အခန်း(၁) ပြက်ရယ်ပြုချင်စရာပြဇာတ်ဆန်သောအဖွင့်
"ဤကဲ့သို့အစ၏နောက်ကွယ်တွင် တစ်စုံတစ်ခုရှိကိုရှိလိမ့်မည်ပင်။"
.................................................................
ဓားသည်ကား သူ၏ရင်ဘတ်ထဲသို့ထိုးဖောက်ဝင်ရောက်လာခဲ့၏။ ကောင်းကင်ပေါ်၌ ထွန်းလင်းတောက်ပနေသော နေမင်းကြီးရှိပါသော်လည်း၊
သူ၏နှလုံးသားထဲသို့ထိုးသွင်းလာခဲ့သည့် ဓားသွားအစွန်း၏အထိအတွေ့ကား ရေခဲကဲ့သို့ပင်အေးစက်စက်ဖြစ်လျက်။
သူ့ရှေ့ရှိရင်းနှီးသောမျက်နှာအားကြည့်ရင်းဖြင့် ယခုလေးတင်ဖြစ်ပျက်သွားခဲ့သည့်ဖြစ်ရပ်အတွက် သူအလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သင့်သည်ဟု ကျန်းရွှင်းယီခံစားမိသည်။ သို့သည့်တိုင် သူ့နှလုံးသားမှာမူသက်တောင့်သက်တာဖြစ်ခြင်းမရှိ။
သူသည်ကံမကောင်းစွာဖြင့် လွန်ခဲ့သောနှစ်ပေါင်းများစွာက စာအုပ်တစ်အုပ်ထဲကိုကူးပြောင်းလာခဲ့ကာ ရူးနှမ်းနှမ်းဗီလိန်အသေးစားလေးတစ်ယောက်ဖြစ်လာခဲ့သည်။ သူ၏နှလုံးသားမည်မျှပင်ခံစားနေရပါစေ၊ အပြင်ပန်းမှာတော့ သူဟာဗီလိန်တစ်ယောက်လုပ်ဆောင်ရမည့်တာဝန်ကို ဂရုတစိုက်နှင့်ပြီးမြောက်အောင်ဆောင်ရွက်နေခဲ့ရသည်။ သူ့အားဘာလုပ်ရမလဲဆိုတာကို ထိန်းချုပ်နေသည့်တစ်စုံတစ်ခုကလည်းရှိနေပေသည်။ ကန့်သတ်ချက်ရှိသောဘဝတစ်ခုအနေဖြင့် သူသည်မိနစ်တိုင်း၊ စက္ကန့်တိုင်းကိုဆုပ်ကိုင်လျက် သေခြင်းတရားရှာဖွေသည့်သူ၏"စွမ်းရည်ပါရမီ"ကို ပျော်ရွှင်စွာအသုံးချနေရသည်။ သူဟာ လောကကြီးကိုလွှမ်းမိုးချုပ်ကိုင်မည့်
အဓ်ိကဇာတ်ဆောင်၏လမ်းတစ်လျှောက်တွင် ခလုတ်ကန်သင်းများကိုဖယ်ရှားပေးခဲ့ရသည်။ နောက်ဆုံး၌မူ၊ သူဘဝ၏နောက်ဆုံးသောတာဝန်ကိုပြီးမြောက်ခဲ့ပေသည်-- အဓိကဇာတ်ဆောင်အားသူ့ကိုသတ်ခွင့်ပြုခြင်းပင်။
စနစ်၏ကတိစကားအရ သူဟာ နောက်ဆုံးတွင် "ဤချီးကျူးဖွယ်ကောင်းတဲ့ ဝန်ဆောင်မှုပြီးသည့်နောက်အနားယူမည်"၊ ပြီးလျှင် ပျော်ရွှင်စွာဖြင့်အိမ်ပြန်ရတော့မည်ပင်!
ဒါပေမယ့် ဒီအခိုက်အတန့်တွင် ဤကဲ့သို့အမှန်တကယ်မရှိသည့်ဇာတ်ကောင်လေးအတွက် သူဘာကြောင့်များဝမ်းနည်းပူဆွေးနေသလိုခံစားနေရတာပါလိမ့်။
'အိုး...ကောင်းပြီလေ...ဘာပဲဖြစ်ဖြစ် ဒါတွေအားလုံးကို..နောက်ကျရင် မေ့သွားမှာပဲ။'
ကျန်းရွှင်းယီမျက်လုံးမှိတ်လျက် နောက်ဆုံးအနေဖြင့်အသက်ကိုအဝရှူလိုက်ပြီး
"ယွင်...ရှဲ့....ငါ....မင်း..."
