းသားက ဘယ်လောက် ခံစားနေရမလဲ စဉ်းစားလို မရမနိင်အောင်ပဲ...။
" အဆော့ ထ သွားရအောင် ကိုယ်တို့ သားကို မရရအောင် ကယ်မှာပါ ပိုက်ဆံဘယ်လောက်ကုန်ကုန်"
" အဖေကြီးရယ် ကျွန်မတို့မှာ ဒီသားလေး တစ်ယောက်ပဲ ရှိတာ ကျွန်မအချစ်တွေ ပုံပေးထားတဲ့သားလေး "
" ဘာမှ မဖြစ်ဖူး ကိုယ်တို့ ကုပေးနိင်မဲ့ဆရာ၀န် ရှာတာပေါ့ လာပါ သားဆီ သွားရအောင် "
ယွန်ဂီ အဆော့ကို ဆွဲထူလိုက်ပြီး သားရှိတဲ့ အခန်းဆီ ပြန်လာလေသည်။
သားရယ် ပါးပါးကို မမုန်းပါနဲ့ ပါးပါးက သားကို ချစ်လွန်းလိုပါ တစ်ချိန်မှ သားနောင်တရမယ် ကိစ္စတွေ မဖြစ်စေချင်လို...။
ထယ်ယောင်း
ဆေးရုံက ဆရာမ ညွန်ပေးမူကြောင့် နောက်ဆုံးဂျီမင်ရဲ့ အခန်းကို တွေ့လေသည်။ အခန်းတံခါးခေါက်တော့ တံခါးလားဖွင့်သူက
သူနာပြု ဆရာမ ...။
ထယ်ယောင်း ကုတင်ပေါ်ကို ကြည့်လိုက်တော့ ခွေခွေလေး အိပ်နေတဲ့ သူသိပ်ချစ်ရတဲ့ ချစ်သူလေး... သူသိပ်ကို လွမ်းခဲ့ရတဲ့ ချစ်သူ။ ကျွန်တော်ကို ပစ်ထားခဲ့တဲ့ ချစ်သူနောက်ဆုံးတော့ မင်းကို ငါတွေ့ခွင်ရပြီး ဂျီမင်ရယ် ...။