" ငါမရှိတဲ့အချိန်မှာ ပေပေတေ့တေ့နေနေတာပဲ မင်းက "
ထယ်ယောင်းက ပက်လက်လေး အိပ်နေပေမဲ့ ဂျီမင်ကတော့ ကိုယ်လေးကို ထယ်ယောင်းဘက် စောင်းကာ ခေါင်းအုံးကို လက်ထောက်ထားလေသည်။
" ငါက မင်းကိုပဲရူးနေတဲ့ကောင်ပဲ ..."
ဒီစကားက ထယ်ယောင်းအမြဲပြောသည်။ ဒီစကားအတိုင်းလည်း လက်တွေ့လဲပြ၏။ ထယ်ယောင်းက သူ့ကို အဲလိုချစ်ပြလေ သူစိတ်မကောင်းဖြစ်ရလေပဲ ။
" ဆရာ၀န်က ပျတ်ဆီးနေလိုက်တာ "
ဒီအတိုင်းတွေးကြည့်ယုံနဲ့တင် ထယ်ယောင်း ဘယ်လိုနေခဲ့လဲဆိုတာ သူဆက်မတွေးချင်ပါ။
" တရားခံက ဘေးနားက လူလေ ..!"
ထယ်ယောင်း ဒီအတိုင်းပြောလိုက်ပေမဲ့ ဂျီမင် မျက်နှာ ညိုးငယ်သွားသည်။
" ဟေး စတာလေ .."
ဒါကို ရိမ်မိတဲ့ ထယ်ယောင်းက ဂျီမင်ရဲ့ ပါးလေးကို လက်နဲ့ ခပ်ပွပွ ပွတ်ပေးလိုက်၏။
" ဟုတ်တယ် ငါက တရားခံ .."
" ကျစ် မဟုတ်ရပါဘူး ငါဘ၀မှာမင်းဆိုတဲ့ လူသားသာ မပေါ်လာခဲ့ရင် ငါဆိုတဲ့ ကောင်က သေဆုံးခဲ့တာ ကြာလှပေါ့ ၊မင်းရဲအချစ်ကြောင့်သာ ရှင်သန်နေတဲ့ ကောင်ပါ "
" ငါမရှိတော့တဲ့ အချိန်ကျရင် ပေပေတေ့တေ့ မနေနဲ့နော် ၊ ငါ အဝေးကနေ ကြည့်နေမှာ "
ထယ်ယောင်း ရင်ဘတ်နားကို ခေါင်းလေး တိုး၀င်ပြီး ခါးလေးကိုဖက်ကာ ပြောလိုက်၏။
" မင်းမရှိရင် ငါလည်းမရှိနိင်ဘူးလေ ချစ်ရယ် "
သူရင်ဘတ်ပေါ်က ဂျီမင့်ရဲ့ ဆံပင်လေးထဲကိုနှာခေါင်းလေး တိုး၀င်ရင် ဖြေလိုက်သည်။ ငါလည်း မင်းနောက်ကို လိုက်လာမှာပေါ့ ..!"
" ဟင့်အင်း ငါခွင့်မပြုဘူး "
" ခွင့်မပြုလည်း လိုက်မှာ ..!"
" ထယ်ယောင်း ..!"
အက်ကွဲသွားတဲ့ အသံတွေကြားထဲမှ တိုးရိူက်ငိုမိသူလေး ...! ဘယ်လိုလူက ခွင့်ပြုနိင်မှာလဲ ..?
" မင်းမခေါ်လည်း ကောင်းကင်ဘုံက ငါ့ကို ခေါ်နေပြီး ..!"
" ဟင့် ...!"
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။