[Beep...Beep...Beep...OOCသတိပေးချက်! ဇာတ်ဆောင်တွေရဲ့ လမ်းကြောင်းမှာ အမှားဖြစ်သွားတဲ့အတွက် ဇာတ်ကောင်တွေရှုပ်ထွေးသွားပါတယ်။ ထို့ကြောင့် လုပ်ဆောင်ရမယ့်တာဝန်မပြီးမြောက်သေးပါ။ ပြန်လည်ရှင်သန်ခြင်းစနစ်ကိုဖွင့်လိုက်ပါပြီ! ]
ဤစကားလုံးများကို သူစိတ်ထဲတွင်ရုတ်တရက်ကြားလိုက်ရသည်။
'ဘာ?! ဒါက ရေးထားတဲ့ဇာတ်ညွှန်းပဲလေ၊ ဟုတ်တယ်မလား?'
ကျန်းရွှင်းယီအသက်ပြင်းပြင်းရှူ၍ ရန်တွေ့ဖို့ကြိုးစားလိုက်သည်။ သို့ပေမယ့် သူအသက်ရှူလိုက်ပြီးနောက် ထွက်သက်ကိုဘယ်တော့မှပြန်ရှူမထုတ်နိုင်တော့ပေ။
'သူသေသွားပြီ'
"သူသေသွားပြီ"
ယွင်ရှဲ့ကား သူ့ရှေ့တွင်လဲကျသွားသည့်သူကို ဗလာသက်သက်စိုက်ကြည့်နေမိသည်။
သူသည်ဘာဖြစ်သွားမှန်းမသိသေးသည့်ပုံပင်။
ကျန်းရွှင်းယီ၏လဲကျသွားသောခန္ဓာကိုယ်ထဲမှသူ့ဓားကိုဆွဲထုတ်လိုက်သည့်အခါမှသာ ရေခဲတမျှအေးစက်သောအသံကဒီစကားကိုသူ့အားပြောလိုက်တာကို ကြားလိုက်ပုံရသည်။
'ဒါ...ဒါ...လုံးဝ မဖြစ်နိုင်ဘူး..!'
အိပ်မက်မှနိုးထလာသည့်နှယ် သူတောင့်တင်းစွာဒူးထောက်ချလိုက်မိသည်။ ကျန်းရွှင်းယီ၏ သွေးထွက်လျက်ရှိသောဒဏ်ရာကို သူ့လက်ဖြင့်ဖိပေးလိုက်ချင်ပေမဲ့ သူ၏လက်တို့မှာအဆက်မပြတ်တုန်ရီနေခဲ့သည်။
မျက်ရည်များမှာ သူ၏မျက်လုံးထဲမှတဆင့်သူ့ပါးပေါ်စီးကျလာပြီး အဆုံးမဲ့လှပကာ အပြစ်အနာအဆာကင်းသည့်မျက်နှာလေးကိုဖြတ်၍ အောက်ကိုစီးကျသွားသည်။ ထို့နောက် ရေခဲအဖြစ်တဖြည်းဖြည်းချင်းပြောင်းလဲသွားတော့သည်။
ယွင်ရှဲ့သူ့မျက်ရည်တွေကိုမရပ်တန့်နိုင်ခဲ့ပေ။
သူ့မျက်လုံးတွေကို မှိတ်လိုက်ချင်ပေမယ့် ဒီလူ...သူ့ရှေ့ကလူ၏ထူးကဲသောအသွင်အပြင်ကိုလည်း မကြည့်ပဲမနေနိုင်ပါချေ။
နောက်အချိန်အနည်းငယ်ကြာရင် ကျန်းရွှင်းယီကသူ့ရှေ့မှာထထိုင်ပြီး သူ၏ထက်မြက်သောမျက်ခုံးတွေကိုပင့်ကာ သူ့အားပုံမှန်ပြောနေကျအတိုင်းပြောလာလိမ့်မည်ဟု သူခံစားနေရသည်။
"ဒါက ...အရမ်းရှက်ဖို့ကောင်းတယ်ရော်...မင်းလိုမျိုး ယောကျ်ားရင့်မာကြီးက ဘာအတွက်ကြောင့်ငိုနေရတာလဲ"
'ဒါပေမယ့်...သူ..သူအဲ့လို..မလုပ်ခဲ့ဘူး...သူက...ဒီလိုမျိုး..အရာတွေကို...ဘယ်တော့မှ... မလုပ်လာခဲ့ဘူး'
ယွင်ရှဲ့အထိန်းအကွပ်မဲ့တုန်ရီလျက်ရှိသည်။
