Heart of Melody

Oleh Phoothitpannnwe

13.8K 995 88

အချစ်​ဆိုတာ လူတိုင်းမှာရှိပါတယ်​။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်​တွေကို ခံစားတတ်​ဖို့ နှလုံးသားတစ်​စုံတော့ လူတိုင်းမှာ... Lebih Banyak

✴️Intro✴️
✴️Part 1✴️
✴️Part 2✴️
✳️Part 3✳️
✴️Part 4✴
✴️Part 5✴️
✴️Part 6✴️
✴️Part 7✴️
✴️Part 8✴️
✴️Part 9✴️
✴️️Part 10✴️
✴️Part 11✴️
✴️Part 12✴️
✴️Part 14✴️
✴️Part 15✴️
✴️Part 16✴️
✴️Part 17✴️
✴️Part 18✴️
✴️Part 19✴️
✴️Part 20✴️[Final]

✴️Part 13✴️

562 38 6
Oleh Phoothitpannnwe

Heart of Melody

    Kim နိုးလာတော့ Goxxd နဲ့ Bas ကို တစ်​ဖက်​ဆိုဖာမှာအိပ်​နေတာတွေ့ရတယ်​။ Tae,Tee နဲ့ Cop ကိုမတွေ့လို့ လိုက်​ရှာရင်း မီးဖိုခန်းထဲမှာ Cop နဲ့ Tee ကိုတွေ့သွားတယ်​။

Kim: "ဘာတွေလုပ်​နေကြတာလဲ"

   အိပ်​ချင်​မူးတူးနဲ့ မျက်​လုံးလေးကိုပွတ်​ပြီး မေးနေတဲ့ Kim ပုံစံကိုကြည့်​ရင်း Cop တစ်​ယောက်​ ငေးမိသွားတယ်​။

Tee: "Owwii!! P ကကလေးလေးလား"

Kim: "ဘာဖြစ်​လို့လဲ"

Tee: "ဘာဖြစ်​လို့လဲ မမေးနဲ့ P.အခုလောလောဆယ်​ Cop ရဲ့ပုံစံကိုပဲ အရင်​ကြည့်​"

Cop: "ငါကဘာဖြစ်​နေလို့လဲကွ"

Tee: "P Kim ကိုမျက်​လုံးကျွတ်​ကျမတတ်​ကြည့်​နေတာလေ"

Kim: "ဟုတ်​လား ကလေး..ကို့ကိုကြွေသွားတာလား"

  Cop လဲဘာမှမပြောတော့ပဲ ခေါင်းရမ်းနေမိတော့တယ်​။ Copနဲ့ Tee မနက်​စာပြင်​ပြီးတော့ ရေချိုးဖို့ ထမင်းစားခန်းထဲက ထွက်​မလို့ရှိသေးတယ်​ Kim ကလှမ်းမေးတယ်​။

Kim: "ဘယ်​သွားမလို့လဲ ကလေး"

Cop: "ရေသွားချိုးမလို့လေ"

Kim: "N Tee ရောလား"

Tee: "Khrap"

Kim: "ကိုပါလိုက်​ခဲ့မယ်​"

Cop: "P Khrap..."

Kim: "မဟုတ်​ဘူးလေ ကိုလဲတစ်​ဖက်​ခန်းမှာ ရေချိုးမယ်​လေ"

Tee: "ဒါများ Ai Cop နဲ့အတူတူချိုးပါလား"

Cop: "Shit!! Ai Tee"

Tee: "စတာပါကွာ"

   Kim တို့သုံးယောက်​ပြောနေတဲ့စကားကို Tae ကြားသွားတယ်​။

Tae: "N Tee ကရော ကိုနဲ့ချိုးမလား"

Cop: "P ရေခေါ်သွားလိုက်​ပါ"

Tee: "တော်​ပြီဗျာ သွားတော့မယ်​"

