" ဒီကောင့်ကို ဘယ်သူ ခွင့်ပြုလိုက်တာလဲ ..?"
ယွန်ဂီရဲ့ မျက်နှာက မာထန်လွန်းတယ်။ သူ့နောက်ကွယ်မှာ သားနဲ့ ဒီကောင်လေး ဘယ်လောက်တောင် တွေ့နေကြတာလဲ ..? အချိန်တိုင်းအတူရှိနေတာလား ..? ။ ဒါကြောင့် သားက ပြန်ပြုံးနိုင်လာတာလား ?
" အဖေကြီး ..!"
သတိလစ်သွားတာပဲ ဆိုပေမဲ့ ထပ်ဖြစ်လို့ ကောင်းတဲ့ အခြေအနေလဲ မဟုတ်ဘူးလို့ ဆရာ၀န်က သေချာမှာတယ်။ သူဘာလုပ်ရမလဲ ..? ။ သားအတွက်လဲ နည်းလမ်းတွေက မရှိသလို သူ့သားနားမှာ လာနေနေတဲ့ ဒီကောင်လေးကိုလဲ သူ့သဘောမကျဘူး ။
" ဟိုဆော့ ..!
သေချာတယ် ဟိုဆော့ကခွင့်ပြုတာပေါ့။ သူ့နောက်ကွယ်မှာ သားနဲ့ ဒီကောင်လေး တွေ့ဖို့ကို ဟိုဆော့က ခွင့်ပေးတာ။
" ငါက ဘာမှ မသိတဲ့ စောက်ရူးလိုပဲ ..!"
အရေးပေါ်ခန်းကနေ ပြန်ခေါ်လာပြီး အခန်းထဲ ပြန်ပို့တော့လဲ သားက နိုးမလာသေး ။ သူ့သားကို သေချာစိုက်ကြည့်နေမိသည်။
" မဟုတ်ဘူး ဖေကြီး သားကိုလေ ..!"
ဟိုဆော့ ဒီအခြေအနေကြောင့် အကျပ်ရိုက်သွားတာတော့ အမှန် ။ သားကို ပွေ့ချီပြီး ဆေးရုံကို ပြေးလာတဲ့ ကင်မ်ထယ်ယောင်းကြောင့် သူလဲ လန့်သွားမိသည်။ သူလဲ သားကို စိတ်ပူနေသလို သူတို့ထက် မလျော့တဲ့ သားအပေါ် စိတ်ပူခြင်းတွေ ဒီကောင်လေးမှ ရှိတာကို ဖေကြီးကို သိစေချင်သည်။
" တော်တော့ သားသတိရရင် ပြန်မယ် ..!"
" ဖေကြီး ..!"
သူက ဘယ်တော့မှ သူ့ယောကျာ်းအပေါ်မှာ ပြောမပြီးပါ။ အမြဲ သူ့ယောကျာ်းပြောသမျှပဲ နာခံတက်ခဲ့တာ ။ မိဘတွေ ပေးစားလို့ ယူထားတာ ဆိုပေမဲ့ သူ သူ့ယောကျာ်းကို မြင်မြင်ချစ်ခဲ့မိတာ ။ မျိုးရိုးအစဉ်အလာတွေ ကြီးမားပြီး ဂုဏ်ကျမဲ့ အလုပ်ဆို ဘာတစ်ခုမှ မလုပ်ဖို့ အမြဲပြောနေတဲ့ ဆွေမျိုးတွေ မိဘတွေ ကြောင့် သူယောကျာ်းကလဲ သိပ်နာခံတယ်။ ယောကျာ်းနှစ်ယောက် ချစ်ကြိုက်တာကို ရှက်စရာ ရွံစရာလို့ပဲ မြင်နေတက်တဲ့ ဒီအမျိုးကြားမှာမှ သားက ယောကျာ်းတစ်ယောက် သိပ်ချစ်သွားတာ။ အမြင်တွေ ကျဉ်းလွန်တဲ့ ဒီမိသားစုကြားမှာ သားအတွက် သူဘယ်လို လုပ်ပေးရပါ့မလဲ ...?"