Fools ( 1 ) Unicode

4.2K 314 4
                                    

ကင်မ်ထယ်ယောင်း

သူနဲ့ ကျွန်တော်မတွေ့တာ နစ်နစ်ကျော်မှာ ကျွန်တော်ဟာ သူမရှိရင် အသက်မရှင်နိင်ခဲ့ဖူးလို ထင်ခဲ့မိတယ်  ။ သူနဲ့ကျွန်တော် လမ်းခွဲပြီး သုံးလအတွင်းမှာ ကျွန်တော် အရက်သမားကြီး လုံးလုံးဖြစ်သွားတာပဲ ။  သူမကြိုက်ဖူးလို့ ပြောခဲ့ပေမယ့် သူနဲ့ လမ်းခွဲပြီးမှ ပြန်သုံးလာတဲ့ အရက်နဲ့‌ဆေးလိပ် ၊  နေ့စဉ်နေ့တိုင်းပဲ
ဒယ်ဒီက သူဘာသူနေတာကြောင့် ကျွန်တော်အခြေအနေကို သတိမထားမိခဲ့ပေ။   ဒယ်ဒီက ကျွန်တော့်ကို ဂရုစိုက်ဖူးလို့လဲ ...? ။

ကျွန်တော်အခုထိ သူနဲ့ ပတ်သက်တဲ့အရာအားလုံးကို သိမ်းထားတုန်းပဲ.... အတူရိုက်ဖူးခဲ့တဲ့ ဓာတ်ပုံ သူပေးဖူးတဲ့ မွေးနေ့လက် ဆောင် ။ ကျွန်တော်တို့ ချစ်သူသက်တမ်းအတွက် ပေးတဲ့လက်ဆောင် သေးသေးလေးက အစ ကျွန်တော် သိမ်းထားသည်။ ဒီနေ့အထိ မမေ့သေးတာ သူ့ကို သိစေချင်တယ် ။

သူကျွန်တော်နဲ့ လမ်းခွဲပြီး နစ်ပတ်အတွင်း ကိုရီးယားကို ပြန်သွားလေသည်။ နောက်ဆုံး သူကျွန်တော်အတွက်  ပေးလိုက်တဲ့ လက်ဆောင်က ဖိတ်စာ ...လက်ထပ်ဖိတ်စာနဲ့ စာလေး တစ်စောင်....။ 

" ငါက မကောင်းတဲ့ကောင်မို့  မင်းခံစားမနေပါနဲ့ ငါထက်သာတဲ့သူနဲ့ မင်းတွေ့ရင် ချစ်မှာပါ တစ်ချိန်က မင်းရဲ့ သူငယ်ချင်း...."

             ဂျီမင်"

နောက်တစ်ယောက်ကို  ချစ်မှာပါတဲ့လား ဂျီမင်ရယ် ...ငါ့အချစ်တွေ  ငါ့နှလုံ့းသားကိုမင်းပဲ အကုန်ယူသွားပြီးတော့  ငါက ဘယ်သူကို ထပ်ချစ်ရမှာလဲ...  မင်းမဟုတ်တဲ့သူကို ငါမချစ်ချင်ဖူး။   အဲဒါ မင်းအပေါ် ထားတဲ့ ငါရဲ့ချစ်ခြင်းတရားတွေပဲ ....။

ထယ်ယောင်း အခန်းထဲမှာ  စီးကရက်လေး ဖွာရင် ဂျီမင်အပုံလေး ကြည့်ရင် ဖုန်းက ထမြည်လာသည်။ ဖုန်းကိုင်ကြည့်တော့ ဂျက်စတင်.... ထယ်ယောင်းရဲ့ အချစ်ဆုံး သူငယ်ချင်း ...

"ဟဲလို ထယ်ယောင်းလား...?"

" အင်း ဒါနဲ့ မင်း ကိုရီးယားသွားနေတယ်ဆို"

" ဟုတ်တယ်  အဲဒါက အရေးမကြီးဘူး ငါအခုဆက်တာကမှ အရေးကြီးတယ်"

Fools ... ( Complete)Where stories live. Discover now