   သူ့ကို စနောက်​နေတော့ ထွက်​ပြေးသွားတဲ့ Tee ကိုကြည့်​ပြီး သုံးယောက်​သားပွဲကျနေကြတယ်​။ ဧည့်​ခန်းထဲတွင်​တော့ Goxxd တစ်​ယောက်​နိုးလာလေရဲ့။ ပတ်​ဝန်းကျင်​ကို ဝေ့ဝဲကြည့်​ရင်း နံဘေးမှာအိပ်​ပျော်​နေတဲ့ ချစ်​ရသူကိုသာတွေ့ရလို့ နူးညံ့တဲ့မျက်​ဝန်းတွေနဲ့ကြည့်​နေတယ်​။ ပါးဖောင်းဖောင်းလေးနဲ့ စတော်​ဘယ်​ရီသီးလေးလို နီရဲနေတဲ့နှုတ်​ခမ်းလေးကိုပိုင်​ဆိုင်​ထားတဲ့ ချစ်​စရာကောင်​လေးကိုကြည်​ရင်း အသဲယားလာပြီး Bas ရဲ့ပါးလေးကိုနမ်းရှိုက်​လိုက်​တယ်​။ အနမ်းမိုးတွေရွာနေတဲ့ Goxxd ကြောင့်​ Bas တစ်​ယောက်​နိုးသွားတယ်​။

Bas: "ဟင်​ ကိုကို ဘာလို့လိုက်​နမ်းနေတာလဲဗျာ.."

Goxxd: "နိုးနေရင်​လဲထတော့ Baby..ဟိုအတွဲတွေတောင်​ အဆင်​သင့်​ဖြစ်​နေပြီထင်​တယ်​"

Bas: "အဲဒါ ဒီအတိုင်းနှိုးလိုက်​လဲ ရတာပဲ..ဘာလို့လူကို အသားယူနေရတာလဲ"

Goxxd: "ချစ်​လို့လေ..."

ပြောနေရင်း Bas ရဲ့နှုတ်​ခမ်းထက်​ကို အနမ်းတစ်​စုံကျရောက်​လာတယ်​။ အချိန်​ခဏလေးဆိုပေမယ့်​ Bas ရဲ့ရင်​ထဲမှာ ကုလားဘုရားလှည့်နေသလို ဝုန်းဒိုင်းကြဲနေလေရဲ့။ ထိုအချိန်​ ဧည့်​ခန်းအဝကနေ ချောင်းဟန့်​သံကြားလို့ နှစ်​ယောက်​သားလှည့်​ကြည့်​တော့ Tae ကလက်​ပိုက်​ပြီး Goxxd နဲ့ Bas ကိုကြည့်​နေတယ်​။

Tae: "အဟမ်းး"

Bas: "ဟင်​..P...P Tae..ဘယ်​တုန်းကရောက်​နေတာလဲ"

Tae: "ချစ်​လို့လေ..ဆိုကတည်းက ရောက်​နေတာလေ"

Bas: "အားးး ရှက်​လိုက်​တာဗျာ..အဲ့ဒါ ကိုကို့ကြောင့်​"

Goxxd: "ဟားးး"

Tae: "ရှက်​တဲ့ကောင်​လေးကလဲ Goxxd ရင်​ခွင်​ထဲကကို မထွက်​ဘူးနော်​"

Bas: "အာ သွားတော့မယ်​ဗျာ"

Tae: "ဖြည်းဖြည်းသွားပါဗျ..ချော်​လဲနေဦးမယ်​"

Goxxd: "Ai Tae ရာ..မင်းကငါ့အချိန်​ကောင်းတွေကို လာဖျက်​နေတာပဲ"

Tae: "နောက်​ကျနေပြီကွ N Cop နဲ့ ငါ့ချစ်​သူတောင်​ မနက်​စာပြင်​ပြီး ရေချိုးနေကြပြီ"

Goxxd: "မင်းချစ်​သူက ဘယ်သူလဲ..Ai Kimလား"

Tae: "Shit..မင်းသေချင်​နေပြီလား"

Goxxd: "ဟားးး ငါရေသွားချိုးလိုက်​ဦးမယ်​"

Tae: "ကြွ.."

