Fools ( 29 )🚨

2K 126 13
                                    




မီးနီအသေးစားပါ🚨

ဒီနေ့က ကျောင်းပိတ်ရက်တောင် သူ့မှာ မအားရသူအဖေ့ ဆေးရုံမှာပဲ ကွင်းဆင်းနေတာ

ဒီနေ့က သူ့မွေးနေ့လဲ ဖြစ်တယ်။ သူရဲ့ချစ်ရသူ ဂျီမင်ကလဲ နေ့လည်ကမှ ကျောင်းကိုအရေးတကြီးသွားစရာရှိတယ် နောက်ကျမယ်ဆိုပြီး ဖုန်းဆက်ထားတယ်။ လာကြိုမယ်ဆိုတော့လဲ မရ နောက်ကျမယ်တဲ့အိမ်အရင်ပြန်တဲ့ ။ ဒီကကောင်က သူ့စကားကို နားထောင်မယ်များထင်နေလား ?

အိမ်ကိုပြန်တဲ့အချိန်က ည 7နာရီထိုးနေပြီ အိမ်ကလဲ ဒီနေ့မှ ထူးထူးဆန်းဆန်း ဘယ်တော့မှ မီးမပိတ်တဲ့ကျွန်တော်အိမ်က မီးပိတ်နေတာ မနက်က သူပဲမီးပိတ်ခဲ့တာလား ? ဂျီမင်ပဲ မီးပိတ်သွားတာလား ? အိမ်တံခါးဖွင့်ချိန် ဂျီမင်ဆီကို သူဖုန်းခေါ်လိုက်မိတယ်။ သူဒီနေ့ စိတ်ဆိုးချင်တယ်။ ဒီနေ့က သူမွေးနေ့မို့ နှစ်ယောက်သား ဒိတ်ကြမယ် အိမ်မှာပဲ ချက်စားမယ်လို့ တွေးထားပေမဲ့ လက်တွေ့နဲ့က တခြားစီ

ဖုန်း‌ဆိုတဲ့ဖုန်းကလဲ ဆက်သွယ်မှုဧရိယာပြင်ပတဲ့ ပြန်ဖြေပေးတဲ့ ကောင်မလေးကိုပဲ စိတ်ထဲကနေ မဆီမဆိုင် ကျိန်ဆဲလိုက်မိတယ်။

ဖုန်းလဲ ခေါ်ရင်း အခန်းတံခါးလဲ ဖွင့်ရင်း

မီး‌လုံးအသေးစားလေးတွေနဲ့အခန်းရဲ့အလယ်မှာ ထွန်းထားပြီး မီးအလယ်မှာ ထိုင်နေတဲ့ သူ့ချစ်သူက ဂီတလေးတစ်လက်နဲ့ သူ့ကိုပြုံးပြနေသည်။

"Happy birthday ပါ Darling "

အား ! ဒီကောင်ရူးပြီး အသွေးအသားထိပါ သွက်သွက်ခါ ရူးအောင် မင်းပြုစားနေတာပဲ ချစ်ရယ်~!

အဖြူရောင် ၀မ်းဆက်၀တ်ပြီး အလယ်မှာ ထိုင်နေတဲ့ သူလေးက မျက်နှာလေးကအစ ကြည်လင်နေတာမို့ ခုနကမှ ရေချိုးထားမှန်းသိရတယ်။

အခုထိ သူအဲ့အလယ်ထဲ မ၀င်သေးပါ ။ အခန်းတံခါးနားမှ ရပ်ရင်းပဲ

"ကျောင်းကို အရေးတကြီး သွားစရာရှိတယ်ဆို နောက်ကျမယ်ဆို "

"အင်းလေ မင်းထက်တော့ ဘယ်အရာက ပိုအရေးကြီးမလဲ ?"

ကြည့် ခြွေနေတာ လူကို!

"ငါမင်းကို စိတ်ဆိုးချင်နေတာ "

Fools ... ( Complete)Место, где живут истории. Откройте их для себя