ညနက်တခေါင်ချိန်မှ ညီးသံတိုးတိုးလေး ကြားလိုက်ရတဲ့ အသံကြောင့် ထယ်ယောင်း နိူး သွားခဲ့တယ်။ သူ့ရဲ့ လက်မောင်းပေါ်မှာ ကျောလေး ပေးပြီး အိပ်နေတဲ့ ဂျီမင့်ကို ကြည့်လိုက်တော့ ဂျီမင် လက်မောင်းကို အုံးအိပ်ထားတဲ့ ကျတော်လက်တွေက ချွေးတွေနဲ့ စိုစွတ်နေလေသည်။
"ဂျီမင် ဘာဖြစ်နေတာလဲ "
စောင်ကို ကိုက်ထားပြီး ညီးသံမထွက်အောင် လုပ်နေပေမယ့် နာကျင်လွန်းလို အသံက ကျယ်လာလေသည် ။
ထယ်ယောင်း ဂျီမင် ကိုယ်လေးက်ု ဆွဲလှည့်လိုက်ပြီး
" ဘာလို့ ချွေးတွေ အဲလောက်ထွက်နေတာလဲ ဘာဖြစ်တာလဲ "
"ထယ်ယောင်းနာ....."
နာကျင်လွန်းလို ငိုချပစ်ချင်မိလို့ စကားတွေက ပြောမထွက်ပါ ။
" ဘာဖြစ်တာလဲ ဘယ်နေရာက နာနေလ်ုလဲ ?"
"ငါ ဗိုက်အရမ်းအောင့်တယ် ထယ်ယောင်း ဘာကြောင့်လဲ မသိဘူး ငါ့ဗိုက်ကို ဓားနဲ့ ထိုးနေသလိုပဲ.. အရမ်းနာတယ်"
"ခဏလေး ငါကြည့်ကြည့်မယ် "
ထယ်ယောင်း ဂျီမင် အကျီ ဆွဲလှန်လိုက်ပြီး ဗိုက်ကို ဟိုကိုင်ကြည့် ဒီကိုင်ကြည့် လုပ်နေလေသည်။
" "အား.....ထယ်ယောင်း မထိနဲ့ နာတယ်"
ဘုရားရေ ဂျီမင် အူအတက်ပေါက်တာလား ?
"ဂျီမင် ငါတို့ ဆေးရုံသွားမှ ရမယ် ထ .. သွားရအောင် "
ဂျီမင် ကုတင်က ဆင်းဖို့ လုပ်ပေမယ့် ဗိုက်က အောင့်လွန်းလို မထနိင်
ထယ်ယောင်း ဂျီမင့်ကို ကြည့်ပြီး အခြေအနေက အဆင်မပြေတာမို့
"ငါချီသွားမယ် မင်းကို အလျင်လိုတယ် "
ဂျီမင်ကို အမြန်ကောက်ချီပြီး ကားထားတဲ့ နေရာဆီ အလျင်အမြန်သွားလေသည်။
ဆေးရုံကို အမြန်မောင်းဖို့ အရှိန်ကို တဆုံး တင်ထားလေသည်။ ဘေးနားမှ ဂျီမင်ကလဲ ပေျာ့ခွေနေတာမို့ ထယ်ယောင်း ဂျီမင် လက်ကလေးကို ကိုင်လိုက်ပြီး
" ဂျီမင် အဆင်ပြေလား ဘေးမှာ ငါရှိတယ်နော် မင်းစိတ်မပူနဲ့ ခဏလေးပဲနော် ရောက်တော့မယ် "
YOU ARE READING
Fools ... ( Complete)
ספרות חובביםTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။