Fools (31)

985 107 11
                                    


"ကိုယ်မင်းကို  အရမ်းချစ်တာ..…"

ဒီစကားလေးက သူ့နှလုံးသားထိပါ နွေးထွေးသွားတာ ။ ဒီလူကြောင့် သူအရာရာ စွန့်လွှတ် ဖို့ထိုက်တန်ပါရက်လေ !

"ငါယုံပါတယ် "

ယုံကြည်ခြင်းဆိုတာ ပါးစပ်ဖျားကနေလဲ ပေးလို့ရတဲ့အရာမဟုတ်သလို  နားထဲမှာပဲ ကြားကောင်းအောင် နားထောင်ပေးရတာ မဟုတ်ဘူး ။ နှလုံးသားကနေ
‌ပြောတာကိုနှလုံးသားနဲ့ ခံစားယုံကြည်ပေးတာ ။ ဒါကို သူတို့နှစ်ယောက်လုံးရဲ့ ရင်ထဲနှလုံးသားထဲက လာတဲ့အသံ

သူ့ရင်ခွင်ထဲ တိုး၀င်နေတဲ့ ချစ်ရသူလေးကို ကြည့်ပြီး ဆံပင်လေးကို တိုးတိုက်နမ်းမိသည်။  ဆံပင်တွေက တစ်ဆင့် ခပ်မို့မို့မောက်မောက်နှဖူးပြင်လေးကို သူမြတ်မြတ်နိုးနိုး နမ်းမိတယ်။

တစ်‌ယောက်သော သူကလဲ  မြတ်မြတ်နိုးနိုးနဲ့ နမ်းပေးနေသလို တစ်ယောက်သော သူကလဲ အနမ်းတွေကို နှစ်သက်မြတ်နိုးစွာ ခံယူတယ်။ ဖူးငုံနေတဲ့ နှုတ်ခမ်းလေးကို  နူးညံ့ညင်သာစွာ ထိတွေ့တော့လဲ တစ်ဖက်က နူးညံ့စွာ တုန့်ပြန်ပေးတယ်။ ဒီအနမ်း ဒီအထိအတွေ့သည် ရမ္မက်လို့ မ‌ဆိုနိုင် အချစ်ကြောင့် ဖြစ်ပေါ်လာတဲ့ လှပတဲ့ အရာတွေ

/

/

/

သူတို့ ခိုးတွေ့နေတာအခုဆို တစ်ပတ်လောက်ရှိပြီ စာကြည့်တိုက်က အခုတော့ သူတို့နှစ်ယောက်ရဲ့ ခိုးတွေ့စရာ နေရာလေးပေါ့  ချစ်စကားလေးတွေ  ပြောမကုန်သလို ထယ်ယောင်းရဲ့  ဟာသတွေက ကြားမှာ ဂျီမင်ရဲ့  ရီသံလွင့်လွင့်လေးနဲ့ တ‌စ်သောသော  သဘောကျနေမိတယ်။  တွေ့ရတဲ့ အချိန်ခဏလေးမှာ  ဘယ်အရာကမှ သူတို့ ကြား၀င်မခံ

ဒီနေ့လဲ သူစောင့်နေခဲ့တယ်  ထယ်ယောင်းမလာပါ။ 

တစ်ရက်

နစ်ရက်

သုံးရက်

ထယ်ယောင်းပေါ်မလာပါ ။ ပေါ်မလာတဲ့သူအတွက် ရင်ပူရတာလဲ စက္ကန့်နဲ့အမျှပဲ။  ဟူး  ဘာတွေ ဖြစ်နေလို့လဲ ထယ်ယောင်းရယ် ငါရင်တွေ ပူလိုက်တာ !

တစ်ယောက်သော သူကို စိတ်ပူနေရတယ်ဆိုကာမှ သူပါးပါးနဲ့လဲ အခုတစ်လော စကားမပြောဖြစ်ချေ။  သူလဲ သွားပြီး စကားမပြောဖြစ်ဘူး ။

Fools ... ( Complete)Where stories live. Discover now