" ခနနေလောက်ကျရင် ငါအပြင်သွားစရာရှိတယ် ဂျီမင်.. "
သူ့ကို အင်္ကျီလဲပေးနေရင် ထယ်ယောင်းက ပြော လေသည်။ ဆေးရုံမှာ သူတို့နေနေတာ အခုဆို သုံးရက်လောက်ရှိနေပြီးလေ။ ပါးပါးတို့ကို ဖုန်းဆက်ထားပေမဲ့ မနက်ဖြန်မှ ရောက်မယ်တဲ့။ အခုထိ သူ့အနားကနေ တစ်ဖွာမှ မခွာပဲ ရှိနေပေးသူက ထယ်ယောင်းပေါ့။သူမျက်လုံးတွေမမြင်ရတော့ ထယ်ယောင်းပဲ အစအဆုံး သူ့ကိုပြုစုပေးသည်။ ရေချိုးပေးတာကအစ Tolite ၀င်တာအဆုံး ထယ်ယောင်းကပဲ ဂရုစိုက်ပေးတာ။ဆေးရုံကနေ ဆင်းချင်ဆင်းလို့ရပြီးပြောပေမဲ့ ထယ်ယောင်းရဲ့ အဖေပိုင်တဲ့ ဆေးရုံပဲမို့ မနက်ဖြန်မှဆင်းဖို့ထယ်ယောင်းက လုပ်ထားသည်။ အခြေအနေက သူ့အတွက်ဘာမှမကျန်တော့ဘူးလေ။ သူလည်းသိသလို ထယ်ယောင်းလည်းသိတာပဲ။ သူမထွက်သွားခင်အချိန်မှာထယ်ယောင်းနဲ့ပဲနေချင်တာ။ တစ်ယောက်တည်းကျန်ခဲ့မဲ့ ထယ်ယောင်းကို မပျင်းရအောင် သူစကားတွေအများကြီးပြောပေးချင်တာ။သူ့နောက်လိုက်ခဲ့မယ်လို့ပြောပေမဲ့ သူဘယ်ခေါ်ရက်ပါမလဲ ? ။
" ဟုတ်လား ?"
" အင်း ...အဲတော့ အပြင်သွားတုန်းဘာစားချင်လဲ ဘာ၀ယ်ပေးရမလဲ ?"
သူကုတင်ပေါ်မှာပြန်လှဲမလိုလုပ်တော့ ထယ်ယောင်းကပဲ သူကိုနေရာချပေးသည်။ တကယ်တော့ ဒီဆေးရုံကို ရောက်တဲ့နေ့ကတည်းက ဒီကုတင်တစ်ခုမှာပဲ နစ်ယောက်သားအတူအိပ်ချတာပဲ။ ဝေးဝေးမှာ နေဖို့မပြောနဲ့ ခွဲအိပ်ဖို့တောင် အဆင်မပြေဘူးလေ။
" မင်းကြိုက်ရာ၀ယ်ခဲ့ "
" ဟုတ်ပြီး ချစ်တယ် ကိုယ့်အချစ်လေး "
သူပါးတစ်ခုလုံးကို တံတွေးတွေနဲ့ ပြည်နှက်နေအောင်နမ်းနေတဲ့ ထယ်ယောင်းကြောင့်
" မင်းနော် ငါမျက်နှာတွေ တံတွေးတွေချည်းပဲ "
သူလည်ပင်းဆီ တိုး၀င်လာတဲ့ထယ်ယောင်းခေါင်းကို ခပ်ဖွဖွပုတ်လိုက်သည်။ ဒီအတိုင်းလေး သူလည်ပင်းမှ ခေါင်းလေးကိုထိုးအပ်ထားတာ။
" အပြင်မသွားချင်တော့ဘူး "
" ဘာဖြစ်ပြန်တာလဲ ?"
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။