Heart of Melody
"P ဒီည ကွန်ဒိုမှာ အေးဆေးအနားယူရင် မနက်ဖြန် စိတ်ဆိုးပြေမယ်"
ကိုယ်ရှိနေရင် ညစာမစားဘူးဆိုလို့ Kim တစ်ယောက် Goxxd နဲ့အတူကွန်ဒိုကိုပြန်လာခြင်း။ Cop တစ်ကယ်ပဲ သူ့ကိုမတွေ့ချင်တော့ဘူးထင်ပြီး စိတ်မကောင်းဖြစ်နေတုန်း ဝင်လာတဲ့ Massage ကြောင့် Kim ပြုံးလိုက်မိတယ်။ ထိုအချိန် Goxxd ကဝင်လာပြီး Kim ဖတ်နေတဲ့ massage ကိုဆွဲယူဖတ်လိုက်တယ်။
Goxxd: "Aww..မင်းချစ်သူက မင်းကိုနားစေချင်လို့ အခုလိုလုပ်လိုက်တာပေါ့"
Kim: "အင်း အဲ့လိုပဲထင်တယ်..ငါ့မှာတော့ တစ်ကယ်ပဲ ငါ့ကိုမုန်းသွားပြီထင်တာ.."
Goxxd: "ငါ့Babyနဲ့ ဒီညအတူမရှိနိုင်တော့ဘူးပေါ့"
Kim: "ဟေ့ကောင် ငါ့လဲအားနာဦး..ငါ့ကလေးက ဆေးရုံတက်နေရတုန်းကွ..ငါကစိတ်မချပေမယ့်လဲ..သူစိတ်ဆိုးမှာလဲ မလိုချင်..ဟူးးး..စိတ်လေတယ်ကွာ"
Goxxd: "မင်းလဲ နားပါဦးကွာ..မင်းကလေးကြောင့်..ဆေးရုံက မင်းအိမ်လိုဖြစ်နေပြီကွ..ဒါကြောင့် N Cop က မင်းကို အနားယူစေချင်ပုံပဲ"
Kim: "အင်းပါ ဒီညတော့ အေးဆေးအနားယူလိုက်ပါ့မယ်"
Goxxd: "အေး အိပ်တော့ကွာ..မနက်ဖြန်မှ..မင်းကလေးကို..သွားတွေ့..Goodnight သားကြီး"
Kim: "အေး Goodnight ကွာ"
Kim နဲ့ Goxxd နှုတ်ဆက်ပြီး အသီးသီးအိပ်ယာဝင်သွားတယ်။ မနက်မိုးလင်းတော့ Kim အစောကြီးနိုးနေတယ်။ Cop နဲ့ Bas တို့အတွက် မနက်စာကို ကိုယ်တိုင်ပြင်ပေးနေတုန်း Goxxd နိုးလာတယ်။ ရေမိုးချိုးပြီး Goxxd နဲ့ မနက်စာအတူစားကြတယ်။ မနက်စာစားလို့ပြီးတော့ Goxxd နဲ့အတူ ဆေးရုံကိုထွက်လာတယ်။ ဆေးရုံကိုရောက်တော့ ဆေးရုံကုတင်ပေါ်မှာ အိပ်ပျော်နေဆဲဖြစ်တဲ့ Cop နဲ့ လူနာစောင့်ကုတင်ပေါ်မှာ အိပ်ပျော်နေဆဲဖြစ်တဲ့ Bas တို့ကိုကြည့်ရင်း Kim နဲ့ Goxxd တို့မတိုင်ပင်ပဲ ပြိုင်တူပြုံးမိကြတယ်။
Kim: "ကလေး..ကလေးရေ..ထတော့လေကွာ..ဘယ်အချိန်ရှိနေပြီလဲ"
Cop: "ဟင်..ဟင်..အာ..P တို့ရောက်ပြီလား"
Kim: "အင်း..ကလေး အဲ့လောက်အိပ်နေတာ နေမကောင်းလို့လား"
Cop: "မဟုတ်ပါဘူးး ညကညဥ့်နက်မှ အိပ်ပျော်သွားလို့"
YOU ARE READING
Heart of Melody
Fanfictionအချစ်ဆိုတာ လူတိုင်းမှာရှိပါတယ်။ ၅၂၈၊ ၁၅၀၀ စတဲ့အချစ်တွေကို ခံစားတတ်ဖို့ နှလုံးသားတစ်စုံတော့ လူတိုင်းမှာ ရှိကြတာ သဘာဝပါ။ ဒီ Fic လေးထဲမှာ နှလုံးသား၆စုံရဲ့ မတူညီတဲ့ ရင်ခုန်သံတွေကို နားထောင်လိုက်ရအောင်။ ...