   ပြင်​ဆင်​ပြီးတော့ မနက်​စာစားကြရင်း အိမ်​လေးထဲမှာ ဆူညံနေကြတယ်​။ မနက်​စာစားပြီးတော့ ဘုရားသွားကြပြီး ကောင်းမှုကုသိုလ်​တွေ ပြုလုပ်​နေကြတယ်​။ ချစ်​ရသူတွေနဲ့ ဘုရားအတူတူဖူးကြရင်း ကုသိုလ်​ကောင်းမှုပြုနေကြတဲ့ပုံရိပ်​က ရင်​ကိုအေးမြစေတယ်​။ ဘုရားကနေအပြန်​ ရုပ်​ရှင်​ဝင်​ကြည့့်ကြ၊ မုန့်​ဝင်​စားကြရင်းနဲ့ တစ်​နေ့တာ ကုန်​ဆုံးသွားတယ်​။ ညစာစားပြီး အသီးသီးနှုတ်​ဆက်​ပြီး အိမ်​ပြန်​လာကြတယ်​။ Goxxd တစ်​ယောက်​အိမ်​ပြန်​ရောက်​တော့ အိမ်​ရှေ့မှာ ကားရပ်​ထားတာကိုတွေ့ရတယ်​။ ထိုကားက Mr Itthipat ရဲ့ကားဖြစ်​ပြီး ဘယ်​အချိန်​ထဲက ပြန်​ရောက်​နေမှန်း Goxxd မသိခဲ့ဘူး။ အိမ်​ထဲကို ဝင်​လိုက်​တာနဲ့ ဧည့်​ခန်းထဲမှာထိုင်​နေတဲ့ Mr Itthipat နဲ့ Mrs Itthipat က Goxxd ဝင်​လာတာကို လှမ်းကြည့်​နေကြတယ်​။

Mr Itthipat: "ဒါကဘယ်​ကပြန်​လာတာလဲ.."

Goxxd: "ဘုရားသွားလို့ပါ Por တို့ဘယ်​တုန်းကပြန်​ရောက်​တာလဲ"

Mrs Itthipat: "အခုလေးတင်​ပြန်​ရောက်​တာသားရဲ့။ ထိုင်​ပါဦး"

Goxxd: "သားကိုကြိုပြီးဖုန်းဆက်​လိုက်​ပါလား သားလာကြိုမှာပေါ့"

Mr Itthipat: "မလိုဘူး သွားနားတော့"

Goxxd: "Khrap ဒါဆိုသားသွားနားတော့မယ်​"

Mrs Itthipat: "အေးအေး သား"

   မိဘနှစ်​ပါးကို နှုတ်​ဆက်​ပြီး Goxxd သူ့အခန်းရှိရာ အပေါ်ထပ်​ကိုတက်​လာတယ်​။ အခန်းထဲရောက်​တော့ ဖုန်းကိုယူပြီး နံပါတ်​တစ်​ခုကိုနှိပ်​လိုက်​တယ်​။ ထိုနံပါတ်​ကတော့ Goxxd ရဲ့ချစ်​သူ Bas ရဲ့ဖုန်းနံပါတ်​ပါပဲ။ တစ်​ဖက်​က ချစ်​ရသူအသံကြားရတော့ Goxxd ရဲ့မျက်​နှာက ချက်ချင်းကိုအပျော်​ဘက်​ကူးပြောင်းသွားတယ်​။

Bas: "Hello, ကိုကို"

Goxxd: "Hello..Baby ဘာလုပ်​နေလဲ"

Bas: "အိပ်​တော့မလို့"

Goxxd: "ရေချိုးပြီးပြီလား"

Bas: "ပြီးပြီ"

Goxxd: "ကိုကိုလဲ လာအိပ်​ချင်​တယ်​"

Bas: "ကိုကို!!!."

Goxxd: "ဟားးး စတာပါကွာ..ကိုကိုနောက်​နေ့တွေမှာ Baby နဲ့တွေ့ချိန်​နည်းသွားရင်​ စိတ်​မဆိုးနဲ့နော်​"

Bas: "ဘာလို့လဲဗျ"

Goxxd: "Por နဲ့ Mae ပြန်​ရောက်​နေပြီ"

Bas: "အင်းပါဗျ"

Goxxd: "နှုတ်​ခမ်းလေးဆူနေပြန်​ပြီလား"

Bas: "မဆူပါဘူး ကိုကိုကလဲ..ကလေးမှမဟုတ်​တာ"

