✴️Part 17✴️

572 39 4
                                    

Heart of Melody

   တစ်​နေ့တစ်​ခြား အေးစက်​လာတဲ့ သားဖြစ်​သူကြောင့်​ Mrs Itthipat သားဖြစ်​သူကို စိုးရမ်​နေမိတယ်​။ မိဘတွေအရှေ့မှာ အဆင်​ပြေအောင်​နေနေပေမယ့်​ ကွယ်​ရာမှာ ရူးမတတ်​ခံစားနေရတာကို သူမတွေ့ထားလို့ သူမအရမ်းကို စိတ်​မကောင်းဖြစ်​နေတယ်​။ အလုပ်​ကိုပဲ အာရုံစိုက်​နေပြီး ချစ်​ရသူကိုမေ့အောင်​နေနေတဲ့ သားဖြစ်​သူကိုကြည့်​ရတာ သူမရင်​မှာပူလောင်​စေတယ်​။  ငယ်​ငယ်​လေးကတည်းက မိဘကို ဒုက္ခမပေးခဲ့သလို အခုလဲ မိဘနဲ့ချစ်​သူမှာ မိဘကိုသာရွေးချယ်​ခဲ့ပေမယ့်​ သူမရဲ့သားမှာတော့ ပျော်​ရွှင်​မှုတွေ ပျောက်​ဆုံးနေတယ်​။

Mr Itthipat: "မိန်းမ ဒီကိုလာပါဦး"

   Mr Itthipat အနားကို Mrs Itthipat ရောက်​လာခဲ့တယ်​။ ထိုင်​ခုံမှာထိုင်​ရုံရှိသေးတယ်​ လက်​ထဲကို ဓာတ်​ပုံတွေထည့်​ပေးလာတာကြောင့်​ ကြည့်​လိုက်​တော့ မိန်းကလေးပုံတွေ။

Mrs Itthipat: "ဒါကဘာအတွက်​လဲ"

Mr Itthipat: "မင်းသားအတွက်​လေ ချွေးမရှာပေးမလို့"

Mrs Itthipat: "ကျွန်​မ ဒီကိစ္စကို ဘယ်​နည်းနဲ့မှ လက်​မခံနိုင်​ဘူး"

Mr Itthipat: "ဘာကြောင့်​လဲ ငါ့တို့မြေး.."

Mrs Itthipat: "ကျွန်​မသားလေးပျော်​ရွှင်​ရမယ်​ဆို ကျွန်​မအတွက်​မြေးလဲမလိုအပ်​ဘူး"

Mr Itthipat: "မင်းးး"

Mrs Itthipat: "ရှင်​နှလုံးရောဂါရှိတာ ကျွန်​မသိတယ်​။ ဒါကိုအကြောင်းပြပြီး သားကိုရှင်​မချုပ်​ကိုင်​ပါနဲ့။ ကျွန်​မတို့ သားကလူသားတစ်​ယောက်​ရှင့်​ စက်​ရုပ်​မဟုတ်​ဘူး။ ရှင်​ကဖခင်​ဆိုပြီး ကောင်းအောင်​စီစဉ်​တာ မှန်​ပေမယ့်​ သားကပျော်​ရွှင်​ရမယ်​လို့ရှင်​ထင်​နေလား။ ကျွန်​မတို့ရှေ့မှာ ပြုံးရယ်​နေပေမယ့်​ နောက်​ကွယ်​မှာ ငိုနေတာရှင်​သိလား။ ရှင့်​စိတ်​တိုင်းကျသူနေနေပေမယ့်​ နောက်​ကွယ်​မှာ နာကျင်​ခံစားနေရတာကို ရှင်​သိလား။ ရှင်ကတော့ မသိပေမယ့်​ ကျွန်​မကမိခင်​တစ်​ယောက်​ဖြစ်​လို့သိတယ်​ရှင့်​။ ရှင်​သားကို တစ်​ကယ်​ချစ်​တယ်​၊ ဖခင်​တစ်​ယောက်​အနေနဲ့တာဝန်​ကျေချင်​တယ်​ဆိုရင်​ သားရဲ့ပျော်​ရွှင်​မှုကိုပဲ ရွေးချယ်​ပါ။ သားရဲ့တစ်ခြားတစ်​ဖက်ကို မြင်​အောင်​ကြည့်​ပေးပါ။ ရှင်​ရဲ့အတ္တအတွက်​နဲ့ ကျွန်​မသားလေးရဲ့ဘဝကို မနှစ်​မြှုပ်​ပါနဲ့။ ဒါ ကျွန်​မ အနူးအညွှန့်​တောင်းပန်​တာပါ"

Heart of MelodyWhere stories live. Discover now