✴️Part 1✴️

1K 62 2
                                    

Heart of Melody

      ညသန်းခေါင်​ယံ တိတ်​ဆိတ်​နေတဲ့ ပတ်​ဝန်းကျင်​ကို ဖျက်​စီးလိုက်​တဲ့ ကားတစ်​စီး။ လူမရှိတဲ့ လမ်းမထက်​မှာ အရှိန်​ပြင်းစွာ မောင်းနှင်​လာပြီး ခြံကြီးတစ်​ခုရှေ့မှာ အရှိန်​ပြင်းစွာနဲ့ စက်​သတ်​လိုက်​တယ်​။ ကားတံခါးမှန်​ချလိုက်​ခြင်းနဲ့အတူ အနက်​ရောင်​ဂျာကင်​နဲ့ လိုက်​ဖက်​စွာ ဖြူဖွေးနေတဲ့ အသားအရေပိုင်​ရှင်​ ကောင်​လေး။

"အကိုလေး ပြန်​လာပြီ တံခါးသွားဖွင့်​ပေးလိုက်​ ဆူညံမနေနဲ့ဦး သခင်​ကြီးနိုးသွားမယ်​"

     မအိပ်​ပဲ ထိုင်​စောင့်​နေကြတဲ့ အလုပ်​သမားတစ်​ချို့ ကားတစ်​စီးအသံကြားတာနဲ့ လှုပ်​လှုပ်​ရှားရှားဖြစ်​ကုန်​တယ်​။ ခြံတံခါးသွားဖွင့်​ပေးသူကဖွင့်​၊ ညစာအတွက်​ ပြင်​ဆင်​ပေးသူက ပြင်​ဆင်​ပေးနှင့်​ အိမ်​ကြီးတစ်​ခုလုံး ပျားပန်းခတ်​အလုပ်​ရှုပ်​နေကြတယ်​။ ကောင်​လေးကတော့ ကားကိုခြံထဲမှာရပ်​လိုက်​ပြီး ကားသော့ကိုလက်​ထဲတွင်​ ဆော့ကစားရင်း အိမ်​ထဲကို ဝင်​လာတယ်​။ သူကတော့ Mr Suradet ၏ တစ်​ဦးတည်းသော အမွေဆက်​ခံမည့်​မြေး Bas Suradet။
အိမ်​တော်​ထိန်းစီမံခန့်​ခွဲမှုကြောင့်​ ပြင်​ဆင်​ပြီးသား ညစာစားပွဲကို အရံသင့်​တွေ့ရလို့ ဝင်​ထိုင်​လိုက်​ပြီး အိမ်​တော်​ထိန်းကို တစ်​စုံတစ်​ရာ မေးလာတယ်​။

Bas: "ဖိုးဖိုး အိပ်​သွားပြီလား Uncle Mike"

U Mike: "အိပ်​သွားပါပြီ သခင်​လေး"

Bas: "အင်း ကျွန်​တော်​လဲ ဒီနေ့နည်းနည်းနောက်​ကျသွားတယ်​။ ကျွန်​တော်​ညစာစားပြီးရင်​ နားတော့မယ်​။ Uncle Mikeတို့လဲ နားတော့"

U Mike: "ဟုတ်​ကဲ့ပါ သခင်​လေး။ လိုအပ်​တာရှိရင်​ Uncle တို့ကိုလှမ်းခေါ်လိုက်​နော်​"

Bas: "Khrap"

   ဆိုးပေမယ့်​ မရိုင်းတတ်​တဲ့ သခင်​လေးကိုကြည့်​ပြီး အိမ်​တော်​ထိန်းကြီးပြုံးနေတယ်​။ အသက်​ ၉နှစ်​အရွယ်​မှာ မိဘတွေနဲ့အတူ ခရီးထွက်​ရင်း ကားအင့်​စီးဒန့်​ဖြစ်​ရာမှ ကလေးငယ်​တစ်​ဦးတည်း ကျန်​ရစ်​ခဲ့တယ်​။ ကြောက်​လန့်​တုန်​ရီနေပြီး အဖေနဲ့အမေဘေးမှာ မျက်​လုံးအဝိုင်းသားနဲ့ ပုံရိပ်​လေးက လူတိုင်းရဲ့ရင်​ကို နာကျင်​စေမှာတော့ အမှန်​ပဲ။ အဖိုးဖြစ်​သူက ထိန်းသိမ်းစောင့်​ရှောက်​ခဲ့လို့ အရင်​ချိန်​ကကြောက်​ရွံ့မှုတွေ မရှိတော့ပေမယ့်​ မိုးရွာတဲ့အချိန်​ကာလမှာတော့ ကြောက်​ရွံ့မှုတွေ ပြန်​နိုးထလေ့ရှိတယ်​။ ပျော်​ပျော်​နေတတ်​တဲ့ လူငယ်​ဘဝကို အကောင်းဆုံး အသုံးချနေပြီး သူငယ်​ချင်းပိုင်​ Club ကို ညတိုင်းလိုလိုသွားဖြစ်​တာလဲ အကျင့်​တစ်​ခုလိုဖြစ်​နေတဲ့ သခင်​လေးပါ။ အိမ်​တော်​ထိန်းနဲ့ အလုပ်​သမားတွေအပေါ် မောက်​မာခြင်းမရှိဘဲ ဆက်​ဆံတတ်​လို့ တစ်​အိမ်​လုံးက ဝိုင်းချစ်​တာခံနေရတဲ့ကောင်​လေး။ သူကိုယ်​တိုင်​သာ ဆိုးချင်​ဆိုးမယ်​ တစ်​ပါးသူအပေါ် ထိခိုက်​မှုမဖြစ်​စေလို့ အဖိုးဖြစ်​သူက သူ့မြေးစိတ်​ကြိုက်​ နေစေခဲ့တယ်​။ ညစာစားပြီးတာနဲ့ ကိုယ့်​ပန်းကန်​ကိုဆေးပြီး အိမ်​ပေါ်ထပ်​တက်​လာတယ်​။ အခန်းထဲရောက်​တော့ လက်​ပတ်​နာရီကို အရင်​ဆုံးချွတ်​လိုက်​ပြီး ဗီရိုအကန့်​ထဲကို ထည့်​လိုက်​တယ်​။ နာရီချွတ်​ပြီးတာနဲ့ အဝတ်​အစားလဲပြီး ရေချိုးခန်းရှိရာ လျှောက်​သွားတယ်​။ သွားတိုက်​၊ မျက်​နှာသစ်​၊ ကိုယ်​လက်​သန့်​စင်ပြီး တစ်​နေ့တာရဲ့ အိပ်​စက်​ချိန်​ကို ရယူနေလေရဲ့။ မနက်​ခင်းမှာ စားပွဲတင်​နာရီရဲ့ နှိုးစက်​သံကြောင့်​ Bas တစ်​ယောက်​နိုးထလာခဲ့တယ်​။ ကျောင်းသွားဖို့ရှိသေးတာကြောင့်​ ရေမိုးချိုးကျောင်းဝတ်​စုံလဲပြီး အောက်​ထပ်​ကိုဆင်းလာတယ်​။ မနက်​စာစားဖို့ ထမင်းစားခန်းဆီလျှောက်​လာတော့ သတင်းစာထိုင်​ဖတ်​နေတဲ့ အဖိုးဖြစ်​သူကို တွေ့တော့နှုတ်​ဆက်​ပြီး မနက်​စာစားပွဲမှာ ဝင်​ထိုင်​တယ်​။

Heart of MelodyWhere stories live. Discover now