ညကသောက်တာများလို့ အိမ်ကိုဘယ်လို ပြန်ရောက်မှန်းမသိ၊ သေချာတာကတော့ ထယ်ယောင်း သူ့ကို ချီခဲ့ရမှာ ဆိုတာပဲ ။ ညက အဖြစ်အပျတ်ကို တွေးရင် ရှက်လိုက်တာ ဘာလိုဒီလောက် လူမှန်းမသိအောင် သောက်ရတာလဲ ပတ်ဂျီမင် .. ဟူး ...
အတွေးတွေက ထယ်ယောင်းဆီရောက်လိုက်
သောက်ခဲ့တာကိုပြန်စဉ်းစားလိုက်နဲ့ပဲ သူလုပ်ခဲ့တာကို ပြန်စဉ်းစားလိုက်။
သူနိုးလာတဲ့အချိန် ထယ်ယောင်း မရှိတော့ ကျောင်းသွားလေ သည်။ ငါမူးနေလို့များ အိပ်ရအောင် မနိူးပဲ ထားခဲ့တာလား ထယ်ယောင်းက ...မမူးမပြေသေးတဲ့ မျက်နှာနဲ့ ခြေလှမ်းက ကျောင်း၀င်းထဲ ၀င်နေပေမဲ့
ဟော တိုက်ပြီး
" အမလေး "
"အား "
ဂျီမင် လူတစ်ယောက်ကို ၀င်တိုက်မိလိုက်တယ် ဆိုတာပဲ ။လဲကျသွားလို့ သွားထူသလို လုပ်ပေမဲ့
"မင်းမမြင်ဘူးလား လူတစ်ယောက်လုံးကို "
"Sorryပါ ကျွန်တော် အရှေ့မကြည့်လိုက်မိလို့ပါ "
ထိုလူက ဂျီမင်ကို အသေအချာကြည့်ပြီး
"လာတွဲလေ ဘာလုပ်နေလဲ? "
"အော် ဟုတ်ဟုတ် "
သေချာတာကတော့ သူနဲ့ကျွန်တော်အရွယ်အစား ကွာဟမူက ကျွန်တော့်ကို ရှိန်စေသည်။ မနိင်တနိင်နဲ့ ထိူလူကို တွဲထူရင်
" ဘာနား နာသွားလဲ ဆေးခန်းသွားမလား? "
" မလိုဘူး ကားနားပဲ ပို့ပေး"
"ဟုတ်ဟုတ် "
သူ့ခန္ဓာကိုယ် ကြီးကြီးနဲ့ ကျွန်တော် တွဲထားရတာတော့ မလွယ်လှပေ ။ ကားနားထိ ပို့ပေးပြီးမှ
" ဟေး မင်းဖုန်းနံပါတ်ပေး "
"ဗျ.."
"ဘာလဲ ငါတစ်ခုခုဖြစ်ရင် မင်းမှ တာ၀န်ရှိတယ်လေ တာ၀န်ယူရမှာ မင်းအပိုင်း "
"အော် ဟုတ် "
ဖုန်းလေးကို ထုတ်ပြီး ပေးလိုက်ချိန်မှာ
"ဂျီမင် "
အနောက်ကနေ လှမ်းခေါ်လိုက်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်ချိန်
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။