Goxxd: "ကလေးမဟုတ်​ဘူးသာ ပြောနေတာ..စိတ်​ကောက်​ရင်​နှုတ်​ခမ်းလေးက အရင်​ရှေ့ရောက်​လာပြီးတော့"

Bas: "ဟွန့်​ ဒါကိုပဲ ကိုကိုသဘောကျနေမလား"

Goxxd: "ဟုတ်​ပဗျာ..ဟားး"

Bas: "ကိုကို Baby တို့ချစ်​သူဖြစ်​နေတာကို အိမ်​ကိုအသိပေးရမှာကြောက်​နေလား"

Goxxd: "မကြောက်​ပါဘူးကွာ..Baby နဲ့ ကိုကို့ကို အိမ်​ကတနည်းနည်းနဲ့ခွဲမှာပဲ စိုးရိမ်​တာ...ပြီးတော့ ကိုတို့ရဲ့ relationship အတည်​တကျဖြစ်​မှ အိမ်​ကိုဖွင့်​ပြောတာပေါ့"

Bas: "Khrap..baby လဲအခုဖွင့်​ပြောဖို့ပြောနေတာမဟုတ်​ပါဘူးဗျ"

Goxxd: "ကိုကို့ကိုနားလည်​ပေးလို့ ကျေးဇူးပါ"

Bas: "ကိုကို ဒီည Ai Cop နဲ့ Club လိုက်​သွားမလို့"

Goxxd: "baby ကသွားချင်​လို့လား"

Bas: "အင်း သွားနေကြပဲလေ.. နော်"

Goxxd: "အင်း ညဉ့်​မနက်​စေနဲ့နော်​"

Bas: "Khrap..အဲဒါကြောင့်​ ကိုကို့ကိုချစ်​နေရတာဗျ"

Goxxd: "ဟုတ်​ပါပြီဗျာ လုပ်​ချင်​တာလုပ်​ခွင့်​ရတော့လဲ"

Bas: "ဘာဖြစ်​လဲ ဆက်​ပြောကြည့်​"

Goxxd: "မပြောရဲပါဘူးဗျ...ကြောက်​ပါတယ်​"

Bas: "ဖုန်းချလိုက်​တော့မယ်​ Good night"

Goxxd: "bye..good night baby"

Bas: "bye"

  Goxxd ရဲ့ချစ်​သူဖြစ်​ခွင့်​ရတာကို Bas တစ်​ယောက်​အရမ်းပျော်​နေတယ်​။ Bas ကိုအလိုလိုက်​သလို Bas ဖြစ်​ချင်​တာဆို ဘာမဆိုဖြည့်​ဆည်းပေးတတ်​တယ်​။ Bas နည်းနည်းလေးချွဲလိုက်​တာနဲ့ အလိုလိုခေါင်းညိတ်​ပြီးသားဖြစ်​နေတဲ့ Goxxd ကိုတစ်​နေ့ထက်​တစ်​နေ့ Bas တစ်​ယောက်​အချစ်​ပိုနေတယ်​။ Bas တစ်​ယောက်​ Goxxd အကြောင်းတွေးနေရင်းနဲ့ Cop ဆီရောက်​လာတယ်​။ Cop ရဲ့အိမ်​ထဲကိုရောက်​တော့ Cop ကအိမ်​ပေါ်ထပ်​ကနေ ဆင်းလာတာတွေ့ရတယ်​။

Cop: "Ai Bas ပါလား..ငါနဲ့လိုက်​မလို့လား"

Bas: "အေး"

Cop: "P Goxxd ကခွင့်​ပြုတယ်​ပေါ့"

Bas: "ငါချွဲရင်​ သူမခံနိုင်​ပါဘူး"

Cop: "ဟားးး အေးပါကွာ"

Bas: "မင်းကရော P Kim ကညဘက်​ထွက်​တာ မတားဘူးလား"

Cop: "သူကတော့ မထွက်​စေချင်​ဘူးပေါ့ကွာ..ဒါပေမယ့်​ ဒါကငါ့အလုပ်​ဆိုတော့ သူတားလို့မရဘူးဖြစ်​နေတယ်​"

Bas: "Cop..ငါမင်းကိုမေးချင်​တာရှိသေးတယ်​"

