Fools (21)🚨🚨🚨🚨

4.2K 215 5
                                    

ဒီလူသားကို ကျတော့်အပိုင်ပါ ဆိုပြီး ကြွားလိုက်ချင်သည် ။ ဒါမှ သူ့နားကို ဘယ်သူမှ မကပ်နိင်မှာ ။ ကျတော်ပိုလွန်းတယ် ဆိုလဲ ပိုလွန်းတယ်ပေါ့။ ကျတော့်ဘ၀မှ သူက အခင်တွယ်ရဆုံးနဲ့အချစ်ဆုံး သူစိမ်းအမျိုးသား

အခုထိ အောက်ကို မချသေးပဲ ချီထားတဲ့ ထယ်ယောင်းကို ဂျွန်က

"မင်းတို့ များသွားပြီး ငါလဲ ဘယ်နဲ့ပုံတောင် ရိုက်ပေးရမလဲ ?  "

အဲကျတော့မှ နစ်ယောက်သား အသိစိတ်၀င်ပြီး

"ထယ်ယောင်း ချပေးတော့ "

"မချပေးဘူး "

မချပေးပဲ ကျောင်းသူ‌ေကျာင်းသားလေးတွေ ကြည့်နေတာကို အောင်နိင်သူ အပြုံးနဲ့ ငါ့အပိုင်ဆိုတဲ့ မျက်နှာဘေးနဲ့ ကြည့်နေလေသည်။

ရှက်လိုက်သည် ဖြစ်ခြင်း ၊သူကျောင်းမှာ အရှက်ကွဲတော့မယ်၊  ဒင်းက အခုချိန်ထိ မချ ပေးသေးပါ ။

"ကင်ထယ်ယောင်း ချပေးတော့လေ "

"ဟင့်... အမိန့်ဆန်လိုက်တာ"

"ထယ်ယောင်း "

"ရင်ခုန်အောင်လေ နည်းနည်းပါးပါးလေး ချွှဲပြီး ပြောကြည့်ပါလား တစ်ခါလောက် "

သေချာတယ် သူအော်နေလည်း ချပေးမှာ မဟုတ် ထယ်ယောင်းဆိုတာ လုပ်ချင်တာ လုပ်တာ အမြဲတမ်း သူ့ကိုပဲ ဦးစားပေးပေမဲ့ ထယ်ယောင်း သူလိုချင်တာဆို မရမကလည်းယူတက်သေးတယ် ။
မသိတော့ဘူး လူတွေ ဆက်ပြီး မများလာခင် ထယ်ယောင်း သူကို အောက်ချပေးဖို့ လိုတယ်

"ထယ် နော် ငါ့ကို အောက်ချပေးနော် လူတွေ ကြည့်နေတယ်လေနော် "

မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့ ငိုတော့မယ်ပုံလေနဲ့ စကားနူးနူးညံညံလေး ပြောနေလေသည်။ ချွှဲတာတောင် မတက်တဲ့ လူကလ မလွယ်ဘူး၊ မပီမပြင်နဲ့ ဒါလေးတောင် သူ့အတွက် အသည်းယားလို့ သေတော့မယ် ။

"ကဲ ကိုယ့်ချစ်သူက ပြောနေတော့ ချပေးမယ် "

ထယ်ယောင်း အောက်ချပေးလိုက်တော့မှ ဂျီမင်လည်း အသက်ရူချောင်သွားသည်။

အနောက်က လက်လေးတစ်ဖတ်က သူ့ခါးလေးကို ဆွဲလိမ်လိုက်သည်။

"အား "

Fools ... ( Complete)Where stories live. Discover now