✴️Part 7✴️

591 45 2
                                    

Heart of Melody

   အိမ်​ထဲကို ဝင်​လာတဲ့ Bas ရဲ့နောက်​ကနေ Kim တစ်​ယောက်​လိုက်​ပါလာတယ်​။ ဧည့်​ခန်းထဲ ရောက်​တာနဲ့ Bas က Kim ဘက်​ကို လှည့်​လာတယ်​။

Bas: "ထိုင်​ပါဦး P..ကျွန်​တော်​ Cop ကို သွားခေါ်ပေးပါ့မယ်​"

Kim: "ရရဲ့လားး အဆင်​မပြေရင်​ P ပဲ အခန်းထဲလိုက်​တွေ့လိုက်​မယ်​"

"Ai Bas ဘယ်​သူရောက်​နေတာလဲ"

   Kim နဲ့ Bas စကားပြောနေတုန်း အိမ်​ပေါ်ထပ်​ကနေ ဆင်းလာတဲ့ Cop။ Tee ကအနောက်​က လိုက်​ဆင်းလာတာတွေ့ရပြီး အနွေးထည်​လေးနဲ့ မျက်​နှာလေးညှိုးသွားသယောင်​ရှိတဲ့ Cop ကို Kim တစ်​ယောက်​ စိုးရိမ်​တဲ့မျက်​ဝန်းတွေနဲ့ ကြည့်​နေတယ်​။ သိုပေမယ့်​ တစ်​မျိုးထင်​သွားမှာစိုးရိမ်​လို့ ပူပန်​နေတဲ့စိတ်​ကို လျှော့ချလိုက်​ပြီး တည်​ငြိမ်​စွာနဲ့နှုတ်​ဆက်​လိုက်​တယ်​။

Kim: "Sawade Khrap N..ကို့ကိုမှတ်​မိလား"

Cop: "Mr Kim..ဒီကိုဘာကိစ္စရှိလို့လဲဗျ"

Kim: "အစကတော့ အလုပ်​ကိစ္စနဲ့လာတာပါ။ ဒါပေမယ့်​ N ကနေမကောင်းဘူးဆိုတော့.."

Cop: "ရပါတယ်​ပြောပါ..ကျွန်​တော်​လဲသက်​သာနေပါပြီ"

Kim: "Rose ကုမ္ပဏီက ရှယ်​ယာရှင်​တွေခေါ်ထားတယ်​ကြားလို့ပါ ကိုလဲစိတ်​ဝင်​စားသွားတာကြောင့်​ လာခဲ့တာ"

Cop: "ဟုတ်​ပါတယ်​ ကျွန်​တော်​မနေ့ကမှ ကြေညာလိုက်​တာပါ သတင်းတွေကမြန်​သားပဲ"

Kim: "ဒါဆို ကိုကပထမဆုံးရှယ်​ယာရှင်​ပေါ့"

Cop: "Khrap..Mr Kim ကဘယ်​လောက်​ ရာခိုင်​နှုန်းလောက်​ ရှယ်​ယာဝင်​ချင်​တာလဲ"

Kim: "ဖြစ်​နိုင်​ရင်​ နောက်​ထပ်​ရှယ်​ယာရှင်​တွေကို ထပ်​မခေါ်စေချင်​ဘူး"

Cop: "ဗျာ..ဘာကြောင့်​လဲ"

Kim: "N တို့သတ်​မှတ်​ထားတဲ့ ရှယ်​ယာတွေအကုန်​လုံးကို ကိုဝယ်​ချင်​တာ"

Tee: "တစ်​ကယ်​ကြီးလား"

Kim: "ဟုတ်​ပါတယ်​ N တို့ကမ်းလှမ်းထားတဲ့ Share အချို့ကို ကိုတစ်​ယေက်​တည်း ဝယ်​မယ်​"

Heart of MelodyWhere stories live. Discover now