Cop: "မေးလေ"

Bas: "မင်း P Kim ကိုတစ်​ကယ်​ရောချစ်​ရဲ့လား"

Cop: "ငါ့ပုံစံက ဘယ်​လိုဖြစ်​နေလို့လဲ"

Bas: "အေးတိအေးစက်​နဲ့ကွာ..သူနဲ့ဆိုရင်​ပြုံးနေတတ်​ပေမယ့်​..သူ့စိတ်​ကြိုက်​လိုက်​လုပ်​ပေးနေပေမယ့်​ မင်းမှာ ခံစားချက်​မရှိသလိုကြီးဖြစ်​နေတယ်​"

Cop: "ငါအရင်ကတည်းက ဒီပုံစံပဲနေတတ်​တာ မင်းလဲသိရဲ့သားနဲ့ကွာ"

Bas: "အထက်​တန်းပြီးကတည်းက မင်းကဒီလိုပုံစံနေနေပေမယ့်​ အခုကP Kimရှေ့မှာလေကွာ..P Kimက မင်းချစ်သူ..သူမင်းကို အခုချိန်​မှာ သည်းခံနိုင်​ပေမယ့်​ အချိန်​ကြာလာရင်​ မကောင်းဘူးကွ"

Cop: "အေးပါ စိတ်​ပူပေးလို့ ကျေးဇူးပဲကွာ.."

Cop နဲ့ Bas စကားပြောရင်း ကားမောင်းလာတာ Black Diamond ကိုရောက်​လာတယ်​။ Cop ကအလုပ်​လုပ်​နေတုန်း Bas က Club ထဲမှာ ကနေတဲ့သူတွေကို ရုံခန်းထဲက မှန်​ပြတင်းထဲကနေ ကြည့်​နေတယ်​။ Cop အလုပ်​ပြီးသွားတော့ ဘိလိယက်​ထိုးကြရင်း အချိန်​ကုန်​ဆုံးသွားတယ်​။ နောက်​တော့ နှစ်​ယောက်​သား အသီးသီးအိမ်​ပြန်​လာကြတယ်​။

2 Year later

    အပြည်​ပြည်​ဆိုင်​ရာလေဆိပ်​ထဲကနေ အနီရောင်​ကိုကျပ်​ဝတ်​စုံနဲ့ လှချင်​တိုင်းလှနေတဲ့ မိန်းကလေးတစ်​ယောက်​ ကြွကြွရွရွလေး လှမ်းလျှောက်​လာတယ်​။ သူမကိုလာကြိုသူကို တွေ့တော့အနားကိုလျှောက်​လာတယ်​။

"P Pang"

Pang: "နေကောင်းလား Nang"

Nang: "Khrap"

Pang: "Kim ရော နေကောင်းရဲ့လား..မိန်းမရသွားပြီလား"

Nang: "မရသေးဘူး P..ဒါပေမယ့်​ ချစ်​သူရှိနေပြီ"

Pang: "ဘာ..ဘယ်​သူလဲ..ဘယ်​ကလဲ"

Nang: "Black Diamond ပိုင်​ရှင်​ Copter ဆိုလားပဲ..သူကယောက်ျားလေး"

Pang: "Kim ကမိန်းကလေးပဲ တွဲတာမဟုတ်​ဘူးလား"

Nang: "ဒါတော့ Nang လဲမသိဘူး။ ဒါပေမယ့်​ အဲ့ကောင်​လေးနဲ့တွဲနေတာ နှစ်​နှစ်​ကျော်​နေပြီ..အဲ့ကောင်​လေးနဲ့တွဲပြီးကတည်းက ရှုပ်​ပွေတာမျိုးမရှိတော့ဘူး"

Pang: "ဘာ..ဒီလောက်​အရေးကြီးတဲ့ကိစ္စကို ငါ့ကိုဘာလို့မပြောတာလဲ"

Nang: "P Kim က အဲ့လောက်​အကြာကြီး တွဲမယ်​မှ မထင်​ခဲ့တာ။ ပြီးတော့ P ကလဲ စာမေးပွဲရှိတယ်​လေ အဲဒါကြောင့်​"

Pang: "ဟုတ်​ပါပြီ..ဒါပေမယ့်​ အခုငါပြန်​လာပြီပဲ။ Kim ကငါ့အပိုင်​ပဲဖြစ်​ရမယ်​"

Nang: "P သူ့ချစ်သူက.."

