✴️Part 11✴️

563 52 7
                                    

Heart of Melody

   မနက်​ခင်းနေရောင်​ခြည်​နဲ့အတူ ရင်​ခွင်​ထဲမှာလူးလွန့့်​လာတဲ့ တစ်​စုံတစ်​ရာကြောင့်​ Kim နိုးထလာတယ်​။ ဘာလဲဆိုပြီး သေချာကြည့်​ပြီးတော့မှ Cop လေးဖြစ်​နေတော့ပြုံးသွားတဲ့ Kim. ညက Cop ကိုစိတ်​မချလို့ Cop အိမ်​မှာအိပ်​လိုက်​တာကို အခုမှသတိရသွားပုံပဲ။ အနက်​ရောင်​ညဝတ်​အကျီင်္လေးနဲ့လိုက်​ဖက်​စွာ ဖြူဝင်းနေတဲ့အသားအရေနဲ့ကောင်​လေးကတော့ Kim ရင်​ခွင်​ထဲမှာ စိတ်​ချလက်​ချအိပ်​ပျော်​နေလေရဲ့။ Kim လဲ Cop နိုးလာတဲ့အထိစောင့်​နေရင်း Cop မျက်​နှာအစိတ်​အပိုင်းတစ်​ခုချင်းစီကို အသေးစိတ်​ကြည့်​နေတယ်​။ အချိန်​အတော်​ကြာထိကြည့်​ပြီးမှ Cop နိုးလာတာတွေ့ရတယ်​။ အိပ်​ယာနိုးကစ ပုံစံလေးက Kim ပိုပြီးချစ်​ဖို့ လုံလောက်​စေခဲ့တယ်​။ နိုးလာပြီး Kim ကိုမြင်​တော့မှ မျက်​လုံးလေးဝိုင်းသွားတဲ့ Cop။

Cop: "ဟာ.P Kim ဘယ်​လိုဖြစ်​ပြီး ဒီကိုရောက်​...အာ..ညက P နဲ့ကျွန်​တော်​"

Kim: "ကိုနဲ့ ကလေးဘာဖြစ်​လဲ ဆက်​ပြောလေ"

Cop: "တရားဝင်​တွဲတာလေ"

Kim: "ကလေးမှတ်​မိသွားပြီပေါ့"

Cop: "အင်း ဘာလို့ကလေးလို့ခေါ်နေတာလဲ ကျွန်​တော်​အသက်​ ၂၀ပြည့်​တော့မယ်​"

Kim: "ကို့ထက်​တော့ငယ်​တာပဲလေ"

Cop: "ဟုတ်​သားပဲ P ကအဖိုးကြီးဖြစ်​နေပြီကို ဟားး"

  Kim ကိုစနောက်​ရင်း ဟက်​ဟက်​ပက်​ပက်​ရယ်​လိုက်​တဲ့ Cop ကြောင့်​ Kim နောက်​တစ်​ကြိမ်​ငေးမိသွားတယ်​။ ခင်​မင်​လာခဲ့တဲ့သက်​တမ်းတစ်​လျှောက်​မှာ Cop ကိုရယ်​အောင်​ သူကြိုးစားခဲ့ပေမယ့်​ ပြုံးရုံသာပြုံးတဲ့ Cop ကြောင့်​သူလက်​လျှော့ခဲ့ရတယ်​။ အခုချစ်​သူဖြစ်​ပြီး ပထမဆုံး Cop ရဲ့ရယ်​မောမှုကို တွေ့လိုက်​ရတော့ Kim မင်​သက်​နေမိတယ်​။ ရယ်​လိုက်​ရင်​ ပါးချိုင့်​လေးက အရမ်းခွက်​နေပြီး ချစ်​ဖို့ကောင်းတဲ့ Cop ကို Kim တစ်​ယောက်​နမ်းလိုက်​မိတယ်​။ Kim ကရုတ်​တရက်​ ပါးချိုင့်​နားကိုနမ်းလိုက်​တော့ Cop မျက်​လုံးလေးပြူးသွားတယ်​။ ပြီးမှ သတိဝင်​လာပြီး Kim ကို ရန်​ရှာတော့တယ်​။

Heart of MelodyWhere stories live. Discover now