အရည်ပျော်နေသည့်ရေခဲတွေကို သူ့ကိုယ်ထဲကိုလောင်းထည့်နေသည့်နှယ် အရိုးထိအောင်အေးစိမ့်မှုကိုသာလျှင် သူခံစားနေရ၏။
သွေးနှင့်လေတွေကသူ့ဝမ်းဗိုက်ထဲမှဆန်တက်လာကာ သူ့စိတ်ထဲ၌ သောက၊ စိတ်ပျက်ခြင်းတွေနှင့်ပြည့်နှက်လာသည့်တိုင် သူ့အတွက်စိတ်ထွက်ပေါက်မရှိခဲ့ပေ။
သူ့လက်တွေကိုမယုံကြည်နိုင်စွာဖြင့်ကြည့်နေမိကာ ဒါဟာရန်သူ၏ပုံရိပ်ယောင်ဖြစ်နိုင်သည်ဟု သံသယဝင်နေသည့်ပုံရသည်။
ငါ..သူ့ကို...ဒီလိုသေစေဖို့ မရည်ရွယ်ခဲ့ပါဘူး...ငါ..တကယ်ပဲ..သူ့ကိုကြိုက်တယ်..ဘယ်လိုဖြစ်ပြီး..ဒီလိုတွေ..ဖြစ်လာရတာလဲ။
"အားရွှင်း...ငါ..တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ထလာပါတော့။ ငါမှားသွားပါတယ်...ငါမင်းကို အပြစ်မတင်ပါဘူး။ မင်း..မုန်းတဲ့သူက ဘယ်သူပဲဖြစ်နေပါစေ..ငါတို့အတူတူ အဲ့လူကို သွားသတ်လို့ရတယ်လေ။ တကယ်လို့..မင်းက.. မိစ္ဆာတွေဆီကို သွားချင်တယ်ဆိုရင် မိစ္ဆာဘုရင်ဆီကို အတူတူသွားပြီးတော့ မင်းရှာနေတဲ့သူကို အတူတူရှာလို့ရတယ်လေ။ ကျေးဇူးပြုပြီး....ထလာပါတော့..ငါ..တောင်းပန်ပါတယ်.."
သူ့တစ်ကိုယ်လုံးအားမရှိတော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရွှင်းယီအားမြေပြင်ပေါ်မှအပေါ်မဆွဲနိုင်တော့။ ထို့ကြောင့် သူကျန်းရွှင်းယီ၏နံဘေးတွင်ရိုးရှင်းစွာလှဲချလိုက်သည်။
နေမင်းကြီးကား တဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ ညနေခင်းလေပြေလေညင်းလေးမှာ တဖြူးဖြူးတိုက်ခတ်နေသည်။ လရောင်ဟာ တိမ်မည်းတို့၏နောက်ကွယ်မှရုန်းကန်၍ထွက်ပြူလာသည်။
ဒီရေဆန်တက်လာသည့်နှယ်၊ လ၏မှိန်ပျပျအလင်းရောင်ကား တောင်တန်းတစ်ခုလုံးကိုဖြည်းဖြည်းချင်းလွှမ်းခြုံသွားသည်။ အဝေးတစ်နေရာမှတိုက်ပွဲတွေ၏ဆူညံသံသည်လည်း တဖြည်းဖြည်းဖြင့်ပျောက်ကွယ်သွားသည်။
သူတို့နှစ်ယောက်လုံးသည် သမုဒ္ဒရာ၏အနက်ရှိုင်းဆုံးကြမ်းပြင်ပေါ်တွင်လဲလျောင်းနေစဥ်၊ သူ၏နှလုံးသားလေးမှာမူ ပင်လယ်ရေပမာ သလင်းကျောက်အလားသန့်စင်လျက်ရှိသည်။
"အားရွှင်း"
ယွင်ရှဲ့သူ့ကိုနူးညံ့သောအသံဖြင့်ခေါ်လိုက်သည်။
သူ၏နှလုံးသားလေးကတော့ တဖြည်းဖြည်းနှင့်ငြိမ်သက်လာပေသည်။
"..မင်း..မှတ်မိသေးလား..ကိုယ်ချိုးရှစ်ကျဲကိုကြိုက်တယ်လို့..ပြောခဲ့တာလေ.. သူမအတွက်နဲ့ ကိုယ့်ကို မတိုက်ခိုက်ဖို့ ကိုယ်မင်းကို ပြောဖူးတယ်လေ..."
