✴️Part 9✴️

536 45 5
                                    

Heart of Melody

   Tae တစ်​ယောက်​ မိဘတွေနဲ့အတူ လေဆိပ်​ရောက်​နေလေရဲ့။ Tae ရဲ့ညီမ စာမေးပွဲဖြေပြီးလို့ ကိုရီးယားကနေ ခဏပြန်​လာလို့ မိသားစုတွေ ကြိုဆိုနေကြခြင်း။ လေယာဉ်​ဆိုက်​ကပ်​လာပြီဆိုတဲ့ ကြေညာချက်​အပြီးမှာ ခရီးသည်​တွေကြား အသားဖြူဖြူနဲ့ ချစ်​စရာကောင်​မလေးတစ်​ယောက်​ Tae တို့နားလျှောက်​လာတယ်​။ ကောင်​မလေးက Tae ရဲ့ညီမလေး Yuri။

Yuri: "Sawade Khrap...Por နဲ့ Mae ကိုလွမ်းနေတာ။ P ကိုရောပဲ"

Tae: "Awwii အခုမှလွမ်းပြမနေနဲ့ ဘယ်​သူက အဲ့မှာကျောင်းတက်​ချင်​တယ်​ပြောတာလဲ"

Yuri: "ဟီးးး Oppa ကလဲ"

Tae: "အခုရောက်​နေတာ ကိုရီးယားမဟုတ်​ဘူး"

Mr Darvid: "ဒီမောင်​နှမ ရန်​ဖြစ်​မနေနဲ့တော့ လာ..ပြန်​ရအောင်​ သမီးငယ်​လဲ နားချင်​နေမှာပေါ့"

  Yuri ကိုကြိုပြီး Tae တို့တွေ အိမ်​ကိုပြန်​လာကြတယ်​။ မဆုံတာကြာပြီဖြစ်​လို့ မိသားစုနဲ့အတူ တစ်​နေ့လုံး အချိန်​ကုန်​ဆုံးဖြစ်​ကြတယ်​။ ညရောက်​တော့ Yuri က Tae ရဲ့အခန်းထဲကို ဝင်​လာတယ်​။

Yuri: "P "

Tae: "ဘာကိစ္စလဲ"

Yuri: "ဟွန့်​..ညီမလေးတစ်​ယောက်​ပဲရှိတာကို တစ်​ခါမှ ငြင်​ငြင်​သာသာမပြောဘူး"

Tae: "Khrap ပြောပါဗျ။ ရပြီလားးး"

Yuri: "မရွဲ့နဲ့လေ"

Tae: "P ဒီနေ့စိတ်​မကြည်​ဘူး Yuri..မနက်​ဖြန်​မှပြောရအောင်​"

Yuri: "ဘာလို့လဲ Nကြောင့်​လား"

Tae: "မဟုတ်​ပါဘူး"

Yuri: "P ချစ်​သူကြောင့်​လား"

Tae: "..."

Yuri: "P...တစ်​ကယ်​ပဲ ချစ်​သူရှိနေတာလား။ ဘယ်​သူလဲ ချောလား။ အဲ့မမက ဘယ်​လိုပုံစံလဲ"

Tae: "ချစ်​သူတွေတော့ မဖြစ်​သေးပါဘူး"

Yuri: "P ဘက်​က လိုက်​နေတုန်းပေါ့"

Tae: "အင်း"

Yuri: "ဒါဆို Yuri အောင်​သွယ်​ပေးမယ်​လေ။ အဲဒီမမပုံပြ"

Tae: "မမ မဟုတ်​ဘူး Yuri နဲ့အသက်​အတူတူပဲ။ ပြီးတော့ မိန်းကလေးမဟုတ်​ဘူး ယောက်ျားလေး"

Heart of MelodyWhere stories live. Discover now