✴️Part 12✴️

560 42 2
                                    

Heart of Melody

"Ai Tee...Ai Tee ထဦး"

"ဟေ့ကောင်​ Ai Tee..အိပ်​မနေနဲ့ ထဦးကွ"

Tee: "ဟင်​..ဘာဖြစ်​လို့လဲ"

Cop နဲ့ Bas အသည်းအသန်​နှိုးနေလို့ Tee အလန့့်​တကြားနိုးလာတယ်​။

Bas: "အိမ်​ကို သူခိုးကပ်​တာလားမသိဘူး အသံကြားရတယ်​ကွ"

Tee: "ဟမ်​ ဟုတ်​လား"

Cop: "အင်း ငါတို့သွားကြည့်​မလို့..မင်းတစ်​ယောက်​တည်းအိပ်​နေရင်
လဲ စိတ်​မချလို့ မင်းကိုပါခေါ်နေတာ"

Tee: "အင်း သွားမယ်​လေ"

Bas: "လာ ငါတို့ကြားတာ ဟိုဘက်​ကအခန်းကွ"

Tee: "နေဦး မင်းတို့တုတ်​လေးဘာလေး မယူကြဘူးလားကွ"

Cop: "မလိုဘူး...ငါတို့ကသုံးယောက်​တောင်​ရှိတာ ဒီလူဘယ်​ပြေးလွတ်​လို့လွတ်​မှာလဲကွ"

Bas: "တိုးတိုးပြောပါကွာ..ဟိုဘက်​ကကြားသွားဦးမယ်​"

Cop: "အေးပါ..လာ..သွားရအောင်​"

ဒီလိုနဲ့ သုံးယောက်​သား သူခိုးဖမ်းမယ်​ဆိုပြီး တစ်​ဖက်​ခန်းကိုရောက်​လာကြတယ်​။ ဝင်​ဝင်​ချင်းပဲ အခန်းကမဲမှောင်​နေတယ်​။ ထိုအချိန်​မှာပဲ Cop နဲ့ Bas က Tee အနားကနေ ပျောက်​သွားတယ်​။ Tee က Cop နဲ့ Bas ကိုလှမ်းခေါ်ဖို့ လုပ်​နေတုန်း မီးကရုတ်​တရက်​ လင်းလာတယ်​။ မီးအလင်းရောင်​ကြောင့်​ မျက်​လုံးတွေကျိမ်းသွားတဲ့ Teeတစ်​ယောက်​ မျက်​လုံးတွေပြန်​ပွင့်​လာချိန်​မှာ သူ့ရှေ့မှာ ကိတ်​မုန့်​ကိုင်​ပြီး ရပ်​နေတဲ့သူကြောင့်​ အံ့သြသွားတယ်​။

Tae: "Happy Birthday..My Tee"

God,Bas,Kim,Cop: "Happy Birthday"

Tae: "P Tae..P က"

Cop: "မင်းမွေးနေ့အတွက် suprise ဖြစ်​အောင်​ ငါစီစဉ်​ထားတာ"

Tee: "ဒါပေမယ့်​.."

Goxxd: "N တွေ့ခဲ့တဲ့ Yuri ဆိုတဲ့မိန်းကလေးက Ai Tae ရဲ့ညီမအရင်း"

Tee: "ဘယ်​လို"

Bas: "ဟုတ်​တယ်​ကွ သူကကိုရီးယားမှာ ကျောင်းတက်​နေတာလေ..စာမေးပွဲပြီးလို့ ခဏပြန်​လာတာ။ဒီကိုပြန်​ရောက်​တာမကြာသေးဘူး"

Heart of MelodyWhere stories live. Discover now