✴️️Part 10✴️

546 45 5
                                    

Heart of Melody

Fashion ဆိုင်​က ပစ္စည်းအဝင်​အထွက်​ကိစ္စတွေနဲ့ Kim တစ်​ယောက်​ အခုတလော မအားမလပ်​ဖြစ်​နေတယ်​။ Cop နဲ့မတွေ့ရလေ Cop ကိုပိုတွေ့ချင်​လေ ဖြစ်​နေတဲ့ Kimပါ။ Goxxd နဲ့ Tae ပြောသလိုပဲ သူ Cop ကို စိတ်​ဝင်​စားနေလားဆိုတာ ပြန်​စဉ်းစားဖို့ အချိန်​လိုအပ်​နေတယ်​။ ဒီနေ့လဲ အလုပ်​တွေအကုန်​ရှင်းပြီး ညနေပိုင်း Cop ဆီသွားဖို့ ပြင်​ဆင်​နေတယ်​။ Cop ကိုဘယ်​မှာရှိလဲဆိုပြီး ဖုန်းဆက်​လိုက်​တော့ အအေးဆိုင်​မှာဆိုတာနဲ့ အအေးဆိုင်​ကို ထွက်​လာတော့ မြင်​လိုက်​ရတဲ့မြင်​ကွင်းကြောင့်​ Kim ရဲ့ခြေလှမ်းတွေ ရပ်​တန့်​သွားတယ်​။ Kim အနားလျှောက်​လာတဲ့အထိ Cop က Kim ကိုမတွေ့ပဲ မိန်းကလေးတစ်​ယောက်​နဲ့ စကားပြောနေတယ်​။ Kim သူတို့အနားရောက်​မှ Cop ကမော့ကြည့်​လာတယ်​။

Cop: "အာ..P Kim လာလေ..ထိုင်​"

Kim: "အင်း"

"Sawade Khrap..P Kim..N ကိုမမှတ်​မိဘူးလား"

တစ်​ဖက်​က မိန်းကလေးကပြောမှ Kim အဲဒီမိန်းကလေးကို သေချာကြည့်​နေတယ်​။

Kim: "အာ...N Yuri မလား"

Yuri: "Khrap..P မှတ်​မိသွားပြီပဲ"

Kim: "အင်း ဒါနဲ့ဘယ်​တုန်းကပြန်​ရောက်​တာလဲ။ Ai Tae က N ပြန်​ရောက်​နေတာတောင်​မပြောဘူး"

Yuri: "မပြောရတဲ့အကြောင်းရှိတယ်​လေ"

Kim: "ဒါနဲ့ N Cop နဲ့ဘယ်​လိုသိသွားတာလဲ"

Yuri: "N တို့က မနေ့ကမှသိတာ။ အခုက Teeရဲ့မွေးနေ့မှာ suprise လုပ်​မလို့ တိုင်​ပင်​နေတာ"

Kim: "ဘယ်​လိုလုပ်​မှာလဲ"

Cop: "ဒီလို P ရာ.."

Cop က လွန်​ခဲ့တဲ့ရက်​က ဖြစ်​ခဲ့တဲ့ကိစ္စတွေကို အကုန်​ပြန်​ပြောပြနေတယ်​။ Kim က အခြေအနေအားလုံးကို သဘောပေါက်​သွားပြီး ပြုံးလိုက်​တယ်​။ သူ့စိတ်​ထဲမှာတော့ Cop နဲ့ Yuri ရိုးသားတာကို သိသွားလို့ပျော်​နေခဲ့တယ်​။

Kim: "ဒါပေမယ့်​ Nတို့..N Tee ကအရမ်းခံစားနေရမှာပေါ့"

Cop: "ရက်​ပိုင်းလောက်​ပါပဲ.."

Kim: "ဝဋ်​လည်​မှာ မကြောက်​ဘူးလား"

Cop: "Yuri ကတော့ မသိဘူး။ ကျွန်​တော်​က ဝဋ်​လည်​စရာမှမရှိတာ"

Heart of MelodyWhere stories live. Discover now