"ကိုယ် မင်းကို လိမ်ခဲ့တာ။"
"ကိုယ်..ကိုယ်က...မင်း..သူမနဲ့ရှိနေတာကို သဘောမကျရုံပါ။"
"ကိုယ်မင်းကို ဘယ်တုန်းကမှမပြောခဲ့ဖူးဘူးနော်..ကိုယ်တကယ်ချစ်တာက မင်းပါ။"
".....အားရွှင်း.......ရွှင်းယီ......ကိုယ့်ကိုလဲ..မင်းနဲ့အတူ ခေါ်သွားပါ....."
___________________________________________
Translated & Edited By JLicz
(1312)words
________________________________________________________________
!zawgyi!
အခန္း(၁) ျပက္ရယ္ျပဳခ်င္စရာျပဇာတ္ဆန္ေသာအဖြင့္
"ဤကဲ့သို႔အစ၏ေနာက္ကြယ္တြင္ တစ္စုံတစ္ခုရွိကိုရွိလိမ့္မည္ပင္။"
.................................................................
ဓားသည္ကား သူ၏ရင္ဘတ္ထဲသို႔ထိုးေဖာက္ဝင္ေရာက္လာခဲ့၏။ ေကာင္းကင္ေပၚ၌ ထြန္းလင္းေတာက္ပေနေသာ ေနမင္းႀကီးရွိပါေသာ္လည္း၊
သူ၏ႏွလုံးသားထဲသို႔ထိုးသြင္းလာခဲ့သည့္ ဓားသြားအစြန္း၏အထိအေတြ႕ကား ေရခဲကဲ့သို႔ပင္ေအးစက္စက္ျဖစ္လ်က္။
သူ႕ေရွ႕ရွိရင္းႏွီးေသာမ်က္ႏွာအားၾကည့္ရင္းျဖင့္ ယခုေလးတင္ျဖစ္ပ်က္သြားခဲ့သည့္ျဖစ္ရပ္အတြက္ သူအလြန္ဝမ္းေျမာက္ဝမ္းသာျဖစ္သင့္သည္ဟု က်န္း႐ႊင္းယီခံစားမိသည္။ သို႔သည့္တိုင္ သူ႕ႏွလုံးသားမွာမူသက္ေတာင့္သက္တာျဖစ္ျခင္းမရွိ။
သူသည္ကံမေကာင္းစြာျဖင့္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာက စာအုပ္တစ္အုပ္ထဲကိုကူးေျပာင္းလာခဲ့ကာ ႐ူးႏွမ္းႏွမ္းဗီလိန္အေသးစားေလးတစ္ေယာက္ျဖစ္လာခဲ့သည္။ သူ၏ႏွလုံးသားမည္မွ်ပင္ခံစားေနရပါေစ၊ အျပင္ပန္းမွာေတာ့ သူဟာဗီလိန္တစ္ေယာက္လုပ္ေဆာင္ရမည့္တာဝန္ကို ဂ႐ုတစိုက္ႏွင့္ၿပီးေျမာက္ေအာင္ေဆာင္႐ြက္ေနခဲ့ရသည္။ သူ႕အားဘာလုပ္ရမလဲဆိုတာကို ထိန္းခ်ဳပ္ေနသည့္တစ္စုံတစ္ခုကလည္းရွိေနေပသည္။ ကန့္သတ္ခ်က္ရွိေသာဘဝတစ္ခုအေနျဖင့္ သူသည္မိနစ္တိုင္း၊ စကၠန့္တိုင္းကိုဆုပ္ကိုင္လ်က္ ေသျခင္းတရားရွာေဖြသည့္သူ၏"စြမ္းရည္ပါရမီ"ကို ေပ်ာ္႐ႊင္စြာအသုံးခ်ေနရသည္။ သူဟာ ေလာကႀကီးကိုလႊမ္းမိုးခ်ဳပ္ကိုင္မည့္
