" ထယ်ယောင်း ...!"
" ဟင့် ..."
ကုတင်ခြေရင်းမှာ ထိုင်ရင်း သူ့ရဲ့ ခပ်လှမ်းလှမ်းက စားပွဲမှာ ပန်းသီးလေးတွေ စိပ်နေတဲ့ ထယ်ယောင်းကို သူကြည့်ရင်းကြည့်ရင်းနဲ့ အမြင်တွေက ဝေဝါးလာတာ ...မဟုတ်ဘူး သူရှေ့မှာ ရှိနေတဲ့ ထယ်ယောင်းကို မမြင်တော့တာ ။ ရင်ထဲမှာ အပူလှိုင်းက ဝုန်းခနဲ့ပဲ ... သူအခြေအနေက သိပ်ဆိုးနေပြီးလား... ?
" ဘာလိုချင်လို့လဲ ...?"
သူနားကို လာနေတဲ့ ထယ်ယောင်းရဲ့ အသံကို မှန်းပြီး လက်ကမ်းလိုက်ပေမဲ့ ...
" ပန်းသီးစားချင်လို့ ...!"
" ဟင့် ....!"
အခုလက်ရှိ ထပ်ပြီးတုန်လှုပ်သွားသူက ထယ်ယောင်းပဲ သူကုတင်ရဲ့ ဘေးဘက်ကို သွားပေမဲ့ ဂျီမင်ကမ်းလိုက်တဲ့ လက်သည် အရှေ့တည့်တည့်....
" ဂျီမင် ..."
သူ့ဘေးမှာ လာထိုင်တဲ့ ထယ်ယောင်းအသံကြားတော့မှ သူကမ်းလိုက်တဲ့ လက်ကို ချက်ချင်းပြန်ရုတ်သိမ်းလိုက်ရင်း...
" ဘာဖြစ်တာလဲ ?"
ပန်းသီးစိပ်ပန်းကန်ချကာ ဂျီမင်ရဲ့ ရှေ့မှာ ဒူးထောက်ကာ ထိုင်ချလိုက်သည်။
" ဘာမှ မဖြစ်ဘူး ..."
" ဂျီမင် ...!"
ခေါင်းငုံ့ကျသွားသူကို ထယ်ယောင်းအတင်းဆွဲယူရင်း မျက်နှာချင်းဆိုင်စေကာ သူမျက်နှာနား ကပ်စေလိုက်သည်။
တကယ်ပါ သူကြောက်တယ် ထယ်ယောင်းကို သူထပ်မမြင်ရတော့မှာကို ....ထယ်ယောင်းကို ထပ်မတွေ့ရတော့မှာကို..
သူသိနေတယ် ဂျီမင်တစ်ခုခုဖြစ်နေတာ အခု ။ မျက်နှာချင်းဆိုင်တော့လဲ အကြည့်မခံတာ ဘာလဲ မျက်လုံးတွေတစ်မျိုး ....
" ဘာဖြစ်တာလဲ ...!"
ထယ်ယောင်းအတင်းအကျပ်မေးရင်း သူငိုချင်နေပြီး ။ သူ့မျက်လုံးတွေ မမြင်ရတော့ပါဘူးလို့ ဘယ်လိုပြောရပါ့မလဲ ...? သူ့ရောဂါအခြေအနေက သေရမှာကို သိနေပေမဲ့ အခုလောက်ထိ မြန်ဆန်နေပြီးလား ..? တကယ်ကို ထယ်ယောင်းနဲ့ သူမခွဲချင်ပါ။ သူရှေ့မှာ ဒူးထောက်ကာ သူမျက်နှာကို အတင်းလိုက်ကြည့်နေသူကို လည်ပင်းကနေ ဆွဲဖက်လိုက်ရင်း .....
YOU ARE READING
Fools ... ( Complete)
FanfictionTae _ သေချာတယ် နောက်ဘ၀လည်း ကိုယ်ကမင်းကိုပဲ လိုက်ရှာမှာ။