✴️Part 5✴️

610 46 4
                                    

Heart of Melody

ဆရာဝန်​လောင်းလေးကတော့ ထူးဆန်းတဲ့ဖြစ်​ရပ်​ကြောင့်​ အခုတလော စဉ်းစားစရာတွေဖြစ်​ပေါ်နေတယ်​။ ဘာကြောင့်​လဲဆိုရင်​ တစ်​နေ့တစ်​ကြိမ်​ သူ့ဆီကို လက်​ဆောင်​ပစ္စည်းရောက်​နေလို့ပဲ။ သဘောကျတဲ့သူက ပေးတယ်​ဆိုပေမယ့်​ ထိုတစ်​ယောက်​ပေးသွားတဲ့ ပစ္စည်းက Tee ရဲ့ Mae ဆိုင်​က ရေမွှေးတစ်​မျိုးပဲ။ Tee ကြိုက်​တဲ့ရေမွှေးအမျိုးအစားဖြစ်​သလို ထိုရေမွှေးကလဲ Mrs Juraji ရဲ့ဆိုင်​မှာပဲရနိုင်​တဲ့ Brand ထဲကတစ်​ခု။ မနက်​တိုင်း စာပို့သမားဆီကနေ လတ်​မှတ်​ထိုးပြီးရယူနေရတာ ဒီနေ့နဲ့ဆို တစ်​ပတ်​ပြည့်​ပြီ။ ဘယ်​သူဆိုတာ သိချင်​ပေမယ့်​ လက်​ဆောင်​ထုပ်​မှာ Nameless ဆိုတာပဲပါလာတာကြောင့်​ သိခွင့်​မရသေးဘူး။ ဒီမနက်​လဲ စာပို့သမားက လာပို့ပြန်​လို့ လက်​မှတ်​ထိုးပြီး ယူထားလိုက်​တယ်​။ စာပို့သမားကလဲ ဘယ်​လိုမေးမေးမဖြေတာကြောင့်​ Tee လဲဆက်​မမေးဖြစ်​တော့ဘူး။ လက်​ဆောင်​ထုပ်​ကိုင်​ရင်း အိမ်​ထဲပြန်​ဝင်​လာတဲ့ Tee တစ်​ယောက်​ မနက်​စာစားပွဲဆီ လျှောက်​လာတယ်​။ မနက်​စာပြင်​ဆင်​နေတဲ့ Mrs Juraji တစ်​ယောက်​ သားဖြစ်​သူကိုမြင်​ပြီး နှုတ်​ဆက်​မလို့ ရှိသေးတယ်​ လက်​ထဲကလက်​ဆောင်​ကြောင့်​ စကားလမ်းကြောင်းက ထိုအရာဆီရောက်​သွားတယ်​။

Mrs Juraji: "သား နေ့တိုင်းလိုလို လက်​ဆောင်​တွေ ရနေပါလား။ ချစ်​သူရှိနေပြီလား"

Tee: "မရှိသေးပါဘူး Mae။ သားကို သဘောကျနေတဲ့သူက ပေးနေတာ။ ဒါနဲ့ Mae သားသုံးနေကျ ရေမွှေး Brand ကိုလေ Mae ဆိုင်​မှာ ဝယ်​နေတဲ့သူရှိလား"

Mrs Juraji: "နေ့တိုင်းတော့ ရောင်းထွက်​နေတာပဲ ဘာဖြစ်​လို့လဲသား"

Tee: "သားကိုပေးနေတာ Mae ဆိုင်​က သားကြိုက်​တဲ့ ရေမွှေးတွေပဲ"

Mrs Juraji: "ဟုတ်​လား ဒါဆို Mae ဆိုင်​ကို ဖုန်းဆက်​ပြီးမေးပေးမယ်​"

Tee: "Khrap..အခုဆက်​ပေးပါလား"

Mrs Juraji: "ဟုတ်​ပါပြီ ငါ့သားကြည့်​ရတာလဲ သူ့ကို စိတ်​ဝင်​စားနေပုံပဲ"

Tee: "အာ Mae ကလဲ သားကသိချင်​ယုံပါ"

သိချင်​ယုံသက်​သက်​ပဲဆိုပြီး ငြင်းဆန်​နေတဲ့ Tee ကို Mr Juraji တစ်​ယောက်​ ပြုံးကြည့်​ရင်း ဆိုင်​က မန်​နေဂျာဆီ ဖုန်းလှမ်းဆက်​လိုက်​တယ်​။ ဖုန်းပြောပြီး ခဏကြာတော့ Mr Juraji တစ်​ယောက်​ တစ်​စုံတစ်​ခုကို သိခဲ့တယ်​။

Heart of MelodyOpowieści tętniące życiem. Odkryj je teraz