အဓ်ိကဇာတ်ဆောင်၏လမ်းတစ်လျှောက်တွင် ခလုတ္ကန္သင္းမ်ားကိုဖယ္ရွားေပးခဲ့ရသည္။ ေနာက္ဆုံး၌မူ၊ သူဘဝ၏ေနာက္ဆုံးေသာတာဝန္ကိုၿပီးေျမာက္ခဲ့ေပသည္-- အဓိကဇာတ္ေဆာင္အားသူ႕ကိုသတ္ခြင့္ျပဳျခင္းပင္။
စနစ္၏ကတိစကားအရ သူဟာ ေနာက္ဆုံးတြင္ "ဤခ်ီးက်ဴးဖြယ္ေကာင္းတဲ့ ဝန္ေဆာင္မႈၿပီးသည့္ေနာက္အနားယူမည္"၊ ၿပီးလွ်င္ ေပ်ာ္႐ႊင္စြာျဖင့္အိမ္ျပန္ရေတာ့မည္ပင္!
ဒါေပမယ့္ ဒီအခိုက္အတန့္တြင္ ဤကဲ့သို႔အမွန္တကယ္မရွိသည့္ဇာတ္ေကာင္ေလးအတြက္ သူဘာေၾကာင့္မ်ားဝမ္းနည္းပူေဆြးေနသလိုခံစားေနရတာပါလိမ့္။
'အိုး...ေကာင္းၿပီေလ...ဘာပဲျဖစ္ျဖစ္ ဒါေတြအားလုံးကို..ေနာက္က်ရင္ ေမ့သြားမွာပဲ။'
က်န္း႐ႊင္းယီမ်က္လုံးမွိတ္လ်က္ ေနာက္ဆုံးအေနျဖင့္အသက္ကိုအဝရႉလိုက္ၿပီး
"ယြင္...ရွဲ႕....ငါ....မင္း..."
[Beep...Beep...Beep...OOCသတိေပးခ်က္! ဇာတ္ေဆာင္ေတြရဲ႕ လမ္းေၾကာင္းမွာ အမွားျဖစ္သြားတဲ့အတြက္ ဇာတ္ေကာင္ေတြရႈပ္ေထြးသြားပါတယ္။ ထို႔ေၾကာင့္ လုပ္ေဆာင္ရမယ့္တာဝန္မၿပီးေျမာက္ေသးပါ။ ျပန္လည္ရွင္သန္ျခင္းစနစ္ကိုဖြင့္လိုက္ပါၿပီ! ]
ဤစကားလုံးမ်ားကို သူစိတ္ထဲတြင္႐ုတ္တရက္ၾကားလိုက္ရသည္။
'ဘာ?! ဒါက ေရးထားတဲ့ဇာတ္ၫႊန္းပဲေလ၊ ဟုတ္တယ္မလား?'
က်န္း႐ႊင္းယီအသက္ျပင္းျပင္းရႉ၍ ရန္ေတြ႕ဖို႔ႀကိဳးစားလိုက္သည္။ သို႔ေပမယ့္ သူအသက္ရႉလိုက္ၿပီးေနာက္ ထြက္သက္ကိုဘယ္ေတာ့မွျပန္ရႉမထုတ္နိုင္ေတာ့ေပ။
'သူေသသြားၿပီ'
"သူေသသြားၿပီ"
ယြင္ရွဲ႕ကား သူ႕ေရွ႕တြင္လဲက်သြားသည့္သူကို ဗလာသက္သက္စိုက္ၾကည့္ေနမိသည္။
သူသည္ဘာျဖစ္သြားမွန္းမသိေသးသည့္ပုံပင္။
က်န္း႐ႊင္းယီ၏လဲက်သြားေသာခႏၶာကိုယ္ထဲမွသူ႕ဓားကိုဆြဲထုတ္လိုက္သည့္အခါမွသာ ေရခဲတမွ်ေအးစက္ေသာအသံကဒီစကားကိုသူ႕အားေျပာလိုက္တာကို ၾကားလိုက္ပုံရသည္။
'ဒါ...ဒါ...လုံးဝ မျဖစ္နိုင္ဘူး..!'
