✴️Part 15✴️

552 44 8
                                    

Heart of Melody

  အခုတလော Kim စိတ်​ညစ်မှုတွေ ဆက်​တိုက်​ကြုံနေတယ်​။ ဘာကြောင့်​လဲဆိုရင်​ N Lhew ဆိုတဲ့ မိန်းကလေးကြောင့်​ပဲ။ Cop ရဲ့မျက်​နှာရော Lhew ရဲ့မျက်​နှာပါ မမြင်​ချင်​တဲ့ Kim ကို N Lhew လာတွေ့နေခဲ့တာ အကြိမ်​ကြိမ်​။ Kim ကလဲ သူ့ကို မတွေ့ချင်​လို့ အကြောင်းပြချက်​မျိုးစုံနဲ့ ရှောင်​နေခဲ့တာ အကြိမ်​ကြိမ်​ပဲ။ Pang နဲ့ချစ်​သူဖြစ်​ခွင့်​ရတာ သူ့အတွက်​ကံကောင်းစေခဲ့တယ်​။ Pang ကသူ့ကိုပျော်​အောင်​ထားသလို သူ့မျက်​နှာတစ်​ချက်​လေးမှအညှိုးမခံခဲ့ပေ။ Pang ကိုချစ်​လားဆိုတာ သူမသိပေမယ့်​ Pang နဲ့တွဲနေတာ Kim ပျော်​နေမိသည်​။ တစ်​ဖက်​မှာလဲ Cop ကို ချစ်​ပေမယ့်​ တစ်​ဖက်​မှာလဲ မုန်းနေတာကြောင့်​Cop နဲ့ပတ်​သက်​တဲ့အရာတိုင်းကို သူမေ့ထားခဲ့တယ်​။ သို့ပေမယ့်​ အခုရက်​ပိုင်းအတွင်းမှာ N Lhew တစ်​ယောက်​ သူနဲ့တွေ့ဖို့ အကြိမ်​ကြိမ်​ကြိုးစားနေခဲ့တယ်​။ ထိုကိစ္စကြောင့်​ Kim တစ်​ယောက်​ စိတ်​ညစ်​နေမှန်း Pang ရိပ်​မိနေတယ်​။ အခုလဲ Kim နဲ့တွေ့ဖို့ Lhew တစ်​ယောက်​ ကားပါကင်​က Kim ကားအနီးမှာ စောင့်​နေခဲ့တယ်​။ Pang လဲသူဝင်​ပါမှရတော့မယ့်​ အခြေအနေကြောင့်​ Lhew နားကိုလျှောက်​လာတယ်​။

Pang: "မင်း ဒီမှာဘာလုပ်​နေတာလဲ"

Lhew: "P Kim ကိုစောင့်​နေတာပါ"

Pang: "မင်းမှာအရှက်​မရှိဘူးလား..သူများအတွဲကြားထဲလဲ ဝင်​ပါသေးတယ်​။ အခု Kim ကမင်းတို့နဲ့မှ မပတ်​သက်​တော့ပဲ ဘာလို့ Kim ကိုလာနှောင့်​ယှက်​နေတာလဲ"

Lhew: "Lhew..ကလာနှောင့်​ယှက်​တာ မဟုတ်​ပါဘူး P..P Kim ကိုပြောစရာရှိလို့ပါ"

Pang: "မင်းကပြောစရာရှိပေမယ့်​ တို့ချစ်​သူကမှ နားမထောင်​ချင်​တာ"

Lhew: "ရှင်​...P က P Kim ရဲ့ချစ်​သူ"

Pang: "ဟုတ်​တယ်​ တို့နဲ့သူက မကြာခင်​စေ့စပ်​တော့မှာ"

Lhew: "Lhew မှားခဲ့ပြီထင်​တယ်​။ တောင်းပန်​ပါတယ် P..Lhew ကြောင့်​စိတ်​အနှောင့်​အယှက်​ဖြစ်​သွားရင်​။ Lhew ကိုပြန်​ခွင့်​ပြုပါဦး..Lhew ထပ်​ပြီး မနှောင့်​ယှက်​တော့ပါဘူး"

Heart of MelodyWhere stories live. Discover now