ဂျီမင် ဆေးရုံက ဆင်းတာ တစ်ပတ်လောက် ရှိပေမဲ့ ထယ်ယောင်းက ကျောင်းမသွားခိုင်းပဲ အိမ်မှပဲ နားနေခိုင်းတယ် သူကိုယ်တိုင်လဲ ကျောင်းမသွားပေ
ဂျွန်ကတော့ စာတွေ လွတ်မှာဆိုးလို့ အိမ်ထိလာပြပေးမယ် ဆိုတာတောင် ထယ်ယောင်းက အလာမခံ သေချာ စဉ်းစားကြည့်တော့ ထယ်ယောင်းအိမ်ကို ကျတော်က လွဲရင် ဘယ်သူမှ လာလို့ မရပေ။
တွေ့ချင်ရင် အပြင်ထွက် တွေ့လေ ရှိတက်တယ် ။
ကျတော် အိပ်ယာထဲ လှဲနေတဲ့ တစ်ချိန်လုံး သူပဲ စားဖို့သောက်ဖို့ လုပ်ပေးတယ် ။ သူမချက်ပေမယ့် အပြင်ကနေ ကိုယ်တိုင် သွား၀ယ်ပေးတယ်
အရင်ကလောက် ကျတော် တို့ မရင်းနှီးကြတော့ဘူး
ဒီထက်ပိုပြီးလဲ မရင်းနှီးသင့်တော့ဘူး မဟုတ်လား ဒီထက်ပို ရင်းနှီးနေရင် သံယောဇဉ် ကြိုးတွေက ဖြတ်ရ ခက်လိမ့်မယ်။ ဒီအတိုင်းဆ်ိုရင်တောင် ကျတော်တို့ နစ်ယောက်က သူငယ်ချင်း ဖစ်နေသေးတယ် မဟုတ်လား
"ဂျီမင် ဒီည ဘာစားမလဲ "
စာကြည့်နေရင်း ထယ်ယောင်း ဂျီမင်ကို မေးလိုက်သည်။
"ရတယ် အဆင်ပြေရာပေါ့ "
"ဒါဆို ငါအပြင်ခဏ သွားလိုက်အုံးမယ် "
"အင်း "
ကားသော့ ယူပြီး ထယ်ယောင်း ထွက်သွားလေသည်။
ကားမောင်းနေရင်း ဖုန်းလာလို့ ကြည့်လိုက်တော့ ရိုစီ
ဖုန်းကို ကိုင်လိုက်တော့
"ဟဲလို ထယ်ယောင်းလား"
"အင်း "
"ရိုစီ ထယ်ယောင်းနဲ့ တွေ့လို့ရမလား အခု "
"ဘယ်မှာလဲ "
" အင်း.........အဲမှာ ရှိတယ် "
"Okလေ ဒါဆိုလဲ လာခဲ့မယ် "
ရိုစီ ချိန်းတဲ့ နေရာကို ထယ်ယောင်းအရင် သွားရင် ခဏ အကြာရောက်လေသည်။
ရိုစီက သူစားနေကျ စားသောက်ဆိုင်မှာ ချိန်းပြီး စောင့်နေလေသည်။
ထယ်ယောင်း စားသောက်ဆိုင်ထဲ ၀င်သွားပြီး ရိုစီရဲ့ နေရာကို သွားလေသည်။ ရိုစီက အရင် လှမ်းတွေ့တော့
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။