အိပ္မက္မွနိုးထလာသည့္ႏွယ္ သူေတာင့္တင္းစြာဒူးေထာက္ခ်လိဳက္မိသည္။ က်န္း႐ႊင္းယီ၏ ေသြးထြက္လ်က္ရွိေသာဒဏ္ရာကို သူ႕လက္ျဖင့္ဖိေပးလိုက္ခ်င္ေပမဲ့ သူ၏လက္တို႔မွာအဆက္မျပတ္တုန္ရီေနခဲ့သည္။
မ်က္ရည္မ်ားမွာ သူ၏မ်က္လုံးထဲမွတဆင့္သူ႕ပါးေပၚစီးက်လာၿပီး အဆုံးမဲ့လွပကာ အျပစ္အနာအဆာကင္းသည့္မ်က္ႏွာေလးကိုျဖတ္၍ ေအာက္ကိုစီးက်သြားသည္။ ထို႔ေနာက္ ေရခဲအျဖစ္တျဖည္းျဖည္းခ်င္းေျပာင္းလဲသြားေတာ့သည္။
ယြင္ရွဲ႕သူ႕မ်က္ရည္ေတြကိုမရပ္တန့္နိုင္ခဲ့ေပ။
သူ႕မ်က္လုံးေတြကို မွိတ္လိုက္ခ်င္ေပမယ့္ ဒီလူ...သူ႕ေရွ႕ကလူ၏ထူးကဲေသာအသြင္အျပင္ကိုလည္း မၾကည့္ပဲမေနနိုင္ပါေခ်။
ေနာက္အခ်ိန္အနည္းငယ္ၾကာရင္ က်န္း႐ႊင္းယီကသူ႕ေရွ႕မွာထထိုင္ၿပီး သူ၏ထက္ျမက္ေသာမ်က္ခုံးေတြကိုပင့္ကာ သူ႕အားပုံမွန္ေျပာေနက်အတိုင္းေျပာလာလိမ့္မည္ဟု သူခံစားေနရသည္။
"ဒါက ...အရမ္းရွက္ဖို႔ေကာင္းတယ္ေရာ္...မင္းလိုမ်ိဳး ေယာက်္ားရင့္မာႀကီးက ဘာအတြက္ေၾကာင့္ငိုေနရတာလဲ"
'ဒါေပမယ့္...သူ..သူအဲ့လို..မလုပ္ခဲ့ဘူး...သူက...ဒီလိုမ်ိဳး..အရာေတြကို...ဘယ္ေတာ့မွ... မလုပ္လာခဲ့ဘူး'
ယြင္ရွဲ႕အထိန္းအကြပ္မဲ့တုန္ရီလ်က္ရွိသည္။
အရည္ေပ်ာ္ေနသည့္ေရခဲေတြကို သူ႕ကိုယ္ထဲကိုေလာင္းထည့္ေနသည့္ႏွယ္ အရိုးထိေအာင္ေအးစိမ့္မႈကိုသာလွ်င္ သူခံစားေနရ၏။
ေသြးႏွင့္ေလေတြကသူ႕ဝမ္းဗိုက္ထဲမွဆန္တက္လာကာ သူ႕စိတ္ထဲ၌ ေသာက၊ စိတ္ပ်က္ျခင္းေတြႏွင့္ျပည့္ႏွက္လာသည့္တိုင္ သူ႕အတြက္စိတ္ထြက္ေပါက္မရွိခဲ့ေပ။
သူ႕လက္ေတြကိုမယုံၾကည္နိုင္စြာျဖင့္ၾကည့္ေနမိကာ ဒါဟာရန္သူ၏ပုံရိပ္ေယာင္ျဖစ္နိုင္သည္ဟု သံသယဝင္ေနသည့္ပုံရသည္။
ငါ..သူ႕ကို...ဒီလိုေသေစဖို႔ မရည္႐ြယ္ခဲ့ပါဘူး...ငါ..တကယ္ပဲ..သူ႕ကိုႀကိဳက္တယ္..ဘယ္လိုျဖစ္ၿပီး..ဒီလိုေတြ..ျဖစ္လာရတာလဲ။
"အား႐ႊင္း...ငါ..ေတာင္းပန္ပါတယ္။ ေက်းဇူးျပဳၿပီး ထလာပါေတာ့။ ငါမွားသြားပါတယ္...ငါမင္းကို အျပစ္မတင္ပါဘူး။ မင္း..မုန္းတဲ့သူက ဘယ္သူပဲျဖစ္ေနပါေစ..ငါတို႔အတူတူ အဲ့လူကို သြားသတ္လို႔ရတယ္ေလ။ တကယ္လို႔..မင္းက.. မိစ္ဆာေတြဆီကို သြားခ်င္တယ္ဆိုရင္ မိစ္ဆာဘုရင္ဆီကို အတူတူသြားၿပီးေတာ့ မင္းရွာေနတဲ့သူကို အတူတူရွာလို႔ရတယ္ေလ။ ေက်းဇူးျပဳၿပီး....ထလာပါေတာ့..ငါ..ေတာင္းပန္ပါတယ္.."
