✴️Part 2✴️

764 43 2
                                    

Heart of Melody

မနက်​ခင်းနေရောင်​ခြည်​နဲ့အတူ နိုးထလာတဲ့ကောင်​လေးတစ်​ယောက်​။ ယောကျာ်းလေးလို ခန့်​ညားမှု၊ မိန်းကလေးလို ချောမောလှပခြင်းပါ ပိုင်​ဆိုင်​ထားတဲ့မျက်​နှာပိုင်​ရှင်​။ အဖြူရောင်​တီရှပ်​နဲ့ ဘောင်းဘီတိုအမည်းလေးကြောင့်​ ပေါ်လွင်​နေတဲ့ ဖြူဝင်းနေတဲ့အသားအရေ ပိုင်​ဆိုင်​ထားသူ။ အိပ်​ယာကနိုးထတာနဲ့ ပြုံးလိုက်​တဲ့ အပြုံးလှလှတစ်​စုံကြောင့်​ ကမ္ဘာကြီးတစ်​ခုလုံးလှပသွားသလိုပဲ။ လူတစ်​ချို့ပြောတာတော့ အပြုံးတစ်​ခုနဲ့တင်​ ရောဂါတစ်​ဝက်​သက်​သာစေမယ့်​ ဆရာဝန်​လောင်းလေး Tee Jaruji။ သူငယ်​ချင်းနှစ်​ယောက်​ကို အမြဲတမ်းပျော်​ရွှင်​အောင်​ စနောက်​နေသူ။ ဒီနေ့ သူငယ်​ချင်းဖြစ်​သူ Copter လာခေါ်မယ်​ဆိုလို့ ပြင်​ဆင်​ပြီး မနက်​စာစားပွဲမှာ မနက်​စာစားရင်း ထိုင်​စောင့်​နေတယ်​။ Mr Jaruji နဲ့ Mrs Jaruji တို့လဲ နံနက်​စာစားပွဲမှာ ရှိနေလေရဲ့။

Mrs Jaruji: "သားငယ်​ ဒီနေ့ကျောင်းမသွားဘူးလား"

Tee: "Khrap Mae..Ai Bas မိဘတွေရဲ့နှစ်​ပတ်​လည်​ သွားမလို့"

Mrs Jaruji: "ဘာလိုလိုနဲ့ သား Basလေးရဲ့မိဘတွေဆုံးတာ ၁၀နှစ်​တောင်​ရှိနေပြီ"

Mr Jaruji: "ဟုတ်​ပါ့ကွာ သားကလဲ သူငယ်​ချင်းကို လိုအပ်​တာတွေ ကူညီပေးလိုက်​နော်​"

Tee: "Khrap Por"

မနက်​စာစားပြီးရုံရှိသေးတယ်​ ခြံ​ရှေ့မှာ ကားဟွန်းတီးသံကြားလို့ ဖုန်းနဲ့ပိုက်​ဆံအိတ်​ယူပြီး ခြံအပြင်​ကိုထွက်​လာတယ်​။ ကားထဲကနေ Tee ကိုမြင်​မှ ကားမှန်​ချလိုက်​တဲ့ Copter ကိုကြည့်​ရင်း Tee တစ်​ယောက် ပြုံးပြီးတစ်​ဖက်​က Lover seat မှာ ဝင်​ထိုင်​လိုက်​တယ်​။

Tee: "ဘာလို့ အိမ်​ထဲမဝင်​တာလဲကွ"

Cop: "နောက်​မှဝင်​မယ်​ အခုတော့ Ai Bas ဆီသွားရအောင်​"

Tee: "အေး"

ဒီလိုနဲ့ ကောင်​လေးနှစ်​ယောက်​ စီးနင်းလာတဲ့ ကားလေးက လမ်းမကြီးအတိုင်း သွားနေတယ်​။ ခြံကျယ်​ကြီးတစ်​ခုရှေ့ရောက်​တော့ ကားဟွန်းတီးသံကြားရပြန်​တယ်​။ ခြံစောင့်​ကြီးတံခါးလာဖွင့်​ပေးလို့ ကားလေးကို ခြံထဲမှာနေရာချပြီး အိမ်​ထဲကိုဝင်​လာကြတယ်​။ ကားသံကြားလို့ အိမ်​ပေါ်ထပ်​ကနေ ပြေးဆင်းလာပြီး အိမ်​ပေါက်​ဝမှာရပ်​စောင့်​နေတဲ့ Bas။ ဧည့်​သည်​တွေကို ဖိတ်​မနေဘဲ အိမ်​ကလူတွေနဲ့ သူငယ်​ချင်းနှစ်​ယောက်​ကိုပဲဖိတ်​ပြီး တရားနာရေစက်​ချဖြစ်​ကြတယ်​။ သံဃာငါးပါးကို လှူဖွယ်​ပစ္စည်းတွေ ကပ်​လှူရင်း အမျှအတန်းတွေ ပေးဝေကြတယ်​။ ကိစ္စတွေပြီးတော့ သူငယ်​ချင်းသုံးယောက်​ ခြံထဲက ပန်းခြံလေးထဲမှာထိုင်​ပြီး စကားပြောနေကြလေရဲ့။

Heart of MelodyWhere stories live. Discover now