✴️Part 14✴️

491 40 7
                                    

Heart of Melody

    ချစ်​သူသက်​တမ်းက နှစ်​နှစ်​ကျော်​နေပြီ အခုချိန်​ထိ အေးတိအေးစက်​နေနိုင်​တဲ့ Cop ကြောင့်​ Kim တစ်​ယောက်​ စိတ်​ညစ်​နေတယ်​။ ချစ်​တယ်​ဆိုတဲ့စကားကို ပြောမထွက်​ပေမယ့်​ အမူအရာနဲ့လဲမပြတဲ့ချစ်​ရသူကြောင့်​ Kim တစ်​ဖြည်းဖြည်းစိတ်​ကုန်​လာတယ်​။ နောက်​တစ်​ချက်​က အခုလက်​တလောမှာ Cop မှာ မိန်းကလေးသူငယ်​ချင်းတစ်​ယောက်​ ရှိလာခြင်းပဲ။ Kim နဲ့တွဲနေတာကို မိန်းကလေးက သိတယ်​ဆိုပေမယ့်​ သူတို့နှစ်​ယောက်​ကြည့်​ရတာ အရမ်းကိုရင်းနှီးနေသလိုပဲ။ Cop ရဲ့ပျော်​ရွှင်​မှုကို သူမနဲ့မှ တွေ့ရသလို၊ Copရဲ့ အရယ်​အပြုံးကလဲ သူမနဲ့မှ အသက်​ဝင်​နေတော့ Kim တစ်​ယောက်​ ကိုယ့်​ကိုယ်​ကို သိမ်​ငယ်​လာတယ်​။ ဒီမိန်းကလေးကို Cop ကိုယ်​တိုင်​ Rose ကုမ္ပဏီမှာ သူ့ရဲ့လက်​ထောက်​အဖြစ်​ ခန့်​ထားပြီး အချိန်​တိုင်း တစ်​ပူးပူးတစ်​တွဲတွဲ ဖြစ်​နေတာကြောင့်​ ရင်​ပူနေရသူက Kim ပါ။ Cop က သူငယ်​ချင်းပါလို့ အတွင်​တွင်​ပြောနေပေမယ့်​ သူရဲ့သံသယစိတ်​က တစ်​ဖြည်းဖြည်းကြီးမားလာခဲ့တယ်​။ အခုလဲ Kimတို့သူငယ်​ချင်းတွေ နဲ့ညစာစားမှာကို အဲ့မိန်းကလေးကို ခေါ်လာတယ်​။ ကောင်​မလေးက ချစ်​ဖို့ကောင်းသလို ရယ်​လိုက်​ရင်​ သွားတက်​ကလေးနဲ့မို့ ကောင်​လေးတော်​တော်​များများ သဘောကျကျတယ်​။

Cop: "Lhew ဒါလေး အရသာရှိတယ်​ ထည့်​စားနော်​"

Lhew: "Kha..P လဲစားလေ"

   ဒီဝိုင်းမှာထိုင်​နေတာ ခုနှစ်​ယောက်​ဆိုပေမယ့်​ နှစ်​ယောက်​တည်းကမ္ဘာဖြစ်​နေတဲ့ Cop တို့နှစ်​ယောက်​ကို ကြည့်​ရင်း Kim စိတ်​တိုလာတယ်​။ ညစာကိုပြီးအောင်​ မစားဘဲ ထိုစားပွဲဝိုင်းက ထထွက်​လာတယ်​။ ကားပါကင်​နားရောက်​တော့ စိတ်​ညစ်​ညစ်​နဲ့ပဲ ဆေးလိပ်​ထိုင်​သောက်​နေတယ်​။ ဆေးလိပ်​ထိုင်​သောက်​နေတုန်း Kim ရဲ့အရှေ့မှာ ခြေထောက်​တစ်​စုံလာရပ်​လို့ မော့ကြည့်​လိုက်​တော့ Cop။

Cop: "P ကျွန်​တော့်​ကို စိတ်​ဆိုးနေတာလား"

Kim: "မဟုတ်​ပါဘူး"

Heart of MelodyWo Geschichten leben. Entdecke jetzt