✴️Part 8✴️

557 46 1
                                    

Heart of Melody

ညနေခင်းမှာ ကော်​ဖီသောက်​ရင်း အခန်းရဲ့အပြင်​ဘက်​ကို ငေးနေတဲ့ လူငယ်​တစ်​ယောက်​။ သူရဲ့ အတွေးထဲမှာ ကောင်​လေးတစ်​ယောက်​က စိုးမိုးနေတယ်​။ နှစ်​လဆိုတဲ့ကာလအတွင်းမှာ Tae ကလဲ Tee နဲ့ ပိုပြီးနီးကပ်​လာသလို၊ Kim ကလဲ Cop နဲ့ ခင်​မင်​ခွင့်​ရခဲ့တယ်​။ သူကရော Bas နဲ့ ရင်းနှီးနေပြီဆိုပေမယ့်​ သူ့ရင်​ထဲကစကားသံတွေကို ပြောဖို့ ဝန်​လေးနေဆဲပဲ။ Goxxd တို့အဖွဲ့နဲ့ Bas တို့အဖွဲ့ ရင်းနှီးလာတာအခုဆို တစ်​လကျော်​နေပြီ။ Bas ရဲ့ မျက်​ဝန်းတွေကို Goxxd နားလည်​သလို၊ Goxxd ရဲ့ မျက်​ဝန်းတွေကို Bas လဲ ရိပ်​မိနေမယ်​ဆိုတာ ပြောစရာတောင်​ မလိုခဲ့ဘူး။ သို့ပေမယ့်​ Goxxd တစ်​ယောက်​ Bas ကို ဖွင့်ပြောဖို့ အခုချိန်​ထိ တုံ့ဆိုင်းနေဆဲပါပဲ။ သူ့ဘဝထဲကို မိန်းကလေးတစ်​ယောက်​ကိုတောင်​ ခေါ်ဖို့ခက်​ခဲခဲ့တာ ယောက်ျားလေးဆိုရင်​ရော Mr Itthipat အနေနဲ့ ဘယ်​လိုတုံ့ပြန်​မလဲ သူစိုးရိမ်​နေတယ်​။ သူ့ကိုပြောဆိုနေတာ နေသားကျနေပြီဆိုပေမယ့်​ သူချစ်​ရတဲ့သူကို ပြောဆိုလာတဲ့အခါ သူခံနိုင်​ရည်​ရှိပါ့မလားဆိုတာကို Goxxd တွေးနေခဲ့တာကြာပြီ။ ရှေ့ဆက်​ဘာလုပ်​ရမလဲဆိုတာ တွေးနေရင်းနဲ့ အိမ်​ရှေ့မှာ ဘဲလ်​တီးသံကြားရလို့ ခြံအပြင်​ဘက်​ကိုကြည့်​လိုက်​တော့ Kim ရဲ့ကားကိုတွေ့ရတယ်​။ Kim လာလို့ အိမ်​ပေါ်ထပ်​ကနေဆင်းလာတဲ့ Goxxd။ ဧည့်​ခန်းဆီရောက်​လို့ကြည့်​လိုက်​တော့ Tae ပါပါလာတာတွေ့ရတယ်​။

Goxxd: "ဟေ့ကောင်​တွေ ဘာလာလုပ်​တာလဲ"

Tae: "မင်းနဲ့ဆွေးနွေးစရာရှိလို့လာတာ"

Goxxd: "ဘာကိစ္စလဲ"

Kim: "N Bas ကိစ္စလေ"

Goxxd: "N Bas ကဘာဖြစ်​လို့လဲ"

Tae: "Shit!! Ai Goxxd..N Bas ကဘာမှမဖြစ်​ဘူး။ မင်း N Bas ကိုစိတ်​ဝင်​စားနေတဲ့အကြောင်း သိချင်​တာ"

Goxxd: "မင်းတို့ဘယ်​လိုသိတာလဲ"

Kim: "N Bas ရှေ့ရောက်​တာနဲ့ အလိုလိုနူးညံ့သွားတဲ့ မင်းရဲ့ပုံစံကို ငါတို့တင်​မကဘူး အကုန်​ရိပ်​မိတယ်​"

Tae: "မင်းလဲသဘောကျနေသလို N Bas ကလဲ မင်းကို သဘောကျနေတယ်​ဆိုတာသိလား"

Heart of MelodyWhere stories live. Discover now