Fools ( 26)

1.4K 155 8
                                    


"ကိုကို သူက ဘယ်သူလဲ "

အနောက်က အသံလေးကြောင့် နစ်ယောက်သား ဖက်ထားရာမှ ခွာလိုက်သည်။ ထယ်ယောင်းကတော့ သူတို့နှစ်ယောက်ကို ကြည်နူးနေတာကိုနှောင့်ယှက်ရမလား ဆိုပြီး မျက်နှာကို ခက်တည်တည်နဲ့ပြန်ကြည့်ပစ်လိုက်သည်။

"မီ ..မင်းမပြန်သေးဘူးလား "

"ကိုကို လိုက်ပို့ပေးလေ မီ့မှာ ကားမှ မပါတာ အဲ့ဒါနဲ့ ဟိုဘက်က အကိုက ဘယ်သူလဲဟင် "

ကင်ထယ်ယောင်း တွေဝေမနေပဲနဲ့ ဂျီမင့့်ပုခုံးလေးကို သူ့လက်လေး တင်ပြီးတော့

"ဒါငါ့ကောင်လေး "

"ရှင် "

"ထယ်ယောင်း "

ဂျီမင်က သူ့ကောင်လေးပါလို့ ဘယ်သူ့ ရှေ့ရောက်ရောက် သူပြောရဲတယ်။ သူပြောနိင်တယ်

မင်းကို ကျား မ ရယ်လို့ မဟုတ်ပဲ မင်းက
မင်းဖြစ်နေလို့ကို ချစ်တာ

"ဝါး တကယ်ကြီး ကိုကို "

"ဘာလဲ မယုံဘူးလား ဖက်နမ်းပြရမလား "

"ထယ်ယောင်း တော်တော့ "

ထယ်ယောင်းက သူလုပ်ချင်ရင် တားမနိုင်

"အင်း ကောင်းတယ် ကိုကို မီတော့ သဘောကျတယ် "

"ဟမ် "

ထယ်ယောင်းနဲ့ဂျီမင်နှစ်ယောက် အံ့ဩလို့

" လိုက်တယ် ကိုကိုတို့က မီတော့ ကျေနပ်တယ် အဟီး
ဘာလဲ ကိုကိုက မီက ကိုကိုကို့ ကြိုက်နေတယ် ထင်လိုလား sorry ပဲ ကိုယ့့်အကိုရင်း တစ်ယောက်လိုပဲ သဘောထားတာ နောက်ပြီး မီက ဖူဂျီရှီကြီး"

ဪ သူက ဖူဂျီရှီတဲ့လား ဘာလဲ ဖူဂျီရှီက

"ကိုကို မိတ်ဆက်ပေးလေ မပေးရင်လဲ နေ ကိုယ့့်ဟာကို မိတ်ဆက်မယ် မီ့နာမည်က မီတဲ့ အကို နာမည်ကော့ "

သူရှေ့ကို လက်လေးတစ်ဖက် ရှေ့ကို ကမ်းပေးတော့ ဂျီမင်လဲ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။

"ဂျီမင်ပါ "

"မီကိုလဲ မှတ်ထားနော် ကိုကိုရဲ့ အသစ်စက်စက် ညီမလေး "

"ဟင့် "

ညီမလေး ကျွန်တော် နားမလည် ထယ်ယောင်းက တစ်ဦးတည်းသော သားလေး

Fools ... ( Complete)Where stories live. Discover now