ဖုန်းလေးကို ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ သူများဆက်လေမလား ဆိုပြီးဖုန်းကို ခဏခဏ ဖွင့်ကြည့်မိတယ်
သူအခုထိ ကျတော်ကို စကားမပြောချင်သေးဘူးနဲ့ တူပါတယ် ။
ကျောင်းရောက်လို့ နေ့လည်စာ စားချိန်ရောက်တာတောင် သူဖုန်းလေး တစ်မျှော်မျှော်
စားချင်တဲ့ ဟာတွေ ယူပြီး တစ်ယောက်ထဲ နေလို့ရမယ့် စားပွဲနေရာလေးကိုရှာပြီး ထိုင်စားလေသည်။
"ဂျီမင်......"
"ဟင့် "
သူလှည့်ကြည့်လိုက်တော့ မထင်ထားတဲ့သူ
"ထယ်ယောင်းရှီ"
ကျတော့်စားပွဲဝိုင်း လာထိုင်နေပြီး ဖစ်တဲ့ ထယ်ယောင်းကြောင့် အံဩမှုတွေ ဖစ်ရသည်။
ထယ်ယောင်းနဲ့ သူက ကျောင်းမတူတာကြောင့်ပါ
"ဘာလို့ ဒီကျောင်းကို လာတာလဲ ကျောင်းက လူတွေ သိရင် ကွိုင်တက်မယ် အကျီကကော့ ဘယ်က ယူလာတာလဲ "
(ဂျီမင်တို့ကျောင်းက ကျောင်း၀တ်စုံ ထယ်ယောင်းက ၀တ်ထားလို့ပါ)
" ဒါများအလွယ်ကို ငါ့အတွက်တော့ "
"ဘာလာလုပ်တာလဲ ဒီကို "
" မင်းကို တွေ့ချင်လို့"
" စိတ်ဆိုးပြေပြီးလား"
"ဘယ်သူက စိတ်ဆိုးနေလို့လဲ "
အခုကျ မနေ့က သူမဟုတ်သလိုနဲ့
" ပြောစရာ ရှိလို့လား"
"အင်း ဘာလို့ ထွက်သွားတာလဲ ငါ့ကို မပြောပဲ "
" မင်းအဆင်မပြေမှာ ဆိုးလို့ "
" ငါက မင်းမရှိမှ အဆင်ပိုမပြေတာ ငါက စိတ်ကောက်ရင် ချော့ရမှာ မင်းတာ၀န်ကို အခုကျ ဘာမပြောဘာမပြောပဲ ထွက်သွားတယ် "
စိတ်ဆိုးဆိုးနဲ့ ပြောနေလဲ မျက်နှာငယ်လေးနဲ့ ပြန်လာဖို့ ပြောနေတာမို့
"နောက်တစ်ခါ ငါအဲ့လို မလုပ်တော့ပါဘူး"
"ကတိပေး "
ထယ်ယောင်း လက်သန်းလေးကို ဂျီမင်ရှေ့ ထုတ်လိုက်တော့ ဂျီမင်လဲ သူ့လက်သန်းလေးကို ချိတ်လိုက်ပြီး
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။