"သားငယ်ရေ ပြီးပြီလား လေယာဉ်မမှီပဲ နေမယ် "
ဒီနေ့ ကျွန်တော် အမေရိက ကို ပြန်သွားရမယ့်နေ့
"လာပြီ အပါး အိုမားကို ပြောပါအုံး သားကို ဆွဲထားနေတာ "
ဟိုဆော့တစ်ယောက် ဂျီမင်နောက်ကနေ ငိုမဲ့မဲ့ ကပ်လိုက်လာလေသည်။
တစ်ဦးတည်းသော သားမဟုတ်လား
"အမေကြီးရယ် သားကို စိတ်ချမ်းသာစွာနဲ့ ပေးသွားလိုက်ပါ အချိန်ကျ ကိုယ်တို့ဆီပဲ ပြန်လာမဲ့ဟာကို "
ကျတော့မဲ့ မျက်ရည်လေးကို အတင်းသုတ်ပြီး
"ဖေကြီးကလဲ ကျမရဲ့ ကလေးလေးကို နောက်ထပ်အကြာကြီး ခွဲနေရမှာကို "
မျက်ရည်တွေ သုတ်ရင်းနှုတ်ခမ်းထော်ထော်လေးနဲ့ ပြန်ပြောနေတဲ့ ဂျီမင်အိုမား ဘယ်လောက်ချစ်စရာကောင်းလိုက်လဲ ဒီအမေရဲ့အမွေတွေကို ဒီသားက ဆက်ခံထားတာ
ယွန်ဂီတစ်ယောက် ရီရမလိုလို ငိုရမလိုလိုနဲ့
"ဒါဆို လိုက်သွားပေါ့ "
" အိုတော် ရှင့်ကိုစိတ်မချတာက ပိုများတယ် ရှင်က ကျမ မရှိရင် ထမင်းတောင် စားမှာမဟုတ် ခေါက်ဆွဲပြုတ်ပဲ စားမယ့်သူ "
တကယ်လဲ ယွန်ဂီက အစားအသောက်နည်းသည်။ အစားမရွေးတာမို့ အကုန်စားသည်။
"ဟောဗျာ ကျတော်မျိုးဘက်တော့ မလှည့်လာပါနဲ့ဗျာ ဒီလူက ကြောက်လွန်းလို့ "
ယွန်ဂီတစ်ယောက် ဟိုဆော့ ၀မ်းနည်းနေတာ ပျောက်အောင် လိုက်စနေလေသည်။
"ရှင်နော် ဘာဖြစ် သားရှေ့မှာ "
ဒီလင်မယား ကျီစားမှုမှာ အလယ်က ကျွန်တော်က ပွဲကြည့်ပရိသတ်
"တော်ပါတော့ အပါးနဲ့ အိုမားရယ် သားနောက်ကျတော့မယ် "
"အေးအေး တက်တော့ သားငယ် မေကြီးလဲ တက် "
ကားပေါ်ကို သားအမိနှစ်ယောက်တက်တော့မှ ယွန်ဂီလဲ ကားမောင်းထွက်သွားလေသည်။ ကားမောင်းလာတဲ့ တစ်လျှောက် အိုမား သူ့ကိုတစ်တွတ်တွတ်နဲ့ မှာနေလေသည်။ နေကောင်းအောင်နေဖို့ မတည့်တဲ့ အစားအစားတွေ မစားဖို့ အအေးမခံဖို့ ဒါကြီးပဲ မသွားခင်တစ်ပတ်တည်းက ကြိုမှာနေတာ
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။