Pang: "ဒါငါ့ကိစ္စပါ..လာအိမ်​ပြန်​ရအောင်​ Mae တို့မျှော်​နေတော့မယ်​"

Nang: "Kha.."

   Pang တစ်​ယောက်​ပြန်​ပြန်​လာချင်း ရင်​ဝကို စောင့်​ကန်​လိုက်​သလိုမျိုးခံစားနေရတယ်​။ Pang ဆိုတာ အလယ်​တန်းကျောင်းတက်​ကတည်းက Kim ကို တစ်​ဖက်​သတ်​စိတ်​ဝင်​စားနေသူ။ ဘယ်​သူတွေ ဘယ်​လောက်​ချောချော စိတ်​မဝင်​စားခဲ့သလို။ Kim ထက်​သာတဲ့သူတွေ သူ့ကိုချဉ်းကပ်​တာတောင်​ Kim တစ်​ယောက်​တည်းကိုသာ မြင်​သောသူ။ Kim ကအစစအရာရာ ပြည့်​စုံလွန်းလို့ Kim ထက်​သာအောင်​ သူကြိုးစားခဲ့ပြီး အခု ထိုင်းနိုင်​ငံကို ပြန်​အခြေချခြင်း။ Kim ကအရင်​က မိန်းကလေးတွေပဲ တွဲနေပေမယ့်​ ခဏတာပဲဆိုတော့ စိတ်​မပူခဲ့မိဘူး။ အခုတော့ Kim မှာ ချစ်​နေတဲ့သူရှိနေပြီတဲ့လား။ ချစ်​တဲ့သူကလဲ မိန်းကလေးမဟုတ်​ပဲ ယောက်ျားလေးဖြစ်​နေတော့ Pang အရမ်းကိုအံ့သြနေတယ်​။ Kim ကို Gay အဖြစ်​မခံနိုင်​ဘူး Kim ကသူ့အပိုင်​ဆိုတာကိုတွေးရင်း ရှေ့ဆက်​ဘာလုပ်​ရမလဲဆိုတာကို တွေးနေလေရဲ့။

"Goxxd Itthipat!!!"

   Goxxd တစ်​ယောက်​ အိမ်​ထဲဝင်​ဝင်​ချင်း Mr Itthipat ရဲ့ အော်​သံကြောင့်​ ခြေလှမ်းတွေရပ်​တန့့်​သွားတယ်​။ Mr Itthipat မျက်​နှာမှာ ဒေါသတွေဖုံးလွှမ်းနေပြီး Goxxd နားကိုလျှောက်​လာပြီး Goxxd ကို ဆွဲထိုးလိုက်​တယ်​။ အနောက်​ကို ယိုင်​နဲ့သွားတဲ့ Goxxd ကို ထပ်​ထိုးဖို့ပြင်​နေတဲ့ Mr Itthipat ကို ဇနီးဖြစ်​သူ Mrs Itthipat က ဆွဲထားလိုက်​လေရဲ့။

Mrs Itthipat: "တော်​ပါတော့ရှင်​..စကားနဲ့လဲ ပြောလို့ရနေတာကို"

Goxxd: "Por ဘာဖြစ်​လို့လဲ.."

Mr Itthipat: "ဘာဖြစ်​လို့လဲဟုတ်​လား..ဒီပုံတွေက ဘာတွေလဲ..ဟမ်​.."

