✴️Part 6✴️

583 48 3
                                    

Heart of Melody

Tae ရေးပေးတဲ့စာကြောင်းတိုလေးကို ဖတ်​ပြီးတော့ Tee တစ်​ယောက်​ ဆိုင်​ထဲက လူတစ်​ချို့ထဲမှာ Tae ကို ရှာကြည့်​နေတယ်​။ တစ်​နေရာအရောက်​မှ Tee ကို လက်​လှမ်းပြနေတဲ့ Tae ကသူ့သူငယ်​ချင်းတွေနဲ့ ပြုံးပြီး ကြည့်​နေတာတွေ့ရတယ်​။ Cop ကဘာတွေဖြစ်​နေလဲဆိုတာ သိချင်​နေပေမယ့်​ Bas ကတော့Goxxd ကိုမြင်​သွားတဲ့အချိန်​မှာ သူ့ရဲ့ဘယ်​ဘက်​ရင်​အုံက လှုပ်​ခတ်​လာတယ်​။ Cop က ငွေရှင်းကောင်​တာဘက်​ကို လှည့်​ပြီး စောနကဝန်​ထမ်းကိုကြည့်​ပြီးပြောလိုက်​တယ်​။

Cop: "ဒီမှာ ကျွန်​တော်​တို့ဝိုင်းအတွက်​ပိုက်​ဆံ။ သူတို့ရဲ့ပိုက်​ဆံကို ပြန်​ပေးလိုက်​ပါ။ ပြီးတော့ ဒီစာကိုပါ ပြန်​ပေးလိုက်​ပါ"

"ဟို ဟုတ်​ကဲ့ပါဗျ"

Cop: "ဟေ့ကောင်​တွေ သွားမယ်​"

Tee: "Aww အေးအေး"

ဒီလိုနဲ့ Tee နဲ့ Bas နဲ့ကိုခေါ်ပြီး Cop တစ်​ယောက်​ သူ့အိမ်​ကိုပြန်​လာတယ်​။ သူ့အိမ်​ထဲကို ရောက်​တော့ အရှေ့ကနေ သွားပြီး ဧည့်​ခန်းထဲမှာ အရင်​ထိုင်​လိုက်​တယ်​။

Tee: "Ai Cop ငါတို့ကို အိမ်​ပြန်​မပို့ပေးဘဲ ဘာလို့ မင်းအိမ်​ခေါ်လာတာလဲ"

Bas: "ဘာပြောစရာရှိလို့လဲ"

Cop: "Ai Tee မင်းငါတို့ကို တစ်​ခုခုမပြောပြချင်​ဘူးလား"

Bas: "အေး Ai Tee ခုဏကကိစ္စကဘာလဲကွ။ မင်းကို တာ့တာ လှမ်းပြနေတဲ့သူကရော ဘယ်​သူလဲ"

Tee လဲ လွန်​ခဲ့တဲ့တစ်​ပတ်​ကနေစပြီး အခုချိန်​ထိ ဖြစ်​ပျက်​သမျှအားလုံးကို ရှင်းပြနေတယ်​။ Cop ကတော့ တည်​တည်​ငြိမ်​ငြိမ်​ပဲ နားထောင်​နေပေမယ့်​ Bas တစ်​ယောက်​ကတော့ အံသြခြင်းတွေနဲ့ နားထောင်​နေတယ်​။

Bas: "ဘာ... ဒါဆို မင်းကိုအဲဒီ P Tae ဆိုတဲ့လူက သဘောကျနေတာပေါ့"

Tee: "အင်းကွာ ငါလဲဘာလုပ်​ရမှန်းမသိဘူး"

Cop: "မင်းဘက်​က သေချာလေ့လာပေါ့"

Bas: "အေး ဟုတ်​တယ်​"

Cop: "Ai Tee ကိုပြောမနေနဲ့ မင်းကရော Ai Bas..မင်း ဟိုညက ဝင်​တိုက်​ခဲ့တဲ့ တစ်​ယောက်​က အဲ့အဖွဲ့ထဲကပဲမလား"

Heart of MelodyWhere stories live. Discover now