သူ႕တစ္ကိုယ္လုံးအားမရွိေတာ့ေပ။ ဘယ္လိုပဲျဖစ္ျဖစ္ က်န္း႐ႊင္းယီအားေျမျပင္ေပၚမွအေပၚမဆြဲနိုင္ေတာ့။ ထို႔ေၾကာင့္ သူက်န္း႐ႊင္းယီ၏နံေဘးတြင္ရိုးရွင္းစြာလွဲခ်လိဳက္သည္။
ေနမင္းႀကီးကား တျဖည္းျဖည္းခ်င္းေပ်ာက္ကြယ္သြားကာ ညေနခင္းေလေျပေလညင္းေလးမွာ တျဖဴးျဖဴးတိုက္ခတ္ေနသည္။ လေရာင္ဟာ တိမ္မည္းတို႔၏ေနာက္ကြယ္မွ႐ုန္းကန္၍ထြက္ျပဴလာသည္။
ဒီေရဆန္တက္လာသည့္ႏွယ္၊ လ၏မွိန္ပ်ပ်အလင္းေရာင္ကား ေတာင္တန္းတစ္ခုလုံးကိုျဖည္းျဖည္းခ်င္းလႊမ္းၿခဳံသြားသည္။ အေဝးတစ္ေနရာမွတိုက္ပြဲေတြ၏ဆူညံသံသည္လည္း တျဖည္းျဖည္းျဖင့္ေပ်ာက္ကြယ္သြားသည္။
သူတို႔ႏွစ္ေယာက္လုံးသည္ သမုဒၵရာ၏အနက္ရွိုင္းဆုံးၾကမ္းျပင္ေပၚတြင္လဲေလ်ာင္းေနစဥ္၊ သူ၏ႏွလုံးသားေလးမွာမူ ပင္လယ္ေရပမာ သလင္းေက်ာက္အလားသန့္စင္လ်က္ရွိသည္။
"အား႐ႊင္း"
ယြင္ရွဲ႕သူ႕ကိုႏူးညံ့ေသာအသံျဖင့္ေခၚလိုက္သည္။
သူ၏ႏွလုံးသားေလးကေတာ့ တျဖည္းျဖည္းႏွင့္ၿငိမ္သက္လာေပသည္။
"..မင္း..မွတ္မိေသးလား..ကိုယ္ခ်ိဳးရွစ္က်ဲကိုႀကိဳက္တယ္လို႔..ေျပာခဲ့တာေလ.. သူမအတြက္နဲ႕ ကိုယ့္ကို မတိုက္ခိုက္ဖို႔ ကိုယ္မင္းကို ေျပာဖူးတယ္ေလ..."
"ကိုယ္ မင္းကို လိမ္ခဲ့တာ။"
"ကိုယ္..ကိုယ္က...မင္း..သူမနဲ႕ရွိေနတာကို သေဘာမက်႐ုံပါ။"
"ကိုယ္မင္းကို ဘယ္တုန္းကမွမေျပာခဲ့ဖူးဘူးေနာ္..ကိုယ္တကယ္ခ်စ္တာက မင္းပါ။"
".....အား႐ႊင္း.......႐ႊင္းယီ......ကိုယ့္ကိုလဲ..မင္းနဲ႕အတူ ေခၚသြားပါ....."
___________________________________________
Translated & Edited By JLicz
(1312)words
_______________________________________________________________