   Mr Itthipat ပြောရင်းနဲ့ ပစ်​ပေးလာတဲ့ ပုံတစ်​ချို့ကို Goxxd ယူကြည့်​လိုက်​တော့ Goxxd နဲ့ Bas ရဲ့ ပုံအချို့။ တစ်​ချို့ပုံတွေမှာဆို နမ်းနေတဲ့ပုံတောင်​ ပါလာသေးတယ်​။

Mr Itthipat: "အဲဒါဘာတွေလဲ ငါမွေးထားတာ ယောက်ျားလေးကွ..အခုတော့မင်းက အခြောက်​ဇာတ်​ခင်းနေတာပဲ..ငါကွာ..တောက်​စ်​"

Mrs Itthipat: "စိတ်​ထိန်းပါရှင်​.သား ဒီပုံတွေက တစ်ကယ်​မဟုတ်​ဘူးမလား...Mae တို့ကိုပြောပါဦး"

Goxxd: "သားတောင်းပန်​ပါတယ်​ Mae..အဲဒါသားချစ်​သူပါ"

Mrs Itthipat: "သားရယ်​ ဖြစ်​မှဖြစ်​ရလေကွယ်​"

Mr Itthipat: "မင်းမရှက်​ဘူးလား...မင်းယောက်ျားမဟုတ်​ဘူးလားကွ..ဟေ။ မင်းမှာ ကြိုက်​စရာအဲ့လောက်​ရှားနေလား"

Goxxd: "သားယောက်ျားပါ Por..ဒါပေမယ့်​ သားသူတစ်​ယောက်​ထဲကိုပဲ ချစ်​မိတာပါ"

Mr Itthipat: "မင်းးးးး"

Mrs Itthipat: "ကို..ကို..စိတ်​ထိန်းလေ"

Goxxd: "Por...."

Mrs Itthipat: "သား မင်း Por ကိုဆေးရုံပို့ရအောင်​"

Goxxd: "Khrap Mae.."

   ဒီလိုနဲ့ Mr Itthipat ကို ဆေးရုံတင်​လိုက်​ရတယ်​။ ဆရာဝန်​ပြောတာတော့ နှလုံးရောဂါရှိနေပြီတဲ့လေ။ Mrs Itthipat က Goxxd အနားကို လျှောက်​လာပြီး မေးခွန်းတစ်​ချို့မေးတယ်​။

Mrs Itthipat: "သား တစ်​ကယ်​ပဲ အဲ့ကောင်​လေးကို ချစ်​တာလား"

Goxxd: "Khrap Mae"

Mrs Itthipat: "သား ချစ်​တယ်​ဆိုရင်​ Mae ဘာမှမပြောလိုပါဘူး။ ဒါပေမယ့်​ သား Por ကိုတော့ သားငဲ့ကြည့်​သင့်​တယ်​လို့ Mae ထင်​တယ်​။ သား Por ကသားကိုချစ်​ပေမယ့်​ သားကိုလိမ္မာစေချင်​လို့ အမြဲတမ်း အရိပ်​တကြည့်​ကြည့်​နဲ့ လိုက်​ပြောနေခဲ့တာ။ သားကိုသူအရမ်းချစ်​တယ်​ဆိုတာ Mae အသိဆုံးပါ။ အခု သား Por မှာ နှလုံးရောဂါရှိနေပြီသား..သားအခုနေ ထွက်​သွားရင်​ သား Por ရဲ့အလောင်းကိုပဲ မြင်​ရလိမ့်​မယ်​။ သားက တစ်​ဦးတည်းသောသားဆိုတော့ သားPor ကအများကြီး မျှော်​လင့်​ခဲ့တာ။ သား Por ရဲ့ မျှော်​လင့်​ချက်​တွေကိုတော့ မဖျက်​ဆီးလိုက်​ပါနဲ့သားရယ်​"

Goxxd: "ဒါပေမယ့်​..."

Mrs Itthipat: "Mae က သားကိုပြောပြရုံပါ။ ဆုံးဖြတ်​ရမယ့်​သူက သားကိုယ်​တိုင်​မို့လို့ သေချာဆုံးဖြတ်​ပါ သားရယ်​"

Lanjutkan Membaca

Kamu Akan Menyukai Ini

1M 18.6K 43
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
993 22 4
အရာအားလုံးစွန့်လွှတ်ရမယ်ဆိုရင်တောင် မင်းကလွဲ၍ ကိုယ်အားလုံး စွန့်လွှတ်နိုင်တယ်
43.7M 1.3M 37
"You are mine," He murmured across my skin. He inhaled my scent deeply and kissed the mark he gave me. I shuddered as he lightly nipped it. "Danny, y...
678K 15.3K 44
In wich a one night stand turns out to be a lot more than that.