✴️Part 4✴

606 45 3
                                    

Heart of Melody

"Boss!!"

"မန်​နေဂျာ ဘယ်​ရောက်​သွားလဲ"

"ဒီနေ့ မန်​နေဂျာ ခွင့်​ယူထားပါတယ်​"

"ဒါဆို ဒီလူတွေကို ငါ့ရုံးခန်းထဲခေါ်ခဲ့"

"Khrap Boss!!"

Black Dimond Club ကို ဦးစီးနေတဲ့သူက ဆယ်​ကျော်​သက်​ကောင်​လေးတစ်​ယောက်​ဆိုတာ လူတိုင်းအခုမှ သိသွားကြတယ်​။ နာမည်​ကြီး Club ဖြစ်​တဲ့အပြင်​ လုံခြုံရေးတင်းကြပ်​လို့ စိတ်​ချလက်​ချ ပျော်​မြူးလို့ရတဲ့ နေရာလို့လဲပြောလို့ရတယ်​။ မျက်​နှာခပ်​တည်​တည်​နဲ့ စီးပွားရေးသမားဆန်​နေတဲ့ ဆယ်​ကျော်​သက်​ကောင်​လေးက ဘယ်​သူ့ကိုမှ ထီမထင်​သလို သူ့ရဲ့ရုံးထဲမှာထိုင်​နေတယ်​။ အရှေ့မျက်​နှာချင်းဆိုင်​ ထိုင်​ခုံမှာတော့ Kim နဲ့ Ter တို့ထိုင်​နေကြတယ်​။ ညာဘက်​ခုံမှာတော့ Mikki ကထိတ်​လန့်​နေတဲ့ပုံစံနဲ့ ထိုင်​နေတယ်​။Ter ရဲ့ သူငယ်​ချင်းနှစ်​ယောက်​ကတော့ အခန်းထောင့်​ကထိုင်​ခုံမှာ ထိုင်​နေကြတယ်​။

"Black Diamond မှာရန်​ဖြစ်​ခွင့်​မရှိဘူးဆိုတာ ဒီကလူကြီးမင်းတို့မသိဘူးလား"

Kim: "ကိုကသိပါတယ်​။ သူတို့ဘက်​ကစပြီး ကို့ကိုထိုးတာ ကို့ရဲ့ချောမောနေတဲ့မျက်​နှာပေါ်က ဒဏ်​ရာက သက်​သေပဲ"

ထိုစဉ်​ ရုံးခန်းတံခါးကို ဖွင့်​ပြီးဝင်​လာတဲ့ ကောင်​လေးတစ်​ယောက်​။

"Ai Cop..ငါလာ...အာ ဧည့်​သည်​တွေရှိနေတာပဲ။ Sorry ပါဗျ"

Cop: "ရတယ်​ ဝင်​လာခဲ့ Ai Bas"

Cop ခွင့်​ပြုလိုက်​တော့ Bas တစ်​ယောက်​ဘယ်​ဘက်​က လွတ်​နေတဲ့ခုံမှာ ဝင်​ထိုင်​တယ်​။ Cop ရဲ့မျက်​နှာအနေအထားအရ အခြေအနေမဟန်​မှန်းသိလို့ ငြိမ်​ငြိမ်​လေးနေနေတယ်​။ Cop က စကားဆက်​ပြောတယ်​။

Cop: "CCTV ကိုကြည့်​တော့ ဒီဘက်​က လူကြီးမင်းတို့မှားတယ်​ဆိုတာ သက်​သေပြနေတယ်​"

Ter: "အဲဒီတော့ မင်းကဘာလုပ်​ချင်​လို့လဲ"

Cop: "Black Diamond ကို လူကြီးမင်းနဲ့သူငယ်​ချင်းနှစ်​ယောက်​လာခွင့်​မရှိတော့ပါဘူး"

Heart of MelodyWhere stories live. Discover now