32

842 112 9
                                    


Wai Zin:
ဒါက ဂျီမင်အဖေ ပရောဂကြောင့်ဆိုတာ သူသိတယ်။ ဒါပေမဲ့ဂျီမင်က လမ်းခွဲမယ်ကြီးပြောနေတာ  ဒီပြသာနာကို အတူဖြေရှင်းကြရမယ်မဟုတ်လား ?

"  ကိုယ်တော့ မင်းကို ဘာအကြောင်းကြောင့်နဲ့မှ လမ်းခွဲမပေးနိုင်ဘူး "

ဖြေလျော့ထားတဲ့ ပုခုံးလေးကို ဆုပ်ကိုင်ထားရာကနေ သူရင်ခွင်ထဲကိုဂျီမင်ကို တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်တယ် ။

"မင်းမရှိဘဲ ငါနေနိုင်မယ်လို့ ထင်နေတာလား ချစ်ရယ် "

အတူဖန်တီးခဲ့ကြတဲ့ အမှတ်တရတွေက ဘယ်လောက်တောင် များလိုက်သလဲ ? ဒီလို လွယ်လွယ်နဲ့ ပြတ်လို့ရမယ်တဲ့လား ?

"ငါတော့ မင်းမရှိဘဲနေနိုင်တယ် "

အပြတ်ဖျက်မှ ဖြစ်မှာပါ မဟုတ်ရင် ငါ့ကြောင့် မင်းနာကျင်ရမယ်။

" ငါတော့ မင်းမရှိပဲ နေနိုင်တယ် ပျော်လဲ ပျော်နိုင်တယ် "

မကျအောင် ထိန်းထားတဲ့ မျက်ရည်တွေကလဲမလွယ်လှဘူး

ထယ်ယောင်းဂျီမင် ဖက်ထားတာကနေ ဖယ်ခွာပြီး ဂျီမင်ရှေ့မှာဒူးထောက်လိုက်တယ်။

"ငါတောင်းပန်ပါတယ်  ငါအရှုံးပေးတယ် င့ါဆီက ထွက်သွားဖို့က လွဲရင် ငါလိုက်လျောပေးပါ့မယ် "

" မချစ်တာက မချစ်တော့တာပဲ ထယ်ယောင်း  မင်းကို ဂရုစိုက်ပေးမဲ့သူ  မရှိလို့ ငါသနားမိယုံလေးပဲ အဲ့တာကို ငါအချစ်လို့ထင်တာ ဟင့်အင်းမဟုတ်ဘူး "

"ဂျီမင် ....."

"ငါ့ကို မုန်းပါလိုက်တော့ ထယ်ယောင်းရယ်
ငါကမကောင်းတဲ့ကောင်မို့ပါ.... "

လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်ရင်းနဲ့ပဲ ဒီအတိုင်းဆို ထယ်ယောင်း သူ့ကိုစွန့်လွှတ်မှာ မဟုတ်သလို  သူလဲ ထားခဲ့နိုင်မှမဟုတ်ဘူး

" ငါအသက်မရှိတော့တာကို လိုချင်တာလား ထယ်ယောင်း မင်းက ငါအခုပင်ပန်းတယ်  ငါကို လွှတ်ပေးပါတော့ "

ဟန်ဆောင်တာကို သူမကျွမ်းကျင်ပါ ။

"ဟင့်အင်း..."

တကယ်ဆို သူဆက်ပြီးဆွဲထားချင်တယ် အတူရင်ဆိုင်ချင်တယ် ဘာလို့များ ငါရှေ့မှာ  အသက်မရှိတော့တာကို လိုချင်နေလားတဲ့   ငါက  မင်းကို သေးသေးလေးတောင် အထိမခံနိုင်တဲ့ သူပါ  ဂျီမင်ရယ်

Fools ... ( Complete)Where stories live. Discover now