37

795 100 5
                                    



မင်ယွန်ဂီကလည်း သူ့အတ္တအတွက် ရှေ့တန်းတင်သလို ထယ်ယောင်းကလဲ ဂျီမင်ကို ရဖို့ပဲ ရှေ့တန်းတင်တယ်။ နောက်ဆုံးကျရင် ဘယ်သူကများအရင်ဆုံး နောက်ဆုတ်ပေးမှာလဲ .?

အခုသူ သူ့လုပ်ရက်က လုပ်သင့်လား? မလုပ်သင့်လား? ဆိုတာကို အတွေးထဲ ရောက်‌နှင့်လေသည်။ သူဒီလို လုပ်ရက်လုပ်တော့ကော့ အဆင်ပြေသွားမှာတဲ့လား ?
ဟင့်အင်း.... ဘယ်အဆင်ပြေပါ့မလဲ ? ဂျီမင်ပါ သူ့ကို မုန်းလိမ့်မှာကို ..

" ပစ်လိုက်လေ ပစ်ရဲရင်..!"

မင်ယွန်ဂီရဲ့ ခက်ထန်မာကျောတဲ့ မျက်နှာနဲ့ စူးရဲနေတဲ့ အကြည့်များက သိပ်ကိုကြောက်ဖို့ကောင်းလွန်းတယ်။

" မကျန်တော့တဲ့ အချိန်လေးအတွင်းမှာ ဦးဘက်ကနေ လက်လျော့ပေးလိုက်လို့ မရဘူးလား  ဘာတွေကများ ဦးအတွက် ထိခိုက်နေတာလဲ ?"

အတွေးတွေက တွန့်ဆုတ်နေသည်။ သူတကယ် အဆင်ပြေချင်တယ်။ ဂျီမင်ချစ်တဲ့ သူတွေကိုလဲ နောင်တနဲ့ မထားခဲ့‌ရအောင် သူလုပ်ပေးချင်တယ်။

" မင်းတို့နှစ်ယောက် ချစ်နေတာကိုက ငါ့အတွက် ရွံစရာကောင်းနေတာ ..!"

သူ့ခံစားပေးလို့မရပါ ပြီးရင် သူ့ပတ်၀န်းကျင် သူ့ဆွေမျိုးကြားမှာ သူဘယ်လို မျက်နှာပြရမလဲ ?

" အဟက့်..! ရွံစရာတဲ့လား ..?"

ခနဲ့သလို ရီကာပြောနေတဲ့ ထယ်ယောင်းကို ယွန်ဂီကြည့်ရင်း ..

" အေး ငါ့အတွက်ရွံစရာပဲ ..!"

"ဦးသားအခြေအနေကိုလည်း ဦး သိမှာပါ "

တစ်ချက်ထဲ ယွန်ဂီရဲ့ နှလုံးသားကို ထယ်ယောင်းက ဖြတ်ရိုက်လိုက်သလိုပဲ ..! တင်းနေတဲ့ ယွန်ဂီရဲ့ မျက်နှာက အနည်းငယ် လျော့ကျသွားပြီး

" သားထက် ဘယ်အရာကိုများ ဦးက အလေးထားနေတာလဲ ..?"

တကယ်ပဲ သူ့သားထက် သိက္ခာတရားတွေကိုပိုအလေးအနက်ထားနေတာလား ?  သူသားပျော်ရွှင်မှုထက်  ကိုယ့်အတ္တကို ရှေ့တန်းတင်နေမိပြီးလား ?

" ကျွန်တော် ဂျီမင်ကို ခေါ်သွားလို့ရတယ် ဒါပေမဲ့  ဂျီမင်က မသွားနိုင်ခဲ့ဘူး ဦးမသိပဲ သွားရမှာ နောက်ဆုံး ဦး‌တို့မသိပဲ သေဆုံးသွားရမှာ ဦးတို့တွေ သူ့ကို ရှာနေမှာကို သိလို့ သူမသွားနိုင်ခဲ့ဘူး  ဦးတို့နဲ့ ယှဉ်လိုက်ရင် ကျွန်တော့်ကို နောက်မှ ရွေးချယ်တဲ့လူ  "

Fools ... ( Complete)Where stories live. Discover now