✴️Part 13✴️

561 37 6
                                    

Heart of Melody

    Kim နိုးလာတော့ Goxxd နဲ့ Bas ကို တစ်​ဖက်​ဆိုဖာမှာအိပ်​နေတာတွေ့ရတယ်​။ Tae,Tee နဲ့ Cop ကိုမတွေ့လို့ လိုက်​ရှာရင်း မီးဖိုခန်းထဲမှာ Cop နဲ့ Tee ကိုတွေ့သွားတယ်​။

Kim: "ဘာတွေလုပ်​နေကြတာလဲ"

   အိပ်​ချင်​မူးတူးနဲ့ မျက်​လုံးလေးကိုပွတ်​ပြီး မေးနေတဲ့ Kim ပုံစံကိုကြည့်​ရင်း Cop တစ်​ယောက်​ ငေးမိသွားတယ်​။

Tee: "Owwii!! P ကကလေးလေးလား"

Kim: "ဘာဖြစ်​လို့လဲ"

Tee: "ဘာဖြစ်​လို့လဲ မမေးနဲ့ P.အခုလောလောဆယ်​ Cop ရဲ့ပုံစံကိုပဲ အရင်​ကြည့်​"

Cop: "ငါကဘာဖြစ်​နေလို့လဲကွ"

Tee: "P Kim ကိုမျက်​လုံးကျွတ်​ကျမတတ်​ကြည့်​နေတာလေ"

Kim: "ဟုတ်​လား ကလေး..ကို့ကိုကြွေသွားတာလား"

  Cop လဲဘာမှမပြောတော့ပဲ ခေါင်းရမ်းနေမိတော့တယ်​။ Copနဲ့ Tee မနက်​စာပြင်​ပြီးတော့ ရေချိုးဖို့ ထမင်းစားခန်းထဲက ထွက်​မလို့ရှိသေးတယ်​ Kim ကလှမ်းမေးတယ်​။

Kim: "ဘယ်​သွားမလို့လဲ ကလေး"

Cop: "ရေသွားချိုးမလို့လေ"

Kim: "N Tee ရောလား"

Tee: "Khrap"

Kim: "ကိုပါလိုက်​ခဲ့မယ်​"

Cop: "P Khrap..."

Kim: "မဟုတ်​ဘူးလေ ကိုလဲတစ်​ဖက်​ခန်းမှာ ရေချိုးမယ်​လေ"

Tee: "ဒါများ Ai Cop နဲ့အတူတူချိုးပါလား"

Cop: "Shit!! Ai Tee"

Tee: "စတာပါကွာ"

   Kim တို့သုံးယောက်​ပြောနေတဲ့စကားကို Tae ကြားသွားတယ်​။

Tae: "N Tee ကရော ကိုနဲ့ချိုးမလား"

Cop: "P ရေခေါ်သွားလိုက်​ပါ"

Tee: "တော်​ပြီဗျာ သွားတော့မယ်​"

   သူ့ကို စနောက်​နေတော့ ထွက်​ပြေးသွားတဲ့ Tee ကိုကြည့်​ပြီး သုံးယောက်​သားပွဲကျနေကြတယ်​။ ဧည့်​ခန်းထဲတွင်​တော့ Goxxd တစ်​ယောက်​နိုးလာလေရဲ့။ ပတ်​ဝန်းကျင်​ကို ဝေ့ဝဲကြည့်​ရင်း နံဘေးမှာအိပ်​ပျော်​နေတဲ့ ချစ်​ရသူကိုသာတွေ့ရလို့ နူးညံ့တဲ့မျက်​ဝန်းတွေနဲ့ကြည့်​နေတယ်​။ ပါးဖောင်းဖောင်းလေးနဲ့ စတော်​ဘယ်​ရီသီးလေးလို နီရဲနေတဲ့နှုတ်​ခမ်းလေးကိုပိုင်​ဆိုင်​ထားတဲ့ ချစ်​စရာကောင်​လေးကိုကြည်​ရင်း အသဲယားလာပြီး Bas ရဲ့ပါးလေးကိုနမ်းရှိုက်​လိုက်​တယ်​။ အနမ်းမိုးတွေရွာနေတဲ့ Goxxd ကြောင့်​ Bas တစ်​ယောက်​နိုးသွားတယ်​။

Heart of MelodyWhere stories live. Discover now